Wednesday, September 8, 2010

ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ နှင့် ဦးကိတ္တိသာရ (ဦးပဉ္ဖင်းကျော်ဟိန်း) တို့ တရားဆွေးနွေးခြင်း

25 comments:

မေဓာဝီ said...

အဲဒီ အီးမေးလ်ကျမဆီ ပြန်ပြီးဖော်ဝေါ့လုပ်ပေးနိုင်မလားဟင်။

ဒီတရားဆွေးနွေးပွဲအကြောင်း သူများပြောသံကြားလို့ နားထောင်ချင်နေတာ။ ကျော်ဟိန်းကို အဓမ္မ၀ါဒီလို့ သတ်မှတ်ထားတာမို့ ဆရာတော်ကြီးနဲ့ ဘယ်လိုပြောကြသလဲ သိချင်မိတယ်။ အခု နားထောင်ရသလောက် ဆရာတော်ကြီး ပြန်ပြောတာ သိပ်အားရတာပဲ။ ရှေ့ပိုင်းမှာ ကျော်ဟိန်းက သူချည်းပြောနေတာပဲ။ အသံကလဲ ကျော်ဟိန်းဆိုတဲ့ မာန်တွေရှိသေးတယ်။ ဆရာတော်ကြီးအသံက အေးချမ်းပြီး ကြည်ညိုစရာ ...။
ဆက်နားထောင်လိုက်အုံးမယ် ... နားထောင်ရင်း ကွန်မန့်ပေးချင်လို့ ၀င်းဒိုး ၂ခုဖွင့် ရေးနေတာ။ ကွန်မန့်ကို pop up ၀င်းဒိုးနဲ့ လုပ်ထားရင် ပိုအဆင်ပြေမယ် ထင်တယ်။

ဒီဆွေးနွေးချက်တင်ပေးတဲ့ ကိုဧရာနဲ့ မသီတာတို့ကို ကျေးဇူးတင်ပါတယ်။

Anonymous said...

မသီတာရေ...
ဒီအသံဖိုင်ကို နားထောင်ဖူးတယ်..
နားထောင်နေရင်း ငရဲကြီးနေပြီလားလို့ ကိုယ့်ကိုယ်ကိုယ်တွေးမိသေးတယ်။
ဦးဇင်းကျော်ဟိန်းရဲ့ အသံနဲ့ ပြောပုံဆိုပုံကို မနှစ်သက်တဲ့ စိတ်ပေါ်လာလို့။

ပါ/ချုပ်ဆရာတော်ကို သွားပြီး ရုပ်ရှင်ထဲက ကျော်ဟိန်းအသံ၊ကျော်ဟိန်းလေယူလေသိမ်းနဲ့ ပြောနေပြန်ပြီလို့ တွေးမိတယ်။ (ပြီးတော့မှ ဒါ သူ့ကိုယ်ပိုင်အသံနဲ့ ပြောပေါက်ဆိုပေါက်ဖြစ်နိုင်တာပဲလေ လို့ ပြန်တွေးရတယ်။)

နောက်ပြီး ပြောနေပုံက ဆရာကြီးလိုမျိုး... ခုရေးရင်းလည်း ငရဲထပ်ကြီးမှာလား မသိဘူး၊
တော်မှ..တော်မှ...။

sdl

မေဓာဝီ said...

အစအဆုံး နားထောင်ပြီးသွားပါပြီ။
ဆရာတော်ကြီးကို ကြည်ညိုလွန်းလို့ စိတ်နဲ့ရည်မှန်းပြီး ကန်တော့မိတယ်။ လက်စသတ်တော့ ဆရာတော်က ဆုကြီးပန်ကိုး။

ပြောသွားတာတွေက ပညာသားပါပါနဲ့ သိပ်ကောင်းတာပဲ။ လမ်းကြောင်းမမှားဖို့ အထူးသတိပေးတာ၊ ပိဋကတ်တော်တွေကို လေ့လာခိုင်းတာ၊ တရားတွေကို ပိဋကတ်နဲ့ ချိန်ထိုးပြီး လက်ခံယုံကြည်စေတာ ...
စသဖြင့် ဆရာတော်ကြီး ပြောသွားတာတွေ သိပ်သဘောကျ ကျေနပ်မိတယ်။
ဘာပဲဖြစ်ဖြစ် ကျော်ဟိန်းလဲ ခုလို ချဉ်းကပ်မေးမြန်းဖော်ရတာ မဆိုးဘူးဆိုရမယ်။ သူလဲ သူ့ကိုယ်သူ သိတော့သိလောက်ပြီ ထင်တာပဲ။

တရားအတုတွေ ကွယ်ပျောက်ပြီး တရားစစ် တရားမှန်များ ထွန်းကားပါစေ ...

(ကွန်မန့်ရေးရတာ အဆင်ပြေသွားပြီ)

Rita said...

အိမ်ကျမှပဲ နားထောင်ရမယ်။
စိတ်ဝင်စားတယ် မမ။

နားမထောင်ရသေးပေမယ့် ကျော်ဟိန်း လာခဲ့ရတဲ့လမ်းကြောင်းအရ သူဖြစ်နေတာတွေ သိပ်မဆန်းဘူးလည်း ထင်မိတယ်။ ဒါပေမဲ့ မမေဓာဝီ ပြောသလို မေးတာဟာ တော်လှပြီ။

နားထောင်ပြီးမှ နောက်တခေါက် ထပ်လာရေးပါဦးမယ်။ (ရေးစရာ ရှိသွားရင်ပေါ့)

Anonymous said...

သီတာရေ..ဒေါင်းလုပ် လုပ်ပြီး နားထောင် ဖြစ်ပါတယ်။ စိတ်ဝင်စားစရာပါပဲ။ ဆရာတော်ကြီးတွေက ပြည့်ဝလိုက်တာနော်.. ဘာပဲဖြစ်ဖြစ် ဆရာတော်ကြီးဆီ လာရောက်မေးမြန်းတဲ့တွက်တော့ အကျိုးထူးတွေအများကြီး ရမှာပါ။

tg

ဇွန်မိုးစက် said...

မမသီတာရေ...မေးလ်ထဲကနေ ပို့ပေးလို့ ကျေးဇူးနော်။ ဇွန် နားမထောင်ရသေးဘူး။ ခုပိတ်ရက်ကျရင် သေသေချာချာ နားထောင်လိုက်ဦးမယ်။

ဖြိုးအောင် said...

ဆရာတော်ဘုရားကြီး ရှင်းပြဟောပြသွားတာသိပ်ကောင်းနော်။ ပြည့်ဝတဲ့သူနဲ့ မပြည့်ဝတဲ့သူ သိပ်ကိုထင်ရှားကွဲပြားစေတာပဲဗျာ။
ဘာသာခြားတွေကြားထဲ အနေများပြီး စိတ်ကောင်းရှိရင်ပြီးတာပဲလို့ တွေးတဲ့အခါတွေးမိတာတွေ ပြန်နောင်တရမိသလိုလိုးး((တရားခွေသက်သက်သာဆို နာဖြစ်မှာမဟုတ်ဘူး။ ဦးဇင်းကျော်ဟိန်းကို စပ်စုခြင်လို့ နားထောင်မိတာ။
ခုတော့ မကြာခင်ရွာပြန်ရောက်ရင် ဘုန်းကြီး၃ရက်လောက်ဝတ်လိုက်ဖို့ စဉ်းစားတယ်ဗျာ။

ကိုပေါ said...

