Wednesday, November 26, 2008
မပျော်တဲ့ တော်ရာ...
“ချင်” ပို့စ်ကို မတင်ခင် တုန်းက လက်ထဲမှာ ရေးပြီးစ သုံး၊ လေးပုဒ် ရှိနေတယ်။ (အဟဲ လေသံကတော့ တကယ့် ဝါရင့် စာရေးဆရာကြီး အတိုင်း.. ဂလို ပြောချင်နေတာ ကြာပြီ..အဂုလို ပြောလိုက်ရလို့ ဝမ်းသာလိုက်တာ)
ကိုဧရာကိုတောင် တစ်ပြိုင်ထဲ သုံးပုဒ် တင်လိုက်ရမလား လို့ ညှိကြည့်သေးတယ်။ သူက တစ်ပုဒ်ချင်းပဲ တင်ပါဆိုလို့ “ချင်” ကို တင်လိုက်တယ်။
ဘလော့ဂ်ပေါ်က မိတ်ဆွေ သူငယ်ချင်းတွေကို အထူးကျေးဇူးတင်တယ်။ မသီတာ ပြောချင်တာတွေကို နားထောင်ပေးပြီး၊ စိတ်ဝင်တစား အမြင်လေးတွေ ဆွေးနွေးပေးကြလို့။ အပြင်လောကမှာ ဒီလောက်ကြီး ပြောပြဖို့ အခြေအနေအရ အခွင့် မသာဘူး။
ဒီတော့ အခွင့်သာသလို နှိပ်စက်လိုက်ဦးမယ်… ဖတ်ကြည့်ကြပါဦး… မသီတာရဲ့ မပျော်ပုံ နောက်တစ်မျိုး
****
ကျနော် အဲ့ဒီ အိမ်ရှေ့က ဖြတ်လျှောက်တော့ ဘယ်ကြောင့်မှန်းမသိ အိမ်ထဲဘက်ကို ခေါင်းငဲ့ကြည့်လိုက်မိတယ်။ သြော် ဟိုအမျိုးသမီး ဟင်းချက်နေတယ်ကိုး။ အိမ်ရှေ့ တံခါးပေါက်ကနေ လှမ်းကြည့်လိုက်ရင် ဧည့်ခန်းကိုကျော်လို့ အိမ်နောက်ဖေး မီးဖိုချောင်ထိ လှမ်းမြင်နေရတယ်လေ။ အိမ်ချင်းကပ်လျက် ဆိုပေမဲ့ ကျနော်တို့က အခေါ်အပြော မရှိကြပါဘူး။
အဲ့ဒီ အိမ်ဆိုသည်မှာ အိမ်ထောင်ဦးစီးဖြစ်မဲ့ ယောက်ျားရယ်, ခုန ဟင်းချက်နေတဲ့ မိန်းမရယ်, သူတို့ ရဲ့ သားနှစ်ယောက်ရယ် … မိသားစု ပုံစံလေးကတော့ စုံစုံလင်လင်ပါပဲ။ ဒါပေမဲ့ အဲ့ဒီ မိသားစုပေ့ါ စိတ်ဝင်စားစရာ ကောင်းလောက်အောင် ပျင်းစရာကောင်းတဲ့ ကျနော့်ရဲ့ အိမ်နီးချင်းတွေ… ။
ကဲပါလေ အစဉ်လိုက်အတိုင်း စလိုက်ရအောင်။ အိမ်ထောင်ဦးစီး ဆိုတဲ့ ထိုယောက်ျား။ မနက်အစောကြီး အိမ်ကထွက်တယ်၊ ညမိုးချုပ်မှ အိမ်ပြန်လာတယ်။ အဲ့ဒီလူကတော့ ပန်းချီကားထဲက လူဗျ။ ဘယ်အချိန်တွေ့တွေ့ ဒီအတိုင်းပဲမို့ပါ။ ကျနော် သူ့အပြုံးကို မမြင်ဖူးသလို သူ့အသံကိုလည်း မကြားဖူးဘူး။ ကဲ မထူးဆန်းဘူးလား။
ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် အမြဲတမ်း အိပ်ချင်နေတဲ့ မျက်လုံးတွေနဲ့ အခုမှ အိပ်ယာက ထလာတဲ့ ပုံစံနဲ့ မမကတော့ အခုနက ဟင်းချက်နေတဲ့ မမပေါ့။ သူ့ ကလေးနှစ်ယောက်နဲ့ ဟိုနားဒီနား သွားတာ မြင်တယ်။ ကျနော့် မိန်းမလို့ လှလှပပ ပြင်ပြင်ဆင်ဆင် တစ်ခါမှ မတွေ့ရဘူး။ ယုတ်စွ အဆုံးဗျာ အဲ့ဒီ မိန်းမကို စကတ်လေး၊ ဒရတ်စ် လေးနဲ့တောင် မမြင်ဖူးဘူး။
ပိန်လှီ ခြောက်ကပ်နေတဲ့ သူတို့ ကလေးနှစ်ယောက်ကတော့ ၂၁ ရာစုရဲ့ ဖွံဖြိုးပြီးနိုင်ငံ တစ်ခုက ကလေးတွေပါဆိုတာ ကျိန်တွယ်ပြီး ပြောရတော့ မလို …။ နေနိုင်လိုက်ကြတာဗျာ playground ဆိုတာလည်း သူတို့နဲ့ မဆိုင်သလို။
သေချာတာကတော့ သူတို့ဟာ လူတွေနဲ့ မတူပေမဲ့ စက်ရုပ်တွေတော့လည်း မဟုတ်ကြဘူးဗျ။
ခင်ဗျားတို့ အကျယ်ချုပ် အကျဉ်းကျခံနေရတယ် ဆိုတာ ကြားဖူးကြလား။ အကျယ်တွေရော အကျဉ်းတွေရော မျက်စိတော့ ရှုပ်ကုန်ကြမှာပဲ။ ကျနော်မြင်တာတော့ အဲဒ့ီ အတိုင်း.. အဲဒီ အတိုင်းပဲဗျာ။
ကဲ ဗျာ ဒီလောက်ပါပဲ...။
*****
တော်ရာမှာ မပျော်တဲ့ အကြောင်းလေးတွေ ပိုပိုမိုမို ဖွဲ့နွဲ့သည်ပေါ့… သယ်ရင်းတို့ ..များကို သနားပြီး ငိုမနေကြနဲ့ဦး။
စိတ်ဆရာဝန်များ ဖတ်မိရင် “မသီတာ ကျနေပြီ .. ကောက်တင်ဦး” လို့ ပြောမှာလည်း ကြောက်လို့ (ဒီက အယူးပါး)
Subscribe to:
Post Comments (Atom)
11 comments:
မသီတာရေ...
လေထဲမှာပဲရှိနေသေးတယ်..
လှမ်းဖမ်းလိုက်ပါ...
မှီသေးတယ်..
စိတ်မရှိပါနဲ့ မိတ်ဆွေ.....ကျနော်လည်း မမြင်ဖူးဘူး။း-)
kom: ဂုလို ပြောလိုက်ရလို့ ၀မ်းသာလိုက်တာ) တို့လဲပြောချင်လိုက်တာနော်။ မမ ကမပြင်လို့ပါ။ ပြင်ရင် သိတ်လှ ကိုဧရ
နဂိုလှမို့ မပြင်ရတာနေမှာပါနော်။
မသီတာရေ...
အမှန်ပြောရရင်တော့ မသနားပေါင်...
