ဒါနသည် ပေးကမ်းခြင်းဟူသော အနက်သဘောအရ ပန်းပေးခြင်း၊ လက်ဆောင်ပေးခြင်း၊ အချိန်ပေးခြင်း၊ အခွန်ပေးခြင်း၊ ဘေးမဲ့ပေးခြင်း၊ လုံခြုံမှုပေးခြင်း၊ လုပ်အားပေးခြင်း၊ အကူအညီပေးခြင်း၊ ပညာပေးခြင်း၊ အသက်ပေးခြင်း၊ ဆင်းရဲချို့တဲ့သူတို့အား ထောက်ပံ့ ပေးကမ်းခြင်း၊ မြင့်မြတ်သူတို့အား လှူဒါန်း ပေးကမ်းခြင်း စသော “ပေးကမ်းခြင်း” အမှုများအား ဒါနဟုပင် ဆိုနိုင်ပါသည်။
မည်သို့သော ပေးကမ်းခြင်းမျိုးပင်မဆို ပေးကမ်းသူသည် အတိုင်းအတာတခုအရ စွန့်လွှတ် အနစ်နာခံသောသဘော ပါဝင်သည်သာ ဖြစ်၏။ ထိုသို့ စွန့်လွှတ် ပေးကမ်းရခြင်းဖြင့် မိမိ ချစ်မြတ်နိုးသူ၊ မိမိ ကြည်ညိုလေးစားသူ၊ မိမိ စာနာသနားသူ၊ မိမိအပေါ်တွင် ကျေးဇူးရှိခဲ့ဖူးသူ စသောသူတို့၏ အကျိုးကို ရှေးရှုသည့် စိတ်စေတနာများလည်း ပါဝင်၏။
မိမိ စွန့်လွှတ်မည့် အရာဝတ္ထုအပေါ်၌ ငြိတွယ်သော တဏှာလောဘ၊ သူတပါး ကောင်းစားသည်ကို မနာလို မရှုစိမ့်သော ဣဿာ၊ သူတပါးအား ဝေခြမ်းပေးကမ်းရန် ဝန်တိုသော မစ္ဆရိယ စသည့် မကောင်းသော စိတ်၏ အညစ်အကြေးများ ကင်းစင်ကာ ကြည်လင်နေသော စိတ်သည် ကုသိုလ်စိတ်ပင် ဖြစ်သည်။ ထို့ကြောင့် ဒါနအား ကောင်းမှုကုသိုလ်ကို ဖြစ်စေတတ်သော အကြောင်းတရား (ပုညကိရိယဝတ္ထု) တစ်ပါးအဖြစ်ထည့်သွင်း ဟောကြားထား၏။ အကယ်၍ မိမိ၏ ပေးကမ်းလိုက်သော အရာဝတ္ထုပေါ်၌ ငြိတွယ်ခြင်းလည်း မကင်း၊ မိမိ၏ စိတ်သန္တာန်လည်း ကြည်လင်မှုမရှိဘဲ မတတ်သာ၍ ဖြစ်စေ၊ မသိလိုက် မသိပါ တွေဝေလျှက်ဖြစ်စေ ပေးကမ်းခြင်းမျိုးဖြစ်ပါက ကုသိုလ်စိတ် ဖြစ်မည်မဟုတ်။ ထိုသို့သော ပေးကမ်းခြင်းမျိုးသည် ပရိယာယ် သဘောအရသာ ဒါနဟု ခေါ်ရသော်လည်း၊ ကောင်းမှုအရာမြောက်သော ဒါန (ပုညဝိသယဒါန) မျိုးကား မဟုတ်။ လောကဝေါဟာရ သဘောအရ ခေါ်ဆိုရသော ဒါန (လောကဝိသယဒါန) သာဖြစ်၏။
တဖန် မည်သို့သော ဒါနပင်ဖြစ်စေ ထိုသို့ ပေးကမ်းလိုက်ခြင်းအားဖြင့် မိမိအား ပြန်လည် ချစ်ခင်မြတ်နိုးစေလိုခြင်း၊ တချိန်တွင် မိမိအား ပြန်လည် ပေးကမ်းစေလိုခြင်း၊ မိမိအား ပြန်လည် ကျေးဇူးပြုစေလိုခြင်း၊ တင်ရှိနေသောကျးဇူးကို ဆပ်လိုခြင်း၊ ထင်ပေါ်ကျော်ကြားလိုခြင်း၊ မျက်မှောက်နှင့် တမလွန်ဘဝများတွင် ကောင်းကျိုးတရားတို့ကို ရရှိခံစားလိုခြင်း၊ နိဗ္ဗာန်ရလိုခြင်း စသော မျှော်လင့် တောင့်တမှုများလည်း ပါဝင်နိုင်ပါသည်။ ထိုသို့သော မျှော်လင့် တောင့်တမှုများသည်လည်း တဏှာ၊ ဒိဋ္ဌိတို့ဖြင့် လောကီစည်းစိမ်တို့ကို ခံစားရန် ကြံစည် တောင့်တခြင်း (တဏှာပတ္ထနာ) နှင့် ကောင်းသောအမှုတို့ကို ပြုလိုခြင်းသက်သက်မျှဖြစ်သော တောင့်တခြင်း (ကုသလစ္ဆန္ဒပတ္ထနာ) ဟူ၍ နှစ်မျိုး ခွဲခြားနိုင်၏။
ထို့ကြောင့် ပေးကမ်းခြင်း အမျိုးမျိုးအား ပရိယာယ်အရ ဒါနဟု ခေါ်ရသော်လည်း ပေးလှူစဉ်တွင် ဖြစ်ပေါ်နေသော စိတ်ဇောစေတနာများ၊ ရည်ရွယ်ချက်များ၊ မျှော်လင့် တောင့်တချက်များကွဲပြား ခြားနားနေကြပါသည်။ အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ် ပဌမဒါနသုတ်တွင် အလှူဒါနပြုရန် စေ့ဆော်သည့် အကြောင်းတရားများကို ဟောကြားထားသည်ကို တွေ့ရ၏။
(၁) အလှူခံပုဂ္ဂိုလ် ရောက်လာ၍ ပေးလှူ၏။
(၂) ကြောက်၍ ပေးလှူ၏။
(၃) မိမိအား ယခင်က ပေးကမ်းဖူးသည်ဟူ၍ ပေးလှူ၏။
(၄) မိမိအား နောင်တွင် ပြန်ပေးလိမ့်မည်ဟု မျှော်လင့်၍ ပေးလှူ၏။
(၅) ပေးလှူခြင်းသည် ကောင်းသော အလုပ်ဖြစ်သည်ဟု နှလုံးသွင်း၍ ပေးလှူ၏။
(၆) မိမိသည် ချက်ပြုတ် စားသောက်ပါလျှက် ချက်ပြုတ် စားသောက်ခြင်း မပြုသောသူ (ရဟန်း, ပုဏ္ဏား, ခရီးသွား, ခိုကိုးရာမဲ့သူများနှင့် ဖုန်းတောင်းယာစကာ) တို့အား မပေးလှူပဲ စားသုံးရန် မသင့်ဟု နှလုံးသွင်း၍ ပေးလှူ၏။
(၇) ပေးလှူခြင်းကြောင့် ကောင်းသောဂုဏ်သတင်းကျော်ကြားလိမ့်မည်ဟု ပေးလှူ၏။
(၈)(သမထဝိပဿနာ) စိတ်၏ အဆင်တန်ဆာ အခြံအရံအလို့ငှာ ပေးလှူ၏။
အလားတူပင် အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ် ဒါနဝတ္ထုသုတ်၌လည်း အလှူဒါနပြုရန် စေ့ဆော်သည့် အကြောင်းတရားများတွင် ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိ၊ မောဟာဂတိ ဟူသော အဂတိတရားလေးပါးကြောင့် ပေးလှူခြင်းကို ထည့်သွင်း ဟောကြားထား၏။ ထိုသို့ အဂတိမကင်းသော အလှူမျိုးကား ကုသိုလ်ကောင်းမှု အရာမြောက်သော ပုညဝိသယဒါနမျိုးပင် မဟုတ်ပါ။ အချို့သော အလှူဒါနများသည် ပုညဝိသယဒါန မြောက်သော်လည်း၊ ဒါန ကုသိုလ်စိတ်ထက် ကျော်စောမှုကို လိုလားသော (ယသကာမတာယ) ဂုဏ်ပကာသနကို မက်မောသောစိတ် အခြံအရံက ပို၍ လွှမ်းမိုးနေတတ်သည်။ မိမိကိုယ်မိမိ ချီးမြှောက်၍ သူတပါးအား နှိပ်ချလိုသော (အတ္တုက္ကံသန ပရဝမ္ဘနာ) စိတ်ထားမျိုး လွန်ကဲနေတတ်သည်။ ထိုသို့သော အလှူဒါနမျိုးအား အညံ့စားအလှူ (ဟီနဒါန) အဖြစ် ကျမ်းဂန်စာပေတို့တွင် ဖော်ပြထား၏။
