Sunday, April 14, 2013
နှစ်သစ်မင်္ဂလာ - မန်းတောင်ရိပ်ခို
Monday, April 8, 2013
ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၇) - ဇေတဝန်ကျောင်းတော်ရာ
မင်္ဂလသုတ် အစရှိတဲ့ သုတ္တန်ဒေသနာ အတော်များများကို “အခါတစ်ပါးတွင် မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏ (ဧကံ သမယံ ဘဝဂါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ)” ဆိုတဲ့ နိဒါန်းနဲ့ အစချီလေ့ရှိပါတယ်။ ဇေတဝန်ကျောင်းတော်မှာ ဟောကြားတော်မူခဲ့တဲ့ သုတ္တန်ဒေသနာတွေက အလွန်များပြားတဲ့အတွက် ဇေတဝန်ဟာ အလွန်အရေးပါတဲ့ ဗုဒ္ဓသာသနိက ဌာနတစ်ခုဖြစ်တယ်ဆိုတာ အထူးပြောစရာ မလိုလှပါဖူး။
ပသေနဒီကောသလမင်းရဲ့ သားတော် ဇေတမင်းသား ပိုင်ခဲ့တဲ့ ဥယျာဉ် ဖြစ်တဲ့အတွက် ဇေတဝန် (ဇေတဝန) လို့ အမည်ရပါတယ်။ အနာထပိဏ်သူဌေးက ဥယျာဉ်မြေကို ရွှေဒင်္ဂါးပြားချင်း အစွန်းချင်းထိစပ်အောင် အပြည့်ခင်းပြီး ဇေတမင်းသားထံက ဝယ်ယူကာ ဘုရားရှင်ကို လှူဒါန်းခဲ့တာပါ။ အနာထပိဏ်သူဌေးရဲ့ သဒ္ဓါတရားကို အားကျပြီး ဇေတမင်းသားက မြေနေရာတကွက်ကို မရောင်းတော့ပဲ ကျောင်းမုခ်ဦး ဆောက်လုပ်လှူဒါန်းပြီး ကုသိုလ် ပါဝင်ခဲ့ပါတယ်။ အနာထပိဏ်သူဌေးက ဇေတဝန်ဥယျာဉ်အတွင်းမှာ ကျောင်းဆောင်၊ တရားဟော ခန်းမဆောင်၊ စင်္ကြံလမ်း၊ အိမ်သာ၊ မီးဖိုဆောင်၊ ရေတွင်း၊ ရေကန်၊ ဇရုံးအိမ် (ရေနွေးငွေ့နဲ့ ချွေးပေါင်းတဲ့ အခန်း) စတာတွေ ထည့်သွင်းပြီး ခမ်းခမ်းနားနား ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။ ကျောင်းဆောင်တွေကို မဆိုထားနဲ့ ကျောင်းတိုက်မုခ်ဦးကတောင် အလွန် ခမ်းနားကြီးကျယ်တယ်လို့ အဆိုရှိပါတယ်။ တခါက ဘုရားရှင်နဲ့ ဝါဒပြိုင်မယ်ဆိုပြီး လာတဲ့ တိတ္ထိတစ်ဦးဟာ ကျောင်းတိုက်မုခ်ဦးရဲ့ ခမ်းနားမှုကို မြင်တာနဲ့ မဝင်ရဲတော့ဘဲ ကြောက်ရွံ့တုန်လှုပ်ပြီး ထွက်ပြေးဖူးကြောင်း ပလာယိတဇာတ်မှာ ဖော်ပြဖူးပါတယ်။