အလုပ်မလုပ်ဖဲ အိမ်မှာနေ၊ သားနှစ်ယောက်ကို အနီးကပ် စောင့်ရှောက်၊ ကိုကို့ ကို ထမင်းပူ ဟင်းပူချက်ကျွေး၊ နားနားနေနေ ဘလော့ဂ်...။ ဒီကြားထဲ ဥပုသ်သီလများတောင် ဆောက်တည်လိုက်နိုင်သေး... ဟွန်း.. ဒါများ...။
ဒါကိုမှ မပျော်ဖူးဆိုရင်တော့ ဒုတ် ဒုတ်နော်...
အိမ်နီးချင်းကို လေ့လာတာလား၊ စပ်စုတာလားပဲ၊ လေ့လာပြီး စပ်စုသွားတယ် ထင်ပါတယ်ဗျာ။
အားပေးလျက်ပါ
http://winzaw-mdy.blogspot.com
တစ်ခါထဲတင်လည်း ရဘာဒယ်ကွယ်.....
များတို့ကိုဆန့်ငင် ဆန့်ငင်ဖြစ်အောင်လုပ်ပါနဲ့။
ရေးပြီးသားရှိတယ်လည်းပြောသေး....ပြလည်းမပြ....
မသီတာ..ဖတ်ပြီး ပြုံးမိတာ ဘာကြောင့်လဲတော့ မသိဘူး :)
အဟား.. သဘောကျတယ်ကွာ.. ပန်းချီကားထဲက လူကို ဘယ်လိုများ ဖမ်းစားလိုက်တာလဲလို. အဲဒီ မမ ကို မေးလိုက်ချင်သားနော်..။ အဲဒီလို လှနေတဲ့ မမဆိုတော့ မပြုမပြင်နဂိုယဉ်ပေါ့..။ သားကြီး သားငယ်တွေကိုလည်း ခုခေတ်မှာ တိုးတက်တဲ.နိုင်ငံတွေမှာ အဖြစ်များနေတဲ့ အ၀လွန် ကလေးငယ်မဖြစ်အောင် ကျန်းမာရေးနဲ့ ညီညွတ်အောင် ကရုတစိုက် ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးနိုင်တဲ့ မေမေတစ်ယောက်..။ သူများတွေ အပြင်ပန်းကကြည့်ရင်သာ ပျင်းစရာကောင်းနေပေမယ့် ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်စုံနေတဲ့ သီရိဂေဟာလေးဆိုတော့ တို.များအိမ်တွေလို အော်သံဟစ်သံ ရစ်သံတွေ ဘယ်ကြားနိုင်ပါ့မလဲ.. ။
မသီတာ.. စိတ်ဓာတ်ကျတယ်လို့ မထင်ပဲ..ကြွားနေတာလို့ပဲ ထင်မြင်မိပါကြောင်း..ဟဲဟဲ
ပြင်ဆင်လိုက်ရင် လူတိုင်းမှာ အလှရှိပါတယ်နော်။ ပျော်ရာနှင့် တော်ရာ တထပ်တည်း ကျပါစေ မမရေ :)
26 Nov 08, 23:20
S-C: ပေါက်ရေ ...လာဦးမယ်..လေထဲကနေ... စောင့်ဖမ်းနော်။
26 Nov 08, 23:22
S-C: မမKOM ဂယ်ဂယ်ပြောတာလား။ ထခုန်လိုက်မှာနော်။
ကိုပေါ ကယ်ပေလို့သာပေါ့.. နို့မို့ရှိ သူက တစ်မျိုးကြီးပဲလို့ ဆက် ထင်နေဦးမယ်။
ကိုဝင်းဇော်
sin dan lar
လင်းလက်ကြယ်စင်
အားပေးကြလို့ ကျေးဇူးပါ။
မမွန်၊ tg တိတ်တိတ်နေ။
သက်ဝေ ကလေးကို ခြိမ်းခြောက်နေတယ် ဒုတ် ဒုတ်တဲ့။
A Linn Nyi ကူပါဦး ပြုံးပြုံးကြီး ကြည့်မနေပါနဲ့
Post a Comment