Monday, September 27, 2010

ဟော..ဟိုမှာ

မနေ့က ကိုဧရာနဲ့အတူ ပွဲတက်ပါတယ်။ စာပေဟောပြောပွဲကိုပါ။ ဟုတ်ကဲ့ ဘလော့ဂ်ဂါသူငယ်ချင်းတွေလည်း ပါပါတယ်။ (ချစ်ကြည်အင်ကြင်းဇွန်၊ ညို၊ မိုးမိုးတီဇီအေ)။ မသီတာတို့ ဆံဖြူလို့ ဒရွတ်ဆွဲနေပြီ ဖြစ်ပေမဲ့ ဒီပွဲတက်ရလို့ တက်ကြွနေလိုက်ပုံများကတော့ မယုံနိုင်လောက်စရာပါ။ ခန်းမကျယ်ကြီးရဲ့ အလယ်ကောင်ကျကျနေရာမှာ ထိုင်ပြီး ဟော..ဟိုမှာ သက်ဝေ၊ ဟိုမှာဟိုမှာ တန်ခူး၊ ဟယ် မမ K-မမ အမယ် သူက ဆရာကြီးတွေနဲ့ ဓာတ်ပုံတွဲရိုက်နေတာ… မမတယောက်ကတော့လေ သန်တုန်း မြန်တုန်း။ ဟယ် ပန်ပန်…ပန်ပန် ဒို့နားလေး လာထိုင်သတော့…။ ရွှန်းမီ… ရွှန်းမီ ဟိုမှာ ဟိုမှာ… နဲ့။ လက်ညှိုးတထိုးထိုးနဲ့ ဖြစ်နေလိုက်ပုံများ…။ ဘေးနားက ကိုဧရာက "သီတာကလည်း..." လို့ ဆိုလိုက်တော့… ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေ မောင့်ဝမ်းထဲမှာ ရှိသလဲ ဆိုတာ သိပြီးသားမို့ အသာပြန်ပြီး ငြိမ်နေလိုက်ရပါတယ်။ စာဖတ်ပရိသတ်ကြီးပါ သိသွားအောင် ရေးပြရရင်…
 

*****
ကိုဧရာတို့ အဖိုးပေါ့…ဘုန်းကြီးလူထွက်၊ လူဖြောင့်၊ လက်တွေ့မှ ယုံနိုင်မယ် ဆိုတဲ့ လူ့ခွစာကြီး...။
ဂျပန်ခေတ် ကောင်းကင်ပေါ်မှာ စစ်လေယာဉ်တွေက တဝေါဝေါနဲ့...။ သူက ဘယ်တော့မှ ဗုံးခိုကျင်းထဲ မ၀င်လိုဘူး။ သတ္တိက ဒီလို မခေဘူးဆိုတဲ့ အစားထဲက...။ အမှန်ကတော့ သူက သူ့အယူအဆနဲ့သူ...။


ဒီနေရာမှာ ငယ်စဉ်က သူ့သတ္တိအကြောင်း တစေ့တစောင်း ဖော်ပြပါရစေ။ ဆရာစံဦးဆောင်တဲ့ တောင်သူလယ်သမားအရေးတော်ပုံကြီးဖြစ်တော့ အမျိုးသားရေးစိတ်ဓာတ်တွေ တက်ကြွလာပြီး၊ ကိုယ့်နိုင်ငံကိုယ့်လူမျိုးတွေ အဖိနှိပ်ခံဘ၀က လွတ်မြောက်ရေးကြိုးပမ်းဖို့ အရေးတော်ပုံကြီးထဲ ပါသွားလိုက်ကြတာ…။ သူလည်း အားကျပါတယ်။ ကိုရင်ဝတ်ကြီးနဲ့မို့ တော်လှန်ရေးကြီးအတွက် သည်သင်္ကန်းကို စွန့်ရတော့မယ်ဆိုရင်လည်း စွန့်ဖို့အထိ စိတ်ကို ပိုင်းဖြတ်ပြီးပါပြီ။ သေချာရေရာလိုတဲ့ ဗီဇစိတ်ရှိသူမို့၊ အရာရာကို မစွန့်လွှတ်မီ တော်လှန်ရေးရဲဘော်တွေ ဆောင်ကြတဲ့ အင်းအိုင်လက်ဖွဲ့တွေကို အ၀တ်စလေးနဲ့ ထုတ်ပြီး သစ်ပင်မှာ ကြိုးကလေးနဲ့ ချည်ပါတယ်။ နောက် အဲ့ဒီအထုတ်လေးကို တည့်တည့်ချိန်ပြီး လုပ်သေနတ်နဲ့ ပစ်ချလိုက်တဲ့ အခါမှတော့ အထုတ်လေးဟာ တစစီလွင့်သွားလိုက်တာ အစအန ဘယ်နား လိုက်ကောက်ရမှန်းတောင် မသိတော့တာမို့ သူလည်း တော်လှန်ရေးထဲ မ၀င်ဖြစ်ခဲ့တော့ပါဘူး။


