Monday, November 8, 2010

နှုတ်ဆက်ပါတယ်ဆရာ

ပုံရိပ်ဟောင်းများ - ၁ ကို ရေးနေစဉ်က အော်တိုစာအုပ်ဟောင်းလေးကို ထုတ်ကြည့်တော့ ကွယ်လွန်သွားကြပြီ ဖြစ်တဲ့ ဆရာ၊ ဆရာမတွေရဲ့ စာမျက်နှာတွေအရောက်မှာ ကိုယ့်စိတ်ကို ကိုယ် တည်ငြိမ်အောင် သတိထားဆောက်တည်ခဲ့ရပါတယ်။ အထူးသဖြင့် ဆရာကြီး ဒေါက်တာစန်းတင့်နဲ့ ဆရာမဒေါ်ညွန့်ညွန့်ရီတို့ရဲ့ စာမျက်နှာတွေပါ။ အော်တိုမှာ မပါတဲ့ ဆရာ၊ ဆရာမတွေရဲ့ ရုပ်ပုံလွှာတွေကိုလည်း စိတ်အာရုံမှာ ပြန်လည် ပုံဖော်ရင်း အောက်မေ့သတိရခဲ့ပါတယ်။

နောက် မနှစ်က ၂၀၀၉ခုနှစ်ကမှ လုပ်ခဲ့တဲ့ အာစရိယပူဇော်ပွဲ လက်ကမ်းစာစောင် စာမျက်နှာတွေကို ဆက်ပြီး လှန်လှောနေမိပါတယ်။
*****
ဆရာနဲ့ စတွေ့တာ ကျမတို့ ဒုတိယနှစ်။ စက်မှုဌာနက ဖြစ်တဲ့ဆရာက Engineering Drawing နဲ့ Engineering Mechanics နှစ်ဘာသာကို သင်ပါတယ်။ ဆရာရဲ့ ထူးခြားချက်ကတော့ စာသင်လာရင် ရောင်စုံမြေဖြူတွေ တပွေ့တပိုက်နဲ့ လာတတ်ပြီး၊ ကျောက်သင်ပုန်းပေါ်မှာ ရေးချလိုက်တဲ့ ဆရာ့လက်ရေးလေးတွေ၊ ဆွဲချလိုက်တဲ့ မျဉ်းကွေးတွေ မျဉ်းဖြောင့်တွေရဲ့ တိကျ သေသပ် လှပမှုတွေနဲ့ တပည့်တွေကို သင်ခန်းစာတွေဆီ ဆွဲခေါ်တတ်ခြင်းပါပဲ။ ကျောင်းသားကျောင်းသူတွေ ပုံစံမကျလို့ ကရုဏာဒေါသောနဲ့ ဆူရ ကြိမ်းရရင်လည်း  နာသွား၊ မှတ်သွားအောင်ကို အပီအပြင်ပြောတတ်သူ။ ကော်ရစ်ဒါမင်းသမီးတွေလို့ ဆရာ ဆူခဲ့တာ၊ နောက်မကြာမီ အချိန်မှာပဲ ဆရာ့ကို ကျေးဇူးတင်ရကောင်းမှန်း သိခဲ့ပါတယ်။ ဆရာ့ကို မျက်နှာလိုက်တတ်သူ အဖြစ်လည်း အချို့က ငြိုငြင်ခဲ့ကြပါသေးသတဲ့။ ငယ်ရွယ်သူတွေရဲ့ မရင့်ကျက်မှုတွေအတွက် ဆရာအပြစ်မယူဘူးလို့ အကြွင်းမဲ့ ယုံကြည်သလို၊ ဆရာ့ဘက်ကလည်း “မမှားသောရှေ့နေ၊ မသေသောဆေးသမား” ဆိုရိုးစကားအလား သေးသေးမွှားမွှား ချို့ယွင်းချက်လေးများ ရှိခဲ့ပါလျှင်လည်း အတုံ့အလှည့် မယူ ကြည်ဖြူပါတယ်လို့ နှုတ်ဆက်လိုက်ပါတယ်.. ဆရာ အေးချမ်းပါစေ…


ဆရာ့ နှုတ်ဆက်စကား  ... "တို့ မြန်မာနိုင်ငံကို သုညကနေ ပြန်စ ကြပါစို့ကွာ ... ဆရာ ကတော့ မြန်မာလေးတွေကို စာသင်ပေးရင် လူ့ဘ၀က ထွက်တော့မယ်လို့ အဓိဋ္ဌာန် ချထားပါတယ်။"

07/ 11/ 2010 ရွေးကောက်ပွဲနေ့မှာ ကွယ်လွန်ခဲ့တဲ့ ဆရာဦးသိန်းထွန်းအောင်သို့

18 comments:

Taungoo said...

