ရှေးဟောင်းသုတေသန အထောက်အထားများအရ ဗုဒ္ဓ မပွင့်ထွန်းမီ နှစ်ပေါင်း ၂၅၀၀ (3000 BC) ခန့်ကပင် အိန္ဒိယနိုင်ငံ အိန္ဒုမြစ်ဝှမ်းဒေသ (ယနေ့ခေတ် Harappā နှင့် Mohenjo Dāro ရွာ အနီးဒေသများ)တွင် မြို့ပြ ယဉ်ကျေးမှု ထွန်းကားခဲ့သည်။ သို့သော် ထိုဒေသတွင် နေထိုင်ခဲ့ကြသူများသည် အာရိယန် (Aryan) လူမျိုးများ မဟုတ်ကြ။ ယင်းဒေသနှင့် ကုန်သွယ်ရေး အဆက်အဆံရှိခဲ့သည့် ဆူမေးရီယန်း (Sumerian) မှတ်တမ်းများတွင် Meluhha ဟုဖော်ပြသော လူမျိုးများ ဖြစ်သည်။ တဖန် ယင်း Meluhha ဆိုသူများသည် အာရိယန်တို့က Mleccha (ပါဠိဘာသာဖြင့် မိလက္ခ) ဟုခေါ်သော “တိုင်းတပါးသား အရိုင်းအစိုင်း” လူမျိုးများပင် ဖြစ်သည်ဟု အချို့က ယူဆကြသည်။
စင်စစ်အားဖြင့် 1700 BC ခန့်တွင်မှ အိန္ဒုမြစ်ဝှမ်းဒေသသို့ စတင် ဝင်ရောက်လာခဲ့ကြသော အာရိယန် လူမျိုးများသည်သာ အိမ်ခြေအတည်တကျ မရှိဘဲ၊ မြင်းအုပ်၊ သိုးအုပ်၊ ဆိတ်အုပ်များဖြင့် ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာ နေထိုင်ခဲ့ကြသော လူမျိုးများ ဖြစ်လေသည်။ အိန္ဒုမြစ်ဝှမ်းသို့ အာရိယန်လူမျိုးများ တစ်သုတ်ပြီး တစ်သုတ်ဝင် ရောက်လာပြီး ဌာနေ မြို့ပြများအား တိုက်ခိုက် ဖျက်ဆီးလိုက်ကြ၍ မူလကထွန်းကားခဲ့သော မြို့ပြယဉ်ကျေးမှု ဆိတ်သုန်းသွားခဲ့သည်။
အာရိယန်တို့ အိန္ဒုမြစ်ဝှမ်းဒေသသို့ ရောက်ရှိလာပြီး ရာစုနှစ် နှစ်ခု သုံးခုကြာမှ ဝေဒကျမ်းများအား ရေးဖွဲ့သီကုံးခဲ့ကြခြင်း ဖြစ်သည်။ ထိုဝေဒကျမ်းများတွင် အိန္ဒုမြစ်ဝှမ်းဒေသအား မြစ် ၇-စင်း စီးဆင်းရာဒေသ သတ္တသိန္ဓု (Sapta Sindhu) ဟု မှတ်တမ်း တင်ခဲ့ကြသည်။ ဝေဒခေတ်နှောင်းပိုင်း ရောက်သောအခါ အာရိယန်တို့သည် မဇ္ဈိမဒေသ ယမုံနာနှင့် ဂင်္ဂါမြစ်ဝှမ်းလွင်ပြင်ဆီသို့ ထပ်မံ ပြောင်းရွှေ့လာကြပြန်သည်။ မဇ္ဈိမဒေသအား အာရိယန်တို့၏ နေရာဒေသ (အာရိယာဝတ္တ) ဟု ခေါ်ဝေါ်ခဲ့ကြသည်။
