Thursday, April 30, 2009

တွေ့ဖူးချင်တဲ့.. (၁၀)ယောက်

သူငယ်ချင်းtg က tag ပါတယ် တွေ့ဖူးချင်တဲ့.. (၁၀)ယောက် တဲ့…ဘလော့ဂင်းရင်း ရင်းနှီးကျွမ်းဝင်နေသူများထဲကလို့ ယူဆလိုက်ပါတယ်။
(၁၀)ယောက်ပဲ ရေးပါဆို စည်းကမ်းမလိုက်နာတာလည်း အကျင့်ကြီးကိုဖြစ်လို့ (ဆူခံရမှာလည်း ကြောက်ကြောက်နဲ့ပဲ) အလည်ရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲစေသောဝ် ထဲက အားလုံး တွေ့ဖူးချင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ကွန်မန့်တွေ အပြန်အလှန်ရေးလို့ အိမ်လည်ပြီး CBox က အော်တာမျိုးတွေ မရှိပေမဲ့လည်း ပို့စ်လေးတွေ သွားဖတ်မိရတဲ့ သူတွေကိုလည်း တွေ့ဖူးချင်ပါသေးတယ်။
မသီတာရဲ့ ပင်ကိုယ်သဘာဝက sensitive ဖြစ်ပါတယ်။ စိတ်ထားမရှင်းဘူးပေါ့ကွယ်။ စိတ်ကောက်တတ်တယ်။ ကြိတ်ကောက်တယ်။ ဗြောင်ကောက်တယ်။ ဒီ tag ပို့စ်လေးကို ဘလော့ဂါတော်တော်များများရေးပြီးကြပါပြီ။ မသီတာလေးမှာ သွားသွားဖတ်တာပေါ့လေ။ “သီ” ဆိုတာလေးများ ပါမလား။ “တာ” ဆိုတာလေးများ တွေ့မလားနဲ့ပေါ့။ ပို့စ်သာဆုံးသွားရော… စိမ်းကားသူကြီးတွေ… ရက်စက်သူကြီးတွေ… မေ့နိုင်အားသူကြီးတွေကလေ… များကို တွေ့ချင်ကြဘူးတဲ့ (ကောက်ချင်လွန်းလို့ကို လှည့်ယူပလိုက်တာ) သိပ်ဝမ်းနည်းတာပဲ ကွေးနေအောင်ကောက်လိုက်ရတာ၊ စိတ်ထဲက မကောင်းဖြစ်လာလိုက် ထမင်း ထ,စားလိုက်နဲ့ပေါ့။
တဆက်တည်းမှာပဲ မသီတာ ရင်ထဲက တအုံနွေးနွေးကို ချရေးလိုက်ဦးမယ်။ ဘာလဲဆိုတော့ ဆိုပါစို့ ဘလော့တခုကို သွားလည်ပြီး ကော်မန့်တွေရေး၊ ခြေရာတွေ ချပေါ့လေ။ သူ့အိမ်လေးမှာက စည်စည်ကားကားနဲ့ အခြားဧည့်သည်တွေလည်း ရှိတယ်။ (သူ့အိမ်လေးကို ကိုယ်အ၀င်အထွက်ရှိတယ်ဆိုတာလည်း မြင်နေတွေ့နေရတာကိုး) ဘလော့ပိုင်ရှင်တင် နှုတ်ဆက်ပြီး အခြားသူတွေကို Hi မလုပ်နိုင်တော့… မသီတာ စိတ်ထဲ တမျိုးကြီးပဲ…ရှုပ်သွားပြီလား…အဲ့လို ရှင်းကို မရှင်းတာ မသီတာပါပဲ။
ဘလော့ထဲ ခင်နေတာတော့ ဟုတ်ပါပြီ။ အပြင်မှာ တကယ် တွေ့ဖူးပြီးကာမှ ခင်ပါဦးတော့မလား။ အဲ့လိုလည်း စိုးရိမ်မိသေး။ မသီတာက ဆိုးတယ်နဲ့ တူပါရဲ့ အပြင်မှာ ခင်တဲ့လူ လက်ဆယ်ချောင်း မပြည့်ဘူး...

20 comments:

pandora said...

စ်တ်ရှင်းလိုက်ပါ..မသီတာရယ် တမြို့ထဲသားတွေပဲ ထမင်းလေးဘာလေး ဖိတ်ကျွေးမယ်ဆိုရင် အားနာပါးနာနဲ့ လာစားပါ့မယ် :P

ခင်မင်းဇော် said...