ဆရာ ကောင်းရာသုဂတိ လားပါစေ

Taungoo said...

အမကြီး

ကျွန်တော့်ဘလော့မှာလဲ ရေးချင်လို့ ပုံကို ကူးယူသွားပါတယ်။ ခွင့်ပြုပါ။

Sonata Cantata said...

Taungoo said...
ဆရာ

ဆရာကန်တော့ပွဲ ကျင်းပဖို့ တစ်လသာသာလောက်ပဲ လိုတဲ့အချိန်လေးမှာ ကွယ်လွန်သွားခဲ့ရပြီ။ ၂၀၁၀ ရဲ့ ဆရာကန်တော့ပွဲမှာ ကန်တော့ခံဖို့ ဆရာ မလာနိုင်တော့ဘူးပေါ့...

၂၀၀၇ ခုနှစ် ကျွန်တော် စင်္ကာပူ ရောက်ခါစ အလုပ်ရှာမရသေးခင် ကြုံခွင့်ရလိုက်တဲ့ ဆရာကန်တော့ပွဲမှာ ဆရာ့ကို နှုတ်ဆက်ခွင့် ကန်တော့ခွင့် ရခဲ့တာ ဆရာ့အားပေးစကားတွေ ကြားရခဲ့တာ နောက်ဆုံးအကြိမ် ဖြစ်ခဲ့ရပြီပေါ့ ဆရာ...

(နယ်နှင်ကျောင်းစနစ်အရ) ဟိုး တောင်ငူ GTI ကျောင်းလေးကနေ စွန့်စားပြီး စက်မှုတက္ကသိုလ် ဆရာကြီး ဆရာမကြီးများဆီမှာ သင်ကြားဖူးချင်လို့ တကယ်တတ်ချင်လို့ ရန်ကုန်ကို စွန့်စားတက်လာခဲ့ကြတဲ့ တောင်ငူကျောင်းက YTU နောက်ဆုံး batch အဖွဲ့လေးကို လှိုက်လှဲဖော်ရွေ ရင်းနှီးစွာ သင်ကြားပေးခဲ့တဲ့ ဆရာ...

အစဉ်အလာကြီးခဲ့တဲ့ စက်မှုတက္ကသိုလ် ဆရာကြီးများရဲ့ ရှင်းလင်းပြတ်သားတဲ့ သင်ကြားမှုတွေကို ဒုတိယနှစ်အတွက် Drawing နဲ့ Workshop Technology ဘာသာတွေနဲ့ စတင် ထိတွေ့ခွင့်ပေးခဲ့တဲ့ ဆရာ...

ကျွန်တော်တို့ ခံစားခွင့် ထိတွေ့ခွင့် မရတော့တဲ့ ကြို့ကုန်းကျောင်းတော်ကြီးရဲ့ လွမ်းမောဖွယ်အဖြစ်တွေ ထက်မြက်တဲ့ စီနီယာကြီးများရဲ့ အတုယူစရာ အကြောင်းတွေ ကြက်သီးထစရာ RITစိတ်ဓါတ်တွေကို နယ်မှာ ၂နှစ်တက်နေရတဲ့ တပည့်တွေ စိတ်အားမငယ်ရအောင် အမြဲအားပေးခဲ့တဲ့ ဆရာ...

"တို့ မြန်မာနိုင်ငံကို သုညကနေ ပြန်စ ကြပါစို့ကွာ... ဆရာ ကတော့ မြန်မာလေးတွေကို စာသင်ပေးရင်း လူ့ဘဝက ထွက်တော့မယ်လို့ အဓိဋ္ဌာန် ချထားပါတယ်" တဲ့လား ဆရာ...

တပည့်တွေ မှတ်မှတ်ရရ ဖြစ်အောင် 7 နိုဝင်ဘာ ကိုမှ တမင်ရွေးပြီး ထွက်ခွာသွားခဲ့လေသလား ဆရာ...

လွန်ခဲ့တဲ့ ၆ နှစ် ဒီလို နိုဝင်ဘာလ မှာ ဘွဲ့ယူခဲ့ကြတဲ့ တောင်ငူ တစ်ဖွဲ့လုံးကိုယ်စား ရိုသေစွာ ဦးညွှတ်ကန်တော့လိုက်ပါတယ် ဆရာ...

