သီတာရေ ဘလော့ဂ်တွေမှာ ပို့စ်အသစ်တွေလည်း မတက်ပါလား။ တိုင်ပင်ပြီးတော့များ မရေးပဲနေကြသလား ထင်ရတယ်… ဘာဖြစ်လို့လဲ လို့ မေးလာပါတယ်။
ဘလော့ဂါတို့ ဖြေကြပါ။
မသီတာလည်း ထင်တာတော့ ဖြေခဲ့ပါတယ်။
ဘယ်လိုဖြေလိုက်သလဲ လို့တော့ မမေးပါနဲ့။
****
မသီတာ စာရေးခြင်း ၀ါသနာ ဘယ်ကရသလဲ လို့ တွေးကြည့်မိတော့… အဖေ့ဆီက ရခဲ့ဟန်တူတယ်လို့ အဖြေထွက်ပါတယ်။ အဖေက အိမ်ထောင်ကျပြီး စီးပွားရှာဖို့ တနယ်တကျေးမှာ အခြေချရတော့၊ သူ့ မိဘတွေဆီ စာရေးပြီးတော့ ဆက်သွယ်ပါတယ်။ အဖေ့စာတွေက အရှည်ကြီးတွေ … မကြာခဏလည်း ရေးပါတယ်။ မသီတာတို့ကိုလည်း ရေးခိုင်းပါတယ်။ ဥပမာ စာမေးပွဲအောင်စာရင်းထွက်တယ် ဆိုရင် အဖိုးအဖွားတွေဆီ အကြောင်းကြားတဲ့ စာမျိုးကို ကိုယ်တိုင်ရေးခိုင်းပါတယ်။ ဘာရေးရမလဲ မောင်နှမတွေ အချင်းချင်း ခေါင်းချင်းရိုက် စဉ်းစား။ သူရေးပြီးသားဟာ ငါရေးမရတော့ဘူးလေ။ မောင်နှမတွေကလည်း အများသားဆိုတော့ တကြောင်းနှစ်ကြောင်းရေးပြီး ရေးစရာက မရှိတော့ဘူး။ အဲ့ဒီတော့ ပေါက်ကရတွေ ထည့်ရေး။ ဘာရေးရေး အဖေကတော့ စာကို ပို့ပေးတာပဲ။ အဖိုးအဖွားတွေကလည်း ငါ့မြေးတွေ ရေးလိုက်တဲ့ စာဟဲ့ ဆိုပြီး လူစုံမှာ ထုတ်ဖတ်တာပဲ… အဆီအငေါ် မတည့်တာတွေ ဖတ်မိရင်လည်း ကလေးက ဘာပြောချင်မှန်းမသိပါဘူး ဆို ထားလိုက်တာပဲ…။ ပေါက်ကရတွေ ရေးရလားရယ်လို့ မဆူပါဘူး။
*****
၁၉၉၈ ခုနှစ် နေ့စွဲ တပ်ထားတဲ့ မသီတာ့ တူတွေဆီက စာလေးတွေပါ။
*****
Sunday, February 27, 2011
စာရေးလိုက်ပါတယ်။
Wednesday, February 23, 2011
ပန်းကဗျာ
နောက်ခံ ဂီတကို ဒီက ယူပါတယ်။
ပန်းသခင်ကတော့ တီတီဆွိ ဖြစ်ပါတယ်။
*****
မင်္ဂလာပါ
ဆရာမ
-ဇီဇ၀ါ
*****
ရိုးရိုးလေးပါပဲ
-စပယ်
*****
နွေဦး လေရူးနဲ့ အတူ
ဝေးလွင့်ခဲ့ ၀တ်မှုန်
သူကိုယ့်အနားရောက်လာပြီးတော့ ကပ်ထိုင်သွားသလိုပဲ…
-ကံ့ကော်
*****
သိပ်ဆိုးတဲ့ လူတွေပေါ့
ဘယ်သူ့ကိုတော့ဖြင့် မယှဉ်သာ
တခြားစီပါကွာ
ဘာညာ ဘာညာတွေနဲ့…
(သူကတော့)
ပြိုင်ဘက်ဆိုတာ
သိလေဟန်တောင်မရှိ
အလှိုက်လှဲဆုံးတွေနဲ့
မြိုင်လို့
လှိုင်လို့
-ငုဝါ
*****
မျှော်လင့်ခြင်းရဲ့ ရနံ့