အချို့သော အလှူဒါနမျိုးမှာ လူချမ်းသာ၊ နတ်ချမ်းသာစသော ဒါနကုသိုလ်၏ အကျိုးတရားများကို မျှော်ကိုးတောင့်တ၍ (ပုညဖလကာမတာယ) ပေးလှူသော ဒါနမျိုးဖြစ်သည်။ ထိုဒါနမျိုးသည် ဂုဏ်ပကာသနကို ဦးစားပေးသော ဒါနမျိုးထက် ပို၍ မြင့်မြတ်သော အလယ်အလတ်တန်းစား အလှူ (မဇ္ဈိမဒါန) ဖြစ်ပါသည်။ စည်းစိမ်ဥစ္စာတို့သည် ရန်သူမျိုး ငါးပါးဖျက်ဆီး၍ ကုန်ခမ်းသွားနိုင်သည် ရှိသကဲ့သို့ မိမိတို့ သေလွန်သောအခါ စည်းစိမ်ဥစ္စာတို့ကို စွန့်ပစ်ခဲ့ရမည်သာ ဖြစ်၏။ ထို့ကြောင့် မိမိ၏ စည်းစိမ်ဥစ္စာတို့အား ဝေခြမ်း ပေးကမ်းခြင်းဖြင့် သံသရာ အဆက်ဆက်တွင် မိမိ၏ နောက် အစဉ်လိုက်ပါမည့် (အနုဂါမိက နိဓိ) ရွှေအိုးကို မြုတ်နှံသင့်ကြောင်း ဟောကြားထားသော သုတ္တန်ဒေသနာများ ရှိပါသည်။ မလှူဒါန်းသည် ထက်စာလျှင် ဂုဏ်ပကာသနကို အလေးထား၍ လှူဒါန်းသည်က ပို၍ သင့်တော်၏။ အပေါ်ယံ ဂုဏ်ပကာသနအလှူထက်စာလျှင် ဒါန၏ အကျိုးတရားများအား မျှော်ကိုး၍ လှူဒါန်းခြင်းကလည်း ပို၍ သင့်တော်၏။
သို့သော် ဤသို့ ဒါန၏ အကျိုးတရားများအား မျှော်ကိုး၍၊ “တမလွန်တွင် သုံးဆောင်အံ့” ဟု ရည်ရွယ်၍ လှူဒါန်းသော အလှူမျိုးသည် လွတ်လွတ် စွန့်သော အလှူမျိုးကား မဟုတ်။ အကျိုးကို ငဲ့ကွက်သော အလှူ (သာပေက္ခ ဒါန)၊ အကျိုးကို မျှော်ကိုးသော စိတ်ဖြင့် နှောင်ဖွဲ့ထားသော အလှူ (ပတိပဒ္ဓစိတ္တ ဒါန)၊ ရင်းနှီး မြုတ်နှံမှုဆန်သော အလှူ (သန္နိဓိပေက္ခ ဒါန) မျိုးဖြစ်နေ၏။ ထိုဒါနမျိုးသည် စွန့်လွှတ်ခြင်း၊ ဝန်တိုမှုကင်းခြင်းစသော ကောင်းမြတ်သည့် စိတ်စေတနာတို့ကြောင့် ကုသိုလ်ကောင်းမှုအရာ မြောက်သော်လည်း၊ ကုသိုလ်စိတ်အား တဏှာဖြင့် နှောင်ဖွဲ့ထားသော မျှော်လင့်တောင့်တမှုများ ခြံရံ၍ ဖြစ်ပေါ်သဖြင့် စင်ကြယ်သော ဒါနမျိုးကား မဟုတ်။ ကောင်းမှု၏ အကျိုးကို မမျှော်ကိုး မငဲ့ကွက်ဘဲ “ဤသည်ကား ပြုထိုက်သောအမှုပင်တည်း” (ကတ္တဗ္ဗမေဝိဒန္တိ) ဟု မြင့်မြတ်သော စိတ်ထားဖြင့် ပေးလှူခြင်းကသာ စင်ကြယ်သော အလှူမျိုး ဖြစ်၏။ ထို့ကြောင့် ဤသို့ အကျိုးကို ပဓာနမထားဘဲ အမှုကိုသာ ပဓာနထားသော အလှူမျိုးအား မြင့်မြတ်သောအလှူ (ပဏီတဒါန) ပါရမီထိုက်သော အလှူဟု ကျမ်းဂန်တို့တွင် ဖော်ပြထားပါသည်။