"ဆရာ ဦးသိန်းထွန်းအောင် ကောင်းရာသုဂတိသို့ လားပါစေ"

Sonata Cantata said...

တောင်ငူသားရေ...
ယူပါ...

တောင်ငူသားရေးသွားတဲ့ ကော်မန့် error တက်ပြီး ပျက်ကုန်လို့ ဘလော့ဂ်ကနေ ပြန်ကူးထားပါတယ်

Anonymous said...

ဆရာသေတာ ..စိတ်မကောင်းပါဘူး..အမရေ..
ကျနော်တို့လည်း ငယ်ငယ်ကသင်ခဲ့ရဘူးတယ်။ ME သင်တာ..


မြတ်နိုး

P.Ti said...

ဆရာဦးသိန်းထွန်းအောင်ဆိုတာ အဖေ့သူငယ်ချင်းဖြစ်မယ်ထင်တယ်။ ဆုံးသွားတာ အဖေတောင်သိရဲ့လားမသိ.... ခင်စရာကောင်းတဲ့ လူတစ်ယောက်လို့ပဲ ခပ်ရေးရေးမှတ်မိတော့မယ်...

သက်ဝေ said...

ဆရာနဲ့ စာတွေ အများကြီး သင်ခဲ့ဖူးတယ်...
မိဘတွေနဲ့ပါ ရင်းနှီးတာကြောင့် ဆရာတယောက်လိုရော မိဘလိုပါ လေးစားစွာနဲ့ ရင်းနှီးခဲ့ပါတယ်...
စိတ်မကောင်းဖြစ်ရတာ ပြောမပြတတ်တော့ပါဘူး...
ဆရာ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းနေပါတယ်...

မြတ်မွန် said...

စိတ်မကောင်းလိုက်တာ ..
ဆရာကောင်းရာ သုဂတိလားပါစေ။

paytue said...

တကယ် စိတ်မကောင်းဘူးဗျ။ ည ၁၁ နာရီလောက်မှာ အခန်းဖော်က ဆရာဆုံးပြီ ဆိုတာကို အမ ဘလော့မှာ တင်ထားတယ်တဲ့။
ဆရာဆုံးမ ပြောဆိုတာတွေကို အခုထိ မမေ့သေးဘူး။ ဆရာဟာ တကယ်ကို စေတနာပြည့်ဝတဲ့ ဆရာတစ်ဦးပါ။ ကျတော်တို့လို YTU နောက်ဆုံးအသုတ်က လူတွေကို အားမငယ်ရအောင် စေတနာထားသင်ပေးတယ်။ ဘယ်လောက်တောင်ဆို သူ့ဘာသာဖြေမဲ့နေမှာ ရန်ကုန်ကနေ ၇၅မိုင်ကွာတဲ့နေရာရောက်အောင်လာပြီ လိုအပ်တာတွေကို ရှင်းပြပေးတယ်။ ဆရာဟာ နိုင်ငံကိုလဲ အ၇မ်းချစ်တက်သူတစ်ယောက်ပါ။ ဆရာပြောတဲ့ နိုင်ငံကို အကြောက်တရားနဲ့ အုပ်ချုပ်လို မရဘူးတဲ့။ မေတ္တာတရားနဲ့ အုပ်ချုပ်ရမှာတဲ့ဗျ။ ဆရာပြောပြမှုတွေကြောင် YTU ရဲ့ကြီးမြတ်မှုတွေ အစဉ်အလာကောင်းတွေကို သိခွင့်ရခဲ့တယ်။ ဆရာဟာ စာကိုသာမက စိတ်ကိုပါသင်ပေးတဲ့ ဆရာကောင်းတစ်ဦးပါ။
ဆရာဆိုဆုံးမမှုတွေကြောင့် စိတ်ဓါတ်ခွန်အားတွေ တက်ကြွခဲ့ရတယ်။။။

ဆရာကောင်းရာသုဂတိလားပါစေ...

tin min htet said...

