Saturday, September 4, 2010

မန္တလေးဘီဘင်ပဘ်

သားတို့ကျောင်းမှာ Family Day camp တဲ့ တခါသွားရသေးတယ်။ မိသားစုလိုက် ဂိမ်းတွေ တမျိုးပြီးတမျိုး ဆော့ရပါတယ်။ တခုက သားအမိ သားအဖတွေ တယောက်အကြောင်းတယောက် ဘယ်လောက်သိသလဲ ဆိုတဲ့ ဂိမ်း။ သားငယ်နဲ့ သူ့အဖေကို ကျောချင်းကပ်ထိုင်ခိုင်းထားပြီး အတူတူဖြစ်တဲ့ မေးခွန်းစာရွက်တွေ သားကို တရွက်၊ အဖေကို တရွက် ပေးပြီး၊ မေးခွန်းစာရွက်ပေါ်မှာပဲ အဖြေရေးစေတယ်။ သားရေးလိုက်တဲ့ အဖြေနဲ့ အဖေရေးတဲ့ အဖြေတူရင် ဒီသားအဖက တယောက်ကိုတယောက် သိနားလည်ကြတယ်ပေါ့။ အမှတ်တွေ ရပါတယ်။ အိမ်ကလူတွေ ကျတဲ့ မေးခွန်းကတော့ What is your father’s favorite food? အဖေလုပ်သူ ဖြေထားတဲ့ စာရွက် ကိုထောင်ပြတော့ Korean Food တဲ့။ သားငယ်ရေစင် ရေးထားလိုက်တာက Ayam Penyet တဲ့ တလွဲ…။ ကြားထဲက အမေကြီးမှာ မချိသွားဖြဲကြီးနဲ့ပေါ့။

ဟောဒီမှာ ကိုဧရာကြိုက်တဲ့ ကိုးရီးယားစာထဲကတခု ဘီဘင်ပဘ်တဲ့
Bibimpab
http://en.wikipedia.org/wiki/Bibimbap – mixed rice ထမင်းပေါ်မှာ အသီးအရွက်နဲ့ ကြက်ဥကြော်, အသားတွေပုံပြီး Gochuchang နဲ့ ရောထားတာ
Gochuchang
http://en.wikipedia.org/wiki/Gochujang - ငရုတ်သီးအနီ, ကောက်ညှင်းဆန်, ပဲငပိရောထားတဲ့ sauce

အရာရာတိုင်းမှာ အကြောင်းကြောင်းတော့ရှိပါတယ်။ ဘီဘင်ပဘ် ကြိုက်ပေမပေါ့။ ဆီကျက်, ငရုတ်ဆီ, ပဲငပိရောထားတဲ့ sauce နဲ့ ထမင်းကို နယ်ပြီး အပေါ်မှာ အသားကင်, ၀က်အူချောင်း, မြေပဲဆံတွေရောပုံထားတဲ့ မန္တလေးထမင်းပေါင်း အသည်းစွဲခဲ့တဲ့ မန်းသား ဘီဘင်ပဘ်နဲ့ စိတ်ဖြေနေတာ မသိရင်ခက်မယ်။

လာလေရော့ဟဲ့ ဟောဒီက မန္တလေးဘီဘင်ပဘ်

အိမ်နီးချင်းအမ လက်ဆောင်ပေးထားတဲ့ ကင်ချီလေးရယ်… သူငယ်ချင်း လက်ဆောင်ပေးတဲ့ ငြုတ်ဆီလေးကို ပဲငပိရော… ဈေးထဲက ၀ယ်ထားတဲ့ ၀က်သားကင်ရယ်… မသီတာ ကြက်ဥ ကြော်ရတာ မောလိုက်တာ ဟူးးးး... အမယ်... မုံလာဥနီ (ခါကြက်ဥ) ကို အချောင်းလေးတွေ လှီး၊ Spinish လေးတွေ ရေစင်အောင်ဆေးပြီး ရေနွေးပွက်ပွက်ထဲ မပြုတ်တပြုတ်လေး လုပ်ထားရတာ လွယ်တာမှတ်လို့၊ ချက်ချင်းဆယ်ပြီး ရေခဲရေထဲ စိမ်ရသေးတယ်တော့… ချစ်လို့ ချက်ကျွေးတယ်မှတ် အဟတ်

စားသောက်ဆိုင်ဖွင့်မည့် ချစ်ကြည်အေးရယ်...ငါးခေါင်းတွေ ဘဲပေါင်းတွေချက်နေတဲ့ ကေရယ်
အသုတ်စုံဆိုင် ဖွင့်တဲ့ မေဓာဝီရယ်... ချဉ်ဖတ်တည်နေတဲ့ ပေါက်ရယ်...ကို ဂုဏ်တုဂုဏ်ပြိုင်ရပြန်ပေါ့ :D

18 comments:

PAUK said...