မပူနဲ့ အမ ရေးမယ့်ထဲမှာ မသီတာ ပါမှာ ၊စာရင်း လုပ်ပြီးသား စောင့်ဖတ်နော်/
နာ ပထမ။

megumi said...

မမက မဆိုးပါဘူး။
ချစ်ဖို့ကောင်းတယ်။
ဟိ ဟိ၊ ကျမတော့ ခင်တယ်။
အပြင်မှာလည်း တွေ့ချင်ပါတယ်။ :P :P

Craton said...

ဟိဟိ.. တောက်ပါနဲ့တွယ်.. တားတားရှိပါဒယ်..

သက်ဝေ said...

ကိုယ်ကတော့ အကြွေးနဲ့လူသားပါ...
သိင်္ဂီ Tag ထားတာကို ခုထိမရေးရသေးဘူး.. ဘာလို့လဲဆိုတော့ ကိုယ်တွေ့ချင်တဲ့သူတွေက အများကြီးလေ... ဘယ်လို ရေးရမယ်ဆိုတာ စဉ်းစားလို့ကို မရသေးတာနဲ့ အကြွေးဖြစ်နေတယ်...။

မသီတာကို တကယ်ကို တွေ့ချင်နေပါတယ်...
မတွေ့ရတာ နှစ်ပေါင်း အတော်ကြာနေပြီနော်...

ကွေးနေအောင် ကောက်လိုက်၊ စိတ်ထဲက မကောင်းဖြစ်လာလိုက် ထမင်း ထ,စားလိုက်နဲ့... ဆိုတော့ တစ်ယောက်ထဲတော့ မစားနဲ့လေ... ပန်ပန်ပြောသလို တို့တွေကိုလဲ ဖိတ်ကျွေးပါလား.. ထမင်းလက်ဆုံ တူတူစားရတာပေါ့... ဟီးဟီး...

ပန်ပန်ပြောသလို ထမင်းလေးဘာလေး ဖိတ်ကျွေးပါလားလေ...

Rita said...

အို မမကလည်း မကောက်ပါနဲ့။
ကျွန်မကတော့ မမကို တွေ့ဖူးတာတောင် ထပ်တွေ့ချင်ပါတယ်။ တကယ်ပါ။

Ko Paw said...

ဟား..ဟား....မသီတာရဲ့ နာမည်ကို ရှာချင်ရင်တော့ မာမာအေးရဲ့ သီချင်းထဲမှာ ရှာရမယ် ထင်တယ်ခင်ဗျ.... ဘာတဲ့...

“တစိမ့်စိမ့်ရိုက်ခတ် ပေါ်လာပြန်တာ သီတာ Like a water tower..... တသွင်သွင် စီးကျလေတာ” .....ဆိုတဲ့ သီချင်းလေ။

ကိုဧရာရဲ့ နာမည်အတွက်ဆိုရင်တော့ ရီရီသန့်သီချင်းမှာ ရှာရမယ်ထင်တယ်.....

“စစ်ကိုင်းတံတားဖက်ဆီ သူ လာမလားလို့ မျှော်မှန်းမိသည်... အိုဘယ့်..ဘယ်ဝယ်ဘယ်ဆီ...မောင်ရောက်နေသည်လည်း မေ မသိတော့သည်.....ဧရာဝတီ....ရေဇလာနဒီ...ဧရာဝတီ... ညွှန်းဆိုတေး ဖွဲ့ချီ... နောက်တကြိမ်မှာ အတူကူးပါရစီ”....။

khin oo may said...

သီတာနေပါဦး သီတာနေပါဦး. စိုးပိုင်သီချင်းလေးနဲ့ခင်ထားတာပါ။

မဇနိ said...

အမ မသီတာကို နိနိက တကယ်တွေ့ချင်တာပါ။ နိနိပို့စ်က မတင်ရသေးလို့။ မနေ့ညအစောကတည်းက ရေးထားပြီးသားရယ်။ အခု တင်တာနောက်ကျနေတာ။ စိတ်မကောက်ပါနဲ့နော်။ ထမင်းတွေတအားစားပြီး ဝလာမှာစိုးလို့ပါ။

သီဟသစ် said...

မမသီတာရေ..

