Wednesday, August 24, 2011

တိမ်တွေပေါ်မှာ နင်ရယ်၊ ငါရယ်၊ သူတို့ရယ်...

ဘလော့ဂ်ဒေး အမှတ်တရ ပို့စ်ပါ။ ပထမဦးဆုံး မြန်မာဘလော့ဂ်ဂါ အသိုင်းအ၀ိုင်းမှာ ရှိနေခွင့်ရတဲ့ အခြေအနေလေးကို ၀မ်းသာကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ဘလော့ဂ်နဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို ဘလော့ဂ်တာ…ဆိုပြီး ပို့စ်လေးတွေ အလျဉ်းသင့်သလို ရေးလာတာ ၁ ၂ ၃ ၄ ၅ ၆ ၇ ၈ အထိတောင် ရောက်နေပါပြီ။ ဒီအမှတ်တရ ပို့စ်မှာတော့ ဘလော့ဂ်ဂါအဖြစ် ဖြတ်သန်းခဲ့တဲ့ ကာလတလျှောက်မှာ ဆုံတွေ့ခွင့်ရခဲ့တဲ့ ဘလော့ဂ်ဂါတွေကို အမှတ်ရ တိုးတိတ် တမ်းတရင်းရေးပါတယ်။ တဦးတယောက်ချင်းစီရဲ့ အမည်တွေကိုတော့ ချမရေးတော့ပါဘူး။

၂၀၀၇ နှစ်ကုန်ပိုင်းလောက်မှာ ဘလော့ဂ်တွေ စဖတ်ပြီး၊ ၂၀၀၈ နှစ်စ မှာ Sonata-Cantata ကို စရေးပါတယ်။ ဆိုဒ်ဘားမှာ “အလည်ရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ Blog Lists လုပ်ထားခဲ့ပါတယ်။ ကိုယ့်ဆီမှာ ကော်မန့်ရေးခဲ့ရင်ပဲ ဖြစ်ဖြစ်၊ Cbox မှာ ခြေရာချန်ခဲ့ရင်ပဲ ဖြစ်ဖြစ်၊ အသစ်ဆိုရင် List ထဲကို မပျက်မကွက် ထည့်ထားလိုက်ပြီး၊ ပို့စ်အသစ်တက်တိုင်း သိနိုင်ခဲ့ပါတယ်။ malware ကြောင့် Blog Lists ကို ဖြုတ်ထားလိုက်ရပြီးနောက်မှာတော့၊ ပို့စ်အသစ်တက်တဲ့ ဘလော့ဂ်တွေကို အခြားဘလော့ဂ်တွေက တဆင့်သာ သွားနိုင်ပါတော့တယ်။

ဘလော့ဂ်နောက်ကွယ်က ဘလော့ဂ်ဂါ ဘယ်သူ ဘယ်ဝါဆိုတာကို အသိခံသူနဲ့ အသိမခံလိုသူ အယူအဆတွေ အမျိုးမျိုးကြားမှာ ကိုယ်လည်း ဖုံးရမလား၊ ဖော်ရမလား စိတ်ကစားနေတုန်း… သိပ်ကြာကြာတော့လည်း မကစားလိုက်ရပါဘူး… မသီတာဆိုတာ နာမည် အရင်းမို့ ဟင်းလင်းကြီးပဲ ထားလိုက်ပါတယ်။

မူလအစပထမ ဧရာသီတာ တို့က ကြောက်တာလား၊ ရွံ့တာလား၊ မာနကြီးတာလား၊ ကြီးကျယ်တာလား ဘာလဲတော့မသိပါ။ ကိုယ့်ကိုကိုယ်မို့ ပြောတာမဟုတ်…။ လူပုံက တော်တော် အပိုးကျိုးပါတယ်။ တခါတခါလည်း ရုပ်တည်ကြီးနဲ့…။ တခါတလေလည်း မခုတ်တတ်တဲ့ ကြောင်လိုလို…။ တခါတရံများဆို ဘုရားလူကြီးဂိုက်တောင် ဖမ်းထားတတ်ပါသေးတယ်။ ဘလော့ဂ်တခု အရင်းပြုမိတော့မှ၊ ဘလော့ဂ်တောထဲ တတ်နိုင်သလောက် တိုးရင်း၊ လူတောလည်း တိုးပါတယ်။

