အချို့တွေကတော့ မြင့်မားလိုက်ကြတာ… အချို့တွေကြတော့လည်း နိမ့်ပါးလိုက်ကြတာ… လူဆိုတာ ဘာလဲ လူဖြစ်မှတော့ လူပီသဖို့လိုတယ်…လူနဲ့တူရင်ကောင်းမယ်… လု လူ လူး လူဆိုတာ… လုလိုက် လူးလိုက်လား မလုလိုက် မလူးလိုက်လား လုသည်လည်းမဟုတ် လူးသည်လည်း မဟုတ်လား ဘာကြီးလဲ … လူဆိုတာ သိပ် fragile ဖြစ်တယ် တဲ့ ငါကတော့ မသေသေးပါလား ဒါဆို လူဆိုတာ… သေဆုံးချိန် မတိုင်မီအထိ ဘ၀ တခုပေါ့… ရှင်းရလွယ်အောင် delta လုပ်လို့ အသေးခြုံ့လိုက်မယ်။ မသေသေးတဲ့ ငါ နဲ့ သက်ဆိုင်တဲ့ ငါ့ဘ၀ တခု။ လေးလံနေတယ် ပေါ့ပါးနေတယ်ဆိုတဲ့ ငါ့စိတ် တခုလည်း ရှိတယ်။ ငါပါလို့ လက်ညှိုးထိုးပြလို့ရတဲ့ ငါ့ရုပ်ကြီး တခုလည်းရှိတယ်။ နောက်ပြီးတော့ မိသားစု မိတ်ဆွေ သူငယ်ချင်း ပတ်ဝန်းကျင် တာဝန် ကံကြမ္မာ ဗီဇ … … … nested loops တွေလိုပဲ ရှုပ်ထွေးလာပြန်တယ်။ နေပါဦး သင်က ရှုပ်ချင်တာလား ရှင်းချင်တာလား…ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။ သေချာတာကတော့… ငါ ထွက်ပြေးလာခဲ့မိတယ်… ဘလော့ဂ် ကမ္ဘာဆီ | ဒီနေ့ တာဝန်အရ ထမင်းဟင်းတောင် ထွေတွေ ထူးထူး ချက်စရာမလိုဘူး။ မနေ့က ချက်ထားတဲ့ ဟင်းတွေရှိနေတယ်။ အော် မနေ့က လုံ့လ ၀ီရိယ ရှိခဲ့ခြင်းရဲ့ အကျိုး ဒီနေ့ ခံစားရတာပဲ…။ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် လုပ်ချင်တာကို လုပ်နေလို့ ရတယ်။ ဒါဆို ငါက ဒီနေ့ကို ရောက်နေပြီလို့ လက်ခံရမယ်။ ဒါသေချာရင် မနေ့က ငါချက်ထားတဲ့ ဟင်းတွေက ဒီနေ့မှာပါ မပုတ်မသိုးသေးပဲ အလဟဿ မဖြစ်လို့သာ ငါ ဒီလိုနေနိုင်တာ… အကယ်၍များ တခုခု မှားယွင်းခဲ့မယ်ဆိုရင်…။ ဉာဏ် ပညာ ဆိုတဲ့ အခန်းဘက်က အချက်ပြမီး လင်းတာ သတိထားလိုက်မိသလို မနက်ဖန်ကို သတိရပြန်တယ်။ သေချာတာကတော့ လွတ်လပ်ခြင်းကို လိုအင်လောဘနဲ့ လဲလိုက်ရတယ်။ … … … ဘ၀မှာ အတိတ်ကို ကျော်ခဲ့ပြီလား… ကျော်ခဲ့ပါပြီ ကြိုးစားခဲ့ပါတယ် တစုံတခုသော အတိုင်းအတာ ပမာဏအထိလည်း မြင့်မားခဲ့ပါတယ်။ ရှင်းရှင်းပြောရရင်တော့ လူဖြစ်ပြီပေါ့ဗျာ… လွတ်လပ်တဲ့လူ လို့တော့ မဆိုလိုဘူးနော်။ ဒါဆို ပစ္စုပ္ပန်မှာ လုံလ၀ီရိယ အကျိုးတွေကို မိန်မိန်ကြီး ခံစားနေတာပေါ့ ခံစားပါတယ်…ကုန်ဆုံးတတ်တဲ့ အရာတွေမို့ အနာဂတ်အတွက် ထပ်မံလည်း ဖြည့်ဆည်းနေရပါတယ်။ … … နောက် သေချာသေးတာ တခုက ဘလော့ဂ်ရတာ ငါပျော်တယ်။ … ဘာလို့လဲ ဟုတ်လား … လူဘ၀က လွတ်လို့လေ လူဘ၀က လွတ်မှ လူပီသတာ မဟုတ်လား… |
Friday, January 8, 2010
ဘလော့ဂ်တာ...(၅)
Labels:
ဘလော့ခြင်း,
သီတာ
Subscribe to:
Post Comments (Atom)
9 comments:
ဟေးးး ဘလော့ရတာ ပျော်တယ် ဆိုလို့ ပျော်သွားတယ်... ဘလော့ဂ် ရွာထဲမှာ သိရတဲ့ သူငယ်ချင်းတွေကိုတောင် အတော်လေး သံယောဇဉ် တွယ်နေတာ
လူပီသသူတစ်ဦးလာရောက်သွားပါတယ်ခင်ဗျာ
စိတ်ရှုပ်လို့ ဘလော့ကမ္ဘာဆီလာတာ....
စိတ် ပို လို့...
(....) သွားတယ်။။
ဟီးးဟိ
လူဆိုတာ သေလွယ်သလောက် သေခဲတဲ့ သဘောရှိတယ် လို့ ကြည်အေးကတော့ ရေးဖူးတယ်။
ဟုတ်တော့လည်း ဟုတ်တယ်။ ၁၀ ထပ်တိုက်ပေါ်က ပြုတ်ကျတဲ့သူက မသေဘဲ။ ကွမ်းယာသီးပြီး သေတဲ့သူက သေတာပဲ။
ဘလော့ရတာပျော်တယ်
နောက်ဘ၀ တခုနဲ့..း)
ဘလော့ဂ်ရတာ ပျော်တာချင်းတူနေပြီ။ ဘလော့ဂါအတော်များများ တူကြလိမ့်မယ် ထင်တယ်။
ပျော်သလိုပဲ...ဒါပေမဲ့ စာရေးဖို့ အချိန်တွေ ပေးနေရတော့ သူ့အတွက် အချိန်လျော့သွားတယ်....သနားပါတယ်...သူ့ကို...။ ဪ လူ...လူ....,
ရသမျှအချိန်လေး 'လု' ပြီး ဘလော့ရတဲ့ 'လူ' တစ်ယောက် 'လူး' လှိမ့် ပြီး ခံစားရချိန်တွေလည်း ရှိခဲ့ပေါ့။ (ကိုယ့်ကိုယ်ကို ရည်ညွန်းပါသည်။)
ဘလော့ဂ်ရတာတော့ ပျော်တာပြောမနေနဲ့။ ခဏတာလေး အဆက်ပြတ်သွားတာ အခုထိ အိမ်လည်မဆုံးနိုင်သေးဘူး။ အကြွေးတွေ အကြွေးတွေ ဆပ်နေရတာ။
Post a Comment