အသောမင်းက ဇေတဝန် ကျောင်းတိုက်မုခ်ဦးရဲ့ တဖက်တချက်မှာ အမြင့်ပေ-၇၀ လောက်ရှိတဲ့ ကျောက်တိုင် တတိုင်စီ စိုက်ထူထားခဲ့ပါတယ်။ ဘယ်ဖက် ကျောက်တိုင်ထိပ်မှာ ဓမ္မစကြာဘီး၊ ညာဖက် ကျောက်တိုင်ထိပ်မှာ နွားလားဥသဘရုပ်ထုတွေ ထုလုပ်ထားကြောင်း တရုတ်ရဟန်းတော် ဖာရှန်နဲ့ ရွှန်ကျန်တို့ရဲ့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ကျောင်းတိုက်မုခ်ဦးနေရာက ဒီနေ့ခေတ် သာဝတ္ထိ မြန်မာကျောင်းဟောင်းနေရာလောက်မှာ ရှိတယ်လို့ ယူဆကြပါတယ်။ ဒီကျောက်တိုင် နှစ်ခုရဲ့ အခြေကို ကြိုးစား ရှာဖွေတူးဖော်ခဲ့ပေမယ့် မတွေ့ရတော့ပါဘူး။
အေဒီ ၄၀၇-ခုနှစ် ရဟန်းတော် ဖာရှန် ရောက်ခဲ့စဉ်က ဇေတဝန်ဥယျာဉ် ကျောင်းတိုက် အတွင်းမှာ အရံကျောင်းဆောင် ၉၈ ကျောင်းလောက် ရှိခဲ့ပြီး၊ တစ်ကျောင်းမှအပ ကျောင်းဆောင် အားလုံးမှာ သံဃာတော်တွေ သီတင်းသုံး နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အေဒီ ၆၃၇-ခုနှစ် ရဟန်းတော် ရွှန်ကျန်ရောက်ချိန်မှာတော့ ဇေတဝန်ကျောင်းတိုက်ကြီးက ပျက်စီးယိုယွင်းနေပြီး ရဟန်းတော်အချို့ပဲ ကျန်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း နောင်မှာ ရဟန်းသံဃာများနဲ့ ပြန်လည် စည်ကားခဲ့ဟန်ရှိပါတယ်။ ၁၃-ရာစု နောက်ပိုင်းမှာတော့ လုံး၀ ပျက်စီးတိမ် ကောသွားတဲ့အတွက် ယခုအခါမှာ အုတ်မြစ်ပဲ ကျန်ပါတော့တယ်။
ဇေတဝန်ဥယျာဉ် အတွင်းမှာ ပြန်လည်တူးဖော်ထားတဲ့ ကျောင်းဆောင် အုတ်မြစ်နေရာတွေကို ရှေးဟောင်းသုတေသနဌာနက အမှတ်စဉ်တွေ ထိုးထားပါတယ်။ သီရိလင်္ကာကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဇေတဝန်ဥယျာဉ် ဂိတ်ပေါက်ကနေ ဝင်ပြီး လူသွားလမ်း အတိုင်းသွားရင် ကျောင်းဆောင်အမှတ် (၁၁) နဲ့ (၁၂) ကို တွေ့ရပါမယ်။ ဆက်ပြီးသွားရင် ကျောင်းဆောင်အမှတ် (၁၉) ကို ရောက်ပါတယ်။ ဒီကျောင်းဆောင်က ပသေနဒီကောသလမင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ သာလာလဂါရကုဋိ (အင်ကြင်းပင် ကျောင်းဆောင်) လို့ မြန်မာဆရာတော်များက ယူဆကြပါတယ်။ သာလာလဂါရကုဋိ ဆိုတာက ဇေတဝန်ဥယျာဉ်ထဲမှာ ပင်မကျောင်းဆောင်ကြီး (မဟာဂေဟာနိ) လေးဆောင် ရှိတဲ့အနက်က တစ်ဆောင်ဖြစ်ပါတယ်။ ရှေးဟောင်းသုတေသန တူးဖော်မှုအရကတော့ အစောဆုံး ခရစ်နှစ် ၆-ရာစုလောက်ကမှ တည်ထားခဲ့တာလို့ ဆိုပါတယ်။ သုံးကြိမ်တိုင်တိုင် ပြန်လည်ပြုပြင် မွမ်းမံခဲ့တဲ့ အထောက်အထားတွေ ရှိပါတယ်။ ဒီကျောင်းဆောင်ရဲ့ အခန်းတခန်းကနေ ခရစ်နှစ် ၁၁၃၀-ခုနှစ်က ရေးထိုးခဲ့တဲ့ ကဏ္ဏကုဇ္ဇဘုရင် ဂေါဝိန္ဒစန္ဒြရဲ့ ကြေးပြားကမ္ပည်းစာတန်းကို တူးဖော်ရရှိခဲ့ပါတယ်။ ဂေါဝိန္ဒစန္ဒြဆိုတာက မိဂဒါဝုန်က ဓမ္မစကြဇိနကျောင်းဆောင်ကို လှူဒါန်းခဲ့တဲ့ ကုမာရဒေဝီရဲ့ ခင်ပွန်းပါ။ သာဝတ္ထိအနီးတဝိုက်က ရွာပေါင်း ၆-ရွာကို ဇေတဝန်ကျောင်း သံဃာကို လှူဒါန်းခဲ့တယ်လို့ ရေထိုးထားပါတယ်။ ဒီကမ္ပည်းစာမှာ ပါတဲ့ ရွာအမည်အချို့က ယနေ့ထက်ရှိနေသေးတဲ့အတွက် ဒီနေရာဟာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ရာ နေရာအစစ်အမှန် ဖြစ်ကြောင်း အတည်ပြုဖို့အတွက် အရေးပါတဲ့ အထောက်အထားတခု ဖြစ်တယ်လို့ ရှေးဟောင်းသုတေသန မှတ်တမ်းတွေက ဆိုပါတယ်။
ကျောင်းဆောင် အမှတ် (၁၁) နဲ့ (၁၂) ရဲ့ မြောက်ဖက်မှာ ရဟန္တာမထေရ်တွေရဲ့ ဓာတ်တော်စေတီ ၈-ဆူ ရှိပါတယ်။ လမ်းအတိုင်း ဆက်သွားရင် မြန်မာဆရာတော်တွေက ရှင်သီဝလိကျောင်းဆောင်လို့ သတ်မှတ်ထားတဲ့ ကျောင်းဆောင် အမှတ် (၇) ကို ရောက်ပါတယ်။ ကျောင်းဆောင် အဝင်ဝမှာ ကုလားဘုန်းကြီးတွေက စာရွတ်ပြီး အလှူခံနေကြပါတယ်။ ဘုရားခန်းဆောင် တခုပါဝင်ပြီး အုတ်နဲ့ လုပ်ထားတဲ့ ခပ်နိမ့်နိမ့် ပန်းတင်ခုံလေး ရှိပါတယ်။ ဘုရားဖူးတွေက အဲဒီပန်းတင်ခုံပေါ်မှာ အမွှေးတိုင် ဆီမီးတိုင်တွေ ထွန်းညှိ ပူဇော်ကြပါတယ်။ ဇေတဝန်ဥယျာဉ်အတွင်းမှာ ကျောင်းဆောင်နေရာ အတော်များများရှိပေမယ့် ဂန္ဓကုဋိကျောင်း၊ အာနန္ဒာဗောဓိပင်နဲ့ ရှင်သီဝလိကျောင်းဆောင် နေရာသုံးခုလောက်မှာပဲ ဘုရားဖူးတွေ စည်စည်ကားကား ဝတ်ပြုဆုတောင်းလေ့ရှိပါတယ်။ “လာဘ်လာဘပေါများရာမှာ ဧတဒဂ်ရတဲ့ ရှင်သီဝလိရဲ့ ကျောင်းတော်ရာဖြစ်တဲ့အတွက် ဘုရားဖူးတွေက တခုပ်တရ ဆုတောင်းပူဇော်မှု ပြုကြတယ်” လို့ ယူဆနိုင်သလို၊ “သက်တော်ထင်ရှား မရှိတော့ပေမယ့် ရှင်သီဝလိမထေရ်ရဲ့ အမည်နာမနဲ့ ဆက်စပ်နေတဲ့ နေရာဌာနတွေကတောင် ပူဇော်သက္ကာရ အထူးကို ခံတော်မူရသေးတယ်” လို့လည်း တွေးယူနိုင်ပါတယ်။
အရှင်သီဝလိကျောင်းဆောင်ကနေ အရှေ့ဖက်ကို သွားရင် လမ်းရဲ့ ညာဖက်မှာ စေတီ အမှတ် (၁၇) နဲ့ (၁၈) တို့ ရှိပါတယ်။ ခရစ်နှစ် ၁-ရာစု ကုသျှန်မင်းဆက်ခေတ်က တည်ထားခဲ့တာဖြစ်ပြီး ဓာတ်တော်ကြုတ်၊ ဓာတ်တော်သပိတ်တို့ကို တူးဖော်ရရှိခဲ့တယ်လို့ ရေးထားပါတယ်။ အဲဒီ စေတီနှစ်ဆူရဲ့ တောင်ဖက်မှာ စေတီအမှတ် (၅) ရှိပါတယ်။ ဒီစေတီကလည်း ကုသျှန်မင်းဆက်ခေတ်က တည်ထားခဲ့တာပါ။ မြန်မာဆရာတော်တွေက ပူတိဂတ္တ တိဿမထေရ်ရဲ့ ဓာတ်တော်တွေကို ဌာပနာထားတဲ့ စေတီလို့ ယူဆကြပါတယ်။ တိဿမထေရ်က သွေးစုနာလို အနာဖုတွေ ပေါက်ပြီး တကိုယ်လုံး ပြည်ပုတ်သွေးပုတ်တွေ လိမ်းကျံနေပြီး ပြုစုမယ့်သူ မရှိဘဲ တပါးတည်း ဖြစ်နေခဲ့ပါတယ်။ အဲဒီအခါမှာ ဗုဒ္ဓမြတ်စွာကိုယ်တိုင် ကြွရောက်ပြီး ရေနွေးကြိုကာ အနာတွေကို ဆေးကြော သုတ်သင်ပေးခဲ့ပါတယ်။ ပြည်သွေးတွေပေနေတဲ့ သင်္ကန်းတွေကိုလည်း ရေနွေးနဲ့ ဖွတ်လျှော်ပေးခဲ့ပါတယ်။ တရားဓမ္မဟောကြားပေးပြီးတဲ့ အဆုံးမှာ တိဿမထေရ် ရဟန္တာဖြစ်ပါတယ်။ ဒီမထေရ် ပရိနိဗ္ဗာန်ပြုတဲ့အခါမှာ ဓာတ်တော်တွေကို စေတီတည်ခဲ့ကြတယ်လို့ ဓမ္မပဒအဋ္ဌကထာမှာ ဖော်ပြထားပါတယ်။ ဒီစေတီအကြောင်းကို တရုတ်ရဟန်းတော် ရွှန်ကျန်ကလည်း မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါပေမယ့် ဇေတဝန်ကျောင်းတော်ရဲ့ အရှေ့မြောက်ဖက်မယ် ရှိတယ်လို့ ဖော်ပြထားတဲ့အတွက် ယခုတွေ့ဖူးမြော်ရတဲ့ စေတီအမှတ် (၅) နေရာနဲ့ ကွဲလွဲနေပါတယ်။ ဗြိတိသျှသုတေသီ ကန်နင်ဟန်က တရုတ်ရဟန်းတော် ရွှန်ကျန်ရဲ့ မှတ်တမ်းကို မူတည်ပြီး ဇေတန်ကျောင်းတော်ရဲ့ အရှေ့မြောက်ဖက် ပေ-၅၅၀ အကွာမှာရှိတဲ့ အုတ်ပုံကုန်းမြင့်လေးကို ဂိလာနရဟန်းတော်ကို ဗုဒ္ဓမြတ်စွာ သူနာပြုခဲ့တဲ့ အထိမ်းမှတ်တည်ခဲ့တဲ့ စေတီလို့ သတ်မှတ်ထားပါတယ်။
လမ်းအတိုင်း အရှေ့ဖက်ကို ဆက်သွားရင် အာနန္ဒာဗောဓိပင်ကို ရောက်ပါတယ်။ မဝင်သေးဘဲ လမ်းအတိုင်း မြောက်ဖက်ကို သွားတဲ့အခါ လမ်းရဲ့ ညာဖက်မှာ ဗုဒ္ဓမြတ်စွာ စင်္ကြံကြွတော်မူရာ အထိမ်းအမှတ် စင်္ကမစေတီ အုတ်ခုံရှိပါတယ်။ ဘယ်ဖက်မှာတော့ ကျောင်းဆောင် အမှတ် (၃) ရှိပါတယ်။ “ဗလ အမည်သော ရဟန်းတော်က ကောသမ္ဗကျောင်းရှိ ရဟန်းတော်များအတွက် ပေးလှူသည်” လို့ ကမ္ပည်းစာပါတဲ့ မထုရာလက်ရာ ကျောက်ဆင်းတုတစ်ဆူကို တွေ့ရပါတယ်။ ဒါကြောင့် ဒီနေရာဟာ အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကောသမ္ဗကုဋိ (ကြို့ပင် ကျောင်းဆောင်) ဖြစ်တယ်လို့ ယူဆကြပါတယ်။