ငံ့လင့်ခြင်း ၀တ်ဆံ
တောင်းတခြင်း ပွင့်လွှာ
မြိုသိပ်ခြင်းတွေ တပွေ့တပိုက်နဲ့…
-ယုဇန
*****
အသင်းပျံ့ဆုံးသော ရနံ့တွေ
ကြိုင်လှိုင်ကာပေးသော်လည်း
စိုးရွံ့လို့ မလှမ်းသာ
အော်…
ကမ္ဘာတွေခြားနေသတဲ့လားကွယ်
-ဆိတ်ဖလူး
*****
တပွင့်တည်း
ဒါပေမဲ့
ခြင်္သေ့
တိုးဝှေ့ ကျီစယ်
အပြုံးချင်း ဖလှယ်…
ချိုသော နှင်းဆီ
သင့်ထံယစ်မူး၊ ညွှတ်နူးဖို့
သင်မရည်ရွယ်
ဆူးချစ်လို့ စူးနစ်
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ ရှိပါစေ
- နှင်းဆီ
*****
ပွင့်လင်းလို့ ဖော်ရွေ…
တခါတလေလည်း
ပန်းအဖြစ်ကို မေ့ပါရစေ…
*****
ရေချိုးလို့ အလှပြင်ပြီးပြီ
ဟင်းချိုလည်း နွှေးထားသည်
မောင်ရောက်ချိန် နီးပြီ
-လေးနာရီ
*****
နံရံတချပ်ခြားလို့နေ…
*****
နတ်ပန်းရယ်လို့ မာနမကြီးပါဘူး
တကယ်ပါ
တို့အတူတူ ကြီးပြင်းခဲ့တယ်…
-နွယ်သာကီ
*****
ညှင်းလေပြေ
သင်းရနံ့
လျှို့ဝှက်တဲ့လရောင်…
-ညမွှေးပန်း
*****
မောင်တော်ကတော့
မြူးလာပေါ့…
-ဆောင်တော်ကူး
*****
နှစ်လေးငါးခြောက်ဆယ်လောက် တယောက်ထဲစွဲ ချစ်နိုင်မလား
-သရဖီ
ကျမထက် လှသူနဲ့ တွေ့သွားတော့ အချစ်ရော့မလား…
-မြတ်လေး
*****
နွားတင်းကုပ်နားမှာ ရှိသည်။
ကျောင်းဂိတ်ပေါက် နားမှာ ရှိသည်…
-တရုတ်စကား
*****
အလှကိုယ်စီ ရှိကြသည်…
-ထားဝယ်မှိုင်း
Monday, February 21, 2011
သစ်ပင်
ကနဦးကတော့ အလေ့ကျပေါက်တာပဲ ရှိမှာပါ။
နောက် လိုအပ်၍ စိုက်ပျိုးကြပါတယ်။
ငါးမိနစ်ခန့် စာစီကုံးပါ”
Saturday, February 19, 2011
ဘလော့ဂ်တာ...(၆)
ဒါကြောင့် မသီတာတို့ ဘယ်တော့မှ ခြေမဆင်းဘူး၊ ကျောပဲခင်းတယ် :)
ကဲ ပို့စ်ရေးပါတော့မယ်။
*****
မနက်အစောကြီး ဝေလီဝေလင်းထ၊ သားဝေယျာဝစ္စ လုပ်ရတယ်။ ထွေထွေထူးထူး မဟုတ်ပါဘူး။ မနက်အစောစာကို မုန့်ဟင်းခါး စားချင်တယ် ပူဆာလို့ မနေ့ညနေက ချက်ထားတာကို နွှေးကျွေးရတာပါ။ လုပ်ရင်း ကိုင်ရင်း တယ်ဟုတ်တဲ့ ငါပါလား မုန့်ဟင်းခါးလည်း ချက်တတ်တယ်။ ပဲကြော်လေးပါ ကြော်လိုက်သေး…။ စားသောက်ပြီးတော့ ကျောင်းသွားရခါနီးသား ပိုက်ဆံအိတ် ဘယ်ထားမိမှန်းမသိလို့တဲ့ ဟိုရှာဒီရှာနဲ့။ အမြင်ကတ်လို့ (ကိုယ့်ဖာသာ စည်းကမ်းမရှိတာ၊ ငါတော့ ရှာမပေးနိုင်ဘူးဟေ့ လို့ စိတ်ထဲက ပြောရင်း) ပေကပ်ထိုင်နေလိုက်တယ်။ သူထွက်သွားတော့မှ အိပ်ယာထဲပြန်လှဲရင်း ငါတွေ ထိုးထိုးထောင်ထောင် ထနေတဲ့ မြို့ လို့ ကိုယ့်ကိုကိုယ် နာမည် ပေးလိုက်တယ်။