အဆုံးအထိတော့ နားမထောင်ရသေးဘူး။ သူ့တို့ ဆွေးနွေးနေတဲ့ အကြောင်းအရာ၊ အယူအဆနဲ့ မသက်ဆိုင်လှပေမယ့် နားထောင်မိတဲ့အထဲက သတိထားမိတာ တခုကို မှတ်ချက်အနေနဲ့ ရေးပြချင်ပါတယ်။

နားထောင်ရင်း ကျော်ဟိန်းရဲ့ ကောင်းကွက်တခုကို သတိထားမိတယ်။ သူ့ရဲ့ စကားပြောတဲ့ အရည်အချင်းနဲ့ ပတ်သက်လို့ပါ။

သူစကားပြောတဲ့အခါမှာ... “ဟို၊ အင်း၊ အဲ၊ အဝှာ၊ ဘာလဲ၊ ဟိုဒင်း” စတာမျိုးတွေ မပါဘဲ သူပြောချင်ရာကို ကွက်တိပြောသွားနိုင်တာကို တွေ့ရတယ်။ ဒါကလည်း ရုပ်ရှင်သရုပ်ဆောင်ကောင်းတယောက် ဖြစ်ခဲ့တာကြောင့် ဖြစ်ကောင်းဖြစ်မယ်။

ဘာကြောင့် ဒါကို သတိထားမိလဲဆိုတော့ မနေ့ကမှ မြန်မာလူမျိုးတယောက်ရဲ့ အင်တာဗျူး အသံဖိုင်ကို စာသားအဖြစ် ရိုက်နှိပ်ပေးရင်းနဲ့ အထက်က ပြောခဲ့တဲ့ အပိုဆာဒါးတွေ အများကြီး စကားထဲမှာ ပါနေတာကို တွေ့ရတယ်။ လွန်ခဲ့တဲ့ တနှစ်လောက်ကလည်း ဗီဒီယိုတခုကို စာတမ်းထိုးဖို့ ကူပြီး လက်နှိပ်စက်ရိုက်ပေးတဲ့အခါ အလားတူ အဖြစ်မျိုး ကြုံဖူးတယ်။ ရေဒီယို လေလှိုင်းက အင်တာဗျူးတွေ၊ ဆွေးနွေးခန်းတွေ နားထောင်ရင်လည်း မြန်မာစကားကို မထစ်ဘဲ၊ ချောချောမွေ့မွေ့၊ ရှင်းရှင်းလင်းလင်းနဲ့ ကွက်တိ ပြောတတ်တဲ့လူ အင်မတန် ရှားတာကို တွေ့ရတယ်။

ဒီအသံဖိုင်မှာတော့ ဒေါက်တာနန္ဒမာလာဘိဝံသရော ဦးပဉ္ဖင်းကျော်ဟိန်းပါ စကားကို ရှင်းရှင်းလင်းလင်း အပိုအလိုမရှိ ပြောတတ်တာကို သတိထားမိပါတယ်။

Rita said...

မေးတဲ့ဦးဇင်းလည်း မေးခြင်းအားဖြင့် အကျိုးတစ်စုံတစ်ရာ ရသွားတယ်ဆိုရင် ဝမ်းသာစရာပါပဲ။

ပုထုဇဉ်တစ်ယောက် ပုထုဇဉ်ဆန်တာကိုတော့ ထူးထူးခြားခြား မခံစားရပါဘူး။ သူ့အကြောင်းတရားတွေက ဒီလိုဖြစ်ဖို့ကို ရှိနေတာလို့ ယူဆမိပါတယ်။

ဒီဆွေးနွေးပွဲဖြစ်ရတဲ့၊ သိရတဲ့ အကြောင်းတရားတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။

Anonymous said...

May I share?

Sonata Cantata said...

Yes, please.

Tin said...

