Friday, August 13, 2010

အိပ်မက်ထဲတောင်...

“သီတာ အိပ်မက် မက်တယ်လေ~~ တွေးတွေးပြီးရှက်လိုက်တာ EEရာ~~”
မသီတာ အိပ်မက်ကို စီကာပတ်ကုံး မက်တတ်ပါတယ်။
*****
စာသင်ခန်းတခုထဲရောက်နေတယ်။ စာသင်မည့် ဆရာက ငယ်ငယ်ချောချော။ အတန်းမစခင်မို့ စာသင်ခန်းအပြင်ဘက် ကော်ရစ်ဒါမှာ ခပ်ငယ်ငယ် ဆရာမတယောက်နဲ့ စကားအချေအတင်ပြောနေတယ်။ တိုးသဲ့သဲ့ကြားလိုက်တာက မသီတာကို ဒီအတန်းမှာ ပညာသင်ကြားခွင့်ပြုဖို့ သင့်၊ မသင့်။ ဆရာမက “နောက် သူ မလိုက်နိုင်တော့လည်း အလိုလို ကျန်ခဲ့ပါစေလေ… အခုတော့ တတ်ပါစေ” တဲ့။ ဒီလိုနဲ့ ဆရာအတန်းထဲ ၀င်လာတယ်။ လက်ချာတွေ ပေးတယ်ပေါ့။ အမယ် ကျောင်းသားတွေ ထဲမယ် အိမ်ကလူကြီး ကိုဧရာပါလား။ 

အင်္ဂလိပ်လို သင်နေတာဖြစ်မယ် ကိုယ်ကတော့ မြန်မာလိုပဲ နားလည်နေတယ်။ ဆရာက စာသင်ရင်းနဲ့ ကိုယ့်နား လျှောက် လျှောက်လာတယ်။ ကိုယ်လိုက်ရေးနေတာတွေ မှန် မမှန် စစ်တဲ့သဘော။ ဆရာက စာလုံးတလုံးအတွက် Spelling စာလုံးပေါင်းခေါ်ပေးတော့ “ဆရာရယ် ဒီလောက်တော့ ကျမ ပေါင်းတတ်ပါတယ် ဒီမှာကြည့် ဆရာပြောတာတွေထက်တောင် ပိုပြီး မှတ်ထားပါသေး” လို့ ပြောလိုက်လို့၊ ဆရာက “ဒါဆိုလည်း ware တွေ အကြောင်းသိသလောက် ပြောစမ်းကွာ” တဲ့။ ပြောပြောဆိုဆိုနဲ့ stageစင်ဘက်ပြန်လျှောက်သွားပြီး စင်ပေါ်ကနေ “ကဲ ပြောလေ…” လုပ်နေတော့… သိသလောက် မှတ်သလောက် ဖြစ်ညှစ် စဉ်းစားရတော့တာပေါ့။ ware တွေ… Hardware, Software, firmware… အဲ တခုချင်းစီ ဘယ်လိုရှင်းပြရပါ့။ Hardware ကလွယ်တယ်.. Hardware က အရင်ပြောမယ် လို့ စဉ်းစားရင်း စိတ်ထဲက တွေးလိုက်တာတော့ Hardware ဆိုတာ ကွန်ပြူတာရဲ့… ဆိုပြီး ဆက်ပေါ်လာတာက ကုန်မာဆိုင်က အိုးတွေ.. ခွက်တွေ.. ပလတ်စတစ်ပုံးတွေ…

