Thursday, November 12, 2009

လက်ဆောင်

အစစ်ကို ရှာဖို့တဲ့လေ
အတုပေါ် illusion ကို ထပ်တလဲလဲ တင်ကြည့်မိတယ်…။


စွမ်းအင်ကို စားသုံးဖို့
ရေမှန်မှန် သောက်သလို…


အပေါက်အကြား အာကာသမှာ
လိပ်ပြာမောင်နှံ တောင်ပံဖြန့်သလို…


ကိုယ့်ကိုယ်ကို ပြန်မြင်ဖို့
ကြေးမုံပြင်ထက် မှန်တဲ့ ရှေ့မှာ ခြေစုံရပ်သလို…


ခြစ်ရာတွေ အက်ကြောင်းထပ်နေတဲ့ ကမ္ဘာမြေမှာ…
ချစ်ရာတွေ အပ်ကြောင်းထပ်လိုက်တယ်…။

(ကိုဧရာအတွက် မွေးနေ့ အမှတ်တရ)

15 comments:

tin min htet said...

ချစ်ရာ အကြောင်းပဲ ပြောနေကြတာ ..
ရှေ့မှာလည်း ကိုဧရာကို ရေလိုမှန်မှန် သောက်ကြောင်း
ကိုဧရာကို မှန်လိုတစိမ့်စိမ့်ကြည့်ကြောင်းတွေ ရေးထားသေးတယ်လေ :P

တောင်းတဲ့ဆု မတောင်းတဲ့ဆု အကုန်ပြည့်ပါစေ ကိုဧရာ

P.Ti said...

Happy Birthday to Ko Ayer.

ခြစ်ရာတွေအများကြီးရပါတယ်.. အဲ..
ချစ်ရာပြောတာ.. :D

တန်ခူး said...

အိုး….လှလိုက်တဲ့ကဗျာလေး…. အဲဒါ မသီတာစတိုင်ပေါ့…
ထို့ ကြောင့် this lady ကို မသီတာဟုခေါ်ပါသည်….
အပ်ကြောင်းထပ်နေတဲ့ ချစ်ရာတွေ မသီတာရဲ့ နှလုံးသား ကိုယ်စားပြု ဒီကဗျာလေးထဲမှာ အပြည့်…
ဒီကတောင် လှမ်းမြင်ရတယ် မ ရယ်… soul နဲ့ ရေးတဲ့ ဒီကဗျာကို ဆရာနှစ်သက်မှာ သေချာတယ်….
ကောင်းသောမွေးနေ့ ပါဆရာ…. ချစ်တဲ့မိသားစုလေးနဲ့ မွေးနေ့ ပေါင်း ရာထောင်သောင်းတိုင်ပါစေလို့ …
(ဟုတ်ပါရဲ့… တိုက်ဆိုင်လိုက်တာနော်… မ နဲ့ သက်ဝေလေ)

မမသီရိ said...

ံHappy Birthday ပါ သီတာ့ ကြင်ယာတော် ရေ

သီတာ့ ကဗျာလေး လှလိုက်တာ
အဲဒါ.. သီတာ.. သီတာ.. သီတာ..

ချစ်ခြင်းတွေ အပ်ကြောင်း ထပ်သထက် ထပ်နိုင်ပါစေ

rose of sharon said...

ံ့HAPPY BIRTHDAY ကိုဧရာ... မသီတာရေ... ကဗျာလေးကချစ်စရာကောင်းလိုက်တာ

T T Sweet said...

ဟုတ်ပါ့ မသီတာရယ် ... ခုပဲ ဟိုဘက်မှာ ဆုတောင်းပြီးထွက်လာတာ ... ကဗျာလေးကလဲ ချစ်စရာလေး။

ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေသော်။

သတိထားမိတာ။ အစ်မမွေးနေ့နဲ့ ကိုဧရာနဲ့ တစ်လပဲ ကွာတယ်နော်။

JulyDream said...

ချစ်ရာတွေ များလွန်းလို့ အက်ကြောင်းတွေတောင် ထပ်နေကုန်ပြီကိုး... အားကျ မနာလို ဖြစ်သွားပါတယ်လေ။ ဂလု...

khin oo may said...

Happy birthdayကိုဧရာ.

sonata-cantata said...

