Wednesday, July 23, 2008

Blogging မှကြိုဆိုခြင်း


Blog အခင်းသည် လန်းဆန်းလှပစွာ ဖူးပွင့်နေသော ရောင်စုံပန်းခင်းဖြစ်သည်။
မွှေးရနံများသည်လည်း ဆန်းကြယ်စွာ ကြိုင်လှိုင်၏။
သွေ့ခြောက်မှာ မပူပင်ရသော ဤပန်းခင်းအလယ်၌ သင်သည်လဲလျောင်းလိုက်ပါက
နွေးထွေးမှုကို ခံစားရမည် ဖြစ်သည်။
လုံလောက်သော အလင်းရောင်ပေးသည့် ဤပန်းခင်းတွင်
သင်သည် ပေါ့ပါးလွတ်လပ်စွာ အလိုက်သင့် ပျံသန်းသွားရုံဖြင့်
သင်၏ လူသားအဖြစ်ကိုလည်း အကြိမ်ကြိမ် အမှတ်ရစေဦးမည်။
ကျေးဇူးတရားကို ရှေ့တန်းမတင် ချစ်ခြင်းတရားကို ရှေ့တန်းတင်မိသည့် အခါမျိုးတွင်
သင့်၌ ပူပန်စရာမလို၊ အပြစ်ဆိုမည့်သူ မရှိ။
တိုက်ပွဲခေါ်သံများကို ကြားရသည့်အခါ စိုးရွံ ထိတ်လန့်ခြင်း မရှိ။
တိုက်ပွဲနှင့် သင်သည် တစ်သားတည်းဖြစ်သည် ဆိုသည့် ယုံကြည်မှုရရန်
Blog အခင်းမှ ကြိုဆိုပါ၏။

*Blog အခင်း၌ နေထွက်စရာ မလို၍ နေ မ၀င်။ Blog အခင်းသည် နေရာဖြစ်သည်။

6 comments:

သက်ဝေ said...

သိပ်ကောင်းတဲ့ အတွေးအမြင်လေးပါ မသီတာရေ...
Blog ရင်း ခင်မင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ တိုးပွားလာတာလဲ ၀မ်းသာစရာ ကောင်းတယ် မဟုတ်လား..။

Blog အခင်းမှ ကြိုဆိုပါ၏...
Blog အခင်းမှ ကြိုဆိုပါ၏...
Blog အခင်းမှ ကြိုဆိုပါ၏...။

tg.nwai said...

blog အခင်းထဲမှာ တို.တွေအတွက် ရှင်သန်ပျော်ရွှင်နွေးထွေးမှုတွေနဲ. မျှဝေတတ်တဲ့ သူငယ်ချင်းတွေနဲ့အတူပေါ့နော်...

မေအောင် said...

လာပြီ လာပြီ
မှန်း........
ဟုတ်ပါ့
အဲဒီblog အခင်းထဲမှာပဲနေချင်နေတာ

တန်ခူး said...

အဲဒီBlogအခင်းထဲမှာပေါ့… လွတ်လပ်မှုအရသာကို တစိမ့်စိမ့် ခံစားရင်း လက်ရှိဘ၀ကို မေ့မေ့ သွားတတ်တာ…

ရွှန်းမီ said...

အခုမှ ဖတ်ဖူးပါတယ်..
ဖတ်ရတာ အားရှိတယ်..

Anonymous said...

စိတ်၏ဖြေရာ..ဗဟုသုတမျှဝေရာ..ဆဲဆိုကြိမ်းမောင်းသံမကြားရာနေရာ..လက်ချောင်းလေးများ၏မှော်ဝင်သောနေရာလို့ မငုံသတ်မှတ်သည်။


မငုံ