ငယ်ငယ်တုန်းကတော့ ဆရာ့ကို မျက်နှာလိုက်တတ်တယ်လို့ ထင်ခဲ့မိတာ အမှန်ပါပဲ။ နောက်ပိုင်း ပြန်စဉ်းစားမိတော့ ဆရာတပည့်ဆိုတာ ပိုရင်းနှီးတဲ့ ဆရာတပည့်တွေ ရှိကြတာပါပဲ။ သေချာတာက ဆရာက အားလုံးကို စေတနာ အပြည့်နဲ့ သင်ပေးခဲ့တယ်၊ စာမေးရင် စိမ်းစိမ်းကျက်ကျက် စေတနာ အပြည့်နဲ့ ရှင်းပြတယ်။ ဆရာ့ကို ကန်တော့လိုက်ပါတယ်။

Sonata Cantata said...

CBoxမှ

9 Nov 10, 00:06
တောင်ငူသား: ဆ၇ာ့သတင်း ကြားရတာ တကယ်ဝမ်းနည်းမိပါတယ် အမကြီး
9 Nov 10, 00:06
တောင်ငူသား: ကျွန်တော်လည်း ပို့စ်တင်လိုက်ပါပြီ
9 Nov 10, 00:07
တောင်ငူသား: ဆရာကန်တော့ပွဲမှာ မတွေ့နိုင်တော့တာ မကန်တော့နိုင်တော့တာ စိတ်မကောင်းဘူးဗျာ
9 Nov 10, 14:31
saund: မသီတာနဲ့ ကိုဧရာ အကို သိန်းထွန်းအောင်နဲ့ရင်းနီးသလား သူ့အကြောင်းမေးချင်လို့ 
9 Nov 10, 14:38
saund: အကိုသိန်းထွန်းအောင် အမျိုးသမီးနဲ့ ကလေးတွေကို ဆက်သွယ်ချင်လို့ရမလား သိရင် ပြောကြပါ
9 Nov 10, 20:47
ဆူးသစ်: အစ်မရေ၊ ဆရာဦးသိန်းထွန်းအောင်နဲ့second year YIT ကြို့ကုန်းကျောင်းတက်နေတုန်း အပြင်မှာ engineering mechanics သင်ခဲ့ဖူးတယ်။
9 Nov 10, 20:47
ဆူးသစ်: အစ်မရေးထားတဲ့ဆရာပြောသွားတဲ့စကားလေးဖတ်ရတာ စိတ်ထိခိုက်ကြေကွဲရပါတယ်
9 Nov 10, 20:49
ဆူးသစ်: ကျွန်တော်မှီခဲ့တဲ့ YIT ရဲ့ သက်တမ်းရင့်ဆရာကြီးတချို့အကြောင်းကျွန်တော်တို့သည် ဆိုတဲ့ ပို့စ်မှာထည့်ရေးပါဦးမယ်

T T Sweet said...

ဆရာနောက်ဆုံးအခေါက် ဆရာကန်တော့ပွဲတုံးကထဲက မျက်နှာသိပ်မကောင်းဘူးအစ်မ။ အရင်ကလောက်လဲ စကားတွေ သိပ်မပြောတော့ဘူး။
ဒီတစ်ခေါက်တော့ ဆရာမတက်နိုင်တော့ဘူးပေါ့နော်။

ဆရာကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆရာနဲ့တော့ ကျွန်မတို့က အလှမ်းဝေးပါတယ်.
ဒါပေမဲ့ ကြားဖူးတဲ့ ဆရာတစ်ယောက် အနေနဲ့ စိတ်မကောင်းဖြစ်မိပါတယ်... ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုမွန်တောင်းမိပါတယ်..

စုချစ် said...

ဆရာ... ကောင်းရာ သုဂတိလားပါစေလို့ မေတ္တာပို့သလျက်...

အောင်ကိုကိုထိုက် said...

ကျောင်းသားလှုပ်ရှားမှု အဖွဲ့ကို ၁၉၉၈အကုန်ပိုင်းမှာလျှို့ဝှက်ထောင်တော့ အပြည့်အဝကူညီပေးခဲ့တဲ့ ဒေါ်စုခြံရှေ့ တရားပွဲတွေမှာအတူတူသွားခဲ့တဲ့ဆရာ့ကို ကန်တော့လိုက်ပါတယ်

Anonymous said...

I remembered his jokes in Yankin tuition. He was a nice man indeed!

Unknown said...

"ဆရာ ဦးသိန်းထွန်းအောင် ကောင်းရာသုဂတိသို့ လားပါစေ"

လေးမီ said...

may be we were called as "koridor min tha mee tway" then i could catch up electronic, phyuu got metalurgy.
otherwise .....
it will be true that no ladies from section C will get electronic and go to xxxxxxxxx.