*****
အိပ်မက်ကို ဆက်ရရင်…
*****
ကိုဧရာက ဇတ်ကလေးပုပြီး အဖြေကို လေသံ ခပ်အုပ်အုပ်နဲ့ လှမ်းပြောပြနေရှာတယ်။ သူဘယ်လောက် ပြောပြော ဒီက ကျောင်းအမကတော့ မိန့်မိန့်ကြီး ခွေးအ လည်နင်နေပါပြီ… ဂလုဂလုနဲ့ တံတွေးတွေသာ မြိုချနေရပါတော့တယ်။ နောက်တော့ ဆရာ စာတွေ ဆက်သင်တယ်။ ဆရာက “မနက်ဖန် ရှစ်နာရီ အတန်း စမယ် စောစောလာကြပါ” လို့ မှာရင်း သင်ခန်းစာကို အဆုံးသတ်လိုက်ပါတယ်။ ကျောင်းသားတွေ အတန်းထဲက ထွက်ကြပြီး၊ ကိုယ့်ကိုကိုယ် မသင်္ကာတဲ့ မသီတာ ဆရာကို သွားမေးပါတယ်။ “မနက်ဖန်အတန်း ကျမ လာရပါမလား” လို့ပါ။ ဆရာလည်း ခေါင်းကုတ်စဉ်းစားပြီး၊ အဖြေရှာရဟန် မတူတဲ့အဆုံး “လာ ငါ့နောက်လိုက်ခဲ့” လို့ ဆိုပါတယ်။ မသီတာ စိတ်ထဲက သိလိုက်ပါတယ်၊ ငါ့ကိုတော့ ၀င်ခွင့်ရွေးချယ်ရေးကောင်စီ အဖွဲ့ဝင်တွေဆီ ခေါ်သွားပြီလို့…။ ထင်တဲ့အတိုင်းပါပဲ လှေခါးထစ်တွေ တက်၊ ထောင့်ချိုးတခုကွေ့လိုက်ပြီး ၀င်လိုက်တဲ့ အခန်းထဲမှာ ဆရာကြီးတွေလို့ ထင်ရတဲ့ သူ သုံးလေးယောက်ရှိနေပါတယ်။ ဆရာတယောက်ရဲ့ စားပွဲမှာ Singaporean ကျောင်းသူနှစ်ယောက်က သူတို့လုပ်နေတဲ့ Project ကို ဆရာနဲ့ ဆွေးနွေးနေကြပါတယ်။ မှန်တွေ ကွဲကြေနေတဲ့ နေကာမျက်မှန်တလက်က စားပွဲပေါ်မှာ။ အဲ့ဒီ ကွဲကြေနေတဲ့ အစတွေရဲ့ အလွှာအလွှာတွေကို လက်သည်းနဲ့ ကုတ်ခြစ်ထုတ်ရင်း ကျောင်းသူတွေက သူတို့ သိချင်တာတွေ ဆရာကို မေး၊ ဆရာကြီးက ဒါကဘာကြောင့်…၊ ဒါကဘာလေ ရှင်းပြတာကို ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ ပါးစပ်ကပြော၊ ခေါင်းက ငြိမ့်၊ လက်က လိုက်ရေးလုပ်နေကြပါတယ်။ ဆရာကြီး နောက်က နံရံမှာ ချိတ်ထားတဲ့ name tag ကို လှမ်းဖတ်လိုက်တော့ Professor Dr. Tin Myint (Ph. D) တဲ့။ ထင်တဲ့ အတိုင်းပဲ ဆရာကြီးက မြန်မာပါလို့…
*****
မက်လိုက်တဲ့ အိပ်မက်ရဲ့ တပိုင်းတစပါ
*****
(ခင်မင်ရသော မမKTM ရဲ့ တူ၊ NUS မှ Electronic Major ဖြင့် ကျောင်းပြီး၍ စင်္ကာပူနိုင်ငံမှ ပေးသော စကော်လာဖြင့် Ph. D ဆက်လက် ဆည်းပူးခွင့်ရကြောင်း သိရသည့်အတွက် ဂုဏ်ယူ ၀မ်းမြောက်စွာဖြင့်)

17 comments:

T T Sweet said...

အစ်မက စာရေးဆရာမကြီးဆိုတော့ အိမ်မက်ထဲတောင် ဇာတ်လမ်းနဲ့ ... ညီမကိုလဲ အိမ်ကလူက ခဏခဏပြောတယ်။ ညည်းက အိမ်မက်တောင် ဇာတ်လမ်းလုပ်မက်တယ်တဲ့။ မှန်ကွဲတွေတောင် အိမ်မက်ထဲပါသေးနော်။ ထူးတော့ထူးဆန်းတယ်။ တစ်ခါတစ်လေ ဘာစွဲလို့ မက်မှန်းမသိဘူး။
အိမ်မက်တွေထဲမှာ စာမေးပွဲဖြေတဲ့ အိမ်မက်တွေကတော့ အဆိုးဆုံးပဲ။

Dr. Yi Yi Win said...

ကော်ကော် အဲ မသီတာအိပ်မက်ကိုလာဖတ်သည်။ ကိုဧရာကလည်းပါရသေး။ အဟိ

Sonata Cantata said...

