ပထမ အလုပ်က ထွက်ခဲ့ပြီး နောက် ၇နှစ် အကြာမှာ
(ဒီကြားထဲ စာသင်တဲ့ အလုပ်ကလေးတွေတော့ ကြိုကြား ကြိုကြား လုပ်ခဲ့သေးတယ်။)
နောက်တဖန် Marine Navigation and Communication ကုမ္ပဏီ တစ်ခုမှာ Draftswoman ဖြစ်ပြန်တယ်။ ၂နှစ်နီးပါးပါပဲ။ AutoCAD 2000LT သုံးရတယ်။ ဒီမှာလည်း စင်္ကာပူရုံးခွဲမှာ ဝန်ထမ်း ၃၀လောက်ရှိပေမဲ့ ပုံဆွဲသူ Draftswoman ကတော့ တစ်ယောက်ထဲပါပဲ။
ရေကြောင်း လမ်းညွှန်ဆက်သွယ်ရေး ကိရိယာမျိုးစုံကို ပစ္စည်းထုတ်လုပ်တဲ့ အခြားကုမ္ပဏီတွေကနေ ကိုယ်စားလှယ်ယူပြီး၊ တစ်ဆင့်ပြန်လည်တပ်ဆင် ရောင်းချပေးတဲ့ ကုမ္ပဏီပါ။ Customer လိုအပ်သလို ကိရိယာမျိုးစုံကို စုပေါင်း, စပ်ပေါင်းလုပ်ပြီး ဆင်ပေးရတဲ့ System Integrator လို့ခေါ်တဲ့ ကုမ္ပဏီမျိုးပေါ့။ Installation & Commissioning အထိ အပြီးအစီး။ Contract နဲ့ရောင်းထားတဲ့ system တွေကိုလည်း ကုမ္ပဏီကပဲ ပြုပြင်ထိမ်းသိမ်းမှု ပေးပါသေးတယ်။ Servicing & Retrofitting တွေလည်း လုပ်တယ်။
Integrated Bridge Systems and nautical equipment တွေဖြစ်တဲ့
Gyro Compasses System
Autopilots System
Steering Control System
Monitoring Systems
Radar Systems
Electronic Sea Chart Equipment
Communication - Global Maritime Distress and Safety System (GMDSS) တွေအပြင်
AIS (Automatic Identification System)
GPS (Global Position System)
Echosounder System
SpeedLog System
Wind Speed and Direction System
Intercommunication System - PA (Public Address) System
VDR (Voyage Data Recorder) System စသဖြင့်
System တစ်ခုချင်းစီအတွက် System Connection Diagram ကို ဦးစွာဆွဲရပါတယ်။ Power Supply (ပုံမှန်အားဖြင့် Main Supply နဲ့ Back up Supply , အနည်းဆုံး source နှစ်ခုနဲ့) သွယ်ထားရတယ်။ သင်္ဘောမှာ သုံးတဲ့ လျှပ်စစ်ပစ္စည်း အများစုက stable ဖြစ်အောင် 24 VDC သုံးတာများတယ်။
Cable Information တွေ ပေးရတယ်။ အကြမ်းဖျင်း အားဖြင့်တော့ Power Supply Cable, Input/ Output Data Cable တွေနဲ့ Antenna Cable တွေပါ။ Power Cable တွေက လုံးပတ်ကြီးတယ်။ Data Cable တွေကတော့ မလိုအပ်ပဲ ကြိုးလုံးကြီးရင် Installation လုပ်ရခက်တယ်။ Antenna Cable တွေက manufacturer တွေက supply လုပ်ပြီး ပစ္စည်းနဲ့ အတူပါလာတတ်တယ်။ အရှည်မလုံလောက်ရင် ကုမဏီကပေးမှာလား၊ Shipyard ကပေးမှာလားဆိုတာ ရှင်းရှင်းလင်းလင်း Drawing မှာ ဖေါ်ပြထားရတယ်။
