Monday, May 7, 2012

မဇ္ဈိမဒေသ မှတ်စုများ

ဗုဒ္ဓဂယာနှင့် မဇ္ဈိမဒေသသို့ ဘုရားဖူး ခရီးသွားလိုသော ဆန္ဒဖြစ်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုနီးပါး ကြာပြီ ဖြစ်သော်လည်း၊ အကြောင်း မတိုက်ဆိုင်၍ မသွားဖြစ်သေး။ သို့သော်လည်း မကြာခဏ ဆိုသလိုပင် Google Earth ကိုသုံး၍ ဗုဒ္ဓသာသနိက နေရာဒေသ အချို့အား စိတ်မှန်းဖြင့် သွားရောက် ကြည့်ရှု ဖြစ်ပါသည်။ “Google ဖြင့် ဘုရားဖူး ထွက်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ဘလော့ဂ်ပေါ်တွင် ပို့စ်များ ရေးတင်ရန် အကြံ ဖြစ်ခဲ့သည်။ မော်လမြိုင် တောင်ပေါက် ဆရာတော်၏ ဗုဒ္ဓသာသနိကပဌဝီဝင်ကျမ်းကြီးနှင့် Wikipedia ကဲ့သို့ ကွန်ယက်ပေါ်မှ သတင်းအချက်အလက်များ အားကိုးဖြင့် စိတ်ကူးပေါ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထင်သလောက် မလွယ်ကူခဲ့။ အချို့ နေရာဒေသများအတွက် မြန်မာ အက္ခရာဖြင့် ရေးထားသော နေရာအချို့အား အင်္ဂလိပ် အက္ခရာများသို့ ပြန်၍ ဖလှယ်ရန် မှန်းဆရသည်မှ စ၍၊ အခြားသော စာအုပ်တို့မှ ဖော်ပြချက်နှင့် ကွဲလွဲနေသည်တို့ကို ပြန်လည် တိုက်ဆိုင်ရခြင်း၊ နေရာဒေသအမည် သိသည့်တိုင် ထိုနေရာများသည် Google Earth တွင် ရှိမနေခြင်း၊ လတ္တီတွဒ် လောင်ဂျီတွဒ် အတိအကျ မသိရခြင်းစသော အခက်အခဲများနှင့် တွေ့ရပါသည်။ ပို့စ်ရေးရန်အတွက် မှတ်ထားသော မှတ်စုအတိုအထွာများ၊ အကြမ်း ရေးခြစ်ထားသည့် မြေပုံအတိုအစများသာများ၍ လာခဲ့သည်။ ထိုမှတ်စုများကလည်း မူလကစိတ်ကူးခဲ့သည့် ခေါင်းစဉ်နှင့်လည်း သိပ် မဆီလျော်တော့။ “Google ဖြင့် ဘုရားဖူး ထွက်ခြင်း” ဆိုသည့် ခေါင်းစဉ်အစား၊ ထိုထိုမှတ်စုများကိုသာ “မဇ္ဈိမဒေသ မှတ်စုများ” ဟူသော ခေါင်းစဉ်ဖြင့် အလျဉ်းသင့်သလို တင်သွားပါမည်။

ဗုဒ္ဓခေတ် မဇ္ဈိမဒေသ တိုင်းနိုင်ငံများ မြေပုံ


တောင်ပေါက်ဆရာတော်၏ ဗုဒ္ဓသာသနိကပဌဝီဝင်ကျမ်းမှ ဗုဒ္ဓသာသနိက မြေပုံတော်ချုပ်နှင့် အခြားအချက်အလက်များအား တိုက်ဆိုင်၍ http://www.naturalearthdata.com မှရသော raster data ပေါ်တွင် ဆွဲထားပါသည်။

စာအုပ်အချို့နှင့် ebook links များ

၁။ ဗုဒ္ဓသာသနိကပဌဝီဝင်ကျမ်းကြီး၊ မော်လမြိုင် တောင်ပေါက်ဆရာတော် အရှင်စက္ကပါလ
၂။ ဗုဒ္ဓနိုင်ငံတော်၊ ရွှေကျင်သာသနာပိုင် ဆရာတော် အရှင်သံဝရာဘိဝံသ။ ပထမတွဲ ဒုတိယတွဲ
၃။ မဇ္ဈိမဒေသသမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊ သာဝတ္ထိမြန်မာကျောင်း ဆရာတော်ဦးသြဘာသ
၄။ Buddhist Dictionary of Pali Proper Names, G P Malalasekera
၅။ Buddhist India, TW Rhys Davids
၆။ The Ancient Geography of India, Alexander Cunningham
၇။ Si-Yu-Ki: Buddhist Records of the Western World by Huien Tsiang, trans. Samuel Beal. Vol 1 & Vol 2
၈။ Some Ksatriya Tribes of Ancient India, BC Law

4 comments:

sosegado said...

You and family should visit, something you feel about you are Buddhist.

ကိုရင် said...

ebook လေးတွေ ယူသွားတယ် အကိုနဲ့ အမရေ..

mstint said...

တန်ဘိုးရှိတဲ့ ပို့စ်လေးတင်ပေးတဲ့အတွက် ကျေးဇူးပါ မသီတာတို့ရေ။ မှတ်တမ်းအဖြစ် ကူးသွားပြီနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လောင်စာ said...

ကျနော် မဇ္ဈိမဒေသ (ဇမ္ဗူဒီပကျွန်း) မြေပုံနှစ်ကူးယူသွားပါတယ်ခင်ဗျား။

ကြိုတင်ခွင့်မတောင်းမိတဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျား။