Wednesday, February 3, 2010

ကိုယ့်အကြိုက် (ကန့်သတ်)

ချိတ်ဆင်လေးတွေကို ချစ်ပါတယ်။ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ ဒီလုံချည်လေးတွေရဲ့ နောက်ကွယ်က "ရိုးတယ်၊ ယဉ်တယ်၊ ကျက်သရေရှိတယ်၊ မင်္ဂလာရှိတယ်" ဆိုတာတွေနဲ့ အတူ တန်ဖိုးလည်းထားပါတယ်။

ပိုးချိတ်တွေကတော့ လက်တွေ့အားဖြင့် အသုံးမတည့်လှပေမဲ့ ရံဖန်ရံခါ ပွဲနေပွဲထိုင်ဆိုတဲ့နေရာကို သူက ယူထားပါတယ်။ ပွဲတက် ဗိုက်ပူကြီးတွေရဲ့ ခါးမှာ ပတ်ထားတာကို မြင်ရင် လူကို မရိုသေတောင် မြန်မာ့ရိုးရာဝတ်စုံကိုတော့ လေးစားမိပါတယ်။

ရှေးဘုရင်ခေတ်ကတော့ ပိုးချိတ်ဆိုတာ တော်ဝင်သူတွေမှ ၀တ်ခွင့်ရှိတယ်လို့ ကြားဖူးပါတယ်။ နောက်ပိုင်းခေတ် ရောက်လာပြန်တော့လည်း ယက်ကန်းစင်က ဒီအဆင်ကို ဒီအမျိုးသမီးကြီးအတွက် ထုတ်ပေးပြီးရင် နောက်ထပ်မထုတ်ရတော့ဘူး လို့ မူပိုင်ခွင့်ကို လက်ဝါးကြီးအုပ် limited edition လုပ်တာမျိုး သိုးသိုးသန့်သန့် ကြားဖူးပြန်တယ်။ အထည်ယက်သူရဲ့ အနုပညာစွမ်းအားကို ကန့်သတ်ချုပ်ချယ်ခြင်းကတော့ တော်ဝင်အောင် ယဉ်ချင်လို့ ချိတ်ဝတ်ပါတယ်ဆိုသူတွေရဲ့ အောက်တန်းကျတဲ့ မယဉ်ကျေးမှုပါပဲ။
*****

ပေါက်က ကိုယ့်အကြိုက် ဆိုပြီး သူ့ရဲ့ ချစ်စရာလုံချည်လေးတွေ အကြောင်း ရေးပါတယ်။ မသီတာကို တဂ်တော့ ဗိုက်ပူနေပြီ ဖြစ်တဲ့ မသီတာလည်း ကိုယ့်အကြိုက် လုံချည်တွေထဲက ကန့်သတ်ပြီး ပိုးချိတ်တွေကို ပွဲထုတ်လိုက်ပါတယ်။

ငယ်ငယ် ကတည်းက မိသားစုက ခေါင်းထဲရိုက်သွင်းလိုက်တာ၊ အ၀ါနဲ့ ပန်းရောင်က မြန်မာတွေ အတွက် မင်္ဂလာရောင် ဖြစ်တယ်။ ဒါကြောင့် မင်္ဂလာ အခမ်းအနားတွေဆို အဲဒီအရောင်တွေ သုံးသင့်တယ် တဲ့…

ဘွဲ့ယူတုန်းက ၀တ်တဲ့ လုံချည်... အ၀ါရောင်လေးနော် မင်္ဂလာ ရှိအောင်
အဲ…မင်္ဂလာဆောင်တော့လည်း ဒါပါပဲ
ဟုတ်တယ်လေ ဘွဲ့ယူရင်တထည်၊ မင်္ဂလာဆောင်ရင်တထည် ၀တ်ရမယ်လို့ ဘယ်သူပြောလဲ
ဒီလိုသာ သုံးဖြုန်းနေမယ် ဆိုရင် ကိုကိုဧရာ လျှာထွက်လို့ သေရချည်ရဲ့
အဲဒီ နှစ်ခါပဲ ၀တ်ရသေးတယ်။