ဆ ရာ တော့် အ သံ သည် သက် တော် ၇၀ ရှိ အ သံ နှင့် မ တူ ပါ ။ ဦးပဉ္ဖင်းကျော်ဟိန်း အ သံ မှာ မ သိ မ သာ မာ န သံ ပါ နေ သည် ဟု ယူ ဆ မိ ပါ တယ် ။ ဆ ရာ တော် ရဲ့ သဲ တ ပွင့် ဥ ပ မာ သည် ဦးပဉ္ဖင်းကျော်ဟိန်း တင် မက အား လုံး သတိ ပြု နိုင် လျှင် ကောင်း ပါ တယ် ။ လေး စား စွာ ဖြင့် ။

Anonymous said...

အခုလောလောဆယ်တော့ ကွန်မကောင်းလို့ ဘာမှလုပ်လို့မရသေးဘူး တင်ပေးတဲ့အတွက်ကျေးဇူးပါ
မိုးချုပ်သန်းခေါင်ဆိုရင်တော့ အဆင်ပြေမလားမသိ

ခင်မင်စွာဖြင့်
seesein

ဖြိုး said...

ဦးဇင်းကျော်ဟိန်းက
၁- ဝိပဿနာတရား အားမထုတ်ချင်ဘူး
၂- ဓမ္မစာပေတွေ မဖတ်ချင်ဘူး။

ဒီနှစ်ချက် ချွတ်ယွင်းနေတဲ့ကြားက တရား ဟောချင်နေတယ်ဆိုတော့ ဆေးပညာ မသင်ချင်ဘဲ ဆရာဝန်ပဲ လုပ်ချင်သလို ဖြစ်နေတယ်။ ဘာမှ မသိဘဲ ဘာတွေ လျှောက်ဟောမှာလဲဆိုပြီး ဆရာတော်တွေ အထိတ်တလန့် ဖြစ်လဲ ဖြစ်စရာပဲ။

Anonymous said...

မှတ်ချက်ရေးသူတွေထဲက တယောက်က မေးမြန်းလျောက်ထားနေတဲ့ ဦးပဇင်းထက် ပိုပြီးတတ်ကျွမ်းကြောင်း သူရေးတဲ့မှတ်ချက်ကနေပြနေတယ်လို့ ခံစားရတယ် ။

ကိုပေါ ၊ ရီတာ ကိုပြောတာမဟုတ်ပါ ။ မသိလို့ သိချင်လို့မေးတယ်လို့ မယူနိုင်ဘူးလား ။

ကိုယ်တည်ဆောက်ခဲ့၊ အောင်မြင်ခဲ့တဲ့ နေရာ ကနေ ၊ တခြားနယ်ပယ်တစ်ခုမှာ အစကပြန်စတာလည်း ကောင်းတဲ့ အချက်တစ်ခုမဟုတ်လား ။

ဆင်ခြင်စဉ်းစားပြီး လိုက်နာကျင့်ကြံနိုင်ဖို့ အသံဖိုင်တင်ပေးတဲ့ အတွက် ဘလော့ပိုင်ရှင်ကိုဧရာ ၊ မသီတာ တို့ကို အထူးကျေးဇူးတင်ပါတယ်။

Thant said...

တရားလာနာနေတာမဟုတ်ဘဲ ဦးကျော်ဟိန်းက အပေါ်ယံအသိလေးနဲ သူ့ကိုယ်သူနိဗ္ဗာန်ရောက်နိုင်တဲ့အသိတွေရှိနေတယ်ဆိုတာကို ဆရာတော်ကြီးကိုလာပြီး အကြောင်းကြားနေသလိုပဲလို့ စိတ်ထဲမှာခံစားရတယ်......။ ဆရာတော်ကြီးက အမှားကိုထောက်ပြပြီး အမှန်ကိုလမ်းညွှန်ပြတာ ရှင်းနေတာပဲ....။ ဒီတရားနာလိုက်ရလို့ တကယ့်ကို ကျေးဇူးတင်ပါတယ်အစ်မ....... ။ ပြန်ပြီး share ပါရစေ....... ။

Anonymous said...