ဘလော့ဂ်ကတဆင့် ခင်မင်ရသူတွေနဲ့ မြန်မာသံရုံးမှာ စကားလက်ဆုံကြဖူးတယ်။ သွေးစတင် လှူဖြစ်တယ်။ ကလေးတွေကို မြန်မာစာသင်ပေးတယ်။ တရုတ်သီချင်း သင်ယူဖူးတယ်။ ကာရာအိုကေ ဆိုဖူးတယ်။ မလေးရှားကို ကထိန်အလှူသွားခဲ့ကြတယ်။ စာပေ ဟောပြောပွဲ သွားတယ်။ မင်္ဂလာဆောင် သွားတယ်။ ညစာအတူ စားကြတယ်။ ရေကူးကန်ထဲမှာ ရေစိမ်ရင်း စကားတွေ ဖောင်ဖွဲ့တယ်။ ဖုန်းဆက်တယ်။ Gtalk တယ်။ Gmail တယ်။ ဒီလို ဆိုရင်ဖြင့် ဘလော့ဂ်ဟာ အပျော်ကြီး ပျော်စရာလို့ ထင်စရာပါ။ ပျော်စရာရှိရင် လွမ်းစရာလည်းရှိပါတယ်… ဒါဓမ္မတာပါ။

ဘလော့ဂ် လမ်းကြောင်းမှာ လျှောက်လှမ်းဖို့ အချိန်၊ စိတ်ကူးစိတ်သန်း၊ စေတနာတွေ နဲ့ တလှမ်းချင်းတဆင့်တက် အားစမ်းခဲ့တယ်။ လမ်းဖြောင့်မှာ ဟန်ချက်ညီ တွဲလက်တွေနဲ့ ပျော်ခဲ့ရသလို၊ လမ်းထောင့်ကနေ ရပ်ကြည့်ခဲ့တာတွေလည်း ရှိတယ်။ လမ်းသွယ်မှာ တစ်ဦးကို တစ်ယောက်က ဖေးမ… လွှလွှလေး သွားခဲ့တာတွေရှိသလို၊ လမ်းကွေးမှာ အလွမ်းအဆွေးတွေ အန်ထုတ်ခဲ့ရတာတွေလည်း ရှိတယ်။ ဘာပဲ ဖြစ်ဖြစ် လမ်းဆက်လျှောက်မယ်…။

ဘလော့ဂ်ရေစီးကြောင်းမှာ လိုက်ပါစီးမျောဖို့ ပို့စ်တွေ ဖတ်ရမယ်။ ပို့စ်တွေ ရေးရမယ်။ ကော်မန့်တွေ ပေးရမယ်။ စီဘောက်မှာ နှုတ်ဆက်မယ်။ အရည်မရ အဖတ်မရ ဘာတွေ လုပ်နေတာလဲလို့ မေးလာရင်တော့ ဒီလိုလေး ဖြေချင်တယ်။ လူဆိုတာ အမျိုးမျိုး ရှိပါတယ်။ စိတ်ကူး၊ ၀ါသနာ၊ အလေ့စရိုက်၊ တန်ဖိုးထားရာခြင်း မတူကွဲပြားကြပါတယ်။ အဲ့လို လူတွေ အတူနေဖို့ ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါတယ်။ မတူကွဲပြားတဲ့ လူတွေမှာ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ချစ်ကြည်ခြင်း ဆိုတဲ့ အခြေခံတူတဲ့ အချက်လေးတွေတော့ ရှိပါတယ်။ အဲ့ဒီ အခြေခံနဲ့ တိမ်တိုက်တွေပေါ်မှာ အတူတကွ နေထိုင်ကြရင်း ဘလော့ဂင်းနေကြပါတယ်။

ကိုအောင် (ပျူနိုင်ငံ) တဂ်လို့ ရေးပါတယ်။

24 comments:

kay said...