နောက် ပန်းရောင်လေး တထည်

ဓာတ်ပုံရိုက်ဖို့ နှစ်ခါပဲ ထုတ်ဝတ်ရသေးတယ်… အဟုတ်တကယ်။
မပုတ်မသိုးအောင် သိမ်းထားတယ်။
ရေချမ်း ဆောင်ရင် တထည်၊ ရေစင် ဆောင်ရင် တထည် ၀တ်မယ်။
စုစုပေါင်း နှစ်ထည် That’s all.



ဆက်တဂ်ချင်သူများကတော့
သင်းကြည်၊ ရွှန်းမီ၊ တန်ခူး၊ ဇွန်မိုးစက်နဲ့ မိုးမင်းကြီး တို့ ဖြစ်ကြပါတယ်။

17 comments:

Nge Naing said...

မသီတာရေ ကျွန်မလည်း ချိတ်ဆိုရင် သိပ်ကြိုက်တာ၊ မြန်မာပြည်မှာတုန်းက တခြားချိတ်တွေတော့ ၀တ်ဖူးတယ်။ အပြင်ရောက်ပြီးမှလည်း တခြားချိတ်တွေကို အမြဲဝယ်ဝတ်ပေမဲ့ ပိုးချိတ်တခါမှ မ၀တ်ဖူးဘူး။ ပြီးခဲ့တဲ့ နှစ်ကတော့ အခုဒီမှာ မြန်မာပြည်က ပစ္စည်း ရောင်းနေတဲ့ အစ်မတယောက် ပိုးချိတ်တွေ တထည်ကို ၂၅၀ နဲ့ မနှစ်က ရောင်းခဲ့တာ သူများတွေက တယောက်ကို တထည်စီပဲ ၀ယ်ချုပ်ဝတ်ပေမဲ့ ကျွန်မက တခါမှ မ၀တ်ဖူးဘူးဆိုပြီး နှစ်ထည်တောင် ၀ယ်ချုပ်ဝတ်ခဲ့တယ်။ သူနဲ့ လိုက်တဲ့ အပေါ်အင်္ကျီအရောင် လိုက်ရှာရတာနဲ့ အတော်ကို အလုပ်များသွားတယ်။ မြန်မာ အင်္ကျီချုပ်ခကလည်း သိပ်ကို ဈေးကြီးတယ်။ ပိုးချိတ်နှစ်ထည် ၀ယ်ဝတ်ရတာ ရွှေဝယ်တာထက်တောင် ပိုက်ဆံက ပိုကုန်လို့ ယောက်ျားကိုတောင် ဈေးမပြောပြခဲ့ဘူး။ မလှတဲ့လူတောင် ပိုးချိတ်လေးနဲ့ ကိုယ့်ကိုယ်ကိုယ်ကြည့်တာ တော်တော် လှသွားသလိုပဲ။ ဒါပေမဲ့ ရေနဲ့ လျှော်လို့မရဘူး လျှော်ချင်ရင် ဆိုင်မှာ အခြောက် လျှော်ရတယ်ဆို သူငယ်ချင်း ပြောပြမှ သိရလို့ ကျွန်မလည်း အတော်ကို စိတ်ပျက်သွားတယ်။ ၀ယ်ထားရတာ ပိုးချိတ် နှစ်ထည်ဝယ်ပြီး ၀တ်စုံဖြစ်အောင် ချုပ်ဖို့အတွက် ချုပ်ခနဲ့ ဆို ရွှေတကျပ်သားဖိုးတောင် ကျော်သွားသေးတယ် ရေနဲ့ လျှော်ရင် ပျက်စီးတယ် အခြောက်ကလည်း အမြဲတမ်း သွားမလျှော်နိုင်ဘူးဆိုတော့ နောက်ထပ် ပိုးချိတ်ဝယ်ဝတ်ဖို့ မရှိတော့ဘူး။

tg.nwai said...