နောက်အဲ့ဒီ System ထဲမှာ သုံးထားတဲ့ Equipments Drawing တွေ attached လုပ်ရတယ်။ Manufacturer တွေက Manual ကို softcopy ပေးရင်တောင် pdf file နဲ့ပဲပေးလို့ AutoCAD နဲ့ပြန်ဆွဲထားရတယ်။ Equipment Drawing တွေက တစ်ခါဆွဲ သိမ်းထားပြီး နောက်လိုသလို ပြန်သုံးလို့ရတယ်။
System Connection Diagram တွေကတော့ project တစ်ခုနဲ့ တစ်ခု နည်းနည်းစီ ကွာတတ်တော့ Draft အယင်ဆွဲပြီး အင်ဂျင်နီယာကို စစ်ခိုင်း ပြီးတော့မှ Finalised ပုံတွေရပါတယ်။ အချို့ အမြဲတမ်းမှာနေကျ customer တွေကတော့ Overall System Connection Drawing ကို တောင်းဆိုတတ်တယ်။
Overall System Connection Drawing
နောက်တစ်ခုက project တိုင်း (သင်္ဘောတိုင်း) အတွက် Antenna တွေကို ဘယ်မှာထားမယ်ဆိုတဲ့ Antenna Layout ပုံဆွဲရတယ်။ (အများစုကတာ့ Antenna Mast မှာထားပါတယ်။ လက်ဝဲဖက်မှာ ဘယ် System တွေရဲ့antenna တွေထားမယ်။ လက်ယာဖက်မှာတော့ ဘယ် System တွေရဲ့antenna တွေ ထားသင့်တယ်၊ အဲ့ဒီလိုမျိုးတွေတော့ ရှိတယ်။) သင်္ဘောရဲ့ အခေါ်အဝေါ်တွေမှာ ဦးနဲ့ ပဲ့၊ လက်ဝဲနဲ့ လက်ယာကို stem & rear, port & starboard လို့ သုံးရတယ်။
နောက်တော့ ပစ္စည်းထုတ်တဲ့ ကုမ္ပဏီကြီးတွေက အချို့ System (ဥပမာ GMDSS) တွေ မထုတ်တော့တဲ့အခါ ကျမတို့ ကုမ္ပဏီက ကိုယ်ပိုင် ထုတ်လုပ် ရောင်းချပါတယ်။ အင်ဂျင်နီယာဌာနက လိုအပ်တဲ့ ကိရိယာတွေကို order မှာ၊ panel တွေကို ဒီဇိုင်းလုပ်ကြတယ်။ Fabrication အပ်ဖို့ Console panel ရဲ့ အသေးစိတ်ပုံတွေ ဆွဲရတယ်။ ပြီးတော့ Panel Layout Diagram တွေ၊ Wiring Diagrams တွေနဲ့ System Connection Diagram တွေကို ဆွဲရပါတယ်။ (Marketing က quote လုပ်ထားတဲ့ ပစ္စည်းတွေနဲ့ Engineer ဌာနက တကယ်သုံးဖို့ မှာတဲ့ ပစ္စည်းတွေ လွဲနေရင်၊ ဒါမှမဟုတ် တကယ်ဆင်တော့မှ အဆင်မပြေရင် … Marketing ဌာနကလည်း ဒီပစ္စည်းတွေက customer နဲ့ ပြောပြီးသားဆို ရှောင်ထွက်၊ Engineering ကလည်း ဒါတွေကလုပ်မှ မရတာဆို ငြင်း။ ပျော်စရာကြီး။ ကြားက Draftswoman မှာ ဟိုဟာဆိုလည်း..ရော့၊ ဒီဟာဆိုလည်း..အင့် လို့ ထွက်နိုင်ဖို့ ပြင်ဆင်ထားရပါတယ်။)