လမ်းဖြောင့်မှာ ဟန်ချက်ညီ တွဲလက်တွေနဲ့ ပျော်ခဲ့ရသလို၊ လမ်းထောင့်ကနေ ပြုံးပြုံးကြီး ရပ်ကြည့်ခဲ့တာတွေလည်း ရှိတယ်။ လမ်းသွယ်မှာ တစ်ဦးကို တစ်ယောက်က ဖေးမ… လွှလွှလေး သွားခဲ့တာတွေရှိသလို၊ လမ်းကွေးမှာ အလွမ်းအဆွေးတွေ အန်ထုတ်ခဲ့ရတာတွေလည်း ရှိတယ်။ ဘာပဲ ဖြစ်ဖြစ် လမ်းဆက်လျှောက်မယ်

+++
လမ်းလယ်ခေါင်မှာတော့..ပိတ်မရပ် နဲ့နော်..
အစတုန်းက..ဒီဘလော့ဂ် က..ဘာအသံ ထွက်ပါလိမ့် ဆိုပြီး.. ပါလိ တိုင်းပြည် က..မာနှစ်လိ နဲ့ များ အမျိုးတော်သလားလို့.. ။း)

ကျမ လည်း....ရေးစရာရှိ တာ..သုတ်သုတ်ရေးပြီး သွားမှ..လမ်းပိတ်နေပြီ..း)

Anonymous said...

အရည်မရ အဖတ်မရတွေပဲ ရေးတတ်တယ်..။
ဖတ်ချင်တယ်..။
ဟီးးဟီးး


ပုံ။
လူသိမခံလိုသော..အကွက်နဲ့သူ
(laksa စားပြီးပျော်နေသူ)

ကိုအောင်(ပျူနိုင်ငံ) said...

ဟုတ်တယ်၊ အကိုတို့ အမတို့ ဘလော့ကို အရင်က
ကျနော့်စိတ်ထဲ ဘာသာရေးအကြောင်း ရေးတဲ့ ဘလော့လို့ပဲ ထင်တာ၊ ဘုန်းကြီးကျောင်းက ဂေါပကလား ဘာသာရေးအသင်း တခုခုက တာဝန်ယူထားတဲ့ သူတွေ ထင်နေတာ၊ အခုမှ သဘောပေါက်တယ် ရုပ်တည်ကြီးနဲ့ နောက်နေတာကိုး ... :D
တက်ဂ်ကို ရေးပေးတဲ့အတွက် ကျေးဇူး ရှယ်တင်ပါတယ် ...

အိမ့်ချမ်းမြေ့ said...

ကိုယ်လည်း ဖုံးရမလား၊ ဖော်ရမလား စိတ်ကစားနေတုန်း… သိပ်ကြာကြာတော့လည်း မကစားလိုက်ရပါဘူး… မသီတာဆိုတာ .....

ဆိုတာလေးကို သဘောကျလိုက်တား)))

နိဂုံးကို ဖတ်အပြီးမှာ..
'ကောင်းလိုက်တာ...." လို့ ရင်ထဲက တိုးတိုးလေး မှတ်ချက် ချလိုက်မိပါတော့တယ်..

ခင်မင်လျှက်..
မလေး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘလောဂ်နဲ့ပတ်သက်ပြီးရေးထားတာလေး သဘောကျမိတယ်
ဘလောဂ့်ရေးတဲ့နေရာမှာ ကောင်းကျိုးတွေ ရှိလာသလို ဆိုးကျိုးတွေကိုလည်း ခက်ခံရရှိခဲ့ပါတယ်။

စုချစ် said...