ဦးပဇင်း ကျော်ဟိန်း ဘက်ကနေ ရှေ့နေလိုက်နေတာမဟုတ်ဘဲပြောရရင် ၊ ဦးပဇင်းရဲ့ ဘာသာရေးဆိုင်ရာသိမူကို တော်တော်များများက ခန့်မှန်းနိုင်ပါတယ် ။

မှတ်ချက်ရေးတဲ့သူတွေက ဦးပဇင်းထက် ပိုပြီး သိကြောင်း၊ တတ်ကြောင်း ၊ လုပ်နိုင်ကြောင်း ၊ ပြောနေသလိုပဲ ။ ဒီနေရာမှာ ( ဦးကျော်ဟိန်း) ဆိုတဲ့ မေးမြန်းလျောက်ထားသူနေရာမှာ ၊ မောင်ကိုကို ၊ ဒေါ်မြနန္ဒာ တို့က အဲသည့်လေအတိုင်းမေးမြန်းတယ်ဆိုရင်ကော ၊ မေးတဲ့သူက သူသိနားလည် ခံယူထားတဲ့အတိုင်း ပြင်ချင်လို့၊ သင်ချင်လို့ကောမဖြစ်နိုင်ဘူးလား ။

ဒါကိုထည့်ရေးတာက ကျော်ဟိန်း ဆိုတဲ့ နာမည်ဘက်ကနေ လိုက်နေတယ်လို့ အသက်ရူကွဲလို့ အနက်ယူလွဲသွားမှာကို စိုးရိမ်လို့ပါပဲ ။ အသံဖိုင်မှာပါတဲ့ အတိုင်း မှတ်မိသလိုပြန်ရေးရရင် ” မင်းက ငါတို့ ဘာသာတရားကိုလာတိုက်ခိုက်နေတာလား” လို့ ပြန်လည်ဆွေးနွေးတယ်လို့ နားထောင်မိသလိုပဲ ။

မသိတဲ့သူ ၊ ရိုင်းရိုင်းဆိုင်းဆိုင်း ချဉ်းကပ်လာသူကို လမ်းမှန်ရောက်အောင် ပြောဆိုတာလည်း ကောင်းတဲ့လုပ်ရပ်ပဲ ။ အခုဟာက ဒီလျောက်ထားသူကွာ ဒါလောက်ကတော့ဆိုတာမျိုးဖြစ်နေပြီ ကျောင်းဒကာတို့ ။ တရား ဆွေးနွေးပြီးနောက် နောက်တနေ့ မခေါ်နိုင်မပြောနိုင်ဖြစ်ကုန်ရင်မကောင်းဘူးလေ ကျောင်းအမကြီး ။

မောင်ကိုကို ၊ ဒေါ်မြနန္ဒာတို့ မေးလို့ကတော့ အသံဖိုင်ကို အဆုံးထိနားထောင်မှာလားကို သံသယဝင်မိ ပါ့ ။

အခုမှတ်ချက်က ဒီအသံဖိုင်မှာ ဆွေးနွေးတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးတဲ့မှတ်ချက်တွေကိုမြင်တဲ့ အမြင်သာဖြစ်တယ် ။ မေးမြန်းလျောက်ထားသူ ရဟန်း ရဲ့ တခြားသော နေရာများမှာ ပြုမူဆောင်ရွက် နေထိုင်ကျင်ကြံဟောကြားတဲ့ ကိစ္စများကို ထည့်သွင်းဆွေးနွေးမထားပါ ။

လသာည said...

တရားဖိုင်က တကယ့်ကို ကြားနာမှတ်သားစရာပါ။ တင်ပေးတဲ့ ကိုဧရာနဲ့ မမသီတာကို ကျေးဇူးတင်ပါတယ်။

PhyoPhyo said...