ကိုကြီးဧရာတို့ မမသီတာ တို့ တစ်မိသားစုလုံးကို ခင်ပါတယ်ခင်ဗျာ..
တကယ်ပြောတာပါခင်ဗျ..

အိမ်လာလည်လို့ မုန့်ကျွေးမယ်ဆို လာလည်ပါရစေခင်ဗျာ..:)

တန်ခူး said...

မ ရေ… စိတ်ကောက်နဲ့ နော်… ကျွန်မရေးတာက တခါမှ မမြင်တွေ့ ဖူးတွေသူတွေကို ရေးတာမို့  မ မပါတာပါ… မ နဲ့ က ငယ်ချစ်တွေမိုလား… ဟိုနေ့ ကတောင် တွေ့ ကြသေးတာကို… မြင်တွေ့ ဖူးသူတွေထဲက ထပ်ထပ်ပြီးတွေ့ ချင်နေသူထဲမှာ တို့ မမက ရှေ့ ဆုံးက… ဟော… ပြုံးလာပြီ… ပြုံးလာပြီ… ဒီလိုလေးလုပ်ပါ….

PAUK said...

ကျနော်လဲ ပေါင်းရသင်းရခက်တယ်မသီတာရ..
အပေါက်ဆိုး ပေါက်လေ..
ဒါမယ့်လေ..
အခုကစလို့ မပြောချိုတော့မယ်လို့
သံဓိဌာန် ချထားပါတယ်..
ငှဲငှဲ

tg.nwai said...

ဟားဟား.. သီတာကတော့လေ..စိတ်မကောက်ပါနဲ့ကွယ်..
လူတိုင်းခင်တဲ့ မသီတာကိုနော်..
ဟုတ်တယ်..တို့လည်း အပြင်က သူငယ်ချင်းနည်းတယ်..ကြာတော့ ကိုယ့်မိသားစုနဲ့ကိုယ် တာဝန်ဝတ္တရားတွေနဲ့ ပိနေတော့ အဲလိုပါပဲ..အတူတူပဲလေ..

မီယာ said...

မသီတာရဲ့ အမာခံ ပရိသတ်နော်... တွေ့ဆုံပွဲလုပ်ရင် လက်တို့လိုက်ပါ အမရေ

ပုံရိပ် / Pon Yate said...

စိတ်မကောက်ပါနဲ့ မသီတာရယ်။ ထမင်းဖိတ်ကျွေးမယ်ဆို တွေ့မှာပေါ့...ဟီး။

သင်းနွယ်ဇင် said...

အမြဲတန်းတွေ့ချင်နေသူတယောက်ရှိပါတယ်။ :D

JulyDream said...

အစ်မက တွေ့ဖူးတဲ့လူထဲမှာ ပါလို့ပါနော်။ အဟီး... အဲဒါကြောင့် ထည့်မရေးတာပါ။

လေးမီ said...

မယ်သီတာ နင့် blog ကိုဒီနေ့ ပြီးအောင် ဖတ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့  ...ဖတ်နေတာ...
katm က အသိပညာပေးရေးလိုက် နင်က ရီစရာရေးလိုက်နဲ့  ရသ စုံပါတယ်။

ရွာသားလေးဝိုင်တီယူ said...

ဒီပို့စ်လေးဖတ်ရတာ တကယ့်ကို ကိုယ်ဖြစ်နေတဲ့အတိုင်းလေးပါပဲ။ စိတ်ဆိုတာကလည်း အခက်သားအမရေ။

ဆောင်း said...

ကောက်တတ်တာ မြန်မာမလေးတွေမှ မဟုတ်ဘူး ကုလားမ တွေလည်း စိတ်ကောက်တတ်သေး။ အိမ်ရှင်သထိန်းမ စိတ်ကောက်တာ ပြန်မြင်မိသေး.အိ

မသီတာကို တွေ့ ချင်တယ် တွေ့ ချင်တာက ကျမက ပုန်းနေပြီး မသီတာ ကို ချောင်းကြည့်တဲ့ပုံစံမျိုးရယ်။ ကျမ က အရုပ်ဆိုးတယ် မို့ လား။ ဒါကြောင့် မသီတာကို ဗြောင် လူချင်းတွေ့ မိရင် တော်ကြာ ကျမ ရုပ်ဆိုးတာ လူပို သိမှာစိုးလို့  တိတ်တိတ်လေး ချောင်းကြည့်ချင်တယ်တော့