“နှစ်ဆယ်ရာစု သုဘဒ္ဒါ” ဆိုတဲ့ အမည်နဲ့ ၀ါဝါ၀င်းရွှေရဲ့ ရုပ်ရှင်ဇာတ်ကား ရှိခဲ့ဖူးတယ်။ ကျော်ဟိန်းရဲ့ “နှစ်ဆယ်ရာစု လက်ဝှေ့ကျော်” ဆိုတဲ့ဇာတ်ကားလည်း နာမည်ကျော်ခဲ့တယ်။ ခေတ်မှီခြင်း၊ ခေတ်နဲ့အညီလိုက်ခြင်းကို ဖော်ပြလိုတဲ့အခါ ဒီစကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြတယ်။ နှစ်ဆယ်ရာစု ဆိုတဲ့ စကားလုံးလေးကလှသလို နှစ်ဆယ်ရာစုရဲ့ သားပျို၊ သမီးပျိုတွေကလည်း လှပ နုနယ် ချစ်စဖွယ် အသွင်ကိုဆောင်ခဲ့ကြတယ်။ နှစ်ဆယ်ရာစုရဲ့ သစ်လွင် လှပပုံကို ကျမ်းတစောင်၊ စာတဖွဲ့ ရေးလို့ ကုန်နိုင်မယ် မထင်ဘူး။ အဆုံးသတ်သွားတာတောင် Y2K တဲ့… ဘယ်လောက် လှလိုက်လေသလဲ။
*****
နှစ်ဆယ်ရာစုရဲ့ သမီးပျိုလေးတယောက်ဟာ နှစ်ဆယ်တစ်ရာစု အရောက်မှာတော့ အိုမင်းမစွမ်းတော့ပါဘူး။ ဒါဟာ သဘာဝပဲလေ…။ သောင်းကျန်းတဲ့ ရောဂါဆိုးတွေရဲ့ အနှိပ်စက် မခံရသေးပေမည့် မွေးကတည်းက ပါလာတဲ့ အိုနာက ပါးပါးလေး အစွမ်းပြနေပြီ။ ရေအိမ်သွားရင် စာအုပ်အဖေါ်လေး ခေါ်သွားမြဲအတိုင်း ခေါ်သွားမိပေမည့် ဖတ်မရတော့ပါဘူးကွယ်။ ဘာကြောင့်များ ဒီလောက်သေးတဲ့ စာလုံးနဲ့ ပုံနှိပ်ကြပါလိမ့်။ စာအုပ်တွေ စာစောင်တွေ ပြောင်းသွားပေမည့် ဘာလာလာ ဖတ်မရတော့မှ လက်လျှော့ရတဲ့အဖြစ်ရောက်တယ်။ ဘတ်စ်ကား ဂိတ်မှာ ကားစောင့်ရင်လည်း မှတ်တိုင်ဆီလာနေတဲ့ ဘတ်စ်ကားနံပါတ်ကို ကိုယ်စီးလိုတဲ့ နံပါတ်ချည်းသာ မြင်နေမိတော့တယ်။ အနားရောက်လို့ မဟုတ်မှန်းသိမှ ကိန်းဂဏန်းတွေဟာ ဘာကြောင့်များ ဒီလောက်တောင် ဆင်တူရိုးမှား ဖြစ်နေရတာလဲလို့ အယောင်ယောင်အမှားမှားလည်း တွေးမိရဲ့။
ခေါင်းပေါ်မှာ ဖွာလန်ကျဲနေတဲ့ ဆံပင်ဖြူတွေ…။ ငွေမှင်ရောင် လှသလောက်… သူတို့ကျမှ ဘာကြောင့် ဒီလောက်အရုပ်ဆိုးရတာလဲ စဉ်းစားမိပြန်တော့ ဆံပင်တွေ ပိုဖြူသွားမှာစိုးလို့ ရပ်တန်းကရပ်ရတယ်။ တချိန်က ထိန်းမနိုင် သိမ်းမရ အုပ်ခဲနေတဲ့ ဆံပင်တွေ… ခုများဖြင့် ထိပ်မှာ အကွက်လိုက်ကြီးကို ပြောင်လို့…။ ဒါနဲ့ပဲ ကြည့်မရတဲ့ ဆံပင်ဖြူတွေကိုလည်း မနှုတ်ရက်တော့ပါဘူး။ သူတို့လေးတွေ ရှိနေပေလို့ အပြောင် သက်သာရာရပေတယ်ပေါ့။
ဂလုံဂလွမ်… ချလွင်ချလန်… အသံတွေ ကြားရရင်တော့ အခြားမတွေးပါနဲ့။ ဒီလက်က လွတ်ကျတာပါ။ အမလေး…ကုန်ပါပြီ ဆိုတဲ့ အသံမျိုးတွေ ကြားရရင်လည်း အထိတ်တလန့် မဖြစ်ကြပါနဲ့။ ဟင်းအိုးတွေ၊ ဟင်းခွက်တွေ ခူးရင်းခပ်ရင်း မှောက်ပြန်တာပါ။ ဦးနှောက်က စေ့စပ် သေချာစွာ အမိန့်ပေး ခိုင်းစေတဲ့အတိုင်း တသွေမတိမ်း လိုက်နာလို့ မြဲမြံခိုင်ခံ့ခဲ့တဲ့ လက်တွေ… ခုတော့လည်း သူတို့ မဟုတ်သလိုပဲ။ တခုခုတော့ မှားနေပြီ… တနေရာရာမှာတော့ မှားနေပြီ။ ဘယ်သူ့ကြောင့်လဲလို့ ကျေးဇူးပြုပြီး တရားခံ မရှာပါနဲ့တော့။
တနေ့လုံး မိုးတိုးမတ်တပ်နဲ့ သူ့အပေါ် အားပြုရပ်ရတဲ့ ခြေထောက်တွေ… ညတိုင်ရင်တော့ ဖောယောင်နေပြီ။ ဘယ်လာ ကျော့ကျော့မော့မော့ လှမ်းနိုင်တော့မလဲ။ သူတို့ကို ညှာရင်း ပုံမကျပန်းမကျ ကွတတနဲ့ ကျိုးကျိုးကျွတ်ကျွတ် အော်ရင်း မြည်ရင်း နောက်ဆုံးတော့ အိပ်ယာဖျာကပ်ရတာပါပဲ။
*****
ကိုယ့်မှာဖြင့် ကိုယ့်ဒုက္ခနဲ့ကိုယ်။ ငယ်ငယ်ရွယ်ရွယ် မသိမိုက်မှားတဲ့အရွယ်က တရားသူကြီးရှေ့သွားပြီး အေးအတူ ပူအမျှ အပေးအယူ သူနဲ့ကျမ ဆိုပြီး မဟုတ်က ဟုတ်ကတွေ ကျမ်းသစ္စာ ကျိန်ဆိုမိခဲ့လို့ အပိုဆု တွဲပါလာတဲ့ ဒုက္ခအိုးကြီးကလည်း တမှောင့်။ ဘယ်သူ့အကြောင်းလေးဖြင့် သူ့ပြောမိရင် ရာဇ၀င် ပြန်လှန်ရတော့တာ…။ ဥပမာ သာဂိအကြောင်း ပြောကြတယ် ဆိုကြပါစို့။ သာဂိလေ…ကိုဖိုးထောင် သားလေ… ငယ်ငယ်က ရှင်နဲ့တောင် ထန်းရည် အတူတူ ခိုးသောက်ကြသေးဆို… ဆိုတာမျိုး ပဝေသဏီ ရှစ်ထပ်က အကြောင်းတွေ ပြန်အစဖော်ပြီးမှ ရှေ့ဆက်လို့ရတယ်။ မောထှာ။ တခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်။ အော် သူ့ခင်မျာ ဖာသိဖာသာ နေတတ်ရှာတာပါလို့ ခွင့်လွှတ်ခဲ့သမျှ အခုများဖြင့် တယ် စိတ်မရှည်ချင်ဘူး။ သူက ယောင်တောင်ပေါင်တောင်တွေ လုပ်တော့ ကိုယ်ပါ ဝေေ၀၀ါးဝါးတွေ ဖြစ်ကုန်ရော။ အော် ငါ့နှယ် မျက်မှောင်တွေကျုံ့မိပြန်ပြီ… နဖူးရေတွေ တွန့်ကုန်ပါပေါ့။