12 Nov 09, 01:41
Pauk: ကိုဧရာ မွေးနေ့မှာပျော်ရွှင်ပါစေ...

12 Nov 09, 03:43
mm: ဟယ်.ဖြစ်ရလေ. ဆေးခန်းပြနော်။ ကိုယ်လက်လေ့ကျင့်ခန်းများများလုပ်ပါ။ ဆေးသောက်ပါ။ ဘလော့ဂ်မဖတ်နိုင်ဘူးဆို.ကို ဧရာကို ဖတ်ပြခိုင်းပြီးဇိမ်နဲ့နားထောင်ပါလေ။

12 Nov 09, 07:32
အပြုံးပန်း: မင်္ဂလာပါ၊ မွေးနေ့မှာ ဘာအလှူလုပ်ပါသလဲ၊ ဘာကျွေးပါသလဲ။

13 Nov 09, 00:24
julyDream: အလည်တခေါက် လာရောက် ဖတ်ရှုသွားပါတယ် ခင်ဗျာ။

13 Nov 09, 00:25
julyDream: အက်ကြောင်းတွေတောင် ထပ်နေကုန်ပြီကိုး... အားကျ မနာလို ဖြစ်သွားပါတယ်လေ။ ဂလု...

13 Nov 09, 07:31
kom: မသီတာ ရဲ့နစ်ကျပ်ခွဲတန်ကဗျာက သိတ်ကောငးတာဘဲ ဘာများလာစပ်မလဲ စောင့်နေတာ သုံးခေါက်ဘဲ ဖတ်သွားတာကိုး။

mae said...

ထပ်ကြပါ ..ဟိ

ကိုဧရာနဲ့ မမသီတာ အမြဲ ပျော်ရွှင် ချမ်းမြေ့ပါစေ

sonata-cantata said...

ကဗျာရှင် မသီတာကစလို့ ....
အမှတ်တရ ဆုတောင်းပေးကြတဲ့ စာဖတ်သူများ အားလုံးကို ... ကျေးဇူးပါ ...။

ဧရာ

မငုံ said...

မအားတာနဲ့ အခုမှ ရောက်လာတာ မွေးနေ့ဆုတောင်းပေးတာ နည်းနည်းတော့ နောက်ကျသွားတယ်။ :) ကိုဧရာတစ်ယောက် မွေးနေ့မှစ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သာသနာအကျိုးကို ချစ်တဲ့ မိသားစုနဲ့အတူ ဆထက်တပိုး ထမ်းဆောင်နိုင်ပါစေ။ စာကောင်းတွေအများကြီးရေးနိုင်ပါစေ။
မသီတာရေ..ကဗျာလေး ကောင်းတယ်။ ကိုဧရာကြီးတော့ မွေးနေ့လက်ဆောင်လေး သဘောကျနေတယ်နော်။

Moe Cho Thinn said...

မမရယ် ရေးတတ်လိုက်တာ။ ဒီစိတ်ကူးလေး ငှားစမ်းပါ့။ ဒီကဖြင့် စိတ်ထဲမှာသာရှိ၊ အဲဒီလို မရေးတတ်ဘူး။

မအားလို့ မွေးနေ့ပွဲလေး နောက်ကျသွားပါတယ်။ ပျော်ရွှင်ကြည်နူးစရာများ ပိုင်ဆိုင်မြဲ ပိုင်ဆိုင်ပါစေ ကိုဧရာ။

သင်းနွယ်ဇင် said...

Happy Birthdayပါ ကိုဧရာ။ ချစ်စရာမိသားစုနဲ့အတူ အချစ်ရာအပ်ကြောင်းတွေလဲ တနေ့ထက်တနေ့ ပိုပိုပြီးထပ်နိုင်ပါစေလို့။

ဒီနေ့မှ ကွန်ပြူတာရှေ့ရောက်လို့ နောက်ကျသွားတာ sorryနော်။

Nge Naing said...

Happy birth day ပြောဖို့ မွေးနေ့ပွဲ နောက်ကျသွားတယ် ဆောရီးပဲနော့်။ အခုမှပဲ ကျောင်းပိတ်လို့ ချက်ချင်း ဘလော့ဂ်တွေဆီ အရင် ရောက်လာတယ်။