Wednesday, March 3, 2010

ဘယ်လို ချစ်ချစ်...

မိဘ၊ ညီအကိုမောင်နှမ၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေ သူငယ်ချင်း၊ ဆရာ သမား၊ ရေမြေတောတောင် သဘာဝ၊ သစ်ပင် ပန်းမာန် နဲ့ တိရစ္ဆာန်လေးတွေ ဘယ်သူတွေကို ဘယ်လိုပဲ ချစ်ချစ်...
ဘယ်လို ချစ်ချစ်၊
အနှစ်ဖြစ်ဖို့ အနစ်နာ ခံရတယ်...


အမှတ်တရ ဆိုတဲ့ အမှတ်ရစရာလေးတွေ
အကြင်နာစကေးလေးတွေ တေးရင်လည်း တေးထားလိုက်ဦး...

သဒ္ဓါ စံချိန်စံညွှန်းမှာတော့ အစွန်းတွေကို ပယ်သာချ၊ အပိုအလို မရှိလေ ပိုကောင်းလေ...
မာန်မာနနဲ့ အာဃာတ ယူနစ်တွေလည်း အနှုတ်ဘက်သာ သွားစေ...

မေတ္တာဂရပ်ဖ်မှာ အတက်အကျ လှိုင်းဂယက်မထန်အောင်တော့၊
စေတနာရေချိန်လေး ညှိ ညှိပေးရတာပေါ့...။
*****
ဘယ်လောက်ချစ်လဲ၊ ဘာလို တိုင်းမယ်
အနစ်နာ ယူနစ်၊ စစ်လိုက်တယ်
အကြင်နာ စကေး၊ တေးထားကွယ်
သဒ္ဓါ စံညွှန်း၊ အစွန်းပယ်
အာဃာတမှော် ၊ ဖယ်ရှားလွယ်
မေတ္တာ ဂရပ်၊ ဖြောင့်တန်းရွယ်
စေတနာ ရေချိန်၊ ညှိထားတယ်
ခက်ပါဘူးကွယ်၊ အလွယ်လေးရယ်။

ဒီလို ရေးထားတဲ့ ကဗျာကို ကိုဧရာက ကလေးဆန်တယ်...ကာရံတွေ အရမ်းကာရော ယူတယ်ဆိုလို့ အထက်ပါအတိုင်း ပို့စ်တင်လိုက်ရပါသည်။ (ကြောက်လိုက်ရတာ...အဲလေ ___လိုက်ရတာ)

7 comments:

သက်ဝေ said...

အတွေးလေးတခုကို ကဗျာနှစ်ပုဒ်ရအောင်ရေးနိုင်တဲ့ မသီတာ... တော်လိုက်တာ လို့တွေးနေမိတယ်...း))


အင်းလေ... တော်ဆို ကိုဧရာကလဲ ---- စရာ ကောင်းအောင် သင်ကြားပေးတတ်သူပေကိုး..
(ဆိုင်တယ်ထင်တာ အတင်းဝင်ပြောသွားသည်)

ဇွန်မိုးစက် said...

အပေါ်က စာကြောင်းလေးတွေ အရင်ဖတ်ပြီးမှ ကဗျာလေးဖတ်ရတာ ပိုချစ်စရာကောင်းသွားတယ်။ တစ်ယောက်ရေးပြီးသားကို နောက်တစ်ယောက်ကဖတ်ပြီး အကြံဉာဏ်ပေးတာ သိပ် .... စရာကောင်းတယ်နော်။ တို့အစ်မကြီးကို အားကျတယ်ဟေ့။ :D

ချစ်ကြည်အေး said...

အိမ်ကလူကြီး ကိုဧရာဆီ သင်တန်းပို့ချင်လို့ဗျို့....:)

Kay said...

စိစစ်ရေးလား..အယ်ဒီတာ လား..း)

sonata-cantata said...

ကလေးတွေ သေးသေးမှိန်မှိန်တွေ ရွေးဖတ်သွားကြသလား
ခက်တော့တာပဲ
း)

ရွှန်းမီ said...

ကဗျာလေးရဲ့ စေတနာကို ခံစားလိုက်ရတယ်..

သေးသေးမှိန်မှိန်လုပ်ထားလည်း မရရအောင် အတင်းဖတ်မိတယ်အစ်မ.. နောက်ဆို ကြီးကြီးပဲတင်ပါ =)

လသာည said...

ကဗျာလေးထဲက အကြိုက်ဆုံးက..

“မေတ္တာ ဂရပ်၊ ဖြောင့်တန်းရွယ်
စေတနာ ရေချိန်၊ ညှိထားတယ်
ခက်ပါဘူးကွယ်၊ အလွယ်လေးရယ်။”

သဘောကျသွားတာပဲ..
ဒါပေမယ့် တခါတခါ အလွယ်ဘူး..းD

ခင်မင်စွာဖြင့် လသာည ဖြစ်ပါတယ်