Wednesday, May 26, 2010

A to F for the Parent

ဒီနေ့သားတို့ ကျောင်းမှာ Empowering Your Child to Excel ခေါင်းစဉ်နဲ့ Elvin Leong ဆိုသူက မိဘများအတွက် ပညာပေးအစီအစဉ်မှာ ဟောပြောသွားပါတယ်။

သူက စကားအစမှာ “ခင်ဗျားတို့ ရေခဲသေတ္တာတို့ အ၀တ်လျှော်စက်တို့ ၀ယ်လာလို့ ပါကင်ဖောက်ပြီးရင် အရင်ဆုံး ဘာလုပ်ပါသလဲ” လို့ ပရိသတ်ကို မေးလိုက်ပါတယ်။ ပရိသတ်ထဲကတယောက်က “Manual Instruction ကို အရင်ဆုံး ဖတ်ပါတယ်” လို့ ဖြေလိုက်တော့ သူက “သိပ်ဟုတ်တဲ့ အဖြေပါပဲ”လို့ ပြောပါတယ်။ နောက်ဆက်ပြီး ကျနော်တို့ရဲ့ ချစ်လှစွာသော ရင်သွေးတွေကို ဆေးရုံမှာ မီးဖွားပြီးတဲ့အခါ သူနာပြုဆရာမလေးက ကလေးကို အနှီးထုတ်ပြီး ကျနော်တို့လက်ထဲလာထည့်တဲ့အခါ Manual လည်း ပါမလာဘူး။ သူ့ကို ပြုစုပျိုးထောင်ဖို့ “ကဲ ကျနော်တို့ ဘယ်လို လုပ်ကြမလဲ” တဲ့။ “ကလေးတွေကို ထိန်းကျောင်းတဲ့ အခါ ကြားဖူးနားဝတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကနေ၊ ကောင်းနိုးရာရာ စာအုပ်တွေ ရှာဖတ်ပြီး အခါအားလျော်စွာ try and error တွေနဲ့ သွားနေတာ များပါတယ်” တဲ့။

ပြောသွားတာတွေက…
Parenting Styles မှာ တပ်မှူးတယောက်လို တသွေးတသံတမိန့်နဲ့ ခက်ထန်နေရမှာ မဟုတ်သလို၊ ကျောရိုးမပါတဲ့ ပက်ကျိလို ခပ်ပျော့ပျော့လုပ်နေရမှာလည်း မဟုတ်ပါဘူး။ အချိန်ပြည့် အလုပ်တွေ မနိုင်မနင်းဖြစ်နေရင်လည်း ကလေးနဲ့ အလှမ်းကွာဝေးသွားတတ်ပါတယ်။ မိဘဟာ ကလေးအတွက် နည်းပြဆရာကောင်း တစ်ယောက်, အတုယူစရာ စံပြကောင်းတစ်ဦး ဖြစ်သင့်ပါတယ်။

