Monday, August 24, 2009

မာယာတသိန်း

အခုတလော ဘလော့ဂ်တွေမှာ ဟိုကချစ် ဒီကချစ်နဲ့ တဖျစ်ဖျစ် မြည်နေကြလို့ သူများချစ်သလို မချစ်နိုင် မျောက်အိုကြီးလို မှိုင်နေသူတယောက် ကပ်ဖျက်ရပ်ဖျက် လုပ်လိုက်ပါတယ်။ မည်သူတဦးတယောက်ကိုမျှ ရည်ရွယ်လိုခြင်း အလျဉ်းမရှိပါ။ (ပုံ - မာယာတသိန်း)
*****
မပူမလောင် နွေးနွေး
ထမင်းပေါင်းလေး
စားမလားကွယ်

ကျိုက်ကျိုက်ဆူ ပူပူခပ်
ရေနွေးကြမ်းလည်း
ပါပါတယ်

နောက်ပြီးရင်…

ချိုမလိုလို စိမ့်စိမ့်
အိုက်စကရင်လေး
ကျွေးပါ့မယ်

မချိုမချဉ် ပြုံးပြုံး
စတော်ဘယ်ရီလေး
မြုံ့ဦးရယ်

လေပြေရယ် အေးအေး
ယပ်တောင်လေးနဲ့
ခတ်ပေးမယ်

ဒါပေမဲ့
ကျေးဇူးပြုပြီး
အချစ်အချစ်လို့တော့
တဖျစ်ဖျစ်
မမြည်လေနဲ့…
ဟိုးးး က
လက်ပံအို ပင်ယံထိပ်
မမှီနိုင်အောင်
ချိတ်ထားတယ်။ ။

16 comments:

မမသီရိ said...

မသီတာ.....
အီး..........
ကျမ ရဲ့ ကဗျာလေးတွေတော့ ပျက်ပါ ပြီ.......း)
း)
း)
မမသီရိ တယောက် လူအမြင်ကပ် အောင်ဘယ်လောက်များ လုပ်မိပြီလဲ မသိဘူးနော်..း)

အမြင်မှန်ရပါတော့ မယ်...း)..း)))

ခင်မင်စွာဖြင့်..

မမသီရိ said...

မသီတာ
အီး......
ကျမ ကဗျာလေးတွေတော့ ပျက်ပါပြီ...း)))

မမသီရိတယောက် လူအမြင်ကပ်အောင် ဘယ်လောက်များ လုပ်မိပြီလဲ မသိဘူးနော်..း))))

ကဗျာလေးက ထိမိ လွန်းတော့..

အမြင်မှန်ရပါတော့မယ်....း)))


ခင်မင်စွာဖြင့်..

ရွက်လွင့်ခြင်း said...

အချစ်က အိုမင်းသွားသလားကွယ်း)

သက်ဝေ said...

ဘယ်သူတွေက ချစ်နေတာလဲ ဟင်...
ဘယ်သူတွေကို ချစ်နေတာလဲ ဟင်...

လက်ပံအို ပင်ယံထိပ်
မမှီနိုင်အောင်
ချိတ်ထားတယ်...

ဘာတွေကို ချိတ်ထားတာလဲ ဟင်...
ဘာဖြစ်လို့ချိတ်ထားတာလဲ ဟင်...
(နားဝေးဝေးနဲ့ မေးခွန်းတွေ အတင်းမေးသွားသည်)

tin min htet said...

လှောင်သယောင် ပြုံးစိစိ
မသီရိကို မရိနဲ့ကွယ် ..

မြစ်ကျိုးအင်း said...

ချစ်နိင်သူတွေ ချစ်ကြပါ ချစ်ကြပါ
ချစ်ပိုင်ခွင့်မရှိတော့....ဆိုတဲ့ သီချင်းလေးတောင်
သတိရသွားတယ်။

ဘာတွေချိတ်ထားတာလဲ သိချင်သေးတယ်။

Rita said...

လက်ပံအို ပင်ယံထိပ်
မမှီနိုင်အောင်
ချိတ်ထားတယ်

(အသဲနှလုံးကိုလား မမ။ ကြားဖူးတာတော့ ရေသဖန်းပင်ထိပ်တဲ့။ မိကျောင်းကြီးကို လှည့်စားဖို့လေ။)

မိုက်တယ် ကြိုက်တယ်။

MANORHARY said...

မသီတာ
မိုက်တယ်
ထမင်းပေါင်းစား
ရေနွေးကြမ်းသောက်သွားတယ်
အချိုတော့မကြိုက်လို့
မတည်းသွားတော့ဘူး
မနော်ကတော့..
ဟိုး ထန်းပင်ဖျားမှာ
ချိတ်ထားတယ်
မသီတာထက်..ပိုမြင့်အောင်...း)

Craton said...

ဟက်ဟက်.. ဘာတွေ မနာလို.. အူတို..

စားကောင်းသောက်ကောင်းတွေနဲ့ ဗိုက်ဖေါင်းပြီးပြန်ဂျောင်းသွားပါသည်။

မီယာ said...

ရီရတယ် မသီတာ... ချစ်နိုင်သူတွေ ပိုချစ်နိုင်ကြပါစေလို့။ ချစ်ခြင်း မေတ္တာ တရား ရှားပါးနေတဲ့ ခေတ်ကြီးမှာ အမုန်းထက်စာရင် ချစ်ချစ်ချစ်တွေ မြည်နေတာ တော်သေးတယ် အမရေ :)

အောင်သာငယ် said...

အိုက်ယား...
တရုပ်ကြီးတယောက် အော်သွားတာကို ကြားလိုက်တာပါ...
အဓိပ္ပါယ်တော့ မသိဘူး...း)

Ko Paw said...

ထမင်းပေါင်းလည်း
ဧရာစားန
အံယားတတ်လယ်
သီတာစားမယ်။း-)

tg.nwai said...

ဘာတွေ ပြောနေကြတာလဲ.. မီးမီး နားမလည်..ဟယ်ဟယ်..

rose of sharon said...

အချစ်ကိုချိတ်ထားတယ်ပေါ့... ဘေးမချိတ်ဘဲ အပေါ်တက်ချိတ် တာဆိုတော့ အခြေအနေ ကောင်းပါတယ်...(အဟီး... နောက်တာနော်)

မငုံ said...

ဝါးးးးးးမသီတာရေ ကောင်းလှချည်းလား။ လက်ပံပင်အိုထိပ်ဘာတွေချိတ် ????

လေးမီ said...

လူဘိန်း များတို့နားလည်အောင်ရေးကွယ်။
စိုးဟိုင်းလယ်ဗယ်ဖြစ်နေတယ်။