လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်(ရ)တယ်…တဲ့။
ဟုတ်မယ်...။
ငယ်စဉ်မှာတော့ ဘ၀တခုစာလောက်ကြီးတဲ့ မျှော်လင့်ချက်တွေနဲ့ပေါ့။
အခုများတော့...
တရက်စာတောင် မခံတဲ့ မျှော်လင့်ချက်တွေနဲ့…။
နောက်...
အချိန်ပိုင်းသာ ခံမည့် မျှော်လင့်ချက်တွေ ရှိလာဦးမယ်။
ဒီလိုနဲ့...
မျှော်လင့်ချက် မဲ့တဲ့ တချိန် မလွဲမသွေ ရောက်လာမယ်။
ဟုတ်မယ်...။
ငယ်စဉ်မှာတော့ ဘ၀တခုစာလောက်ကြီးတဲ့ မျှော်လင့်ချက်တွေနဲ့ပေါ့။
အခုများတော့...
တရက်စာတောင် မခံတဲ့ မျှော်လင့်ချက်တွေနဲ့…။
နောက်...
အချိန်ပိုင်းသာ ခံမည့် မျှော်လင့်ချက်တွေ ရှိလာဦးမယ်။
ဒီလိုနဲ့...
မျှော်လင့်ချက် မဲ့တဲ့ တချိန် မလွဲမသွေ ရောက်လာမယ်။
ကိုယ့်မှာတော့ သင်ယူရင်းနဲ့ အသက်ရှင်နေ(ရ)တယ်။
ကိုယ့်ရဲ့ ဆရာက...ကိုယ်ကိုယ်တိုင်…ပါပဲ။
ကိုယ်က ခေါင်းငြိမ့်ရင်း…
လိုက်ရုံ။ ။
ကိုယ့်ရဲ့ ဆရာက...ကိုယ်ကိုယ်တိုင်…ပါပဲ။
ကိုယ်က ခေါင်းငြိမ့်ရင်း…
လိုက်ရုံ။ ။
6 comments:
Wow.. ခေါင်းစဉ်ရယ်၊ ဓါတ်ပုံရယ်၊ စာသားတွေရယ် ဖတ်ပြီး အတွေးတွေ အများကြီး ဆန့်ထွက်သွားတယ် မသီတာ..၊ သင်ယူဖို့၊ သင်ကြားဖို့ ရှင်သန်နေရတာ အဓိပ္ပါယ်ရှိတဲ့ ရှင်သန်မှုပါပဲ၊ ကျနော်တို့အားလုံး မိုးသောက်ကြယ်တလှည့်၊ ညနေကြယ်တလှည့် အဖြစ်နဲ့ပဲ ဖြတ်သန်းသွားကြ ရမှာပဲ ထင်ပါတယ်ဗျာ..။
အသက်အပိုင်းအခြားပေါ်မူတည်ပြီး မျှော်လင့်ချက် ရည်မှန်းချက်တွေ ပြောင်းလဲမှုဖြစ်လာတာ သဘာဝပါ သီတာရေ။ မျှော်လင့်ချက်မဲ့တဲ့တစ်နေ့ ဆိုတာလည်း လူသားတိုင်းအတွက် မလွဲမသွေ ကြုံကြရမှာပါ။ တိုတောင်းတဲ့လူ့ဘဝကို တန်ဘိုးထားသင့်ကြတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကော်မန့်က စာစုကို ဖြည့်စွက်ပေးလိုက်သလိုမို့ ကျေးဇူးပါ ကိုညီလင်းသစ်ရေ...
တိုတောင်းတဲ့ လူဘ၀ကို တန်ဖိုးထားဖို့ သတိရှိပါမယ်...ကျေးဇူးပါ...တီတင့် (တီတင့်ခေါ်မှ ကြိုက်တာကို သတိရလို့ပါ...မမတင့် လို့ ခေါ်ချင်လည်း ခေါ်ဦးမှာနော်း))
အမသီတာ ...မျှော်လင့်ချက်မဲ့တဲ့တချိန် ....
အတွေးပါတဲ့ ကဗျာတွေ ဖတ်မ၀ဘူးရယ် ခဏခဏဖတ်ချင်တယ်...
လိုင်းမကောင်းလို့ စာလေးတွေလောက်ဘဲ ဖတ်လို့ရပါတယ် ...
ခင်မင်တဲ့
seesein
စစရေ...
လိုင်းမကောင်းတဲ့ကြားက ဒီက စိတ်ကူးပေါက်ရာ ရေးတာတွေကို ဖတ်ပေးနေတဲ့ မျှော်လင့်ချက် အတွယ်အတာလေးတွေ အတွက် ကျေးကျေးစ်
Post a Comment