နောက်တော့ Autodesk ကပဲ ထုတ်တဲ့ 3D ပုံတွေ လွယ်လွယ်ကူကူနဲ့ ဆွဲလို့ရတယ် ဆိုတဲ့ Inventor 11 သင်တန်းကိုလွှတ်ပါတယ်။ Inventor နဲ့ GMDSS ရဲ့ Equipments (parts) တစ်ခုချင်းဆီ၊ Console တို့ကို 3D ဆွဲပြီး Presentation အတွက် Animation file တစ်ခု လုပ်ပေးခဲ့အပြီး…
(ISO Certified Company ဖြစ်တဲ့ အတွက် Technical Library (HardCopy နဲ့ SoftCopy တွေ) ကို စနစ်တကျ ပြုပြင်၊ ထိန်းသိမ်း၊ မွမ်းမံ၊ ဖြည့်စွက်ခြင်းဟာလည်း Draftswoman ရဲ့ Job Scope အောက်မှာပဲရှိနေခဲ့ပါတယ်။)
ကျမ ကျန်းမာရေးကြောင့် အလုပ်နားတဲ့ အခါ မြန်မာ အမျိုးသမီး တစ်ယောက်ကိုပဲ Draftswoman အလုပ်တာဝန်တွေ လွှဲပြောင်းပေးခဲ့ပါတယ်။
ဒီအလုပ်မှာတော့ ကိုယ် သင်ခဲ့တဲ့ major ဘာသာရပ်နဲ့ သက်ဆိုင်သော်လည်း ကိုယ်ဘက်က Learning Strategy မှားယွင်းနေခြင်း (ပုံများ dead line အမှီအပ်နိုင်ရေးကို သာ အာရုံစူးစိုက်နေခြင်း) ကြောင့် ဒီတစ်ခါလည်း idea မပါဘဲ၊ ပုံဖြစ်အောင်၊ အလုပ်ဖြစ်ရုံ Draftswoman လုပ်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။
7 comments:
ရိုက္မစစ္ပါဘူး အမရဲ့
၂ခုလုံးဖတ်တယ်နော်.ခုမှ မန့်တာ မနေ့က ထိ မအားလို့..ဒီနေ့တောင် ညမှ အားပီး နှပ်နေတာ
သေချာရေးထားတာဘဲ။ ဖတ်သွားပါတယ်။ နားလည်သလောက်ပေါ့။
မမရေ.. အားကျတယ်။ မမလိုလုပ်နိုင်သေးဘူး
မ ရဲ့ ဒိုင်ယာရီစာမျက်နှာလေးတွေက အဖြူရောင်လေးတွေနော်… မျှော်နေမယ် မ ရေ…
အမက ကျွန်တော့်စီနီယာ စစ်စစ်ကြီးပါလား။ ကျွန်တော်လည်း electronics ပဲ။ နောက်ဆုံးအသုတ်ပေါ့ဗျာ။ ဂျူလိုင်နဲ့ တစ်နှစ်တည်းပါပဲ။ “Draftwoman ” အဲဒီစာလုံးက အခုမှ ကြားဖူးတာ။ တကယ်ပါ။
As long as u satisfy with u r work for Survival u should be happy.Keep it up.
့မြတ်နိုး၊ မမKOM၊ ဖတ်ပေးတာ ကျေးဇူးပါနော်။
KPZ ရေ ဒီလိုမပြောပါနဲ့ အစ်မကို မြန်မြန်ကြီးသာ ကျော်တက်သွားစမ်းပါ။ အားပေးနေတယ်။ (အခုလည်း ရှေ့မရောက်သေးဘူးလို့ ပြောတာ မဟုတ်ဘူးနော်။) Count on you.
တန်ခူးရေ ဒီက ရောင်စုံမမပါ...ဒီတင်ရပ်.. ဆက်မဆိုနဲ့တော့။
ဒိုင်ယာရီတွေ ဆက်ရေးနိုင်ချင်ပါသေးတယ်။
တောင်ငူသားရေ ဘုရားစူး အီလက်ထရွန်နစ် ပါ။
Draftswoman က ကိုယ့်ဖာကိုယ် မျက်နှာလိုက်ပြီး
woman လိုက်တာ။
ကျေးဇူးတင်ပါတယ် Tin
Post a Comment