ထိုသို့ အကျိုးထက် အမှုကို အလေးဂရုသော ဒါနကုသိုလ်များတွင် တဏှာဖြင့် တောင့်တသည့် ခြံရံခြင်းများ မရှိတော့။ အကယ်၍ သမထ၊ ဝိပဿနာဟူသော ဘာဝနာစိတ်များကို ပွားများ နေသူတို့အတွက် ဆိုပါက ဒါနကြောင့် ဖြစ်သော ကြည်လင်သည့် စိတ်သည်ပင် ထိုသမထ ဝိပဿနာ ဘာဝနာစိတ်၏ အခြံအရံ ဖြစ်သွားရလေသည်။ ဒါနသည် အကျိုးကို ခံစားရန်ဟူသော မျှော်လင့်တောင့်တမှုတွင် လမ်းမဆုံးတော့ဘဲ၊ ဘာဝနာစိတ်၏ ငြမ်းသဖွယ် ဖြစ်သွား၏။ ဒါနသည် ဘာဝနာစိတ်အတွက် အထောက်အပံ့ ဖြစ်သွား၏။ ထို့ကြောင့် ဘာဝနာစိတ်၏ အဆင်တန်ဆာ အခြံအရံအလို့ငှာ ပေးလှူခြင်း (စိတ္တလင်္ကာရ စိတ္တပရိက္ခာရတ္ထ ဒါန) မျိုးအား အမြတ်ဆုံးဒါနအဖြစ် သုတ္တန်ဒေသနာများတွင် ဟောကြားထားပါသည်။
စာညွှန်း
၁။ အင်္ဂုတ္တရနိကာယ်၊ သတ္တကနိပါတ်၊ မဟာယညဝဂ်၊ ဒါနမဟပ္ဖလသုတ် (အံ-၇-၅၂)
၂။ အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဒါနဝဂ်၊ ပဌမဒါနသုတ် (အံ-၈-၃၁)
၃။ အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဒါနဝဂ်၊ ဒါနဝတ္ထုသုတ် (အံ-၈-၃၃)
၄။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ဣန္ဒြိယဝ်၊ ဘိက္ခုနီသုတ် (အံ-၄-၁၅၉)
၅။ ခုဒ္ဒကနိကာယ်၊ ခုဒ္ဒကပါဌ၊ နိဓိကဏ္ဍသုတ်
၆။ ခုဒ္ဒကနိကာယ်၊ ဇာတက၊ ပကိဏ္ဏကနိပါတ်၊ သာလိကေဒါတဇာတ် (အမှတ် ၄၈၄)
၇။ ခုဒ္ဒကနိကာယ်၊ ဣတိဝုတ္တက၊ ဧကကနိပါတ်၊ ပဌမသေခသုတ်အဖွင့် အဋ္ဌကထာ
၈။ ဝိနည်းမဟာဝါ၊ စီဝရခန္ဓ၊ ဝိသာခါဝတ္ထု
၉။ လယ်တီဆရာတော် - ဥတ္တမပုရိသဒီပနီ
၁၀။ တိပိဋကဓရ ဆရာတော်ဦးဝိစိတ္တသာရာဘိဝံသ - မဟာဗုဒ္ဓဝင် ပဌမတွဲ - အနုဒီပနီ (ဒါနပါရမီအခန်း)
၁၁။ ဦးရွှေအောင် - ထေရဝါဒအုတ်မြစ်

3 comments:
ကိုဧရာ နဲ့ မသီတာ ရေ
အဖိုးတန်ပိုစ့် လေး ကို အရင်ဆုံး လာဖတ်သွားပါတယ်
ကျေးဇူး
ကျေးဇူးပါ အကိုနဲ့ အမတို့ရေ
စာကောင်းပေမွန်တွေ ဖတ်ရလို့ အတိုင်းမသိ ၀မ်းမြောက်ပါ၏
ခင်မင်စွာဖြင့်
စစ
အကိုတို့ အမတို့ ဘလော့ဒေးအတွက် အမှတ်တရ ရေးပေးဖို့ ခင်မင်စွာ တက်ဂ်(tag) ထားပါတယ် ...
Post a Comment