တီဆွိရေ... စိတ်စွဲကြီးတာလား ဘာလည်းတော့မသိ...ကြုံတွေ့လိုက်တာတွေကို ကိုယ်က အမှတ်တမဲ့ပဲလို့ ထင်ပေမဲ့လည်း အိပ်မက်ထဲ ဟန်ကျပန်ကျ ပြန်မက်နေပြန်ရော...
ဟိုနေ့က DVB က အင်တာဗျူးကို အိမ်ကလူ ကြည့်နေလို့ အနားခဏသွားရပ်ကြည့်မိတယ်...အင်တာဗျူးတဲ့ အမျိုးသမီးက သူ့ကိုယ်သူ ကျွန်တော် လို့ ပြောတာ ကြည့်မိတယ်ပေါ့...
ညကျတော့ အိပ်မက်ထဲမယ် မသီတာတယောက် ကျွန်တော် ကျွန်တော် နဲ့ မိုက်ခရိုဖုန်းကြီး ဟိုသူ့ပါးစပ်ရှေ့ထိုး ဒီသူ့ပါးစပ်ရှေ့ထိုးနဲ့ အင်တာတွေဗျူးနေတော့တာဗျိုး...

မယုဝရီရေ... ကော်နီသီချင်းမှန်း သိသူရှိလို့ ပျော်သွားတယ်..ဒီက ရေးသာ ရေးရတာ..သိကြပါတော့မလားလို့ :)
~~သူငယ်ချင်းတွေလည်း မပြောရဲအောင်ပါ
သူ့ကြည့်တော့ ရိုးမည့်ပုံပါ~~

ဆိုသာ ဆိုရတယ် ရှက်စရာကြီး :P

သက်ဝေ said...

သီတာက သီချင်းတွေ မှတ်မိနေသေးတာကိုး...

အိပ်မက်ထဲလဲ သူနဲ့ အတူတူပေါ့လေ... စာထောက်ပေးတာတောင် ပါလိုက်သေး...

ကိုယ်ကတော့ ကိုယ့်အိပ်မက်တွေက စင်းလွန်းလို့ အိပ်မက် မက်ရမှာကြောက်တယ်... ဒါကြောင့် အိပ်ချိန်ကို အတတ်နိုင်ဆုံး လျှော့ထားတယ်... ဟမ်...

Sonata Cantata said...

သက်ဝေရေ
ကိုယ့်အားကိုယ်မကိုးပဲ သူချည်း အားကိုးတာ အိပ်မက်ထဲတောင်...ကောင်းပါဘူးအေ။
သက်ဝေကို သူငယ်ချင်းမို့ အိပ်မက်ကို ဆက်ပြောပြမယ်သိလား... ကိုယ့်ကို ခေါ်လာတဲ့ ဆရာက ပါမောက္ခဆရာကြီးကို ပြောတာပေါ့...ဒီကျောင်းသူပေါ့ စာသိပ်ညံ့တာပဲ ဆိုတော့...ဆရာကြီးက ညံ့မှာပေါ့..စာမှ မကြည့်...စာမှ မဖတ်တာတဲ့။
အိပ်မက်ထဲတောင် သက်ဝေရယ်
ပြောရက်လိုက်ကြတာ...ဆက်မရေးပါရစေနဲ့တော့

သူများတွေ Ph. D တက်ရတယ်ဆိုတော့ ၀မ်းသာပြီး ကိုယ်ညံ့တာတွေ တန်းစီအိပ်မက်တော့တာပဲ

(btw, ဒီဇင်ဘာ ဆရာကန်တော့ပွဲ ကိုယ်က မြန်မာပြည်ပြန်မှာ...အခုကတည်းက စိတ်မှန်းနဲ့ပဲ ကန်တော့နေပါတယ်း))

Anonymous said...

တော်သေးတယ်..
ရေစင်..ရေချမ်း ပါမလာလို့။


သတိရနေပါတယ်နော်..။
မေးလ်က ရေးမရ ။


ချစ်လှစွာသော..

ပေါက်

Sonata Cantata said...

ပေါက်... ရေစင် ရေချမ်း မပါတဲ့အကြောင်း ရေးဦးမှာ :P

ချစ်ကြည်အေး said...

ဟ ဟ သီတာကတော့ လုပ်ပြီ ဒါနဲ့ မကော်ရဲ့ သီချင်းက တွေးတွေးပြီး ရှက်လိုက်တာ ကိုကိုရာ....ပါ။ ဒါမှမဟုတ် တွေးတွေးပြီး ရှက်လိုက်တာ ကိုဧရာ...ဆိုလည်းဟုတ်သေး ဘယ့်နှယ် EEရာ ဖြစ်နေတာတုန်း သီတာရဲ့...

