ခုတလော
ကိုအောင်သာငယ်နဲ့ | မနော်ဟရီက တက်ဂ်တဲ့ အတွက် |
---|---|
ဧရာ | သီတာ တို့ |
တွေးနေမိတာက | |
အပြောင်းအလဲတွေအကြောင်း...။ | မိဘမေတ္တာအကြောင်း(“ကမ္ဘာမီးလောင် သားတောင်ချနင်း” ဆိုတဲ့ စကားပုံနဲ့ ဆက်စပ်ပြီး) |
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက | |
“ငါ” ဘာလဲလို့ ကိုယ်တိုင် တိတိကျကျ မသိသေးပါလား… ။ | မပြည့်မစုံနဲ့ပဲ သေဆုံးသွားတော့မလား… |
ကျန်းမာရေး | |
ကောင်းပါတယ်။ နှာစေးတာက လွဲလို့… ။ | ခြေတွေ၊ လက်တွေ မသယ်ချင်ပါ။ (အချိုမှုန့်ပါတာ စားမိတယ်ထင်တာပဲ… ဆိုင်လားတော့ မသေချာ။) |
ဖတ်ဖြစ်တဲ့စာအုပ်တွေက | |
လက်လှမ်းမီတဲ့ စာအုပ်။ အပျင်းကြီးတော့ အိပ်ယာနံဘေး စာအုပ်စင်က လက်လှမ်းမီတဲ့ စာအုပ်တွေပဲ ဖတ်ဖြစ်နေပါတယ်။ | |
ရောက်နေဖြစ်တာက | |
အိမ်နဲ့ အလုပ်၊ အလုပ်နဲ့ အိမ် | လျှောက်နေကျ လမ်းတလျှောက် |
ရေးဖြစ်နေတာက | |
အလုပ်ထဲက email နဲ့ reports တွေ …။ အဲ… “ခုတလော” ပို့စ် | ကိုယ့်အကြောင်းတွေချည်း (ရှက်သလိုလည်း ဖြစ်မိတယ်။) |
နားထောင်ဖြစ်နေတာက | |
မြန်မာ သတင်းပါပဲ… BBC, VOA, RFA အစုံပေါ့ ။ သားတော်မောင် ထထဖွင့်တဲ့ သီချင်းတွေလည်း နားထောင်ဖြစ်ပါတယ်။ | BBC မြန်မာပိုင်း သတင်းအစီအစဉ် |
ရွတ်နေမိတဲ့ကဗျာက | |
ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း…။ | |
ဖြစ်ချင်နေတာက | |
ကိုယ်လုပ်ချင်တာတွေ လုပ်ပြီး ချမ်းသာတဲ့သူ၊ ကိုယ်စားချင်တာတွေ စားပြီး ကျန်းမာတဲ့သူ၊ ကိုယ်ရေးချင်တာတွေ ရေးပြီး စာရေးဆရာကြီးတွေလို နာမည်ကြီးတဲ့သူ၊ အဲ…. အများကြီးပါပဲ…။ | အောင်မြင် ကျော်ကြား လူကြိုက်များသော ဘလော့ဂါတယောက် (လုပ်ချလိုက်ပြန်ပြီ…အတည်မယူပါနဲ့နော်) |
စားဖြစ်နေတတ်တာက | |
မသီတာချက်ကျွေးတဲ့ ဟင်းနဲ့ ထမင်း | အချဉ်သီးတွေ… (ပိန်ချင်လွန်းလို့) |
သနားနေမိတာက | |
ကိုယ်အပါဝင် မြန်မာလူမျိုးတွေ… ။ | |
လွမ်းနေမိတာက | |
မန္တလေးအိမ်က စာအုပ်သေတ္တာတွေ… ။ | အဖြူ အစိမ်း ၀တ်ထားတဲ့ လွယ်အိတ်လေးတွေလွယ်ထားတဲ့ တပြေးညီ လှိုင်းလုံးကြီးတွေ |
မေ့လျော့ပစ်နေမိတာက | |
တရွေ့ရွေ့ကြီးလာတဲ့ ကိုယ့်အသက်… | အမှား ပါးပါးလေးတွေ |
ခါးသက်နေမိတာက | |
ထွေးအန်ပစ်ချင်မိတဲ့ အမှားတွေ…။ | သိသင့်တာကို သိ၊ မသိသင့်တာကို မသိနဲ့တဲ့ |
တမ်းတနေမိတာက | |
ငယ်စဉ်ကလို လျှစ်စစ်မီး မှန်မှန်လာတဲ့ မန္တလေး၊ မင်းတုန်းမင်းခေတ်၊ ကိုလိုနီခေတ်ကလိုပဲဖြစ်ဖြစ် လွတ်လပ်တဲ့ သတင်းစာ၊ ကျွန်တော်တို့ ဆရာတွေခေတ်ကလို တက္ကသိုလ်၊ မြို့မငြိမ်းတို့ခေတ်ကလို သီချင်းတွေ၊ … | |