သူ့အယူအဆက ဗုံးခိုကျင်းထဲဝင်လည်း ဗုံးကကျင်းပေါ်တည့်တည့်ကျရင် သေမှာပဲ…တဲ့။ ဗုံးဆိုတာမျိုးက လေယာဉ်ပေါ်ကနေ ပစ်ချလိုက်ရင် ဘယ်တော့မှ အောက်တည့်တည့်ကို မကျဘူးဆိုတာ သိထားပြီးပြီ။ ဒါ…ဟုတ်ပါတယ် သူ့မျက်မြင်ကိုယ်တွေ့ပါ။ ကျွဲညီနောင် လာပြီဟေ့ အသံကြားတာနဲ့ သူက ရွာပြင် သင်္ချိုင်းက အုတ်ဂူနှစ်လုံးကြားပက်လက်လှန်အိပ်ပြီး ကျဲချလိုက်တဲ့ ဗုံးတွေရဲ့ အသွားအလာကို လေ့လာထားပြီးပါပြီ။ projectile အကြောင်း စာတွေ့လက်တွေ့ မသင်ဖူးပေမဲ့၊ မျက်တွေ့တော့ အမှန်တကယ် သိသူပါ။

တခါတော့ ရွာနားမှာ ဂျပန်နဲ့ မဟာမိတ်တပ်တွေ အနီးကပ်တိုက်ပွဲဖြစ်ပါတယ်။ သူက သူများတွေလို ဗုံးခိုကျင်းထဲမပုန်းဘဲ သစ်ပင်ပေါ်တက်ပုန်းတယ်။ သစ်ပင်ပေါ်ကနေ နှစ်ဖက်စလုံးကို မြင်နေရပါတယ်။ မဟာမိတ်တပ်သားတွေနဲ့တော့ ပိုနီးတယ်ပေါ့။ သစ်ပင်ပေါ်ကနေ ဂျပန်စစ်သားတွေရှိတဲ့နေရာကို ဟော့..ဟိုမှာ တယောက်၊ ဟောဟိုမှာ တယောက်နဲ့ လက်ညှိုးထိုးထိုးပြပါတယ်။ မိန်းမလုပ်သူက မနေနိုင်ဘူး။ ရှင့်ကို ဂျပန်တွေကပစ်ချလိုက်လိမ့်မယ် ဆင်းခဲ့ပါလို့ သတိပေးရသတဲ့…။

27 comments:

Sonata Cantata said...

လေးဆယ်ကျော်မှ ကံပေါ်ဆိုသလို ဘ၀မှာ ပထမဦးဆုံးအကြိမ်အဖြစ် တက်ရောက်ခွင့်ရလိုက်သည့် စာပေဟောပြောပွဲ အမှတ်တရ

pandora said...

စာပေ့မိတ်ဆွေ သူတော်စင်အပေါင်းတို့ :)

သက်ဝေ said...

ဟင်...
သူများကျ သူတို့ကို မတွေ့လိုက်ရပါကလား...း((

kay said...

