Tuesday, December 23, 2008

ရွှေခဲကြက်တူရွေး

ကြက်တူရွေး ကြက်တူရွေး
ရွှေခဲ ကြက်တူရွေး။

ညီပုလေးကို စာအံသင်၊
ရွှေခဲ စာအံသင်။

ညီလေးခင်က စာပြန်တုန်း၊
ရွှေခဲ စာပြန်တုန်း။

ဝလုံးရေးဖို့ ညီလေးထိုင်၊
ရွှေခဲ မရေးနိုင်။

ငေးမှိုင်ရှာပေါ့ ကြက်တူရွေး၊
ရွှေခဲ ကြက်တူရွေး။ ။


ဘ၀မှာ
မတူလို့ မတုနိုင်တဲ့ အခါတွေမှာ
သတိရမိတဲ့
ကဗျာလေးပါ…

ဆရာကြီး မင်းသုဝဏ် ရေးသားခဲ့ပြီး ဆရာကြီးဦးဘဉာဏ်ရဲ့ ပန်းချီလက်ရာ
အင်္ဂလိပ်သို့ ဘာသာပြန်သူ ပါမောက္ခ လုစ်
(မောင်ခွေးဖို့ ကဗျာများ စာအုပ်မှ ထုတ်နှုတ် တင်ပြပါသည်။)

11 comments:

Craton said...

၉ တန်းလောက်ကထင်တယ် မြန့်မာအသံက "ကဗျာပန်းဥယျာဉ်" အစီအစဉ်မှာ အန်တီနန်း(ခင်နန်းယုထွေး)က ကလေးတွေကို စန္ဒယားဦးတင်ချိုဦးနဲ့အတူ ဒီကဗျာလေး သီဆိုပြပြီး ရွတ်ခိုင်းနေတာတွေ့လိုက်မှ စသိတာပါ။ စန္ဒယားနဲ့မို့လားမသိဘူး။ နားဝင်ချိုပြီးတစ်ခါတည်းကို အလွတ်ရသွားတယ်။ ဆိုလို့လည်းကောင်းသလို အဓိပ္ပါယ်ကလည်း အရမ်းကောင်းတာကိုး။ ဂရုတစိုက်ပြန်တင်ပေးမှပဲ ပြန်အမှတ်ရတော့တယ်ဗျို့။ ကျေးဇူးပါ။ {ဒါနဲ့ ကြုံတုန်းကြွားစရာမရှိလို့ ကြွားလိုက်ဦးမယ်။ အဲ့ဒီကဗျာပန်းဥယျာဉ်ဆိုတာ အနော်တို့ ၃ တန်းတုန်းက စပြီးလွှင့်တာပေါ့။ အနော်တို့ကို ဦးဆုံးခေါ်ရိုက်တာ။ ၄ ပုဒ်လောက်ရိုက်ပြီး တော်တော်ကြာတဲ့အထိလွှင့်ဖြစ်လိုက်သေးတယ်း) }

PAUK said...

ဒီကဗျာလေး
သူငယ်တန်းတုန်းက သင်ဖူးတယ် ထင်တယ် ။
နောက် ကဗျာလေးက
မောင်ရေခဲ မောင်ရေခဲ..
ဘယ်သွားမလို့လဲ မောင်ရေခဲ...
ဘုရားပွဲကို လှည်းနဲ့ဆို...
(အဟီးး ကဗျာက မှန်ရဲ့လားတောင် မသိ)
အမှန်ပြင်ပေးကြပါနော်။။

ဗေဒါရီ said...

အင်း ... လူနဲ့ အဟိတ် တိရစ္ဆာန် ကွာခြားချက်ပေါ့နော်။
ဆရာကြီး မင်းသုဝဏ်ရဲ့ မောင်ခွေးဖို့ ကဗျာလေးတွေက သိပ်ချစ်ဖို့ ကောင်းတာပဲ။ ဒီကဗျာလေးဖတ်ပြီး ငယ်ငယ်တုန်းက ကဗျာလေးတွေ အော်ဆိုခဲ့ကြတဲ့ အချိန်လေးတွေကို သတိရမိတယ်။

ရွှန်းမီ said...

:-) ပြန်တင်ပေးထားတာ ကျေးဇူး

sonata-cantata said...

Craton အစွမ်းတွေ ပြခဲ့တယ်ပေါ့

ပေါက်ရေ ဟုတ်ပါတယ် တို့တွေ သူငယ်တန်းတုန်းက သင်ခဲ့ရတာပါ။ အခု သင်ရိုးညွှန်းတမ်းမှာ မပါတော့ဘူး။

ဗေဒါရီရေ လူနဲ့ အဟိတ်တိရစ္ဆာန် တင်ဟုတ်ဖူး...လူ လူ ချင်းလည်း ဗေဒါရီလို စာတွေမရေးနိုင်လို့ မသီတာ ငေးမှိုင်ရတယ်...ရွှေခဲလိုတော့ မျက်စောင်းကြီး မခဲပါဘူး..(မျက်စောင်းက ကိုဧရာကိုပဲ ခဲတယ်)

ရွှန်းမီ တင်ထားတဲ့ ကဗျာလေးအတွက်လည်း ကျေးဇူး..ငယ်ငယ်တုန်းက တို့ကို အဲ့ဒီကဗျာလေးဆိုခိုင်းပြီး အစ်ကိုကြီးက ဂစ်တာတီးပေးတယ်။ ပေါ့ပေါ့ပါးပါး အပြုအမူလေး ဖြစ်ပေးမဲ့ ကလေးမှာ ဂရုစိုက်ခြင်း၊ ချစ်ခြင်းခံရတယ်ဆိုတဲ့ ကြည်နူးမှု၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ရရှိစေတယ်။

23 Dec 08, 19:18
tg: ရွှေခဲ ကြက်တူရွေးကို အလွတ်ပြန်လာကျက်သွားပါသည်..
23 Dec 08, 19:27
S-C: tg တို့ Kမမ တို့လို မရေးနိုင်လို့ ငေးမှိုင်နေတာ..
23 Dec 08, 19:41
Welcome: အိမ်လည် ရောက်ပါတယ်
23 Dec 08, 19:53
S-C: ကိုဝင်းဇော်လို အိမ်မပြင်နိုင်လို့ ငေးမှိုင်နေတာ..
23 Dec 08, 23:37
kom: မနေ့ကလဲ ရွန်းမီဆီမှာ စာအံခဲ့ရသေးတယ်။ါ်
23 Dec 08, 23:38
kom: ဟုတ်တယ် သူ့အိမ်က ရိုးရိုးကြီး ဟိ
23 Dec 08, 23:39
kom: http://4friends2flip.blogspot.com/
23 Dec 08, 23:40
kom: ရိုးပေမဲ့တို့သိတ်ကြိုက်တယ။် ရှင်းတယ။်
24 Dec 08, 01:20
ShwunMi_ရွှန်းမီ:

သက်ဝေ said...

ဟိုတပတ်ကပဲ Bird Park ရောက်လို့  အဲဒီ ကဗျာလေးကို သတိရနေသေးတယ်...

စာရေးတတ်ခါစ ကလေးငယ်လေးတွေကို စာရေးချင်လာအောင် အားပေးဆွဲဆောင်တဲ့ ကဗျာလေးများလားလို့  တွေးမိတယ်...

sonata-cantata said...

ဟုတ်ပါတယ် သက်ဝေရေ ပန်းချီပုံလေးကလည်း အဲ့ဒီသဘော ပေါ်လွင်နေသလိုပဲနော်..ညီပုလေးက ရွှေခဲကို လှမ်းကြည့်ပြီး ၀လုံးတွေ အပြတ်ရေးတော့မဲ့ပုံ
ကျေးဇူး သက်ဝေ

SDL said...

လွမ်းလိုက်တာ... ငယ်ငယ်တုန်းကကို

Yu Wa Yi said...

ကဗျာလေးက တိုတိုလေးနဲ့ အတွေးလေးပေးတယ်နော်မသီတာ။ ရွှေခဲမှာလည်း ညီလေးထက်သာတာတစ်ခုခုလေးတော့ရှိနေမလားပဲ။
ရွှေခဲထက်ပိုသာ ရတာကိုညီလေးကရော ပျော်ရွှင်ဂုဏ်ယူနေရောလား။ ကိုယ်စွမ်းနိုင်တာတစ်ခုကို ဂုဏ်ယူစိတ်ရှိတာတော့ကောင်းတဲ့
စိတ်ပါ။ အင်း..ဒါပေမဲ့ ရွှေခဲကို လှောင်လိုတဲ့စိတ်မျိုးနဲ့ ကလေးတွေဖတ်ကြရင်တော့ ကြီးတဲ့အထိအကျင့်ပါသွားလေမလား..ပေါ့။

မေအောင် said...

ဒီမှာလဲ ငေးမှိုင်နေတာ ကြာလှပေါ့ ...ဟီးးး

မီယာ said...

ငယ်ငယ်က ရွတ်ရတဲ့ ကဗျာတွေကို လွမ်းတယ်။ တူမလေးကို ရွတ်စေချင်လိုက်တာ။