ဒါကြောင့် မသီတာတို့ ဘယ်တော့မှ ခြေမဆင်းဘူး၊ ကျောပဲခင်းတယ် :)
ကဲ ပို့စ်ရေးပါတော့မယ်။
*****
မနက်အစောကြီး ဝေလီဝေလင်းထ၊ သားဝေယျာဝစ္စ လုပ်ရတယ်။ ထွေထွေထူးထူး မဟုတ်ပါဘူး။ မနက်အစောစာကို မုန့်ဟင်းခါး စားချင်တယ် ပူဆာလို့ မနေ့ညနေက ချက်ထားတာကို နွှေးကျွေးရတာပါ။ လုပ်ရင်း ကိုင်ရင်း တယ်ဟုတ်တဲ့ ငါပါလား မုန့်ဟင်းခါးလည်း ချက်တတ်တယ်။ ပဲကြော်လေးပါ ကြော်လိုက်သေး…။ စားသောက်ပြီးတော့ ကျောင်းသွားရခါနီးသား ပိုက်ဆံအိတ် ဘယ်ထားမိမှန်းမသိလို့တဲ့ ဟိုရှာဒီရှာနဲ့။ အမြင်ကတ်လို့ (ကိုယ့်ဖာသာ စည်းကမ်းမရှိတာ၊ ငါတော့ ရှာမပေးနိုင်ဘူးဟေ့ လို့ စိတ်ထဲက ပြောရင်း) ပေကပ်ထိုင်နေလိုက်တယ်။ သူထွက်သွားတော့မှ အိပ်ယာထဲပြန်လှဲရင်း ငါတွေ ထိုးထိုးထောင်ထောင် ထနေတဲ့ မြို့ လို့ ကိုယ့်ကိုကိုယ် နာမည် ပေးလိုက်တယ်။
*****
မနက် ၁၀နာရီလောက်မှာ ရန်ကုန်ပြန်တဲ့ အမျိုးတယောက်ဆီက လေဆိပ် ဆင်းနေပြီ ဖြစ်ကြောင်း ဖုန်းလာတယ်။ အော် သူများတွေ ပြန်ကြလို့… သူများတွေ ပြန်ကြလို့… ငါလည်း ပြန်ချင်လိုက်တာ…။ ရပ်တည်လို့မှ မနေနိုင်တော့သမို့ အိပ်ယာထဲခွေပြီး
ငါ့ရဲ့ မျှားဦးဟာ အဲ့ဒီနေရာကိုပဲ ထိုးစိုက်စေရမယ်…
အမေရှိတဲ့ ရန်ကုန်
ကျောင်းသွားခါနီး သားငယ်ကို ဘာစားမလဲ ထမင်းစားမလား၊ မုန့်ဟင်းခါး စားမလားမေးတော့ မုန့်ဟင်းခါး စားမယ်တဲ့။ သားအမိနှစ်ယောက် စားကြတာပေါ့။ ကလေးကတော့ တပန်းကန်ပါပဲ…။ ကိုယ်ကလည်း တပန်းကန်ထဲမှာပဲ မုန့်ဖတ်ထည့်လိုက် ဟင်းရည်လေးလိုက်လိုက်၊ ဟင်းရည်ချည်းသောက်လိုက် မုန့်ဖတ်လေး လိုက်လိုက်…။
နေ့လည် ၁၂နာရီ ကလေး ကျောင်းပို့ပြီးတော့ အင်း မုန့်ဟင်းခါးတွေ စားတာများပြီး လေးလိုက်တာ
ဟောဒီလို ဟောဒီလို မြိုထားလိုက်မှာ
ခန္ဓာကိုယ် မခွေနိုင် မခေါက်နိုင်
မကွေးနိုင် မတွန့်နိုင်တော့ရင်တောင်
အို ဘာဖြစ်လဲ
အလျားလိုက် ဆန့်ဆန့်ကြီး နေလိုက်မှာပေါ့။
*****
*****
*****
ညနေ ၃နာရီ
ဥပုသ်ကျောင်းသွားတဲ့ ယောက္ခမကြီး ပြန်ရောက်လာ
မေမေ မနက်ဖန်မနက် စားဦးမှာလား…
မစားတော့ဘူး… ကျောင်းက စားလာခဲ့ပြီ
ပလတ်စတစ်အိတ်ထဲမှာတင် တ၀က်ခွဲ… ဟိုလူကြီးအတွက်လေ
များသွားတဲ့ ဘက်ခြမ်းကို စားမှာပဲ ၀ါးမှာပဲ
အင်း
ညီညွတ်ခြင်းသည် အင်အား တွဲထားကြ … တပို့တွဲများ။
ရွှေမှုန် ရွှေမွှားတွေ ကျဲနေတဲ့ ရွှေဝါရောင် အတိတ်တွေကို
လွန့်လွန့်လူး စွဲလန်းမိမှတော့
ဟောင်းလို့ ပြောင်းသွားတဲ့
ဝါကြင်ကြင် ၀ါဖန့်ဖန့်တွေကို
ရွှေအိုရောင် အနားသတ်တွေလို့ သတ်မှတ်ဖို့
ငါ ဟာ
ဘာများ ဖြစ်ချင်ဦးမှာလဲ???
...