ဟယ်.. စလုံး မှာ..ဘလော့ဂါ တွေ ပေါ လိုက်တာ.. ( အဲ ) များလိုက်တာ..။း)

မနာလိုဘူး..

မိုးယံ said...

ကိုဧရာ တို့ အဖိုးကိုတော့ လေးစားတယ်။
သူ့အယူအဆလေး မိုက်တယ်

Sonata Cantata said...

ကိုဧရာက သူ့အဖိုးကို တူတာ...

သစ်နက်ဆူး said...

အမသီိတာက အတွေ့ စောပြီး...ဟယ်...ဟိုမှာ...ပန်ပန်...ဟယ် ဟိုမှာဘယ်သူ...ပြောနိုင်တာပါ..။
စာပေဟောပြောပွဲဘေးနားမှာ သစ်ပင်တပင်လောက်ရှိကြည့်ပါလား...
အကိုဧရာက သစ်ပင်ပေါ်တက်ပြီး...
လက်ညိုးတထိုးထိုးနဲ့ ....သီိတာရေ..
ဟောဟိုမှာ ဂျပန်တယောက်..အဲ..ဘလော့ဂ်ဂါဘယ်သူ..
ဟောဟိုမှာ...ပန်ပန်ဆိုပြီး ပြောမှာပါဗျ...။
အဖိုးကို တူတာဆို...း)

Sonata Cantata said...

ကိုဆူးကလည်း မြင်တတ်ပ...

Rita said...

မတွေ့လိုက်ဘူး

Anonymous said...

ဒီပို့စ်ဖတ်ပြီး မသီတာနဲ့ လျှောက်လည်ချင်တယ်။

ပေါက်။

( အပေါ်ကကိုသစ်နက်ဆူးလား..
မတွေ့တာကြာပြီရော..
နေကောင်းလား..
)

Sonata Cantata said...

ပို့စ်ရေးနေရင်းတောင် ကိုဧရာက ရီတာရော တွေ့သေးလား မေးနေသေးတာ...

ပေါက်ရေ လာလည်မယ်
(ဘယ်တော့လဲ လို့ မမေးကြေး)

ShwunMi- said...

မသီတာ.. ပစ်ချလိုက်ရမလား :D

Moe Cho Thinn said...

အဖိုးတူတာဆို မိန်းမ သစ်ပင်ပေါ်က ဆင်း ဆို ဆင်းတယ်ပေါ့.. :D
ကိုဆူးရေးတာ သဘောကျသွားတယ်။ သစ်ပင်မရှိတာ ကံကောင်းလို့..

ကိုပေါ said...

ကိုဧရာရေ.... အားကျမခံ မသီတာရဲ့ အမျိုးတွေအကြောင်းလည်း ရေးပြပါဦးဗျိုး။း-)

Sonata Cantata said...

ကိုပေါ..ဘလော့ဂ်ရှေ့ကဆောင်ပုဒ်ကို သေသေချာချာဖတ်ပြီးပြီလား...
ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းရုံးမည်။

မသီတာရဲ့ ဆွေမျိုးပေါက်ဖော်တွေအကြောင်း
မသီတာ ကိုယ်တိုင်ရေးနေပါတယ်။ ခေါင်းကြီးပိုင်းမှာပါ။

Sonata Cantata said...

ကော်မန့်ပေး၊ စာဖတ်လာသူ အားလုံးကို ဒီနေရာကနေ ဂါရ၀ ပြုပါတယ်... အဟမ်း အဟမ်း

Tin said...

တွေ့ လိုက် ပါ တယ် ။ အား လုးံ မ မ လှ လှ ဝ ဝ တွေ ကို ...:D :D :D

Anonymous said...

