ဘ၀မှာ လျှောက်ခဲ့တဲ့ လမ်းတွေ… လမ်းဖြောင့် လမ်းကောက် လမ်းသွယ် လမ်းကျယ် အမျိုးမျိုးပါပဲ…။
မှတ်မှတ်ထင်ထင် ဖြစ်ခဲ့တဲ့ လမ်းထောင့် လမ်းဆုံ လမ်းကွေး လမ်းလေးတွေလည်း ရှိတတ်ကြတယ်။
အဲ့ဒီလမ်းလေးကတော့ ကွေးကွေးလေး…။ ကိုယ်လမ်းပေါ်ရောက်တဲ့ အချိန်ကလည်း ရောင်နီလာခါစ မှောင်ရီဝိုးတ၀ါးမို့ ၀ါဖန့်ဖန့် ဓာတ်မီးတိုင်လေးတွေကို အားပြုရင်း…။ လမ်းကွေးလေးက ရထားဘူတာ တစ်ခုကို ဦးတည်နေတာမို့ လူသွားလူလာတော့ မပြတ်ပေဘူး။ အများစုကတော့ ကျောင်းသူကျောင်းသားလေးတွေ…။ နောက်… သားသမီးကို ဘူတာထိ လိုက်ပို့တဲ့ ကိုယ်လို အမေတွေ…။
အပြန်လမ်းလို့ပဲ ဆိုကြပါစို့… လာရင်းကိစ္စ သားကို ပို့ပြီး၊ လာရာလမ်းကို ပြန်တာမို့…။ သူစိမ်းဆန်တဲ့ မြို့ပြတိုက်တာတွေရဲ့ အချို့သော အခန်းတွေမှာ မီးရောင်လေးတွေ တစွန်းတစမြင်နေရတယ်။ ခပ်မှုန်မှုန် အဆင်တွေက ကိုယ့်ရဲ့အာရုံတွေကို ဆွဲမယူလို့ ကျေနပ်ခြင်းနဲ့အတူ ဖြေးဖြေးရွေ့ရွေ့ လှမ်းနေမိတယ်။ လမ်းချိုး… ကိုယ် ချိုးဝင်ရတော့မယ့် လမ်းချိုးရဲ့ လမ်းထောင့်အရောက်မှာတော့… အမျိုးသမီးတယောက်ရဲ့ အဆက်မပြတ် စကားပြောနေတဲ့ အသံမှာ ကိုယ့်အာရုံတွေ စူးနစ် ၀င်သွားတော့တယ်။
သူဘာတွေ ပြောနေလဲ… ဘယ်နေရာက ပြောနေတာလဲ…။ စူးစမ်းရှာဖွေမိတယ်။ သွက်သွက်ကြီး ပြောနေတဲ့ သူ့အသံမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ အပြည့်ပါတယ်။ သူပြောနေတာတွေကို လုံးစေ့ ပတ်စေ့တော့ နားမလည်ဘူး။ MRT… MRT… ဆိုတာ ကြားတယ်… ဘယ်ဘက်ကို ကွေ့၊ ဆယ်မိနစ်လောက် လမ်းလျှောက်လိုက်ရင်ရောက်မယ် ဆိုတဲ့ လမ်းညွှန်စကားတွေကို ဖုန်းနဲ့ ပြောသလိုမျိုး ပြောနေတယ်။ စေ့စေ့စပ်စပ်၊ သေသေချာချာ၊ ဟန်ကျပန်ကျ ပြောနေလိုက်ပုံများ။ ခက်တာက ထပ်ခါထပ်ခါ အကျယ်ကြီးကို ပြောနေတာ။ အော်… သူ စိတ်နေမကောင်းရှာဘူးကိုး…။
စူးရှတဲ့ သူ့အသံ လှိုင်းတွေက ကိုယ့်ရင်ကို ဒိန်းကနဲ ဒိန်းကနဲ လာလာစောင့်တယ်။ အဲ့ဒီ လှိုင်းတွေကို သတိနဲ့ ဖွဖွလေး ဖမ်းယူ… မေတ္တာလှိုင်းတွေ အဖြစ် အသွင်ပြောင်းပြီး သူ့ဆီကို တန်ပြန်ပို့လိုက်ပါတယ်။ အေးချမ်းပါစေ…။ အေးချမ်းပါစေ...။
*****
ဒီလမ်းပေါ်ရောက်တိုင်း သူ့အသံကို နားစွင့်မိတယ်။ အသံ မကြားမိတော့ ကိုယ့် မေတ္တာတွေ အစွမ်းထက်ပါရဲ့လို့ တွေးထင်နေတုန်း…ဟော ကြားရပြီ…။ တိုးသဲ့သဲ့လေး။ အော် သူ့သားလေးအကြောင်း ပြောနေတာကိုး။ သူ့သားက ကျောင်းပြီးလို့ NS တောင် သွားနေပြီ … တဲ့။
NS = National Service
MRT = Mass Rapid Transport
*****
သူငယ်ချင်း သက်ဝေက စိတ်၏ခေါ်ဆောင်ရာကို ရေးပြီး… မမKOMကလည်း ရူးချင်ယောင် ခဏခဏ ဆောင်ပြ… ချစ်ပေါက်ကလည်း စာရင်းကောက်... ဆိုတော့ ဒီကလည်း ရေးရပြီပေါ့…
တယောက်ရှိသေးတယ်... ဘလော့ဂ်ပိတ်ထားပြီး စိတ်ပေါက်ရင် လာလာချွဲတယ်...