အမယ်..
မသီတာ မောနေပြီတဲ့..။
အတော် လုပ်ကျွေးလိုက်ရတာကိုး..။
ခခလဲ အတော်ကြိုက်..။
ဇာတ်ရှုပ်လို့ လုပ်မကျွေးဘူး။
ဆိုင်က ဝယ်ကျွေးလိုက်တယ်..။
အမဲသားနဲ့.။
ကိုဧရာတော့ ပွတာပဲ..။
အိမ်နီးချင်းတွေ..သူငယ်ချင်းတွေ ..ဈေးထဲက
ဝက်သားကင်တွေ နဲ့..အဆင်ကိုပြေလို့..။
ဟားဟား

မေဓာဝီ said...

မန္တလေး ဘီဘင်ပတ် ဆိုတော့ ခြောက်လုံးပတ်လိုလား ပတ်မကြီးလိုလား ... ဘင်ခရာထဲက ဘင်လိုမျိုးကြီးလား လို့ ထင်ပြီး ... မသီတာတော့ ရွှေမန်းက တီးဝိုင်းအကြောင်း ရေးထားတယ် မှတ်နေတာ။ ဖတ်ပြီးမှ သဘောပေါက်တော့တယ်။
တော်တော်အကုန်အကျများမယ့် ဘီဘင်ပတ်ပဲနော်။
မသီတာလဲ အတော်မောရှာမှာ ... သနားစရာလေးပါလား နော်။ သြော် ချစ်လို့ကျွေးတယ်ဆိုတော့လဲ ကိုဧရာကြီး ကံကောင်းလိုက်တာ။

PhyoPhyo said...

မသီတာဆီက ဘာပြန်ယူရမလဲ လိုက်လာတာပါ၊
ဘီဘင်ပဘ် တဲ့၊
စားချင်စရာလေး၊
မသီတာကတော့ မောနေပြီပြောတာပဲ၊
ဒီလိုပဲပြောကြတာပါပဲ :)

မြတ်နိုး said...

အမ ..ဒီမှာကျတော့ ဆိုင်မှာဆို ဒယ်အိုးခပ်လတ်လတ်အပူကြီးမှာ အောက်ကထမင်းတွေ ဘာညာတွေပေါ်မှာ ကြက်ဥအစိမ်းလိုက်တင်ပီးလာချတယ်။ အဲဒါကို စားမဲ့သူတွေက ကိုယ့်ဟာကိုယ်နယ်ရတယ်.. တရှဲရှဲနဲံပေါ့
ကျနော်တော့ သိပ်မကြိုက်လှဘူး။

Moe Cho Thinn said...

ဒီအမေကြီးနဲ့ ဒီအဖေကြီးကို ကျောချင်းကပ်ပြီး စာရွက်တရွက်စီနဲ့ ဖြေခိုင်းရင်တော့ ကော်ပီကူးထားသလို နေတော့မယ်။ :D

ThuHninSee said...

hat is your father’s favorite food?

မသီတာဖြစ်ပါသည် အဲလေ မဟုတ်ပေါင် မသီတာချက်သောဟင်းတိုင်း ဖြစ်ပါသည်။

Anonymous said...

မီးချက်တာကျတော့ မရေးဘူး။
:)

သက်ဝေ said...

ဒီစနေတော့ ဘလော့ဂ်ပေါ်မှာ စားစရာတွေ ဝေဝေဆာဆာနဲ့ပါလား...
မမေ... မကေ... မသီတာ... ပေါက်...

ကိုယ့်သူငယ်ချင်းလေး မသီတာ ကြက်ဥကြော်ရ ဟင်းရွက် ပြုတ်ရ မုန်လာဥနီ ပြုတ်ရလို့ မောတာမပြောနဲ့... ကိုယ်လဲ ဘလော့ဂ်တကာ လိုက်စား (လိုက်ပြီး ငတ်ကြီးကျ) ရတာ မောနေတာပါပဲ...း))

SHWE ZIN U said...

ကိုဧရာ ကြိုက်တဲ့ မန္တလေး ထမင်းပေါင်း ကို မသီတာ အရေးကောင်းတာနဲ့ အခုတောင် ပြေးစားချင်လာပြီ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

အင်ကြင်းသန့် said...

မမသီတာရေ....အစ်မလက်ရာကို စာသင်ကျောင်းမှာစားရတာတင် အားမရလို့ ဘလော့ပေါ်မှာပါ “မန္တလေးဘီဘင်ပဘ်" ကိုလာဆွဲသွားတယ်။ :D

kay said...

ဘီဘင်ပတ် လည်း မစားဖူး... မန်းလေး ထမန်းပေါင်း လဲ မစားဘူး ပါလား နော်..

ကျမ တို့ အရပ်မှာ နာမည် ကြီးတာတော့..ရိုးရိုး ထမင်းသုပ်.. အထဲမှာ..ကြက်သွန်ဖြူ တွေ..ဂွေးသီးချဉ် တွေ..ငရုတ်သီးကြော်တွေ..အများကြီး ထဲ့ပြီး..ဖက်နဲ့ ထုပ်ရောင်းတဲ့..ထမင်းသုပ်.. ရှလွတ်..