အကျဉ်းချုပ် အနေနဲ့ကတော့ The “ABCDEF” of a Parent Coach ဆိုပြီး ချပြသွားပါတယ်။

A is for Atmosphere of Love, Trust at home. မိဘတွေက အိမ်မှာ မေတ္တာတရားနဲ့ ယုံကြည်မှုတွေကို ပေးနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်အောင် ဖန်တီးပေးရပါမယ်။
B is for Boundaries
ဘာတွေကို ဘယ်အတိုင်းအတာ အထိလုပ်နိုင်တယ်ဆိုတဲ့ နယ်စည်းကို နားလည်အောင် သင်ပေးရတယ်။ ကွန်ပြူတာ၊ တယ်လီဖုန်း အသုံးပြုတဲ့အချိန်၊ အပြင်သွားရင် ဘယ်အချိန်ပြန်ရောက်မယ် ဆိုတာ ပြောသွားတတ်တဲ့အလေ့အကျင့်ရှိဖို့၊ ကျောင်းမှာ နောက်ကျမယ်ဆိုရင် မိဘကို ဆက်သွယ်အသိပေးတတ်ဖို့၊ မုန့်ဖိုး အသုံးစားရိတ် ချင့်ချိန်တတ်ဖို့ ဥပမာတွေ ပေးသွားပါတယ်။ စည်းကမ်းရဲ့ အခြေခံပဲ ဆိုပါစို့။
Children feel more secure & thus tend to flourish when they know where the boundaries are.      (Dr James Dobson)
C is for Communication
ခန္ဓာကိုယ်ထဲမှာ သွေးလည်ပတ်မှု မရှိတော့ရင် သေသွားသလိုပဲ … Communication မရှိရင် Relationship က သေသွားရော။ Communication ဆိုတဲ့နေရာမှာ နားထောင်ပေးတာ, သူတို့အတွက် အချိန်ပေးတာ, သူတို့ရဲ့ ကမ္ဘာလေးထဲကို ကိုယ်လိုက်ဝင်ပေးတာမျိုးတွေ ပါပဲ။
D is for Discipline
စည်းကမ်းဆိုတာက စရိုက်ကို ပုံသွင်းပေးတဲ့ နည်းလမ်းပါပဲ။ စည်းကမ်းရဲ့ ပန်းတိုင်ကတော့ မိမိကိုယ်ကို စောင့်ထိန်းနိုင်ဖို့ပဲ ဖြစ်သင့်ပါတယ်။
E is for Esteem and Expectation
ကလေးတွေရဲ့ အမြင်နဲ့ အကြံပေးချက်တွေကို နားထောင်ပေးတာမျိုး, အသိမှတ်ပြုပေးတာမျိုးနဲ့ သူတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်လေးစားစိတ်, မျှော်လင့်ချက်တွေကို တည်ဆောက် ပေးရပါတယ်။ သူတို့တွေရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ကောင်း, မကောင်းဆိုတဲ့ ရလဒ်တစ်ခုတည်းကြည့် မဆုံးဖြတ်ပဲ၊ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို အားပေးချီးမြှောက်ဖို့ လိုပါတယ်။ သူတို့တွေရဲ့ မျှော်လင့်ချက်တွေ, ရည်မှန်းချက်တွေက ရှင်းလင်းပြီး လက်တွေ့ဆန်ဖို့လိုပါတယ်။ ပြီးတော့ စာတစ်ခုတည်းမဟုတ်ဘဲ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးသင့်ပါတယ်။
F is for Future Focus
ကလေးတွေဟာ အနာဂတ်ကို ရင်ဆိုင်နိုင်ဖို့ အသင့်ဖြစ်နေအောင် ပြင်ဆင်ပေးရတယ်။ လေတံခွန်လွှတ်သလိုပဲ တင်းအောင်ဆွဲတဲ့အခါ ဆွဲရပေမယ့် ကြိုးကိုလျှော့ပေးမှ မြင့်မြင့်တက်နိုင်မှာပါ။ ကလေးတွေဟာ ကြိုးနွံပြီး မိဘစကားကို တသွေမတိမ်း မြေ၀ယ်မကျ နာခံတတ်ဖို့ထက် တာဝန်ယူတတ်အောင် လေ့ကျင့်ပေးရပါတယ်။
သူတို့နဲ့ သင့်တော်မယ့်၊ သူတို့နှစ်သက်တဲ့ သင်ယူနည်းပုံစံကို သုံးပြီး သင်ယူစေရပါမယ်။
*****
ဒီနေ့ ဟောပြောပွဲကို မိခင်တွေသာမက ဖခင်တွေပါ အချိုးညီညီတက်ရောက်လာတာ အံ့သြဖွယ်တွေ့ရပါတယ်လို့ ဟောပြောသူက ပြောပါသေးတယ်။ ဒီပွဲက မလာမနေရ မဟုတ်ပါဘူး။ အခမဲ့ဖြစ်ပြီး ၁၁နာရီက စလို့ ၁နာရီမှာ ပြီးသွားတဲ့ အခါ နာဆီလမက် ထမင်းဗူးတွေလည်း မိဘတွေကို ဝေပါသေးတယ်။