ကြိတ်ပြီးချီးကျူးနေမိတာက | |
ငါ… တယ်တော်ပါလား လို့။ | ကိုယ့်ထက်ငယ်တဲ့ ဘလော့ဂါ အချို့ |
ကြိတ်ပြီးအထင်သေးနေမိတာက | |
ဘာမှ မဟုတ်ပဲ “ငါတယ်တော်ပါလား လို့” တွေးတတ်နေတဲ့ ကိုယ့်ကို… ။ | တိုးတက်မလာတဲ့ ကိုယ့်ကိုယ်ကိုယ် |
ဆန္ဒမရှိတဲ့နေရာ | |
အကြမ်းဖက်သမားတွေကြီးစိုးတဲ့ နေရာ…။ | မဏ္ဍပ်တိုင် |
ဆန္ဒရှိနေတဲ့ကိစ္စ | |
ကိုယ်စွမ်းနိုင်သလောက်နဲ့ အများအကျိုးရှိမယ့်ကိစ္စ | ကလေးများအတွက် မြန်မာစာ ၀က်ဆိုဒ် |
မုန်းတီးနေမိတာက | |
နာရီ… အထူးသဖြင့် အိပ်ယာထရင်ပေါ့။ | မလိုတမျိုး လိုတမျိုး လေသံ အနိမ့်အမြင့်တွေ |
ချစ်နေတာက | |
အချစ်… ။ သီတာရေစင်ပမာ တသွင်သွင်စီးနေတဲ့… အချစ်။ | ချစ်ခြင်းတရားတို့ မြစ်ဖျားခံရာ ဧရာဝတီ (လူကြားကောင်းအောင် ရောချလိုက်ပြန်ပြီ) |
စိတ်ပျက်နေမိတာက | |
ကိုယ့်ဘ၀ကောင်းစားရေးအတွက် ဘာမဆိုအကုန် စတေးမယ့် လူတွေ…။ | နည်းနည်းသာ စားသော်လည်း များများပူသောဗိုက် (အားရပါးရ မစားရ၍) |
စွဲလန်းနေမိတာက | |
ကိုယ်ယုံကြည်ရာ… | အိပ်မက်တဲ့ အရာတွေ အားလုံး |
လိုအပ်နေတာက | |
အမှန်တရား စိုးမိုးရေး | သဘောထားအမှန် |
တောင်းနေမိတဲ့ဆု | |
ဆုတောင်း ခဲပါတယ်… ။ လုပ်ယူမှသာ ရတတ်လို့…။ | ထောက်ရာတည်ရာ ရ,ရပါလို၏။ |
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက | |
ပါးစပ်ထဲရောက်လာတဲ့ သီချင်းမှန်သမျှ။ တခါတလေ မေတ္တာသုတ်ပရိတ်လည်း ပါရဲ့။ | သားကြီး စာကြည့်စမ်း၊ ဘာစာလုပ်ပြီးပြီလဲ))) |
ဝန်ခံချင်တာက | |
ကိုယ့်အမှားကို လွယ်လွယ်နဲ့ ၀န်မခံချင်တာ… ။((ကိုအောင်သာငယ်, မနော်ဟရီ နဲ့ မသီတာတို့ရဲ့ ခုတလောကို မှီငြမ်းပြုပြီး ရေးပါတယ်။ )) | ပို့စ်တွေ ရေးသာရေးနေတာ ဘာကို ကြောက်မှန်းမသိ လန့်တာကတော့ ခပ်လန့်လန့်ပဲ…သိပ်တော့လည်း မထူးဆန်းပါဘူးလေ…ရေတွေကို ငုံ့ကြည့်တော့လည်း …ရေပေါ်မှာ နှာခေါင်းလေးဖေါ်မထားတတ်လို့…ကြောက်၊ ကောင်းကင်ကို မော့ကြည့်တော့လည်း တခွင်တပြင်ထဲ အမှုံလေးတစလို လွှင့်သွားမှာကို…ကြောက်၊ ကျယ်ပြောနက်ရှိုင်းရှုပ်ထွေးတဲ့ အရာတွေကို ကြောက်တယ်။ |
16 comments:
အချစ်… ။ သီတာရေစင်ပမာ တသွင်သွင်စီးနေတဲ့… အချစ်။ ချစ်ခြင်းတရားတို့ မြစ်ဖျားခံရာ ဧရာဝတီ (လူကြားကောင်းအောင် ရောချလိုက်ပြန်ပြီ)
hee heee
ama, mostly i like, but ..some points
i don't like.