11 comments:
သနားပါတယ်..။
ကျနော့်အလုပ်နားမှာလဲ အဲ့လိုလူတွေ အများကြီး..။
တခါတရံ ကြည့်လိုက်ရင် အကောင်းကြီးပဲ..။
ပါးစပ်ကနေတတွတ်တွတ်ရေရွတ်
အော်ဟစ်ဆဲဆိုနေသူတွေ..။
ဂုတ်ချိုင်း
ပေါက်
သနားပါတယ်...
တခါတုန်းက တွေ့ဖူးတယ်.. မိန်းကလေးတယောက် အသက်ငယ်ငယ် ချောချောလှလှလေး... ဝတ်ထားတာလဲ အဆင့်မြင့်မြင့်... ဒါပေမယ့် တယောက်တည်း စကားတွေ ပြောလို့... ပြုံးလို့ ရယ်လို့...
အဲဒီလိုလူမျိုးတွေကို ဘယ်လိုနည်းနဲ့ ကူညီနိုင်မလဲ စဉ်းစားတာ... စဉ်းစားမရခဲ့ဘူး... အခု သီတာ ပြောလို့ မေတ္တာလှိုင်းတွေ ပို့ပေးဖို့ သိသွားပြီ...း))
ရေးထားတာလေးမှာ သီတာ့ မေတ္တာစိတ်ကလေးကို တွေ့ရပါရဲ့....။ ဒီက စိတ်ရော လူပါ နေမကောင်းတာ....။ ကောင်းချင်ယောင် ဆောင်နေရတာအေ.... :)
I already sent my wave of affection to my beloved bloggers.They share and give different feeling by reading their blogs.We all are fools(puhtu zanaw ohnma takaw).So i also need to receive it:)
Gyidaw
စဉ်းစားလိုက်ရတာ ကြံရာမရလို့ ထုတ်တောင်မေးတော့မလို့
ဂိုင်းချုပ်ပေါက်ကို ဂုတ်ချိုင်း ဆိုတာ ဘာလဲလို့
မသီတာ
ယဉ်ယဉ်လေး
(သူကတော့ ဂုတ်ချိုင်းဆိုတော့ ရာထူးကို နာမည်ရှေ့က ရေးတာပေါ့လေ...တို့များ ပမွှားတွေကတော့ ကိုယ့်အဆင့်ကို ယို့ယို့လေး နာမည်အောက်က ရေးရရှာတယ်း))
သက်ဝေရေ MRT ပေါ်မှာ တွေ့ရတယ် ခဏခဏပဲ...အယင်တုန်းကတော့ ကြောက်သလို ဖြစ်မိလို့ အနားသိပ်မကပ်ရဲဘူး... နောက်တော့ သနားတတ်တဲ့ စိတ်ကို မွေးယူလိုက်ပါတယ်။
ချစ်ကြည်ရေ အယောင်ဆောင်ဘ၀က လွတ်မြောက်တဲ့ လမ်းချိုးတခုကို ဦးတည်သွားရင်းပေါ့နော်
Gyidaw, thanks for your understanding & affection.