ဟော.. ဟိုမှာ တို့မမသီတာ..၊တွေ့လားတွေ့လား လက်ညိုးလေး တထိုးထိုးနဲ့လုပ်နေတာလေ။ ဟော အခု ကိုဧရာကြီး က ပါးစပ်ဟပြလိုက်ပြီ။ အဲ..အဲ.. ကိုဧရာရဲ့ အူဘယ်နှခွေဆိုတာ သိသွားပုံနဲ့ လက်ဝါးလေးအုပ်ပြီး ရယ်နေတယ် ခွိ :D (မမသီတာ ကြောက်ကြောက်လား)

ဒါနဲ့ စင်္ကာပူ ဘလော့ဂါတွေ အများကြီးပဲနော်)

စုချစ် said...

တော်တော်ကို စိတ်မကောင်းဘူး...
စင်ကာပူ စာပေဟောပြောပွဲနဲ့ အမြဲလွဲကိုလွဲတယ်...
း-(

ဒီကမမသီတာကို ဟိုက မမသီတာက သတိရကြောင်း ပြောနေပါ၏။ ကြက်ဆီထမင်း လုပ်စားထားတာကိုတောင် ထမင်းအိုး ဖွင့်ကြည့်ခဲ့သေး... မွှေးလို့...

rose of sharon said...

ကိုဧရာက မသီတာကို စိုးရိမ်တာပါ.. သူ့အဖွားက သူ့အဖိုးကို စိုးရိမ်ခဲ့သလိုမျိုး :P

သိင်္ဂါကျော် said...

စာပေဟောပြောမှာ ဘယ်သူတွေ ဟောတာလဲ.. blogger အများစုက စင်ကာပူကလို ဖြစ်နေတော့ တွေ့ကြတာပေါ့နော်.. ကောင်းလိုက်တာ..။

Sonata Cantata said...

သိင်္ဂါကျော်>>
ဆရာလယ်တွင်းသားစောချစ်
ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)
ဆရာအော်ပီကျယ် တို့ပါ။
http://degolar.blogspot.com/
http://chitkyiaye.blogspot.comမှာ ပိုပြည့်စုံပါတယ်။

ဇွန်မိုးစက် said...

ဇွန်သိတဲ့သူကို မသီတာကိုပြ၊ မသီတာပြောပြတဲ့သူကို ဇွန်က လိုက်ငေးနဲ့... ပျော်စရာကြီးနော်။
နောင်နှစ်လည်း အတူတူသွားမယ်နော် ချစ်မသီတာ။း)

PhyoPhyo said...

ကျွဲညီနောင် လို့ ခေါ်တာအမေ ပြောပြဖူးတယ်၊
ဗုံးကျဲတာ ပြောပြော ပြတယ်၊
ပျော်စရာကြီးနော် စင်္ကာပူမှာ ဘလော့ဂါ တွေအများကြီးပဲ
ပျော်ရွှင်ပါစေ

ဆောင်း said...

ဒတ်ပုံတွေ တိတ်တိတ်လေး ပြပါ လား။ မတွေ့ ဖူးသူတွေ တွေ့ ချင် တယ် မလာနိုင်လို့  မကြားရ တာတွေလည်း ကြားချင်တယ်။

အင်ကြင်းသန့် said...

လေးဆယ်ကျော်မှကံပေါ်ပြီးအတူပွဲတက်လာတဲ့စုံတွဲတစ်တွဲနဲ့
အတူတကွထိုင်ခွင့်ရတဲ့အတွက် ၀မ်းသာဂုဏ်ယူမိပါကြောင်းပါ.... :D

ဟိုအပေါ်က ဒေါ်ဇွန်မိုးစက်....နောက်တစ်ခါလည်း ချစ်မသီတာနဲ့အတူတူထိုင်မယ်တဲ့....
ဂျင်းကိုချန်ထားခဲ့လို့ကတော့ သိမယ်.... :P

T T Sweet said...

အစ်မရေ ... ခုမှဖတ်ဖြစ်တော့တယ်။ မအားလို့။ ဘလော့ဂါတွေ အများကြီး ပျော်စရာကြီးနေမှာ ...
အချင်းချင်းတွေ့ရတာကို ပျော်စရာကောင်းနေပြီ။