Friday, January 8, 2010

ခေတ် မကောင်း အခါ မကောင်းဘူး ဆိုသော်ငြားလည်း

ရှေ့လူကြီးတွေကတော့ ပြောကြတာပဲ ခေတ်ကြီးကတော့ တနေ့တခြား ဆိုးဝါးလာလိုက်တာ တဲ့
မသီတာတောင် ငါ့တသက် ခေတ်ကောင်းလေးမှ မှီပါဦးမလားလို့ သံယောင်လိုက်ချင်ချင်
အဲ ဒါပေမဲ့ သတိထားမိတာလေးတခုက
မသီတာတို့ မမွေးခင် တခေတ်တခါက ခေတ်စားခဲ့တဲ့ နိုက်ကလပ် ဆိုတဲ့ ယဉ်ကျေးမှု
မသီတာတို့ ငယ်တုန်းရွယ်တုန်းခေတ်မှာတော့ အဲ့ဒါက အတော်လေး မှေးမှိန်ခဲ့တယ်
အခုများတော့ “ရိုးတလျှောက် ဖြိုးမောက်ပါတဲ့ လယ်ပတူ” ဆိုတာလို
လမ်းတလျှောက် ပေါလိုက်ပါတဲ့ နိုက်ကလပ်… ပြန်လည်ဆန်းသစ်လာလိုက်တာ
ဟူး…တော်ပါသေးရဲ့…မသီတာတို့ သီသီလေး လွဲခဲ့ပေလို့
နို့မို့ရှိ ကိုဧရာတယောက်ကို ဘယ်နိုက်ကလပ် လိုက်ဖမ်းရမယ်မှန်း မသိ...

9 comments:

ချစ်ကြည်အေး said...

အို...ကိုဧရာကြီး ဒီလောက် ရိုးတာ....

Anonymous said...

Keep posting stuff like this i really like it

ဇွန်မိုးစက် said...

အင်းလေ..ကိုဧရာကိုများ တို့အစ်မက ကြံဖန်စိတ်ပူတတ်ရန်ကော၊
သားတို့အလှည့်ကျရင်တော့ ပူရမယ်ထင်တယ်နော်။(စိတ်ပူအောင် စလိုက်မိပြန်ပြီ)

Nge Naing said...

ကျွန်မလည်း မချစ်ကြည်အေးလိုပဲ ပြောချင်တယ်။ ရိုးမရိုး မသိပေမဲ့ သူရေးတဲ့ စာတွေဖတ်ပြီး ခန့်မှန်းရတာ ဒီလိုလုပ်လိမ့်မယ် မထင်ပါဘူး။

khin oo may said...

အချိန်တန်ပြန်လာမှာပါလေ. ခဏတော့သွားပစေပေါ့။

အနမ်း said...

ကံကောင်းတာပေါ့။

မီယာ said...

အမရေ နိုင်ငံခြားမှာတော့ အိမ်မြဲသလောက် ရန်ကုန်ပြန်တိုင်း အဲ့ဒီ ဒုက္ခက မသေးဘူး... မမ ပြောသလိုပဲ အချိန်တန် အိမ်ပြန်လာမှာပေါ့လို့ စိတ်လျှော့ရတယ်... ကြိုးနဲ့ တုပ်ထားလို့မှ မရတာလေ

Moe Cho Thinn said...

နိုက်ကလပ် မှေးမှိန်ခဲ့တာလေးကို ပြောချင်တာ ဘယ့်နှယ့် ဆရာ့ကို ဆွဲထည့်ရပါလိမ့်..ဟားဟား

မငုံ said...

အဲဒီခေတ်ကြီးနဲ့လွတ်သွားလို့ ဟင်းးချနိုင်တယ်ပေါ့လေ။ သားသားတို့ခေတ်ရှိသေးတယ်နော်။ :)) အမေဆိုတော့ ပိုစိတ်ပူတော့မယ်။