whatever nice to read
:)
MN
မမ ပိန်ချင်နေတယ် ဆိုလို့။
သိပ်လဲ မ၀ဘဲနဲ့ လို့ တွေးနေမိတယ်။ ကြည့်ကောင်းရုံလေးပါ။
အဲလောက်တော့ ဖြစ်နေမှ လူရှိန်တာ။
:)
အော် လိုက်ဖက်ညီပေ့
သီတာရေစင်ပမာအချစ် တဲ့ အချစ်မြစ်ဖျားခံရာ ဧရာဝတီ တဲ့...အမလေးးး)
ခုလို ဘက်ညီညီ လှလှလေးရေးထားတာကို ကျေးဇူး တင်ပါတယ် မသီတာနဲ့ ကိုဧရာ
ဧရာ မှ သီတာ
သီတာ မှ ဧရာ .. အသံ ၅ ကြားတယ် :)
.. .. .. .. .. .. ..
မြန်မာစာ ဝဘ်ဆိုဒ် (Great Idea)
ရီတာရဲ့ ကွန်မင့်ကို ဖတ်ပြီး ကိုယ့်ကို လူတော်တော်ရှိန်နိုင်တယ်ဆိုတာ သဘောပေါက်သွားတယ်။း-)
အပြာနဲ့ပန်းရောင် လတ်တလော လေး တွဲထားတာ..ချစ်စရာ ကောင်းပါ့။
လတ်တလောတွေကတော့..တကယ့် လတ်တလောပါပဲလေ။း)
ဖတ်လို့ ကောင်းလိုက်တာ… နေနဲ့ လ ရွှေနဲ့ မြအတွဲလေးပါပဲ… ဒီစုံတွဲလေးရဲ့ ဆန္ဒရှိနေတဲ့ကိစ္စတွေ အမြန်အကောင်အထည်ဖော်ဖြစ်ပါစေလို့ ... မ ရေ... မ က ၀ တယ်ဆိုတော့ တန်ခူးဘာပြောရတော့မလဲ... တချက်လောက်တော့ စောင်းငဲ့ကြည့်ပါဦး... ဒီကညီမ၀၀လေးကိုလေ...
ခုတလော ဖတ်မိတဲ့ လတ်တလောတွေထဲမှာ အကောင်းဆုံးပါ့...
ရေးပေးတာ ကျေးဇူးပါ...
သားငယ်က အော်စရာမလိုဘူးထင်တယ်နော်။ ပိုလိမ္မာတာလားဟင်။
ဖတ်ရတာကြည်နူးမိတယ်မသီတာ
ဖတ်လို့ကောင်းတယ်... လိုက်ဖက်ညီတဲ့မောင်နှံတွေဘဲနော်...
မိဘမေတ္တာမှာ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတာတော့ စကားပုံပဲ ဖြစ်မယ်ထင်တယ်။ သားသမီးကို ကာကွယ်ပြီး ကိုယ်ပဲ အသေခံသွားနိုင်တယ် တကယ်အပြင်မှာတော့ မိဘက ဒီလို ဘယ်တော့မှ လုပ်မယ်မထင်ပါဘူး။
သြော် သီတာဧရာ ဆိုတာ ဒီလို ဆိုလိုတာကိုး။ အဓိပ္ပာယ်လေးက ကောင်းလိုက်တာ။
အပြာနဲ့ ပန်းရောင် Format လေးက ချစ်စရာ...
ရေးထားတာကတော့ ပြောစရာမရှိ... ပြည့်စုံ လှပ...
သီတာရေစင်ပမာ တသွင်သွင်စီးနေတဲ့… အချစ်...ချစ်ခြင်းတရားတို့ မြစ်ဖျားခံရာ ဧရာဝတီ...
ပြီးတော့မှ လူကြားကောင်းအောင် ရောချလိုက်ပြန်ပြီ ဆိုတာလေးကို အချစ်ဆုံးပဲ...
အမတို့ လိုက်ဖက်ညီတာ တကယ် အားကျစရာပါ
မသီတာရေ... ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုလို့ 
ရှေးလူကြီးစကားတိုင်းမှန်တယ်လို့ ယူဆလို့ မရပါဘူး..
အူမတောင့်မှ သီလစောင့် တို့  မုသားမပါ လင်္ကာ မချော တို့  ဆိုတာ သူတော်ကောင်းရှေးလူကြီးရဲ့ အဆို မဟုတ်ပါဘူး.. ဒီအဆိုတွေကို စိတ်ဓါတ်ချင်းတူသူတွေက အမှန်လို့ ယူဆပြီး အစဉ်အဆက် လက်ခံ သုံးစွဲ လာလို့ ပါ.. ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတာကလဲ
အတ္တ ကြီးသူမိဘမေတ္တာခေါင်းပါးတဲ့
ရှေးလူကြီးရဲ့ စကားပါ..
Post a Comment