မနုဿတ္တဘာဝေါ ဒုလ္လဘောတဲ့ လူတစ်ယောက်ဖြစ်ဖို့ လွယ်လွယ်လေးမှတ်လို့ လူမှုရေး ပညာရေး စီးပွားရေး ကျန်းမာရေး ဘာသာရေး ဟိုအရေး ဒီအရေး ကိုယ့်သမိုင်း ကိုယ်ရေး ကြရာမှာ… လောင်းရိပ်အောက်မှာ စီးဆင်းရင်း လိပ်ပြာတွေက နောက်ပြန်ဝဲ ယဉ်ကျေးမှု မှတ်တိုင်တွေပြိုလဲ သမိုင်းကြွေးတွေက တရစ်ပြီးတရစ်တင် | မနုဿဓမ္မ ဆိုတာ လွတ်လပ်ခြင်း ညီမျှခြင်း ချစ်ကြည်ခြင်း အချုပ်ဆိုရတော့ တရားမျှတခြင်း ဗျ။ ခင်ဗျားလည်းလူ၊ ကျုပ်လည်းလူ လူပါဗျ လူ တုံးချင်ယောင် ဆောင်မနေစမ်းပါနဲ့ ကိုယ့်သမိုင်း ကိုယ်ရေး ကြရမှာ… ယုံလိုက်စမ်းပါ ညီညွတ်ခြင်းသည် အင်အား တွဲထားကြ လက်များ သမိုင်းကြွေးကို ဆပ်စို့လား။ |
သမိုင်းကောင်း ရေးသူများအား ဦးညွှတ်လျက် ~
2 comments:
မနုဿဓမ္မ ဆိုတာ
လွတ်လပ်ခြင်း
ညီမျှခြင်း
ချစ်ကြည်ခြင်း
အချုပ်ဆိုရတော့
တရားမျှတခြင်း ဗျ။
တရားမျှတအောင် ကြိုးစား နေထိုင်ရင်းနဲ. ကိုယ့်သမိုင်းလည်း ကောင်းကောင်း ကျန်ခဲ့နိုင်သလို လူ.လောကအသိုင်းအ၀ိုင်းကိုလည်း အထောက်အကူ ပိုဖြစ်စေနိုင်တယ်လို့ မျှော်လင့်ပါတယ် မသီတာ။
ရှေးကထက် ပိုချစ်ကြရအောင်လား မ ရေ...
Post a Comment