နှစ်ဆယ်ရာစု ဖွားဖွားတာ
*****
မှတ်ဉာဏ်တွေ မကောင်းတော့တဲ့အကြောင်း သက်ဝေနဲ့ ချောကို ပြောချင်လို့ (ချိုပေစွ ဟင်းချိုကဗျာကို အလွတ်ရသေးတယ် ထင်နေကြလို့)
အသက်ချင်းပြိုင်ရင် ကိုယ်ကနိုင်မယ် ထင်နေတဲ့ Gyidaw နဲ့
နောက်ပြီး နှစ်ဆယ့်တစ်ရာစုမှာ ခေတ်စားတဲ့ သွေးစုတ်လူ ဇာတ်ကားတွေ ကြည့်ခိုင်းတဲ့ ခရေတွန်နဲ့
တနေ့တည်း နှစ်ပုဒ် သုံးပုဒ်တင်ရင် စိတ်မဆိုးတဲ့ စစ တို့အတွက်

25 comments:
ဖွားဖွားတာရေ
မောရင် ရေသောက်ပြော လက်ညောင်းရင် ဦးဧရာကို နှိပ်ခိုင်းပြီး ရိုက်ပေး စိတ်ကို တကယ်မဆိုးတာ စစ ပြောသား ပါဝါတွေ တိုးကုန်ပြီ ရွှေပြည်အတွက် ဆုတောင်းပေးပါအုံး
ဂျီးဒေါ်နဲ့ ဖွားဖွားတာ ဘယ်သူနိုင်သွားတာလဲနော
အိုနာတွေ ကတော့ မရချင်လဲ ရ ရချင်လဲ ရ မအိုမနာတဲ့ဆေး လိုချင်ရင် ပြောပါ
ခင်မင်တဲ့
seesein
စစရေ
မသီတာ့ အမေ ပြောတတ်တဲ့ လေသံ...
အယောင်ယောင်အမှားမှား
ယောင်တောင်ပေါင်တောင်
ဝေေ၀၀ါးဝါး
တရားခံရှာ
...
အမေ့လို လိုက်ပြောကြည့်နေတာလေ...
ဇရာအကြောင်း ပြောတဲ့ ဖွားဖွားတာရဲ့ ပို့စ်လေးက လန်းနေတုန်းပါပဲ...။း)
အားပေးတာ ကျေးဇူးပါ ကိုညီလင်းသစ်ရေ...
ဒီမှာလည်း ဒီလိုပဲ အပြန်အလှန်အားပေးနေရတာပါ။
အဖိုးကြီး... အဖွားကြီး... အဖေကြီးရေ... အမေကြီးရေ... မခေါ်ပါဘူး။
နှစ်ဆယ်ရာစု သမီးပျိုလေးတဲ့ ခေါ်ရှာပါတယ်...
အိမ်က နှစ်ဆယ်ရာစု သားပျိုလေးကးD
ဘာအခုမှ မဟုတ်က ဟုတ်က သစ္စာဆိုမိတာ တဲ့လဲ။ သံသရာအဆက်ဆက် ပါရမီဖြည့်ဖက် ဖြစ်ပါရစေ လို့ ထပ်ဖြည့်ထားတာ မကြားမိဘူး ထင်လို့လားးး မမ။ :)
ပုံ
မျက်စိမှုန် လက်တုန်ပေမဲ့ နားကြားသေးသူ
ယေး)))ဟောဒီမှာ
နှစ်ဆယ်ရာစုရဲ့ သမီးပျိုလေးတယောက် ချိုသင်း...