*****
မနက် ၁၀နာရီလောက်မှာ ရန်ကုန်ပြန်တဲ့ အမျိုးတယောက်ဆီက လေဆိပ် ဆင်းနေပြီ ဖြစ်ကြောင်း ဖုန်းလာတယ်။ အော် သူများတွေ ပြန်ကြလို့… သူများတွေ ပြန်ကြလို့… ငါလည်း ပြန်ချင်လိုက်တာ…။ ရပ်တည်လို့မှ မနေနိုင်တော့သမို့ အိပ်ယာထဲခွေပြီး
ငါ့ရဲ့ မျှားဦးဟာ အဲ့ဒီနေရာကိုပဲ ထိုးစိုက်စေရမယ်…
အမေရှိတဲ့ ရန်ကုန်
ကျောင်းသွားခါနီး သားငယ်ကို ဘာစားမလဲ ထမင်းစားမလား၊ မုန့်ဟင်းခါး စားမလားမေးတော့ မုန့်ဟင်းခါး စားမယ်တဲ့။ သားအမိနှစ်ယောက် စားကြတာပေါ့။ ကလေးကတော့ တပန်းကန်ပါပဲ…။ ကိုယ်ကလည်း တပန်းကန်ထဲမှာပဲ မုန့်ဖတ်ထည့်လိုက် ဟင်းရည်လေးလိုက်လိုက်၊ ဟင်းရည်ချည်းသောက်လိုက် မုန့်ဖတ်လေး လိုက်လိုက်…။
နေ့လည် ၁၂နာရီ ကလေး ကျောင်းပို့ပြီးတော့ အင်း မုန့်ဟင်းခါးတွေ စားတာများပြီး လေးလိုက်တာ
ဟောဒီလို ဟောဒီလို မြိုထားလိုက်မှာ
ခန္ဓာကိုယ် မခွေနိုင် မခေါက်နိုင်
မကွေးနိုင် မတွန့်နိုင်တော့ရင်တောင်
အို ဘာဖြစ်လဲ
အလျားလိုက် ဆန့်ဆန့်ကြီး နေလိုက်မှာပေါ့။
*****
*****
*****
ညနေ ၃နာရီ
ဥပုသ်ကျောင်းသွားတဲ့ ယောက္ခမကြီး ပြန်ရောက်လာ
မေမေ မနက်ဖန်မနက် စားဦးမှာလား…
မစားတော့ဘူး… ကျောင်းက စားလာခဲ့ပြီ
ပလတ်စတစ်အိတ်ထဲမှာတင် တ၀က်ခွဲ… ဟိုလူကြီးအတွက်လေ
များသွားတဲ့ ဘက်ခြမ်းကို စားမှာပဲ ၀ါးမှာပဲ
အင်း
ညီညွတ်ခြင်းသည် အင်အား တွဲထားကြ … တပို့တွဲများ။
ရွှေမှုန် ရွှေမွှားတွေ ကျဲနေတဲ့ ရွှေဝါရောင် အတိတ်တွေကို
လွန့်လွန့်လူး စွဲလန်းမိမှတော့
ဟောင်းလို့ ပြောင်းသွားတဲ့
ဝါကြင်ကြင် ၀ါဖန့်ဖန့်တွေကို
ရွှေအိုရောင် အနားသတ်တွေလို့ သတ်မှတ်ဖို့
ငါ ဟာ
ဘာများ ဖြစ်ချင်ဦးမှာလဲ???
...
ဘလော့ဂ်ပို့စ် တခုဖြစ်လိုက်တာပေါ့။
*****
မမKOM ကတော့ စိတ်ကို မမှန်ဘူးလို့ ပြောတာပဲ…။