ငါးခေါင်း နဲ့ ဘဲပေါင်း မချက် ပါ.. ။ စားပါသည်။ ( အမှားပြင်ဆင်ချက်)ူး))

Sonata Cantata said...

ပေါက် က ပေါက်တယ်ကွာ သဘော သဘော

မမေဓာဝီရေ...ရေးလိုက်ရဦးမလား ပတ်မကြီးတွေ ပတ်ဝိုင်းတွေအကြောင်း

ဖြိုးဖြိုးရေ
မသီတာကြီးက မျက်နှာလိုက်တယ်နော်... ကိုယ့်ညီမလေးတွေကျ ချက်ကျွေးဘူး

မြတ်နိုးရေ
အဲ့ဒီ တရှဲရှဲတွေကို ကြိုက်နေတာ အိမ်ကလူကြီး

ချိုသင်းရေ
ဘယ်ရမလဲ ကျောချင်းကပ်ပြီး တိုးတိုးလေး အဖြေတိုက်လိုက်မှာပေါ့

mm
မကြိုက်ရင် ငတ်မှာမို့ ကြိုက်ရရှာတာနေမှာပါအေ

ွှအပြုံးရေ
အဖော်မွန်အတွက် အပြုံးချက်တဲ့ နိုးတူး (No Two)ဟင်းတော့ တို့များ မပြိုင်ဝံ့ပေါင်

သက်ဝေ
သူ သူများနဲ့ ပြိုင်ချင်လို့ လာရစ်နေတာ မသိရင်ခက်မယ် အဟတ်

ပြေးစားနိုင်သူကြီး မမရွှေစင် စားပါ စားပါ

ဂျင်းရေ
အားရပါရ ဟက်ဟက်ပက်ပက် စားစမ်းပါအေ...တို့က အဲ့လိုမျိုးစားမှ ကြိုက်တာ (အလဲ့)

ကေရေ
ကိုယ့်အချင်းချင်း ခပ်တည်တည် အမွှန်းတင်ထားတာ
ငြိမ်ငြိမ်လေး မသိချင်ယောင် ဆောင်နေပါးP

ကိုဧရာ ရေးခိုင်လို့ မသီတာ ပျော်ပျော်ရွှင်ရွှင်ရေးထားတဲ့ ပို့စ်လေးကို လာဖတ် ကော်မန့်ရေးပေးတဲ့ မိတ်ဆွေ သူငယ်ချင်း အားလုံးကို ခင်ခင်မင်မင် ကျေးဇူးတင်စွာဖြင့်~

ချစ်ကြည်အေး said...

မန်းလေး ဘီဘင်ပဘ်ရယ်လို့ ကြားဖူးပါဘူး မှတ်တယ်...။ သီတာ့ အုန်းရက်စ်ပီကိုး....ဟီး ဟီး ကိုဧရာကြီး ကံကောင်းပါ့တော်...:)

khin oo may said...

တို့က အကျီချုပ်ရာမှာ သုံးတဲ့ဘီတင်ထင်လို့

Sonata Cantata said...

ချစ်ကြည်ရေ...
အုန်းရက်စ်ပီတွေကတော့ ထွင်သလားမမေးနဲ့
စားရတဲ့သူတွေမှာ လျှာမလည်ပဲ မျက်စိတွေကို လည်လို့
း)

မမKOMက
ရှေ့က စက်ချုပ်တဲ့ ပို့စ်နဲ့ ဆက်စပ်လိုက်တာကိုး

Unknown said...

အမယ် မကြီးသီတာနော်. မောတယ်ဆိုပြီး မျက်နှာကြီးက ပြုံးလို့. မငုံလဲ စားချင်သွားတယ်။

ဇွန်မိုးစက် said...

မန္တလေးဘီဘင်ပဘ်တော့ မသိဘူး၊ မမသီတာလုပ်ပေးလိုက်တဲ့ မန္တလေးပဲကပ်ကြောက် စားလို့ကောင်းမှကောင်း၊
ဒီနေ့ကျောင်းမှာ အလှူရှင်တွေများလို့ ပိုနေတဲ့ ပဲကပ်ကြော်တွေ အိမ်အထိသယ်ပြီး ညနေစာအဖြစ် ကြက်သွန်နီပါးပါးလှီး၊ ရှောက်သီးလေးညှစ်ပြီး သုပ်စားပလိုက်တာပေါ့။ ဘာရမလဲ...ဟွန်း :P

ကျေးဇူးပါ ချစ်မသီတာ။ နောက်လဲ အဆင်ပြေရင် မုန့်ထည့်ပေးလိုက်ဦးနော်။ အဟိ :D

rose of sharon said...

ချစ်လို့ချက်ကျွေးတာ စားချင်စရာလေး... စားချင်လိုက်တာ ... လုပ်ရတာတော့တော်တော်လက်ဝင်မယ်ထင်ရဲ့