Sunday, March 22, 2009
ဘလော့ဂ်တာ...(၁၁) အညမည
မသီတာလေ ဘလော့လေးလုပ်ပြီး စာတွေလည်းရေးရ။ ဘလော့မိတ်ဆွေတွေဆီ CBox မှာနှုတ်ဆက်လိုက်။ ပို့စ်တွေ ဖတ်လိုက်၊ ကော်မန့်တွေ ရေးလိုက်နဲ့ စိတ်ချမ်းသာပါတယ်။
ဘလော့ဂင်းရင်းနဲ့ သတိထားမိတဲ့ အချက်လေးတွေ ချရေးလိုက်ပါတယ်။
မသီတာလည်း (မကြီးမငယ်ပေမဲ့) ဘလော့ဥယျာဉ်ကြီးထဲမှာတော့ လူကြီးနေရာပဲ နေချင်ခဲ့တာပေါ့…။ အို.. ဘာပဲဖြစ်ဖြစ်.. လူငယ်တွေ စာရေးဖြစ်အောင် တဖက်တလမ်းက တွန်းအားပေးတဲ့ အနေနဲ့ ဒီလောကထဲ ငါရှိနေမယ်…။ (အမယ် လာတာ လာတာ… ကံကောင်းလို့ အောက်ခြေမလွတ်တယ်)…။ အမှန်တကယ်က လူငယ်တွေဆီက အားတွေယူဖို့ ဒီလောကထဲမှာ မသီတာ ရှိနေတာ…။
အပြင်လောကမှာ မသီတာရော ကိုဧရာပါ အပေါင်းအသင်းမိတ်ဆွေ နည်းပါတယ်။ မသီတာတို့ရဲ့ မနွေးထွေးတတ်တဲ့ ချို့ယွင်းချက်ကြောင့်ပါ။ အနားမှာ ရှိတဲ့သူကို မသက်မသာ မလုံမလဲ ဖြစ်စေတဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်တဲ့ မွေးရာပါ ဒီဗီဇဆိုးကို သတိထားမိလာတယ်။ လိုနေတာ သင်္ဂါရ ရသပါတဲ့ရှင်…။
ကိုယ်ကိုတိုင်က အမျိုးသမီးဖြစ်နေလေတော့ ဘလော့ဂါ အမျိုးသမီးတွေကို ပိုပြီး နားလည် နှစ်သက် စွဲလန်းမိတယ်။ ငါဘာကြောင့် မိန်းမဖြစ်နေရတာလဲ ဆိုတဲ့ ဂွကျကျမေးခွန်းရဲ့ အဖြေကို ပိုင်ပိုင်နိုင်နိုင်ရသွားပြီ ဆိုပါတော့။ နောင်ဘဝများရှိခဲ့ရင် မ,ဆိုတဲ့သတ္တဝါ မဖြစ်ပါရစေနဲ့တော့လို့ တောင်းခဲ့တဲ့ဆုကိုတောင် ယောင်ရမ်းပြီး တောင်းခဲ့တာမှန်း သေချာသွားပြီ…။
sonata-cantataရဲ့ နောက်ကွယ်က မပါမဖြစ်တဲ့ ကိုဧရာကြီးနဲ့မသီတာ တို့ရဲ့ ဒီပို့စ်မတင်ရဘူး၊ သည်စာသား မထည့်ရဘူး၊ သူကလက်နဲ့ရေးရင် ကိုယ်ကပါးစပ်နဲ့ ဖျက်၊ ကိုယ်က နှလုံးသားနဲ့ရေးရင် သူကဦးနှောက်နဲ့ ဖျက် စတဲ့ စတဲ့ ဝိရောဓိလေးတွေ… ။ အလွန် စိတ်ဝင်စားဖို့ကောင်းပါတယ်…။
သင်ခဲ့ဖူးတဲ့ လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည သဘောတရားဆိုတာ… မသီတာသည် ဘလော့လောကနဲ့ ပရလောက အဲလေ ယောင်လို့ ပြင်ပလောက၌ စီးမျောနေသည်ဆိုဆို နစ်မြုပ်နေသည်ပဲပြောပြော အညမညတွေက ပေးလိုက်တဲ့ အသိတရားကတော့ ကိုယ်နဲ့ ကိုယ်မှလွဲသော အခြား၊ မ နဲ့ မ မှကြွင်းသော အကျန် (အကြွင်း အကျန် ဆိုတော့ ကောင်းသေးပါဘူး… ဒီအတိုင်းပဲထားလိုက်ပါ နားလည်ပါတယ်နော့)၊ လူနဲ့ လူမဟုတ်သော သတ္တဝါ အားလုံးကို ပိုမိုနားလည် တန်ဖိုးထားတတ်လာခြင်းပါ… ။
ကျေးဇူးတင်ပါတယ်။
Subscribe to:
Post Comments (Atom)
9 comments:
အပြန်အလှန် တည်းဖြတ်ပေးနေကြတာလား...