မသီတာအကြိုက် လုံချည်တွေကို လာကြည့်သွားပါတယ်.. အ၀ါလေးနဲ့ လှနေတဲ့ မသီတာပုံကတော့ ဘွဲ့ယူတုန်းက ရိုက်ထားတာ ရှိနေတုန်းပဲ..ဟဲဟဲ..နှစ်ယောက်တွဲ မင်္ဂလာယူနေတုန်းကနဲ့ ဘာကွာသလဲတော့ မမြင်လိုက်ရဘူးပေါ့... ပန်းရောင်လေးဝတ်ထားတာက ကိုဧရာဘွဲ့ယူတုန်းကလား...အဲလိုပြောတော့မှ ကိုယ်ပိုင် ပိုးချိတ်တစ်ထည်မှ မရှိပါလားလို့ အားတောင်ငယ်သွားတယ်...အရင် ၀တ်စရာရှိရင်ဆို အမေ့ပစ္စည်း ကိုယ့်ပစ္စည်း လုပ်နေတာကိုး...:(

ဒါနဲ့ ခေါင်းစဉ်ကို နားမလည်ဘူး..ဘာဖြစ်လို့ (ကန့်သတ်) ဆိုတာပါနေတာပါလိမ့်... တို့လည်း ဘလော့ဂ်တွေနဲ့ ဝေးနေတော့ ခေတ်နောက်ကျနေပြီလားလို့ အူကြောင်ကြားဖြစ်နေပြီ.. ဟဲဟဲ..

ပန်းခရမ်းပြာ said...

အသက် ၁၃နှစ်ကတဲ ထမီဝတ်ရတာလေ။ စကဒ်မ၀တ်ရလို့ အမေက စည်းကမ်း ထုတ်ထားတာကိုး၊ အဲဒီကတဲက ထမီကို မုန်းနေတာ။ ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုရင် စကဒ်ချည်းပဲ ၀တ်ပစ်မယ်လို့ တေးထားလိုက်တာပေါ့။

ဟော .. အခုတော့ သဘာဝတရားကြီးက “အသင့်ဆုတောင်း ပြည့်စေ ….” ဆိုပြီး ဗိုက်ခေါက် တခု လက်ဆောင် ပေးလိုက်ပါရော့လား။

ထမီ မမြဲလို့ လူလည်ခေါင်မှာ ဖြန့်ဝတ်၇တာ ခဏခဏ ...။ ဒီတော့ ဘာသာရေး နဲ့ ပတ်သက်တဲ့ နေရာပဲဖြစ်ဖြစ် ... သွားလေရာ စကဒ် ၀တ်ချင်လည်းဝတ် ... မ၀တ်ချင်လည်း ၀တ်နဲ့ ... အပြင်ဝတ်ဘို့ ထမီ တထည်မှ မရှိရှာဘူး။ ထမီစကဒ် ချုပ်တဲ့ ဆိုင်လေးများ ပင်နီစူးလားမှာ ရှိလျှင် လမ်းညွှန်ကြပါ။

ရန်ကုန်မှာ ကျန်ခဲ့တဲ့ သုံးတောင့်ထွာဂွင်းနဲ့ တထည်တည်းသော ပိုးချိတ်ကတော့ ပိုးကိုက်သွားရှာပြီ။

မချို

ဇွန်မိုးစက် said...