ဒါတွေ သူတို့ ဘာကြောင့် လုပ်နေကြတာပါလဲ။
မယောင်ရာဆီလူးနေကြတာပါလား။
ဟောပြောပွဲအပြီးမှာ ဖြည့်ထားတဲ့ Feedback Form ကို ပြန်ပေး၊ ကိုယ့်ဝေစု ထမင်းထုတ်ယူအပြီး ခေါင်းထဲ ၀င်လာတဲ့ မေးခွန်းတွေပါ။
နောက်ဆုံးပိတ် မှာလိုက်ပါသေးတယ်။ “သူပြောသွားတာတွေက အကျိုးရှိပါရဲ့လား။ အကျိုးရှိတယ် ဆိုရင် လက်တွေ့ကျင့်သုံး လိုက်နာပါ။ မလိုက်နာဘူး မကျင့်သုံးဘူး ဆိုရင်တော့ ဟောပြောပွဲတွေ ဘယ်နှစ်ခုပဲ လိုက်နားထောင်ထောင် အလဟဿ အချည်းနှီးပါ” တဲ့။

ကိုယ့်ကိုယ်ကို မေးပါတယ်။ သူပြောသွားတာတွေမှာ ငါသိပြီးသား လက်ရှိ ကျင့်သုံးနေတာတွေနဲ့ တိုက်ဆိုင်မှု ဘယ်လောက်ရှိလဲ။ ဘာတွေ အသစ်ရလိုက်လဲ။ မိဘတွေရင်ဆိုင်နေရတဲ့ ပြဿနာတွေရဲ့ အဖြေကို ရလိုက်လား။ ဆက်တွေးပါတယ်။ ဟောပြောပွဲ တခုတည်းနဲ့တော့ အားလုံးကို ပြီးပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။

ကျမကို ပြုစုပျိုးထောင်ပေးလိုက်တဲ့ မိဘနှစ်ပါးဟာ အဲ့လို သင်တန်းမျိုးတွေကို တကြိမ်တခါမှ မတက်ရောက်ခဲ့ဘူးဆိုတာ အလွန်သေချာပါတယ်။ ဒါပေမဲ့ သူတို့နည်း သူတို့ဟန်နဲ့ ပုံဖော်မှုအောက်မှာ လူလားမြောက်ခဲ့တဲ့ ကျမဟာ အကောင်းကြီးမဟုတ်သလို အဆိုးကြီးလည်း မဟုတ်ပါဘူး။ ဒီတော့ ကျမတို့တတွေဟာ ရှေးအစဉ်အလာအတိုင်း…. သွားမယ်ဆိုကြပါစို့… ယေဘုယျ သိပ်ဆန်သွားပြီး ရလဒ်အတွက် ခန့်မှန်းခြေ အဖြေကိုသာ ပေးနိုင်ပါလိမ့်မယ်။

ကိုယ့်ရင်သွေးကို အကောင်းဆုံးရဲ့ အညွန့်အဖူးတွေသာ ရစေချင် ဖြစ်စေချင်ကြတာ မိဘတိုင်းရဲ့ စေတနာပါ။ ဒါပေမဲ့ လမ်းကြောင်းမှန်ဖြင့် တစိုက်မတ်မတ် ချည်းကပ်ခြင်းမျိုး မဟုတ်ဘဲ၊ ရလဒ်ကိုသာ အာရုံစူးစိုက်လွန်းတဲ့အခါ မသမာတဲ့ နည်းလမ်းတွေ သုံးလိုသုံး၊ အမှားကို အမှန်ထင် ရွှေသမင်အလိုက်လွဲပြီး တလွဲတချော်တွေ ဖြစ်လိုဖြစ်နဲ့ လိုအပ်သည်ထက် ပိုပင်ပန်းကြတာ သတိမူစရာပါ။

11 comments:

ဧရာ said...

ဘယ်သူမှ A to Z ကို မတဂ်လို့
E to F လိုက်ရပါတယ်

Moe Cho Thinn said...

သိပ် အဓိပ္ပါယ်ရှိတဲ့ A to F ပါ။ Z အထိ လုပ်ပါအုံး။ သဘောကျသွားပြီ။
B ကို ညွှန်းထားတာလေး ကြိုက်လိုက်တာ။ ကလေးတင် မဟုတ်၊ ကွန်ပျူတာကို အလွန်အကျွံ သုံးမိ ယုံကြည်မိနေတဲ့ ကိုယ်လို လူကြီးအတွက်လည်း စဉ်းစားစရာဖြစ်သွားတယ်။

sonata-cantata said...