ဒါကြောင့် ပို့စ်ထဲ နားအကြောင်း ထည့်မရေးပဲ နားထားသေးတားP
ဟီး... သီတာကတော့ လုပ်မယ်...
နှစ်ဆယ်ရာစု ဖွားဖွားတာ တဲ့... ဖတ်ပြီး ရယ်မိတယ်... ဒါပေမယ့် အဲလောက်ကြီးတော့ မဆိုးကြသေးဘူး ထင်ပါတယ် သီတာရယ်... :D
မပူနဲ့ မသီတာ
အဖော်ရှိတယ် ဒီမှာလည်း ဖုန်းနံပါတ်လေး တစ်လုံး ၂လုံးတောင် မမှတ်နိုင်တော့လို့ ဖုန်းထဲမှာအားလုံး ထည့်ထားရတယ် အရင်ကများ ဖုန်းနံပါတ်ဆို အလွတ်ဘဲ ကျက်တာ။ အသက်ကစကားပြောလာပြီဆိုတော့.....................း)
ငယ်ငယ်ရွယ်ရွယ် မသိမိုက်မှားတဲ့အရွယ်က တရားသူကြီးရှေ့သွားပြီး အေးအတူ ပူအမျှ အပေးအယူ သူနဲ့ကျမ ဆိုပြီး မဟုတ်က ဟုတ်ကတွေ ကျမ်းသစ္စာ ကျိန်ဆိုမိခဲ့လို့ အပိုဆု တွဲပါလာတဲ့ ဒုက္ခအိုးကြီးကလည်း တမှောင့်ဆိုပဲ...။
မှန်လိုက်လေ..ငါ့အစ်မရယ်.။
ဖွားတာမဟုတ်ပါဘူး.. အစ်မက အပျိုလေးနဲ့တူတဲ့..မအိုသေးတဲ့သူ..
mm
သက်ဝေနဲ့ မသီတာ သူငယ်ချင်းတွေဆို လို့ သူများတွေ မေးလာကြရင် ဘယ်လိုဖြေရမလဲငှင် အန်တီတဂ်ဝေ
ချောရေ...
ကိုယ့်ကိုကိုယ် သတိထားမိတာလေးတွေ ချရေးထားလိုက်တယ်
mm :)
:) ဖွားဖွားမဟုတ်သေးပါဘူးလို့..
ခုမှ ရေချမ်းနဲ့ရေစင်က ကလေးလေးတွေ ရှိသေးတာ။
အပေါ်ကကော်မန့်တွေဖတ်ပြီး ရီသွားပါတယ်.. (ရီနိုင်တုန်းလေး) =)
မယုံဘူး..
း)
ခေတ်ေ၇ှ့ပြေးနေလိုက်တာများ
လိုက်လို့တောင် မမှီတော့ဘူး။
ဟင်းးးးးးး
ပုံ။
ပုံထောက်
ရွှန်းမီနဲ့ ကေ့အတွက် ယုံရုပ်လေးရေးခိုင်းရဦးမယ်
မသိတဲ့သူတွေက ပေါက်ထုံတို့ mmတို့နဲ့ ရွယ်တူလို့ ထင်နေကြမှာစိုးလို့ ခေတ်ရှေ့လည်း ပြေးပြရသေး :(
မသီတာရေ ဘတ်စ်ကားနံပါတ်မမြင်တာတော့ တူလိုက်တာ။ ကြည့်လိုက်ရင် တလွဲချည်းပဲ။
အဝေးကိုမှုန်တာ၊ (အနီးလည်းမမြင်ဘူး) တစ်ယောက်ယောက်ကကိုယ့်ကိုရယ်ပြလို့ ရယ်ပြမှန်းမသိ၊ မမြင်ဘူး။
စာမရေးပဲ အဲလိုအကြာကြီးပျောက်နေစရာလားနော်။
သားကြီးကို ဂရုစိုက်နေရတယ်ထင်တယ်။ ;)
မသီတာတို့အားလုံးကျန်းမာပျော်ရွှင်ကြစေသောဝ်
ဖြိုးဖြိုးရေ...