မသီတာရေ ကျေးဇူးအများကြီးတင်ပါတယ်၊
သူငယ်ချင်းတွေဆီလဲ မျှတယ်၊
ကိုယ်တိုင်လည်းနားထောင်နေပါတယ်၊ ဆရာတော်ကြီးရဲ့လေသံက အေးချမ်းနေတာပဲ၊ ဦဇင်းဦးက္ကိတိသာရလည်း သူ သိချင်တာတွေမေးနေတာ၊ ဒီလို အင်တာဗျူးမျိုး နားထောင်ရတာ နားထောင်ရသူတွေ အကျိုးရှိပါတယ်၊ ဝေမျှပေးတဲ့ မသီတာလည်း ကုသိုလ်အများကြီးရပါတယ်၊

မြစ်ကျိုးအင်း said...

စိတ်ဝင်စားစရာမို့လို့ နားထောင်လိုက်မယ်အမ ကိုယ့်ရဲ့ ခံယူနိင်စွမ်းအလျောက် သဘောပေါက် နားလည်မှာပါပဲ။ နားမထောင်ခင် အရင် မန့်ဖြစ်တာပါ။

မြစ်ကျိုးအင်း said...

ခုမှ နားထောင်လို့ ပြီးတယ်။ မှတ်သားနာယူစရာတွေ ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်။

Anonymous said...

ဦးကျော်ဟိန်း ပြောနေတာတွေဟာ တရားတော်နဲ့ မညီဘူး၊ ဘယ်ဘုရားဟောထဲမှာမှ မပါဘူး ဆိုတာ ထောက်ပြသူတွေက ကျမ်းဂန်တတ် ဆရာတော်ကြီးတွေနဲ့ ပရိယတ္တိ လေ့လာလိုက်စားသူ လူပုဂ္ဂိုလ်တွေပါ ဖြစ်နေတော့ ဒါ အကြောင်းမဲ့စကားတော့ မဟုတ်တန်ဘူး။

ပရိယတ္တလဲ မဖတ်ရှု၊ ပရိပတ် အကျင့်လဲ မလုပ်အားဘူးဆို၇င် တရား ဘာတွေ ဟောမှာလဲ။ စာတွေ့လဲ မပြနိုင်၊ လက်တွေ့လဲ အားမထုတ်ဘူးပဲ ဟောတယ်ဆိုရင် ဘုရားရှင့် တရားတော် မဟုတ်ဘဲ ကိုယ်ထင်ရာ ကိုယ်ပြော စကားတွေ ဖြစ်နေမှာပေါ့။

တရားဟောနိုင်အောင် ပရိယတ် ပရိပတ် ကျွမ်းကျင်မှု မရှိဘဲ ကျော်ဟိန်း (အရှင်ကိတ္တိသာရ) နာမည်နှစ်မျိုးသုံးပြီး တရားပွဲတွေ ကြေညာတော့ အောင်မြင်လာတယ်။ ကျော်ဟိန်းဒိုင်ယာလော့တွေကို ဘုရားစကားမှတ်ကုန်ရင် သာသနာ ပျက်စီးမှာစိုးလို့ သံဃာ့နာယကက ခေါ်မေးတယ်ဆိုတာ သာဓုခေါ်ပါတယ်။ မေးတော့လဲ ဦးကျော်ဟိန်းက သူ ပလ္လင်ပေါ်မှာ ဟောတာတွေဟာ ဗုဒ္ဓစာပေကျမ်းဂန်ထဲမှာ မပါဘူး၊ ဘယ်သံဃာအစဉ်အဆက်ဆီကမှ မှတ်သားမေးမြန်းထားတာလဲ မဟုတ်ဘူး၊ သူ့စိတ်ထဲက အတွေးတွေဆိုတာ ဝန်ခံရတယ်။ နောက်ဆုံး သူဖြစ်ချင်တဲ့ ဓမ္မကထိကပလ္လင်ပေါ်တက် တရားဟောတာကို မလုပ်တော့ဘဲ ဘာသာရေး ဆွေးနွေးတယ်၊ ကလေးတွေ လူငယ်တွေကို ဘာသာရေးအကြောင်း ပြောတယ်ဆိုပြီး လမ်းလွှဲလိုက်ရတာပါ။

ဒါလဲ အန္တရာယ် ကြီးတုန်းပဲလို့ ထင်တယ်။ ဘာမှ မသိသူက ဘာတွေ ဆွေးနွေးမှာလဲ။

ဖြိုးအောင် said...