ဝမ်းနည်းတယ်... အစ်မ...
သူများကျတော့... ညစာစားတဲ့အထဲလည်း မပါရဘူးတော့...း(
း)

အစ်မ ဘလော့က ဖတ်လိုက်တာနဲ့ ဘယ်သူမှန်း အစကတဲက သိတာချည်းကို... ဟီးဟီး ... ဖေါ်စရာကို မလိုဘူး...ဆရာက ဘယ်လို အစ်မက ဘယ်လို ဆိုတာ သိနေတာကိုးနော်...
း)

မောင်မျိုး said...

ကျနော်လည်း ဖုံးမရ ဖိမရ နဲ့ ဟင်းလင်းကြီးရယ်း)

ShwunMi- said...

သတိရပါတယ် မကြီးသီတာ =)
အပင်လေးတွေ တော်တော်ရှင်နေပြီ..
တစ်မိသားစုလုံး အဆင်ပြေပျော်ရွှင်ပါစေ..

noblemoe said...

စာလာဖတ်ပါတယ် မမရေးး
မတွေ့ တာလည်းကြာပြီ နေကောင်းတယ်ဟုတ်
ကိုယ်ရောစိတ်ပါကျမ်းမာပျော်ရွှင်လို့ 
သာယာချမ်းမြေ့ပါစေရှင်း
မိုး

SHWE ZIN U said...

မသီတာ ရေ

အကျိုးရှိတဲ့ စာလေး တွေ အတွက် ၂ယောက်စလုံးကို ကျေးဇူးတင်နေပါတယ်

စော(အဝါရောင်မြေ) said...

အော် ဘုရားလူကြီးပဲ ဖြစ်ဖြစ်၊ မြန်မာစာသင်တဲ့ ဆရာ ဖြစ်ဖြစ် ကိုယ်စိတ်ထဲ ရှိတဲ့ အတိုင်းရေးတာ သဘာဝကျပါတယ်လေ။

ညိမ်းနိုင် said...

ကျွန်တော်ကတော့ဖုံးတစ်ဝက်ဖော်တစ်ဝက်ဗျ....:)
လွတ်လပ်ပြီးညီမျှချစ်ကြည်ကြတဲ့ ဘလော့တိမ်တိုက်တွေ
ပေါ်မှာ နောင်နှစ်ပေါင်းများစွာမျောလွင့်ကြပါစို့ဗျား...:)))

sosegado said...

တိမ်တွေထဲမှာ….
ဒါပေမဲ့ ကျနော်တို့ကလွတ်လပ်တယ်…
တစ်ခါတစ်လေမှာ အရည်မရ အဖတ်မရ တာတွေက
တစ်ခြားဟာတွေထက် အရသာ ရှိနေတယ်…
အဲဒီ့ အရသာ ကိုကြိုက်ရင်းနဲ့ပဲ…….
တိမ်တွေထဲမှာ….

ချစ်ကြည်အေး said...

နောက်ဆုံးအပိုဒ်လေးကို အကြိုက်ဆုံးပဲအေ...။ ဆက်လက်၍ အတူတူ ဘလော့ဂ်ဂင်းကြပါစို့....:)

ပန်းခရမ်းပြာ said...

မသီတာလိုပဲ ဖုံးရမလား ဖော်ရမလားလို့ ... အခုထိ စိတ်ကစားနေတုံး...


မချို (ပန်းခရမ်းပြာ)

ချယ်ရီမြေ said...

အရည်မရ အဖတ်မရ ဘာတွေလုပ်နေတာလဲလို့ မေးကြမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လွတ်လပ်တဲ့ အတွေးအခေါ် အယူအဆ အမြင် ဗဟုသုတ သဘောထားတွေကို ဘလော့ဂါမောင်နှမတွေအချင်းချင်း ဖလှယ်နေကြတာလေ။ မသီတာရေ...
အမြဲအားပေးနေကြမှာပါ...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

အပြုံးပန်း said...

စိတ်ကစားနေတုန်း...
အဲဒီစကားလုံးလေးကို ယူပြီး
ကိုယ့်ကိုယ်ကို ပြန်ပြောကြည့်တယ်

မသီတာရေ...
ချစ်စရာလေးနော်...