Sonata Cantata said...

EE က မသီတာလေ
ယုံပါ ချစ်ကြည်ရယ်
ကိုယ် ကျိန်တွယ်ပြီး ပြောပါ့မယ်း)

rose of sharon said...

အိမ်မက်လေးထဲမှာ မသီတာရဲ့မရှိမဖြစ်ကိုဧရာနဲ့ အတန်းအတူတူတက်နေရတာ ကြည်နူးစရာ...

Sonata Cantata said...

ဟုတ်တယ် ရို့စ်ရေ
တကယ်တန်းမှာတော့ သူနဲ့ အတန်းတူတူ တက်ဖူးပေါင် :)

Anonymous said...

မသီတာ ရေးတဲ့ အိမ်မက် အကြောင်းလေး တွေ ဖတ်သွားတယ်

ခင်တဲ့
ရွှေစင်ဦး

Sonata Cantata said...

13 Aug 10, 20:15
seesein: ရွှေပြည်က ကျောင်းသွားတက်လို့ ထိပ်ကနေရင် ဒါမှ ရွှေပြည်သားကွလို့ ကြွားကောင်းတယ်ဗျာ
seesein: ရွှေပြည်သူရွှေပြည်သားများ ဘေးမသီရန်မခ ကျန်းမာ ချမ်းသာကြစေဗျာ
S-C: ဟုတ်ပါတယ်...တောင်းတဲ့ ဆုနဲ့ ပြည့်ရပါလို၏ seesein

မန်းကိုကို: ထူးဆန်းတဲ့အိပ်မက်အကြောင်း လာဖတ်သွားပါတယ်။ မှတ်မှတ်ရရ အိပ်မက်တွေ မမက်တာလည်းကြာလှပေါ့။

13 Aug 10, 22:29
S-C: မန်းကိုကိုရေ...ဒီမှာတော့ မက်သလားအမေးနဲ့ မက်ပြီးပြီလေ...ဆိုသလို...ခေါင်းက ခေါင်းအုံးနဲ့ မထိရသေးဘူး... အိပ်မက်က မက်ပြီ...ပိုပိုသာသာလေးပေါ့ အလကားပဲတင်း ရေးရတာပဲဟား)

ဇွန်မိုးစက် said...

မမသီတာ အိပ်မက်ထဲတောင် အတူတူထည့်မက်တာကိုး။ အိမ်မက်က စိတ်ဝင်စားစရာနော်။ နည်းပညာပိုင်းဆိုင်ရာတွေ ဘာတွေနဲ့ ခေတ်အညီ အိပ်မက် မက်တတ်သူ မမသီတာ။ :)

သင်းနွယ်ဇင် said...

သီတာပြောပြတဲ့အဖြစ်တွေ လာနားထောင်သွားပါတယ်။း)

Moe Cho Thinn said...

အိပ်မက်ထဲတောင် ဆရာကိုဧရာက စာ ထောက်ပေးနေသေးတာကိုး။ ကံကောင်းလိုက်တာ မမရာ။

Sonata Cantata said...

10 Oct 10, 10:01
ktmyint: ma thida, how r u? now in ygn. hla hla sunn is now in pha ahn. can open ur link only now. best wishes to all.
10 Oct 10, 12:43
S-C: Ahma Ktmyint, very glad to see u. Thank u for ur continuous support. U r great both for family and friends around you. :)
10 Oct 10, 15:32
khinmarlaraung: ရောက်ခဲ့ပြန်ပါတယ်ရှင်။ :)
10 Oct 10, 17:32
ktmyint: i am very happy to listen to Q and A b/w rector sayadaw and u keiti thara. pl giv my deep respect to u razeinda ( smc ) when u go there.
10 Oct 10, 19:11
S-C: sure Ahma, even today I reached there.
10 Oct 10, 19:54
ktmyint: just read the article 'ate met htair taung ' in appreciation of 'pyae phyo nay yaung ' who is now in 'yales uni '.
10 Oct 10, 19:55
ktmyint: i wish i could write like u. will be trying to share my life challenges.
10 Oct 10, 20:44
S-C: ရေးပါအမ... အမရေးရင် ပန်းချီတွေပါ ပါမှာ... :)