ဘလော့ဂ်ပို့စ် တခုဖြစ်လိုက်တာပေါ့။
*****
မမKOM ကတော့ စိတ်ကို မမှန်ဘူးလို့ ပြောတာပဲ…။
Saturday, February 19, 2011
ဘလော့ဂ်တာ...(၆)
ကြားဖူးကြတယ် မဟုတ်လား မိန်းမပျင်း ခြေဆင်း၊ ယောက်ျားပျင်း ကျောခင်းတဲ့
ငါသာ မျဉ်းဖြောင့်တကြောင်း ဆိုရင်…
*****ငါသာ မြွေတကောင် ဖြစ်မယ်ဆိုရင်
အမျှင် အမျှင် မုန့်ဟင်းခါးတွေကို ဘုန်းကြီးကျောင်းက ထမနဲတွေ ထည့်ပေးလိုက်တယ်…ဒီမှာ
အဟီး…စားမယ်…စားမယ်…ငါသာ တွယ်ချိတ်တချောင်းဖြစ်မယ်ဆိုရင်
*****
Labels:
ဘလော့ခြင်း,
သီတာ
Subscribe to:
Post Comments (Atom)
12 comments:
မော်ဒန်ပါလား အမ ... မိုက်တယ် :))
အချိတ်အဆက် စကားလုံးတွေ မိုက်လိုက်တာ။
မော်ဒန်အက်ဆေးဆိုတာ ဒီလိုမျိုးထင်ပါရဲ့ မသီတာ၊
ဖတ်လို့ ကောင်းတယ်
မမသီတာ ..
ရေးထားတာလေး သဘောကျလိုက်တာ
မမ..
ညီမက “ငါသာ မျဉ်းတစ်ကွေးဖြစ်ရင်..”လို့ ရေးချင်တာ ဘယ်လိုဆက်ရေးရမလဲဟင် ..
နောက်ပြီးတော့..
“ငါသာ ဘလော့ပိုစ်တစ်ခုဖြစ်ရင်..”လို့ လည်း ရေးချင်သားး)))
ပျင်းတော့ပျင်းတယ်ဗျာ...ဒါပေမယ့်ကျောမခင်းဘူး...တုံးလုံးလေးလှဲနေတယ်...ဟိဟိ
ခြေလဲဆင်းတယ်..
ကျောလဲခင်းတယ်..။
အဆင်ပြေသလိုပေါ့်..။
ဟိဟိ။
ဖတ်သွားဖတ်လာ ဖတ်ကြည့်တော့..
မုန့်ဟင်းခါးက မင်းသမီးဖြစ်နေတယ်..။
ပေါက်
(ဝါကျ ခွတီးခွကျဖြစ်နေရင် ခွင့်လွတ်ပါ။)
အစ်မရေ ... ဖတ်လို့ကောင်းလိုက်တာ ... ဖတ်ရင်းလဲ ပြုံးရ၊ တစ်ခါတစ်လေလဲ အဟားဆို ရယ်လိုက်ရသေးတယ်။
အဟုတ်ပဲ တကယ်ပဲ စာရေးကောင်းသူရဲ့ စာတွေဖတ်ရတာ အရသာရှိချက်တော့။
စာများများရေးပါ အစ်မရေ။ ကျောမခင်းနဲ့တော့ ...
မသီတာ စာတွေဖတ်ရတာ အရသာရှိတယ်။
အမသီတာ - သိပ်မစားပါနဲ့။ ဝိတ်လျှော့ပါ။ ဝတာဟာ ကျန်းမာရေးအတွက်မကောင်းသလို အစ်ကိုကြီးမျက်စိအတွက်လဲ မကောင်းဘူး တော်ကြာအစ်ကိုကြီးမျက်စိ ကြည်ဆေးလေးတွေလိုက်ရှာနေအုန်းမယ်
ရဲထွန်းဇော် : တုံးလုံးလေး လှဲနေတယ်... ဟင် ရှက်စရာကြီး အဟိ
ကိုပေါးမသီတာ စာတွေဖတ်ရတာ အရသာရှိတယ်။ ---- မုန့်ဟင်းခါးဖိတ်ကျွေးရင် ပိုပြီ: အရသာရှိဦးမှာ
ကိုယ့်ဘလောက်တော့ ကိုမရေးပဲ (အမြဲဝင်ကြည့်ရတဲ့ နာ့မှ အားမနာ) သူများဘလောက်လာပြီ: မန့်နေတယ်။ ခက်တယ်
ခရေဖြူ
အမသီတာ - သိပ်မစားပါနဲ့။ ဝိတ်လျှော့ပါ။ ဝတာဟာ ကျန်းမာရေးအတွက်မကောင်းသလို အစ်ကိုကြီးမျက်စိအတွက်လဲ မကောင်းဘူး တော်ကြာအစ်ကိုကြီးမျက်စိ ကြည်ဆေးလေးတွေလိုက်ရှာနေအုန်းမယ်
ရဲထွန်းဇော် : တုံးလုံးလေး လှဲနေတယ်... ဟင် ရှက်စရာကြီး အဟိ
ကိုပေါးမသီတာ စာတွေဖတ်ရတာ အရသာရှိတယ်။ ---- မုန့်ဟင်းခါးဖိတ်ကျွေးရင် ပိုပြီ: အရသာရှိဦးမှာ
ကိုယ့်ဘလောက်တော့ ကိုမရေးပဲ (အမြဲဝင်ကြည့်ရတဲ့ နာ့မှ အားမနာ) သူများဘလောက်လာပြီ: မန့်နေတယ်။ ခက်တယ်
ခရေဖြူ
မိုက်တယ်ဗျ၊ ကြိုက်တယ်
Post a Comment