မြန်မာသက္ကရာဇ် ၁၃၇၂ခုနစ်၊ တပေါင်းလပြည့်
မဟာပုဏ္ဏမာ = supermoon
မြပုဏ္ဏမာ ဆိုတဲ့ အမည်လေးကိုတော့ ကိုဇာဂနာတို့အငြိမ့်ကြောင့် ရင်းနှီးခဲ့ရတယ်။
မြ ရဲ့ လ မဟာပုဏ္ဏမာ = supermoon
မြပုဏ္ဏမာ ဆိုတဲ့ အမည်လေးကိုတော့ ကိုဇာဂနာတို့အငြိမ့်ကြောင့် ရင်းနှီးခဲ့ရတယ်။
‘မြ’ ဆိုတဲ့ နာမည်ကို သိပ်ကြိုက်ပါတယ်။ ကိုယ့်မှာ ဒုတိယအမည်တခုသာ ရှိခွင့်ရမယ်ဆိုရင် ‘မြ’ ဆိုတဲ့ အမည်ကို ရယူချင်ပါတယ်။ စိမ်းဖန့် တဲ့ အသွင်ရှိတဲ့ ‘မြ’ ဟာ လျှို့ဝှက်မှုတွေနဲ့လည်း ပြည့်နှက်နေတယ်။ မြင်ရသူတွေအတွက် တည်ငြိမ်တဲ့အသွင်ကိုသာ ပေးစွမ်းဖို့ အမြဲလို ကြိုးစားနေထိုင်တတ်တဲ့ ‘မြ’ ဟာ၊ ဘယ်သောအခါမျှ မည်သူတဦးတယောက်ကိုမှ ဒုက္ခပေးဖို့ မရည်ရွယ်ဘူး ဆိုတာ ယုံကြည်တယ်။
‘မြ’ ဟာ အဆုံးစွန်ထိ လိမ္မာယဉ်ကျေးသူ ဖြစ်အောင် ကြိုးစားနေထိုင်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သ လိုက်ပါတယ်။
မြ ရဲ့ လက်
မသီတာ အမေရဲ့ လက် - မြ ရဲ့ လက် ပါ။
*****စာရေးဆရာမ ဂျူးရဲ့ မြရဲ့လ ၀တ္ထုကို ထူးအိမ်သင်မှ အသံဖြင့် ဇာတ်လမ်းပြောပြထားပါတယ်။ credit to: သာထူး
|
11 comments:
ညီမလည်း မြ ကို သိပ်ကြိုက်ပါတယ်။
ဒါကြောင့် မြဘုရားရှိတဲ့ ထိုင်းမှာ နေတာပေါ့။
စကားမစပ် ဒီနေ့ လဝန်းကြီး သေချာထွက်ကြည့်ပါတယ်
သိပ်လည်း မကြီးနေပါဘူးလေ။
မြရဲ့လ ဝတ္ထုလေးကို အရင်တုန်းက ဖတ်ဖူး..အဲ.. နားထောင်ဖူးတယ်၊ အခုလည်း ထပ်ပြီး နားထောင်သွား ပါတယ်...။
မြ ရဲ့လ ကိုနေ့တိုင်းနားထောင်ခဲ့ဖူးတယ်။
မြကို ၀တ္ထုအနေနဲ့ဖတ်လည်းကြိုက်တယ်
အသံနဲ့နားထောင်လည်းကြိုက်တယ်။
မနေ့ညက လကို မမြင်လိုက်ရပါဘူး ဒီမှာ မိုးတွေမှောင်နေတာတဲ့ Super Moon လည်း ဘာမှန်းမသိလိုက်..
ဖိုင်ဒေါင်းချင်တာ ဒေါင်းမရဖြစ်နေလို့.. အဆင်ပြေရင် ကူညီကြပါဗျာ..
နားထောင်ရင်လဲ ရပ်လို့မရ .. ရွှေ့(ကျော်)လို့မရ ဖြစ်နေလို့ ပါ။
http://www.mediafire.com/?23cbu8c3vlk85x0
mp3 ဒီနေရာမှာလည်း DL လို့ရပါတယ်...မိုးယံရေ
အရင်က မြပါတဲ့ နစ်နိမ်းတခုသုံးဖူးတယ်။
အမေ့နာမည်မှာ မြပါလို့...ထည့်သုံးတာ။
ကျနော့အုပ်ထိန်းသူနာမည်အဖျားဆွတ်နဲ့ မြနဲ့ပေါင်းသုံးဖူးတယ်။
အခုတော့ အဲ့နစ်နိမ်းမသုံးရဲတော့ဘူး။
ဟာ! ပေါက် အမေ့နာမည်မှာလည်း မြ ပါတယ်။ မသီတာ့ အမေ့နာမည်မှာလည်း မြ ပါတယ်။
ဒါကြောင့်
ပေါက်မြမြ နဲ့ တာမြမြ ချစ်ကြတာ ဖြစ်မယ်း)
ပေါက် CBox ကနေ ကူးလာတာ
23 Mar 11, 11:22 AM
Paukမြမြ: ဟုတ်တာပေါ့ရှန်..မှန်တာပေါ့ရှန်
23 Mar 11, 11:33 AM
mm: မြဆိုတဲ့နာမည်သိပ်ကြိုက်တယ်.. သမီးလေးများမွေးရင် မြယာလို့ ပေးချင်တာ
23 Mar 11, 11:55 AM
Paukမြမြ: မြလယ် ဆိုရင်ကော :think:
သီတာရေ...
အဲဒီ မြရဲ့လ နဲ့ တခွေတည်း အတူတူထွက်တဲ့ ဟေမာနေဝင်းရဲ့ ရေမျောသီး အသံဖိုင်လေးရှိရင် တင်ပေးပါလားဟင်... ကျေးဇူး...
အိမ်မှာ အရင်က အခွေရှိတယ်... အခု ရှာမတွေ့တော့လို့...း((
အဲဒီ့နေ့မှာ ဇွန်တို့ဟာ အလှူရေစက် လက်နဲ့မကွာ ကုသိုလ်ပြုခဲ့တာ၊ ပြန်တွေးကြည့်တိုင်း ကြည်နူးစရာ အမှတ်တရ တပေါင်းလပြည့် ဘိုကလေးနေ့မှား))
Post a Comment