အုပ်စုအလိုက် လှည့်လည် သွားလာနေကြသော ထိုမျိုးနွယ်စုများအား “ဂါမ” ဟုခေါ်ရာမှ နောင်တွင် ယင်းလူမျိုးစုတု့ိ စုဝေးစတည်းချရာ အရပ်ဒေသများအားလည်း “ဂါမ” ဟုပင် ခေါ်ဝေါ် သုံးစွဲလေသည်။ နောင်တွင် နေရာအတည်တကျ နေထိုင်လာကြသော အခါအတွင်လည်း ရွာများအား “ဂါမ” ဟုပင် ဆက်လက်ခေါ်ကြသည်။ ဤသို့ဖြင့် အာရိယန်တို့သည် အိန္ဒုမြစ်ဝှမ်းနှင့် ဂင်္ဂါမြစ်ဝှမ်းဒေသများတွင် မြို့ရွာတိုင်းနိုင်ငံများ ထူထောင်ကာ မြို့ပြယဉ်ကျေးမှု ပြန်လည်ထွန်းကာ လာခဲ့ပြန်သည်။
လူနေ ထူထပ်မှုနှင့် စီးပွားရေး နိုင်ငံရေးအရ အချက်အခြာကျမှု စသည်တို့ အလိုက် ကျေးရွာ မြို့ပြ တိုင်းနိုင်ငံများဟူ၍ ခွဲခြားထားရာ၊ ပါဠိဘာသာဖြင့် ဂါမ၊ နိဂမ၊ နဂရ၊ ဇနပဒဟု လေးဆင့်ခွဲ၍ ဖော်ပြလေ့ရှိသည် (မ-၁-၁၉၅၊ ဝနပတ္ထသုတ် )။
အထက်တွင် ဆိုခဲ့သည့်အတိုင်း ရေကြည်ရာမြက်နုရာ လှည့်လည် သွားလာသူတို့ ခေတ္တ စတည်းချရာ ဂါမသည် မြို့ပြယဉ်ကျေးမှုပြန်လည် ထွန်းကားလာခြင်း၏ အစဖြစ်သည်။ မြန်မာဘာသာဖြင့် “ရွာ” ဟုပြန်လေ့ရှိသည်။ ကုန်သည်တို့ လေးလထက် အလွန် စခန်းချရာ အရပ်ကိုလည်းကောင်း၊ လူနေအိမ်ခြေ တစ်လုံး နှစ်လုံးမျှ ရှိလျှင်လည်းကောင်း ဂါမဟုပင် ခေါ်နိုင်ကြောင်း ပါရာဇိကဏ်ပါဠိတော် (ပါရာ-၉၂) တွင် ဖော်ပြထားသည်။ နဠကာရဂါမ (ကျူထရံ ယက်လုပ်သောရွာ)၊ အာရာမိကဂါမ (ဥယျာဉ် လုပ်သားတို့ နေသောရွာ)၊ လောဏကာရဂါမ (ဆားချက်သူတို့ နေသောရွာ) စသဖြင့် အသက်မွေးမှု တူရာလူတို့ စုဝေး နေထိုင်ကြသည်များရှိသကဲ့သို့၊ စဏ္ဍာလဂါမ၊ ဗြာဟ္မဏဂါမ စသဖြင့် အမျိုးဇာတ်တူရာ စုဝေးနေထိုင်ကြသော ရွာများလည်း ရှိသည်။
ကုန်ကူးသန်း ရောင်းဝယ်ရာဈေး ရှိသည့် ရွာကြီး (သို့မဟုတ် မြို့ငယ်) အား နိဂမဟု ခေါ်သည်။ နိဂုံ၊း ရွာကြီးစသဖြင့် မြန်မာဘာသာ ပြန်လေ့ရှိ၍၊ market-town (ဈေးမြို့) ဟု အင်္ဂလိပ်ဘာသာ ပြန်ကြသည်။ ကုန်သည်များ၊ လက်သမားစသော လက်မှုပညာသည်မျာ၊ ကုန်သည်များ စုဝေးနေထိုင်ကာ အသက်မွေးဝမ်းကြောင်းရာ နေရာဌာန ဖြစ်သည်။
နိဂုံးထက်ပိုကြီး၍ ခံတပ်မြို့ရိုးရှိသော မြို့တို့အား နဂရဟု သတ်မှတ်သည်။ အရွယ်အစားသေးငယ်သည့် ခံတပ်မြို့များအား “နဂရ”ဟု မခေါ်ဘဲ “နဂရက”ဟု ခေါ်လေ့ရှိပြီး၊ မြို့ကြီးများအား “မဟာနဂရ” ဟုခေါ်သည်။ စမ္ပာ၊ ရာဇဂြိုဟ်၊ သာဝတ္ထိ၊ သာကေတ၊ ကောသမ္ဗီ၊ ဗာရာဏသီတို့သည် ဗုဒ္ဓလက်ထက်က ထင်ရှားသော မြို့ကြီးများ ဖြစ်၏ (ဒီ-၂-၂၁၀။ မဟာပရိနိဗ္ဗာနသုတ်)။ နာဂရကို ယေဘုယျအားဖြင့် “မြို့”ဟု ဘာသာပြန်လေ့ ရှိသော်လည်း၊ စမ္ပာနဂိုရ်၊ သင်္ကဿနဂိုရ်စသဖြင့် ပါဠိသက်ဖြင့် “နဂိုရ်” ဟုလည်းကောင်း၊ သာဝတ္ထိပြည်၊ ရာဇဂြိုဟ်ပြည်စသဖြင့် မင်းနန်းစိုက်ရာ “ပြည်” ဟုလည်းကောင်း သုံးစွဲလေ့ရှိသည်။ နဂရကဲ့သို့ပင် ခံတပ်မြို့ရိုးရှိသော မြို့များအား “ပုရ” ဟုလည်း ခေါ်သည်။ ပုရသည် ကာကွယ်ရေးအတွက် အချက်အခြာဖြစ်သော ခံတပ်မြို့များဖြစ်၍ မြို့ရိုးအတွင်း၌သာ လူနေကြသည်။ အုပ်ချုပ်ရေး၊ စီးပွားရေးအရ အချက်အခြာကျ၍ မြို့ရိုးအတွင်း အပြင်ပါလူနေထိုင်သော မြို့များအား နဂရဟု ခေါ်သည်။ “ပုရ” ဟူသော အသုံးအနှုံးသည် ဝေဒခေတ်က ထင်ရှားခဲ့၍၊ နဂရဟူသော အသုံးနှုံးသည် နောင်မှ ပေါ်ပေါက်လာသော ဝေါဟာဖြစ်သည်။
“ဇနပဒ” သည် မူရင်းအဓိပ္ပါယ်အရ တူရာရာ လူမျိုးစုများ စုဝေးအခြေချနေထိုင်ရာ အရပ်ဒေသ ဖြစ်သော်လည်း၊ နောင်တွင် နိုင်ငံရေး အုပ်ချုပ်ရေးအရ သြဇာသက်ရောက်သည့် တိုင်းနိုင်ငံ (ရဋ္ဌ) ဟူသော အဓိပ္ပါယ်ဖြင့် ခေါ်ဝေါ်သုံးစွဲသည်။ မြန်မာဘာသာတွင် “ဇနပုဒ်” ဟူသော ပါဠိသက် ဝေါဟာရအား “ကျေးလက်တောရွာ၊ ရွာငယ်”ဟူသော အဓိပ္ပါယ်ဖြင့် ခေါ်ဝေါ် သုံးစွဲလေ့ရှိကြသော်လည်း၊ ပါဠိစာပေများမှ ဇနပဒသည် ဂါမ၊ နိဂမ၊ နဂရတို့ထက် ပိုမိုကျယ်ဝန်းသော တိုင်းနိုင်ငံကို ဆိုလိုပါသည်။ ဗုဒ္ဓခေတ်တွင် ထင်ရှားသော တိုင်းကြီး (မဟာဇနပဒ) ၁၆-တိုင်းရှိကြောင်း အင်္ဂုတ္တရနိကာယ် (အံ-၃-၇၁၊ ဥပေါသထသုတ်) စသော သုတ္တန်များတွင် ဖော်ပြထားသည်။
၁။ အင်္ဂ
၂။ မဂဓ
၃။ ကာသိ
၄။ ကောသလ
၅။ ဝဇ္ဇီ
၆။ မလ္လ
၇။ စေတိ
၈။ ဝံသ
၉။ ကုရု
၁၀။ ပဉ္စာလ
၁၁။ မစ္ဆ (မဇ္ဈ)
၁၂။ သူရသေန
ဒီဃနိကာယ် ဇနဝသဘသုတ်တွင် တိုင်းနိုင်ငံများအား (ဒီ-၂-၂၇၃) တွင် ရတနာသုံးပါးအား ကြည်ညိုကြသော တိုင်းနိုင်ငံသားများအား ဖော်ပြရာတွင် တိုင်းကြီး ၁၆-တိုင်းအနက် (*သင်္ကေတပြထားသည့်) နောက်ဆုံး ၄-တိုင်းအား ချန်လှပ်၍ ကျန်တိုင်းကြီး ၁၂-တိုင်းကိုသာ ဖော်ပြထားသည်ကို တွေ့ရ၏။ အဿက၊ အဝန္တိ၊ ဂန္ဓာရ၊ ကမ္ဗောဇတိုင်းတို့သည် မဇ္ဈိမဒေသ၏ ပြင်ပ (ပစ္စန္တိမ ဇနပဒ) တွင် တည်ရှိသည် ဆိုသော်လည်း၊ မဇ္ဈိမဒေသနှင့် ကုန်ကူးသန်းရောင်းဝယ် ဆက်ဆံနေကြလေသည်။ မဇ္ဈိမဒေသ၏ မြောက်ပိုင်းရှိ ဂန္ဓာရနှင့် ကမ္ဗောဇတိုင်းတို့သည် မြောက်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်း (ဥတ္တရာပထ) ပေါ်တွင် တည်ရှိ၍ ဥတ္တရာပထ တိုင်းနိုင်ငံများဟု ခေါ်လေ့ရှိသည်။ ထို့အတူပင် မဇ္ဈိမဒေသနှင့် တောင်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်း (ဒက္ခိဏာပထ) ဆက်သွယ်ထားသော အဿက၊ အဝန္တိစသော တိုင်းနိုင်ငံများအား ဒက္ခိဏာပထ တိုင်းနိုင်ငံများဟုလည်း ခေါ်သည်။ ဥတ္တရာပထနှင့် ဒက္ခိဏပထ တိုင်းနိုင်ငံများသည် မဇ္ဈိမဒေသ၏ ပြင်ပတွင်ရှိသည် ဆိုသော်လည်း၊ အရှင်မဟာကပ္ပိန၊ အရှင်မဟာကစ္စည်း၊ အရှင်ဗာဟိယဒါရုစရိယစသည့် ထင်ရှားသော သာဝကကြီးများသည် ဥတ္တရာပထနှင့် ဒက္ခိဏပထ အရပ်ဒေသများမှ ဖြစ်ကြလေသည်။
သီဟိုဠ်မှ အရှင်မောဂ္ဂလာန်ပြုစုသော အဘိဓာနပ္ပဒီပိကာခေါ် ပါဠိအဘိဓာန်ကျမ်း ဘူမိဝဂ်တွင် အောက်ပါအတိုင်း ဇနပဒ ၂၁-တိုင်း၏ အမည်ကို ဖော်ပြထားသည်။ (¤) သင်္ကေတပြထားသော တိုင်းများသည် ပါဠိတော်လာ တိုင်းကြီး (မဟာဇနပဒ) ၁၆-တိုင်းတွင် မပါဝင်သော တိုင်းနိုင်ငံများ ဖြစ်သည်။
၁။ ကုရု
၂။ သက္က (¤)
၃။ ကောသလ
၄။ မဂဓ
၅။ သိဝိ (¤)
၆။ ကလိင်္ဂ (¤)
၇။ အဝန္တိ
၈။ ပဉ္စာလ
၉။ ဝဇ္ဇီ
၁၀။ ဂန္ဓာရ
၁၁။ စေတိ
၁၂။ ဝင်္ဂ (¤)
၁၃။ ဝိဒေဟ (¤)
၁၄။ ကမ္ဗောဇ
၁၅။ မဒ္ဒ (¤)
၁၆။ ဘဂ္ဂ (¤)
၁၇။ အင်္ဂ
၁၈။ သီဟဠ (¤)
၁၉။ ကသ္မီရ (¤)
၂၀။ ကာသိ
၂၁။ ပဏ္ဍ၀ (¤)

ဂါမ၊ နိဂမ၊ နဂရ၊ ဇနပဒ

၁၃။ အဿက (*)
၁၄။ အဝန္တိ (*)
၁၅။ ဂန္ဓာရ (*)
၁၆။ ကမ္ဗောဇ (*)

စာညွှန်း
၁။ မဇ္ဈိမဒေသ မြိုရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊ သာဝတ္ထိမြန်မာကျောင်း ဆရာတော်
၂။ Indian Buddhism, A.K. Warder
၃။ The Great Transformation: The world in the time of Buddha, Socrates, Confucius and Jeremiah, Karen Armstrong
၄။ Foreign Trade And Commerce In Ancient India, Prakash Charan Prasad
၅။ Dāna: Giving and Getting in Pali Buddhism, Ellison Banks Findly