မမသီတာ တဂ်ထားတယ်ဆိုလို့ ဘာများလဲလို့ လန့်သွားတာ။ ပထမဆုံးတဂ်ပိုစ့်ရေးရတော့မှာပေါ့နော်။း)
ပိုးကြီးချိတ်တော့ မရှိဘူး၊ ရှိတာပဲ ရေးလိုက်မယ်နော်။
အဝါရောင်ချိတ်လေးတော့ ဓာတ်ပုံတွေကြည့်ဖူးတော့ မြင်ဖူးတယ်။
တို့အစ်မကြီးရဲ့ ရေရှည်စီမံကိန်းတော့ ကြိုက်သွားပြီ။ 'ရေချမ်းဆောင်ရင်တစ်ထည် ရေစင်ဆောင်ရင်တစ်ထည်' တဲ့... အတုယူစရာ :D

amayarko said...

လှလိုက်တာ ဒီတခါအိမ်ပြန်မှ အမေ့ဆီကဆွဲလာအုံးမယ် :-)

@ မချို
ပင်နီစူလား ၃ထပ်မှာထင်တယ် ။မေမြန်မာအပ်ချုပ်ဆိုင်ရှိတယ် ။
ထမိန်စကပ် ရင်ဖုံး၊အင်:ကျီ အားလုံးအပ်လို.ရတယ် ။
သူငယ်ချင်းတစ်ယောက်ဘွဲ.ယူတော့ ချိတ်ကို ရင်ဖုံး နဲ့ထမိန်စကပ် ဝမ်းဆက်အပ်တာ
ချပ်ရပ်နေတာပဲလှတယ် ။
(ဒါပေမဲ. ရက်ချိန်းတော့ ဗမာပြည်စတိုင်ပဲ ဂတီးဂတီး သွားပြီးနားပူ (သို.တည်းမဟုတ်) သွားထိုင်စောင့်ပြီး ယူပါလေ :)

Kay said...

လုံခြည်တွေ လိုက်ကြည့်.. ( အဲ) လိုက်ဖတ်နေပါတယ်။း)

sonata-cantata said...

အတိအကျပါပဲ မငယ်နိုင်ရေ...သူငယ်ချင်းတွေ ကောင်းမှုနဲ့ ဒီနေ့တော့ လုံချည်တွေ နေထုတ်လှမ်းရ၊ အင်္ကျီတွေ ဘေးသီစာ ဖြည်ရနဲ့ အလုပ်ကို ရှုပ်သွားတာပဲး)

ဂျီတော်သိန်...ပညာရှိများတွေးကြည့် ပြေးကြည့်တာ ထက်မှန်သကိုး...
ကန့်သတ်နဲ့ ပတ်သက်ပြီး အကျယ်တ၀င့်ရှင်းပြရရင် ကိုယ့်အကြိုက်တွေ အကုန် မဟုတ်သေး...အချို့တ၀က် ကန့်သတ် ဟူလို
အချင်းချင်း ဒီတခါတော့ ခြေမမြင် ဖြစ်သွားတယ်။း)

မချိုရေ ပြောချင်ပါဘူး...ကိုဧရာကတောင် ပို့စ်မှာ
ရေချမ်း ဆောင်ရင် တထည်၊ ရေစင် ဆောင်ရင် တထည် ၀တ်မယ်။ ဆိုတာရဲ့ ဘေးမှာ ကွင်းစကွင်းပိတ်နဲ့ တော်သေးရင်လို့ ထည့်ခိုင်းတာ ဒီက ပေကပ်ပြီး တမင်ကိုမထည့်လိုက်တာ
း)

ဇွန်ရေ
ဟို အပြာရောင်ဝမ်းဆက်လေး ထည့်ဖြစ်အောင်ထည့်နော် မသီတာအကြိုက်

amayarko ရေ
မသီတာ... ပုတိုက်တိုက်... အလှအလွန်ကြိုက်
ငယ်ငယ်တုန်းက ဆိုတား)

ကေ့ အင်္ကျီ လုံချည်လေးတွေ အကြောင်း စာတွေထဲ ဖတ်ပြီးပဲ ကျိတ်ကြိုက်နေရတာ ဒီကး)

သင်းနွယ်ဇင် said...