ဒီနေ့မှ အေးအေးဆေးဆေး သေချာပြန်ဖွင့်နားထောင်မိတယ်။ ဦးဇင်းကျော်ဟိန်းက သူ ဆရာတော်ဘုရားကြီးကို အသေးအဖွဲကိစ္စလေးတွေ ခိုင်းချင်ရာခိုင်းပါလို့ ပြောပုံအရဆို ဆရာတော်ကြီးတရားတွေကို အတော်သဘောကျပြီး၊ သူပြုပြင်စရာရှိတာတွေ လိုအပ်တာတွေ ပြန်ပြီးစဉ်းစား၊ ပြင်ဆင်မှာ သေချာပါတယ်။ လူ့ဘ၀မှာထဲက သူဘာလိုချင်လဲဆိုတာ ကွဲကွဲပြားပြားသိသူ၊ လိုချင်တာကိုလဲ မရ ရအောင်စွမ်းဆောင်နိုင်ခဲ့သူမို့ သူဘာဆက်လုပ်ရမလဲ သေသေချာချာသိသွားရင် မဖြစ်ဖြစ်အောင်တော့ ကြိုးစားလုပ်သွားမယ်ထင်ပါတယ်ဗျာ။ ကိုယ်မပြည့်တာကို သိရင် ဖြည့်လို့ရတာပါပဲ။ ပြည့်နေတယ်လို့ အထင်မှားရင်သာ ဖြည့်ဖို့ခက်ကြတာ။

ဇွန်မိုးစက် said...

စောစောကပဲ မီးပူတိုက်ရင်းနဲ့ နာလိုက်တယ် အစ်မ။ အပေါ်က သန့်ပြောသွားသလိုပဲ ဇွန်လည်း ခံစားရတယ်။ နားထောင်နေရင်းနဲ့ ဆရာတော်ဘုရားကြီးကို ပိုပြီးကြည်ညိုလာတယ်။ ဦးဇင်းကျော်ဟိန်းမေးမြန်းလျှောက်ထားပုံကို ဘ၀င်သိပ်မတွေ့ပေမယ့် ဆရာတော့်ရဲ့ ဖြေဆိုလမ်းညွှန်သွားပုံက သိပ်ကောင်းတာပဲ။ လမ်းမှားမှာစိုးလို့ အကြိမ်ကြိမ်သတိပေး စကားပြောသွားတာလည်း ကျေးဇူးတင်စရာပါပဲ။

ခုလိုပြန်လည်မျှဝေပေးတဲ့ အစ်မသီတာကို ကျေးဇူးတင်ပါတယ်။

Anonymous said...

အမရေ..ကျေးးးးဇူးးးး ထိုင်နားထောင်သွားတယ်..ဆရာတော်ကြီးပြောတာ သိပ်ကောင်းတယ်။
ကျော်ဟိန်းရဲ့လေသံက မမိုက်ဘူး။ သူ့ကိုယ်သူတော်တော်သိနေတဲ့ပုံနဲ့။
ဘုန်းဘုန်းပြောတာလေးတွေ ကတော်တော်မှန်တယ်။ ဘုန်းဘုန်းကလည်း ကျော်ဟိန်းကို သတိတော်တော်ပေးနေတယ်နော်.. ကောင်းလိုက်တာ...
မျှဝေပေးတာကျေးဇူးပါ..အမရေ..။

မြတ်နိုး