ချိုသင်းရေ...
ဟောပြောတဲ့ ဆရာကြီးက A to F ထိပဲ ပြောသွားတာပါ
ဟိုဆရာကြီးက သပ်သပ်လိုက် စ,နေတာ...

သက်ဝေ တဂ်တဲ့ ကကြီး ကနေ အ အထိ ရေးမယ်နော်...နော်

Anonymous said...

အခုလို အစီအစဉ်တွေ ခဏခဏတက်တာတွေ
အကျိုးဖြစ်မယ်ထင်တာပဲ..
(သတိပေးသလို ဖြစ်တာပေါ့)
ကျနော်ကတော့ ဒီပို့စ်ဖတ်ပြီး..ကိုယ့်ကိုယ်ကို
ပြန်ချင့်ချိန်မိတယ်..
မလုပ်ပေးနိုင်တာတွေ အများသား..


ပေါက်

Anonymous said...

အမရေ.. တအားကိုကောင်းတဲ့ပို့စ်ပါ။
A-F ထိအတော်လေးထိရောက်တဲ့စာသားတွေပါအမ.အဲ့စာတွေထဲက
အမစာကို အကြိုက်ဆုံးပဲ။

မြတ်နိုး

SHWE ZIN U said...

ဟုတ်တယ်ဗျ

မြတ်နိုး ပြောတာဟုတ်တယ် ကျနော် လည်း ကြိုက်တယ်

ဖတ်ရတာ တိုသွားလို့

စတာ..ဟား..

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သက်ဝေ said...

သိပ်ကောင်းတာပဲ သီတာ...
မိဘတိုင်း သိသင့် သတိထားသင့် အတုယူသင့်တဲ့ အကြောင်းအရာတွေပါ...
အခုလို မျှဝေပေးတဲ့ ညီမလေး မသီတာကို မမတို့ ဘလော့ဂ်အသံက အထူးပဲ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်နော်...း))

က ကြီး ကနေ အ ကို ရေးပါနော်
မျှော်နေမယ်...

Zay Tar Yar said...

ဖေဖေ့ကိုကျေးဇူးတင်မှိပါတယ် ၊ ဒီပို့ပိုင်ရှင်ကိုလဲကျေးဇူး
ဘဲနော်သိလား ၊ ဒီလိုပိုစ့်လေးတွေများများတင်ပေးပါ မိဘ
မဟုတ်သေးပေမဲ့ ၊ တချိန်ကျရင် သားကောင်းဖခင်ဖြစ်မှာ
မို့ပါ ၊ ကျေးဇူးတင်ပါတယ်....။

ချစ်ကြည်အေး said...

သီတာနဲ့ ကိုဧရာရေ...ကလေးတွေကို ထိန်းသိမ်းတာ လွဲနေတာတွေ့ရင် ကိုယ်သိသလောက်လေးတွေကို သိတ်ပြောပြချင်မိတယ်။ ချိုင်းဆိုက်ကော်လိုဂျီကို အရမ်းစိတ်ဝင်စားတယ်...။

ဒီပိုစ့်လေးထဲက မှတ်သားစရာတွေကို မှတ်သား သွားတယ်၊ ခုတော့ အိမ်ကသားကြီးပဲ ထိန်းလိုက်ပါအုံး မယ်လေ...:)

အင်ကြင်းသန့် said...

သိပ်သဘောကျပါတယ် စိတ်လည်း ၀င်စားတယ်၊။ သေချာမှတ်သွားတယ် မမ....နောင်တစ်ချိန် ကိုယ့်အတွက် အသုံးဝင်လို ၀င်ငြားပေါ့ :P


ဂျင်ဂျင်း

ဇွန်မိုးစက် said...

ဂျင်ဂျင်းလိုပေါ့.. တစ်ချိန်ချိန်မှာ အသုံးဝင်လာနိုင်တာမို့ မှတ်သွားပါတယ် မမသီတာရေ ;)