ကိုယ့်အကြိုက် သူ့အကြိုက်တွေ လာဖတ်သွားပါတယ်။ အဲအဲ.. tagကြီးနဲ့ပါလား..ဟီးဟီး..

သက်ဝေ said...

ချိတ် ပန်းရောင်လေးကို ကြိုက်လိုက်တာ... သိပ်လှတာပဲ...း))

ဒီလိုသာ သုံးဖြုန်းနေမယ် ဆိုရင် ကိုကိုဧရာ
လျှာထွက်လို့ သေရချည်ရဲ့... ဆိုတာဖတ်ပြီး ရယ်သွားတယ်... (သိပ်တော့ အသံကျယ်ကျယ် မရယ်ရဲဘူး... ခုနက လာဆူသွားလို့....)

ရွှန်းမီ said...

လုံချည်က သိပ်မကြိုက်သိပ်မဝတ်တဲ့ တစ်ထည်ပဲရှိတာ မသီတာ.. ဘယ်လိုရေးရပါ့...
အဝတ်အစားဆို သူများဝတ်ရင်သာငေးတာ.. ကိုယ့်ဝတ်ခိုင်းရင် ကြိုက်တာမဟုတ်ဘူး =)

ချစ်ကြည်အေး said...

အဟီး...အတော်ပဲ ပိုးချိတ်ကလေးတွေ ရွာမှာ ကျန်ခဲ့တာနဲ့...ပန်းရောင်လေး မ သွားဒယ်...:))

မငုံ said...

ပန်းရောင်လေး လှတယ်။ မငုံ ချိတ်ထမီကို ဘွဲ့ယူတုန်းက တစ်ခါပဲ ၀တ်ဖူးသေးတယ်။ ဒါတောင် အပိုင်ဟုတ်ဘူး။ အမေဆင်တာ။

အပြုံးပန်း said...

မင်္ဂလာဆောင်ရင် ဖိတ်အုံးနော်၊ အ၀ါနဲ့အပန်း လာကိုင်ကြည့်ချင်လို့ပါ။

Moe Cho Thinn said...

ချိတ်ထမိန်လေးတွေ လှပါ့ မမသီတာရေ..
တကယ်က ၀တ်ထားတဲ့ပုံလေးပါ တွဲတင်သင့်တာ။ ဆရာနဲ့ပဲ မင်္ဂလာထပ်ဆောင်ပြပါ။ :))

PAUK said...

မသီတာ
ပိုးချိတ်တွေ..
မတော်တော့ရင်..
မတော်တဆ ဝလာရင်..
ဒီကို ပို့ပေးနော်..။။
(ရေးပေးတဲ့အတွက်ကျေးဇူး)

၁၃ရက်နေ့ အဆင်ပြေပါစေ...။။

PhyoPhyo said...

လုံချည်လဲ တထည်မှ မရှိဘူး .. ပိုးထည်းဆိုဝေးရော .. စိတ်မကောင်းလိုက်တာ :(

တန်ခူး said...

တို့ မမက မျက်နှာလေးက ငြိမ်းချမ်း မြန်မာဆန်သူလေးဆိုတော့ ပိုးထည်ချိတ်လေးတွေနဲ့ လိုက်မှလိုက်… မ ရေ… ဘယ်လောက်များ ခေတ်နောက်ကျနေလဲဆို ကိုဧရာနဲ့ မသီတာ ဘလော့တွေ ခွဲလိုက်တာ ခုမှသိတော့တယ်… အရင်ကတည်းက တိုက်တွန်းချင်နေတာ… ၂ယောက်လုံးစာရေးကောင်းသူမို့  ဘလော့တခုစီလုပ်ဖို့ ကိုလေ… မ ရေ… မ တက်ဂ်တာလေး ရေးပြီးကြောင်းလာသတင်းပေးတာပါ… နောက်မှ ပို့ စ်အသစ်လေးတွေ လာဖတ်ဦးမယ်…