မသီတာ ရေ
စိတ်ကောင်းချင်ယောင်ဆောင်ပြီး လာဖတ်သွားပါတယ်
ဒီမနက်ပဲ တစ်ယောက် ဘတ်စ်ပေါ်မှာ...
မမသီတာ..
မေတ္တာလှိုင်းတွေ တကူးတကလာခံယူပါတယ်း)) အေးချမ်းချင်လို့ပါ..အေးချမ်းချင်လို့ပါ..အေးချမ်းချင်လို့ပါ...အေးးးးးးချမ်းးးးးးချင်လို့ဘာာာာာ....
ဥမ္မာဒန္ဒီး)))
မမရွှေစင်ရေ...သူများတို့ မန်းလေးလာရင်သာ မသိချင်ယောင်ဆောင်နဲ့နော်
ရီတာရေ...
ရထားပေါ် ကားပေါ် လမ်းပေါ်မှာ ဘာမဟုတ်ပဲ ကျွတ်စ် ကျပ်စ် နဲ့ ပါးစပ်က အသံထွက်နေတဲ့ဟာတွေ... မကြာခဏတွေ့လွန်းလို့ ကိုယ်ပါသူတို့ထဲပါမသွားအောင် ကိုယ့်ကိုကိုယ် မနည်းဆွဲ ထားရတယ်။
ဥမ္မာဒန္ဒီမယ်ပန်းချီရေ...
ဒီတမနက်လုံးတော့
ရာဇ၀င်မှာ စာတင် ရှင်ဘုရင်ကြီးတပါး ဆင်ဖြူကို စီးပြီးတော့ မြို့ထဲကို လှည့်လာ...
(စိုးပိုင်နဲ့ တင်မိုးခိုင် ဆိုခဲ့တဲ့ သိဝိဘုရင်နဲ့ ဥမ္မာဒန္ဒီအကြောင်း သီချင်း ပါးစပ်ထဲ ရောက်နေတော့တယ်... ကြားဖူးလား)
(မ)♫♫ အမယ်အိုလို သူဆို...သူ မလိုလို့ စွန့်ပစ် သူတကာနဲ့ ချစ်ကြမှ တကယ်အဖြစ်က သည်းတာ...♪♪
(ကျား) ♫♫ တွေ့မိတဲ့နေ့ကဆို ရင်ကွဲအောင် တကယ်ကို ပုထုဇဉ်အသည်းမို့ ကွဲတော့မယ်လိုလို သေလောက်တဲ့ ဒဏ်ရာ...♪♪
အဟဲ။
mm
CBox မှ
1 Jun 11, 14:38
Pauk: ဒီအိမ်က ဘယ်နှစ်ယောက်လဲ..စာရင်းလုပ်နေလို့..တိကျအောင် လာမေးတာပါ
1 Jun 11, 15:30
ှS-C: တယောက်ပါပဲ...တယောက်ပါပဲ... မသီတာ တယောက်တည်းပါပဲ... မသီတာ တယောက်တည်းပါပဲ (ထပ်ခါထပ်ခါ ပြောနေ...)
1 Jun 11, 20:12
Craton: ၂၀ရာစု ဖွားဖွားတာဆီ လာလည်တာပါခင်ည
1 Jun 11, 20:29
seesein: မန့်မရလို့ အော်သွားတယ်လေနော စိတ်နေမကောင်းရင် အဲလိုဖြစ်တယ်လား
1 Jun 11, 20:36
seesein: အေးချမ်းပါစေ အေးချမ်းပါစေဆိုတဲ့အသံလေး မန်းလေးထိရောက်အောင် ပို့ပေးပါနော်
1 Jun 11, 21:11
ှS-C: ပေါ်မလာ အတော်ကြာ ခရေတွန်...
1 Jun 11, 21:13
S-C: စည်းစိမ်ရေ...မန်းလေးထိရောက်အောင်တော့ မစွမ်းသေးဘူးကွယ်... ပါဝါတွေမြင့်လာအောင် ကျင့်ရဦးမယ်း)
2 Jun 11, 14:46
seeseinshinss: ပါဝါတွေက အသက်ကြီးလေ တိုးလေမို့လားလို့
Post a Comment