ခေါင်း ၂ လုံးဆိုတော့ ပိုကောင်းတာပေါ့ဗျား...း)
း)
mm
အဲဒီလို အယ်ဒီတာကြီး ရှိတော့ ပိုကောင်းတာပေါ့ မမသီတာရယ်။ ချိုသင်းမှာတော့ ရေးပြီးတိုင်း ပြရတာ ဝေဖန်ပါအုံး၊ ဘာမကောင်းလဲ ပြောပါအုံးနဲ့။ ဘာမှကို အကြံဥာဏ်မပေးဘူး။ မကောင်းဘူးပြောရင် စာမရေးမှာ စိုးလို့ တဲ့..။ အဲဒီတော့ အခြေအနေမှန်ကို ဘယ်သိပါ့မလဲနော်။
အညမည သဘောတရားတွေကို ပြန်လည် ဆင်ခြင်သုံးသပ် မိသွားပါကြောင်းးးးးးး
မသီတာ.. မီယာလည်း ဖြစ်ဖူးပြီး.. မနုသွဲ့ရဲ့ ပို့စ်တခုနဲ့။ ခုထိ link မလုပ်တတ်သေးဘူး.. နောက်မှ သူများတွေ မေးကြည့်မလို့။ အမက အယ်ဒီတာရှိတာ ဘက်ဆဲလာမို့လို့ပါ။
မမသီရိ said...
တို့တွေလဲ.. မတန်ခူးနဲ့ သဘောတူတယ်
မိန်းမ ဖြစ်ရတာ အရမ်း ဂုဏ်ယူစရာကောင်းတယ် ထင်မိတယ်
ဘယ်တုန်းကမှ ၀မ်းမနည်ဖူး .. စိတ်မညစ်ဖူးဘူး..
မိန်းမမို့ ဓမ္မတာအတိုင်း ဓမ္မတာဖြစ်တာပဲနော်..း)
မီယာရေ .. စိတ်မညစ်ပါနဲ့.ကြောက်စရာလဲ လိုမယ် မထင်..
အမြဲ စိတ်ပျို ကိုယ်နု အောင် နေနိုင်ရင်..
ကိုယ့်ကျန်းမာရေး အမြဲ ကိုယ်တိုင်စောင့်ရှောက်ရင်..
ကိုယ့်ကို ချစ်ခင်သူတွေလဲ ရှိရင်..
ပြီးတော့.. ကိုယ်က ချစ်ခင်ရမဲ့ သူတွေလဲ ရှိရင်..
မိန်းမဖြစ်ရတာ ပျော်စရာကောင်းပါတယ်..
ကမ္ဘာပေါ်မှာ. Gender Equality awareness raising တွေလုပ်လာကြတဲ့အချိန်.. ယောကျာင်္းလေးဆောင်ရွက်နိုင်တဲံ အရာအားလုံးနီးပါ မိန်းမတွေ လုပ်နိုင်ပေမဲံ... မိန်းမတွေ လုပ်နိုင်တဲ့ တခုတည်းသော အလုပ်က
ကလေးမီးဖွားခြင်းပဲ.. လေ.. နော်
......
မသီတာ မိန်းခလေးဖြစ်လို့ စိတ်နေသလား လို့ပါ.. လေရှည်မိပြီထင်ရဲ့...း)
ကဲ.. မိန်းမဖြစ်လို့ စိတ်မညစ်ကြကြေး နော်..
March 22, 2009 8:02 PM
မညစ်ဘူးမသီတာ၊ မညစ်ဘူး၊ :P:P:P
ကိုယ်ပိုင် အယ်ဒီတာနဲ့ ပါဘလစ်ရှာနဲ့ မသီတာ...
ဘယ်လောက်ကောင်းသလဲ...
ရှာမှ ရှားပဲလေ...
မသီတာ ရေးထားတာ ရီလိုက်ရတာ... အယ်ဒီတာ ရှိတော့ ကောင်းတာပေါ့ အမရ.. အဲဒါကြောင့် အမရဲ့ပို့စ်တွေက ဖတ်လို့ကောင်းတာ... ပို့စ်အဟောင်းတွေလည်း တဖြည်းဖြည်းချင်း ပြန်ဖတ်နေတယ်.. :)
Post a Comment