အပြုံးပန်းလည်း ဒီအကြောင်း ရေးအုံးမယ်။

ဇွန်မိုးစက် said...

ရေကူးကန်ထဲမှာ ရေစိမ်ပြီး စကားတွေ ဖောင်ဖွဲ့ခဲ့တာ ဘယ်သူနဲ့များပါလိမ့်နော်...
ဒါဆို မမသီတာ ရေကူးတတ်တာပေါ့နော်။း)

ပုံ/
ဆုံတွေ့ခွင့်ရလို့ ၀မ်းသာကျေနပ်နေသူတစ်ဦး

Sonata Cantata said...

CBox မှ
25 Aug 11, 01:31
mm: Sonata- cantata = ဆိုနေတာ ကပ်တပ်တပ်
25 Aug 11, 08:15
S-C: သားနှစ်ယောက်အတွက် ချစ်စရာကောင်းတဲ့ နာမည်လေးတွေ ရခဲ့တယ် (ဒါကျန်ခဲ့လို့ မဖြစ်ဘူး) :glad:

rose of sharon said...

မသီတာရေးတာလေးတွေကိုနှစ်သက်ခဲ့တာ... အရှိအတိုင်းလေးဘဲရေးတာတွေကိုသဘောကျတာ

PhyoPhyo said...

ဘလော့ဂ်ရေစီးကြောင်းမှာ လိုက်ပါစီးမျောဖို့ ပို့စ်တွေ ဖတ်ရမယ်။ ပို့စ်တွေ ရေးရမယ်။ ကော်မန့်တွေ ပေးရမယ်။ စီဘောက်မှာ နှုတ်ဆက်မယ်။ အရည်မရ အဖတ်မရ ဘာတွေ လုပ်နေတာလဲလို့ မေးလာရင်တော့ ဒီလိုလေး ဖြေချင်တယ်။ လူဆိုတာ အမျိုးမျိုး ရှိပါတယ်။ စိတ်ကူး၊ ၀ါသနာ၊ အလေ့စရိုက်၊ တန်ဖိုးထားရာခြင်း မတူကွဲပြားကြပါတယ်။ အဲ့လို လူတွေ အတူနေဖို့ ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါတယ်။ မတူကွဲပြားတဲ့ လူတွေမှာ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ချစ်ကြည်ခြင်း ဆိုတဲ့ အခြေခံတူတဲ့ အချက်လေးတွေတော့ ရှိပါတယ်။ အဲ့ဒီ အခြေခံနဲ့ တိမ်တိုက်တွေပေါ်မှာ အတူတကွ နေထိုင်ကြရင်း ဘလော့ဂင်းနေကြပါတယ်။

သဘောကျလိုက်တာ။ မသီတာရေးသွားပုံလေး
မွ မွ

JulyDream said...

ကျွန်တော်ကတော့ လူသိ မခံချင်တာ ရုပ်ဆိုးသလို အပေါက်လည်း ဆိုးလို့ပါ ခင်ဗျာ။

မဒမ်ကိုး said...

ထူးဆန်းတဲ့နာမည်လေးမို့လာခဲ့တာ
ချစ်စရာပျော်စရာဘလော့ကလေးဖြစ်နေတယ်
ပျော်ရွှင်ပါစေ အကိုတို့အမတို့ရေ


.................
ကိုရင် + မဒမ်ကိုး

မမသီရိ said...

သီတာရေ..
အချိန်မအားမလပ်တဲ့ကြားထဲက နှစ်နှစ်သက်သက် လာဖတ်ဖြစ်တဲ့ အထဲ ဒီဘလော့ကလေး လဲ ပါခဲ့သပေါ့..
ရှေ့ ကို မိုင်တွေ ယူဇာနာ သိန်းသန်း ကုဋေ ချီတဲ့ ထိ ဆက်လျှောက်ဖို့ ဆုမွန်ချွေပါတယ်
ချစ်ခင်စွာနဲ့.. မမသီရိ