အနီးရော..အဝေးပါ မှုန်လာနေပြီ
တို့တွေ တတ်နိုင်သေးတဲ့အထိ ဘလော့ဂ်မှာ စာတွေ ရေးကြ ဖတ်ကြသေးတာပေါ့နော် ...း)
မမသီတာရေ..
အသက်ကစကားပြောလာတယ်...ဟေ့..မင်းမငယ်တော့ဘူးနော်တဲ့..။
ကျွန်မကလည်း ပြန်ပြောလိုက်တယ်..အို..နှစ်ဆယ်ရာစုသမီးပျိုလေးပါလို့..ဟိ...း)))
ဟယ် သီတာရယ် အဲ့လောက်လည်း မဟုတ်သေးပါဘူးကွယ်...အဲ နဲနဲတော့ ဟုတ်နေပါတယ်လေ....:)
နှစ်ဆယ်ရာစု သမီးပျိုလေးများ ဖြစ်ကြတဲ့
မမိုးပန်းချီတို့ မချစ်ကြည်အေးတို့...
(ဘာမှ မဟုတ်ဘူး
ဒီနာမည်လေး ခေါ်ကောင်းလို့ ခေါ်ကြည့်နေတာ...)
တိုးတိုးလေး မေးကြည့်မှဘဲ ဖွားဖွားပန်းပန် လှတယ်လား ဆိုတဲ့ သီချင်းလေးထဲကလို
(မောင် အချစ်လျော့ပြီလား မေ့စိတ်ထဲ စိုးထိပ်ထင် မေးရမှာခက် ပြောရလည်းရှက် ရတက်ပို မေ့ဖြစ်အင်) ဆိုသလို ဖိုးဖိုးကို မေးချင်နေ မလားလို့ 
း-)
သီချင်းစာသားတောင် မေ့တယ် ဆိုတဲ့ အန်တီကြီး နာမည်တောင်မမှတ်မိတော့ဘူး
ဒေါက်တာ ရတနာကျော် ရဲ့ အမေဆိုထားတာလေ
မမတာ... တီတီတာ... ဖွားဖွားတာ... ဘယ်အရွယ်ရောက်ရောက် ချစ်ဖို့ကောင်းတာ နည်းတဲ့ကုသိုလ်မှတ်လို့...း)
တကူးတက လာလည်ပြီး သီချင်းလက်ဆောင်ပေးသွားတဲ့ ဆောင်းကို ကျေးဇူးတင်ပါတယ်ရှင်
ဇွန်ရေ
ကျေးကျေးစ်း)
ဟားဟား....(ရီချလိုက်မိတယ် မသီတာရေ)...အဲ...ဂျင်းက လှောင်တာ သရော်တာမဟုတ်ဘူးနော်။ မသီတာရေးထားတာ ဖတ်ကောင်းလွန်းလို့။ ဂျင်းတို့အဲဒီအရွယ်ဆို ပိုများဆိုးမလားလို့လေ....အခုတောင် မသီတာလိုပဲ စာလုံးသေးသေးဆို မမြင်ရ ၊ကားနံပါတ်ဆို မှားမှားမြင်၊ ခန္ဓာကိုယ်ကဆိုလည်း ဟိုနားကနာ ဒီနားက ကျင်နဲ့ ဇရာအကြိုပြနေတာလားလို့တောင် ထင်မိနေတယ်။
ကိုယ်ရေးချင်နေတဲ့ဟာတွေ မသီတာက အကုန်ရေးသွားပြီ ... တူလိုက်တာနော် ...
ဘွားဘွားဆွိ
OK....OK
I Was busy and miss this post.It's ok to accept changes of our body.I often tell my sons you become aged and you will know.
Gyidaw
Post a Comment