Saturday, September 19, 2009

အိမ်အပြန် လက်ဆောင်

ကိုယ်ပြန်လာပြီ
ကိုယ်ရေးသော ဘလော့ဆီ

တနယ်လွန် ရွာတကျေး

လုပ်အားပေးဖို့ သွားခဲ့တယ်…
အပန်းပြေခရီး တခု ရောက်ခဲ့တယ်။

ရှေ့တန်းတိုက်ပွဲတခု ထွက်ခဲ့တယ်…
လေ့ကျင့်ရေးစခန်းတခု ရောက်ခဲ့တယ်။

အိမ်အပြန် လက်ဆောင်လေးတွေ ပါလာတယ်…
စွမ်းရည် သတ္တိ သဘော တဲ့ကွယ်။

ဝေမျှလို့ဖြင့် ပေးပါတယ်…
ထပ်တူထပ်မျှ ရစေရွယ်။ ။
(Mahamuni Buddhist Society က ကြီးမှူးကျင်းပတဲ့ ကမ္မဋ္ဌာနာစရိယ မြောက်ဦးဆရာတော်၏ ၇-ရက်တရားစခန်းပွဲမှာ ဝေယျာဝစ္စကုသိုလ်ယူဖို့ သွားခဲ့တာပါ။)

22 comments:

tg.nwai said...

သာဓု သာဓု သာဓု ပါ မသီတာ..

Craton said...

သာဓု သာဓု သာဓု သားမာမီလည်း တရားစခန်းဝင်သတဲ့ အောက်တိုဘာ ၁၀ ထိဆိုပဲ.. စိတ်သန့်တော့ ကုသိုလ်တွေရလိုက်မယ့်ဖြစ်ချင်း....။
ကိုယ်တွေက မလုပ်နိုင်မဖြစ်နိုင် အချိန်မပေးနိုင်တော့ အားကျတယ် တီတာရေ.... ထပ်ပြီးလည်း ကောင်းမှုတွေ အများကြီးအများကြီးလုပ်နိုင်ပါစေ...

SDL said...

Welcome back ...!! :)

PAUK said...

ကောင်းတဲ့ လုပ်အားပေးလေး..

momiji said...

အမရယ်.. ကျနော်လေ.. တရားစခန်းဝင်တိုင်း အလုပ်ချင်ဆုံး အလုပ်တခုက တရားဝင်နေတဲ့ သူတွေကို ကူညီပေးရတဲ့ဝေရာဝတ်စ ပဲ..

ဒါပေမဲ့..ယနေ့ထိ တခါမှ အဲလို .. ကုသိုလ်မျိုး ယူခွင့်မကြုံသေးဘူး

သာဓု သာဓု..သာဓုပါ ..အမရေ..။

Anonymous said...

သာဓုသာဓုသာဓုပါ...
အိမ်အပြန်လက်ဆောင်တွေယူသွားတယ်။
mm

pN said...

အချိန်ရလို့ အဆင်ပြေခဲ့ရင် အသေးစိတ်လေး ရေးပါအုံး။ အားမှပါ..နော်။

Ko Paw said...

တနယ်လွန် တရွာတကျေး
အလည်လွန်ရှာသေး
ငှက်ငယ်ပမာအလားလို့ညီ....။

သာဓု...သာဓု....သာဓု....
ကြိုဆိုပါသည်...ဘလော့ဂ်ဌာနီမှ....။

Vigor said...

I enjoy reading your blog.
Cheers.

သက်ဝေ said...

သီတာ့ရဲ့ ဝေယျာဝစ္စ ကုသိုလ်အလှု အတွက် သာဓု သုံးကြိမ် လှိုက်လှိုက်လှဲလှဲခေါ်သွားကြောင်းပါ သီတာရေ...

Nge Naing said...

မသီတာရေ
သာဓု. သာဓု သာဓု
လာခေါ်သွားပြီး ကုသိုလ် လက်ဆောင်တွေကို မမျှယူသွားပါတယ်နော့်။

rose of sharon said...

ပြန်လာပြီပေါ့.... မသီတာရေးတဲ့စာတွေ မျှော်နေတယ်နော်

သင်းနွယ်ဇင် said...

သာဓု သာဓု သာဓု..

MANORHARY said...

သာဓု သာဓု သာဓု ပါ မသီတာ
Welcome back ပါ

ရွက်လွင့်ခြင်း said...

ပြန်လာတာ ဝမ်းသာပါတယ်ဗျာ
သာဓုလည်း ခေါ်ပါတယ်

မီယာ said...

အမရေ ပြန်လာပြီလား... ဘာလက်ဆောင်တွေပါလဲ

khin oo may said...

လာဖတ်ပြီးတာကြာလှပြီ. ထွက်ကတည်းကဘဲ။ မြင်ရတာ ဝမ်းသာတယ်။

mae said...

သာဓု သာဓု သာဓု

အရင်ကဗျာလေးကို comment ပေးဖို့ ကြိုးစားပေမယ့် ကွန်ပျူတာက ကြောင်နေလို့

အဲ့ဒီကဗျာလေးလဲ အရမ်းကြိုက်ပါတယ်

Yu Wa Yi said...

ရှိသေးရင် နည်းနည်းပေးပါ :)))

တန်ခူး said...

မ ရေ…. သားရဲ့ တရုတ်ဆရာမလေးလဲ အဲဒီတရားစခန်း ၀င်တယ်သိလား… သား ဘေဘီစစ်တာလဲ ၀င်တယ်… ထင်တော့ထင်သား… တို့ အမပျောက်နေတယ် ဆိုကတည်းက ကောင်းမှုကုသိုလ်ကိစ္စပဲဖြစ်မှာလို့ … သာဓု ပါ မ ရယ်…

ညီမလေး said...

ကောင်းလိုက်တာ အမရယ်
သာဓု သာဓု သာဓုပါ

တလနွန် said...

မသီတာရေ သာဓု ခေါ်ပါတယ်နော်။
ပျော်ရွင်ကြည်သာချမ်းမြေ့ ပါစေ

ခင်မင်ခြင်းနှင့်
တလနွန်