Wednesday, April 16, 2014

စိတ္တဇ

သူရူးမ တယောက်…
ပန်းနီနီတပွင့် ထိပ်တည့်တည့်မှာ ပန်ထားတာဟာ…
သူရူးကြောင်းပြနေတာပါပဲ။
ဖောက်လာရင်…
ပန်ထားတဲ့ပန်းကို ဆွဲဖြုတ်
ပွင့်ချပ်တွေ ချေဆုပ်လို့
ငိုယိုလည်းနေသေးတယ်…။

အတ္တနဲ့မာနကို ဦးထိပ်မှာပန်ဆင်ဖို့
တလောကလုံးကို ရွက်ပိုးထားသူ တယောက်…
လေးလံလို့တဲ့လေ…
ပွင့်ချပ်တွေ ချွေချနင်းတယ်။
ကြွေမွသွားတာက
ငါ့လင်နဲ့ ငါ့သားလေးတွေ…။  ။

2 comments:

အပြုံးပန်း said...

Ernest Hemingway ရဲ့ ကဗျာတစ်ပုဒ်ကို ဖတ်ရသလိုပဲ ပြင်းရှတယ် အမ။

Anonymous said...

ကျနော့်ကိုပြောတာမှတ်လို့...
နောက်ဆုံး လင်တွေသားတွေပါမှ...
ကိုယ်မဟုတ်မှန်း...စိတ်အေးရတော့တယ်။ :P


ပုံ။
Xထုံ