Saturday, April 25, 2009

နမော တေ (အစချီ) ဂါထာ

နမော တေ ဗုဒ္ဓ ၀ီရတ္ထု၊ ၀ိပ္ပမုတ္တောသိ သဗ္ဗဓိ။
သမ္ဗာဓပဋိပန္နောသ္မိ၊ တဿ မေ သရဏံ ဘ၀ါ။


“Let homage be to you, the Buddha!
O hero, you are everywhere released.
I have fallen into captivity,
So please be my refuge.”


ရဲရင့်သော မြတ်စွာဘုရား၊ အရှင်ဘုရားအား ရှိခိုးပါ၏။
အရှင်ဘုရားသည် အလုံးစုံမှ လွတ်မြောက်တော်မူပြီ။
အကျွန်ုပ်ကား အကျဉ်းအကြပ် ရောက်နေပါ၏။
အရှင်ဘုရားသည် အကျွန်ုပ်၏ ကိုးကွယ်ရာ ဖြစ်တော်မူပါလော့။

“နမောတေဂါထာနဲ့အနက်ကို ဓမ္မဒါန လုပ်ပေးပါနော်” တောင်းဆိုထားလို့ပါ။
ဒီဂါထာလေးကို ဒေ၀ပုတ္တသံယုတ် - စန္ဒိမသုတ်နဲ့ သူရိယသုတ်မှာ တွေ့ရပါတယ်။ လနတ်သားကို ရာဟုအသုရိန်က ဖမ်းယူလိုက်ချိန်မှာ လနတ်သားက မြတ်စွာဘုရားရဲ့ “အလုံးစုံမှ လွတ်မြောက်ခြင်း” ဆိုတဲ့ ဂုဏ်ကို အောက်မေ့ ရည်မှန်းပြီး မိမိ မြတ်စွာဘုရားရှင်ထံ အားကိုးယူလိုက်တဲ့ အနေနဲ့ ရွတ်ဆိုတဲ့ ဂါထာပါ။ ဘုရားရှင်က လနတ်သားကို လွှတ်ပေးဖို့ ရာဟုအသုရိန်ကို ပြောတဲ့အခါ၊ ရာဟုအသုရိန်က ချက်ချင်းပဲ လွှတ်ပေး လိုက်ပါသတဲ့။ ဒီဂါထာကို စီးပွားရေး, လူမှုရေး အကြပ်အတည်းတွေ၊ အချုပ်အနှောင်တွေကနေ လွတ်မြောက်အောင် ရွတ်ဆိုလေ့ ရှိကြတယ်လို့ သိရပါတယ်။

လနတ်သားကို ရာဟုဖမ်းတယ်, နေနတ်သားကို ရာဟုဖမ်းတယ်ဆိုတာက လကြတ်ခြင်း, နေကြတ်ခြင်းကို ဆိုလိုပါတယ်။ နေကြတ်ြခင်း, လကြတ်ခြင်းနဲ့ နတ်ဒေ၀တာတွေ ဆက်စပ်မှုကတော့ စဉ်းစားစရာပါပဲ။ သို့သော်လည်း သင်္ကေတပုံရိပ်များရဲ့ နောက်မှာ မြတ်စွာဘုရားရဲ့ “ခန္ဓာ, ကိလေသာ, သင်္ခါရ …” စသဖြင့် အလုံးစုံသော အနှောင်အဖွဲ့များမှ လွတ်မြောက်ခြင်း (၀ိမုတ္တိ)ကို ရည်မှန်းပြီး, မိမိလွတ်မြောက်မှုအတွက် အားကိုး အားထားပြုခြင်း (သရဏဂုံ) ဆိုတဲ့ အဓိက message ကို ယူသင့်တယ်လို့ မြင်ပါတယ်။ အမေရိကန်ဘုန်းတော်ကြီး ဘိက္ခုဗောဓိ ဘာသာပြန်တဲ့ The Connected Discourse of the Buddha ထဲက ဘာသာပြန်ကိုပါ ကူးထည့်ပေးလိုက်ပါတယ်။ ရွတ်ဆိုကောင်းအောင် ရေးစပ်ထားတဲ့ ပါဠိတစ်ချက်-မြန်မာတစ်ချက် နိဿယ ဘာသာပြန်မျိုးကိုတော့ မတွေ့မိသေးပါဘူး။

4 comments:

သင်းနွယ်ဇင် said...

ကျေးဇူးကြီးပါတယ်သီတာ နဲ့ကိုဧရာ

Anonymous said...

အမ..ကျေးဇူးတင်ပါတယ်နော်

စိမ်း

AKyinNar said...

Thanks for Sharing.

sonata-cantata said...

CBox မှ
25 Apr 09, 22:52
ThihaThit: နမောတေ ဂါထာကို လာဖတ်ပူဇော်ပါတယ်ခင်ဗျာ