လမ်းအတိုင်း မြောက်ဖက်ကို ဆက်သွားတော့ ကျောင်းဆောင် အမှတ် (၂) ကို ရောက်ပါတယ်။ ဒီကျောင်းဆောင်ကို အကြိမ်ကြိမ် ပြုပြင်မွမ်းထားခဲ့ကြတယ်လို့ သိရပါတယ်။ အပြင်ဖက်ဆုံး အုတ်မြစ်က ၈-ပေလောက်ထူပြီး၊ အရှေ့အနောက် ၁၁၅-ပေ၊ တောင်မြောက် ၈၉-ပေ ရှိပါတယ်။ ဗုဒ္ဓမြတ်စွာ သီတင်းသုံးတော်မူလေ့ရှိတဲ့ ဂန္ဓကုဋိ (နံ့သာ ကျောင်းဆောင်) လို့ ယူဆကြပါတယ်။ မြတ်စွာဘုရားကို ဖူးမြော်ဖို့ ရောက်လာကြတဲ့ ဘုရားဖူးတွေက ပန်း၊ စန္ဒကူး နံ့သာတွေ ယူဆောင်လာပြီး ပူဇော်လေ့ရှိကြတဲ့တွက် ဂန္ဓကုဋိဆိုတဲ့ အမည်ရပါတယ်။ ဂန္ဓကုဋိကျောင်းမှာ မြတ်စွာဘုရား မကြာခဏ သီတင်းသုံးတော်မူလေ့ရှိတဲ့ အတွက် ဂန္ဓကုဋိဆိုရင် မြတ်စွာဘုရား သီတင်းသုံးရာ ကျောင်းဆောင်လို့ အသိများကြသလို၊ နောင်မှာ ဘုရားဆင်းတုတော်တွေ ထားတဲ့ကျောင်းဆောင်တိုင်းကို ဂန္ဓကုဋိလို့ဘဲ ခေါ်ဝေါ် သုံးစွဲလေ့ရှိကြပါတယ်။ ရှေ့ဝင်ပေါက် အနီးက ပန်းတင်ခုံပေါ်မှာ စေတီပုံ ဖော်ထားပြီး၊ ဘုရားဖူးတွေက ရွှေချပူဇော်ထားကြတာကို တွေ့ရပါတယ်။ ကျောင်းဆောင်က ကြက်ခြေခတ်ပုံစံရှိပြီး ဘုရားခန်းက ၉-ပေ ပတ်လည်လောက် ကျယ်ပါတယ်။ အုတ်ဘောင်ပေါ်မှာ ပန်းအနီ ပန်းအဝါတွေ ဖြန့်ခင်းပြီး ပူဇော်ထားတဲ့အတွက် ပန်းရနံ့တွေ ထုံသင်းနေပါတယ်။ ဂန္ဓကုဋိတိုက်အတွင်း ဗုဒ္ဓမြတ်စွာ သီတင်းသုံးတော်မူတဲ့ ကုတင်ခြေထောက်တို့ ချရာနေရာကို ဘုရားရှင်တိုင်း မစွန့်တဲ့ အဝိဇဟိတ လေးဌာနမှာ ထည့်သွင်းဖော်ပြထားတဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ မြေမြတ်မဟာ နေရာလို့ ဆိုနိုင်ပါတယ်။
မူလဂန္ဓကုဋိကျောင်းဆောင်က သစ်သားနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ဘုံစဉ် ၇-ဆင့်ရှိခဲ့ကြောင်း၊ ကြွက်တစ်ကောင် ကိုက်ချီသွားတဲ့ မီးစကနေ ပိတာန်မျက်နှာကျက်ကို မီးစွဲလောင်ပြီး ကျောင်းဆောင်တခုလုံး ပြာကျသွားခဲ့အတွက် အုတ်နဲ့ နှစ်ထပ်ကျောင်းဆောင် ပြန်လည်ဆောက်လုပ်ခဲ့တာ ဖြစ်ကြောင်း ခရစ်နှစ် ၄၀၀မှာ ရောက်ခဲ့တဲ့ တရုတ်ရဟန်းတော် ဖာရှန်က မှတ်တမ်းတင်ခဲ့ပါတယ်။ ခရစ်နှစ် ၆၄၃-ခုနှစ် တရုတ်ရဟန်းတော် ရွှန်ကျန်ရောက်ခဲ့စဉ်ကတော့ ဂန္ဓကုဋိကျောင်းဆောင်အပါအဝင် ဇေတဝန်တိုက်အတွင်းက ကျောင်းဆောင် အတော်များများ လုံးဝပျက်စီးနေပြီလို့ ဆိုပါတယ်။
ဒီနေရာမှာ စပ်လို့ တရုတ်ရဟန်းတော် ဖာရှန်ရဲ့ ခရီးသွားမှတ်တမ်းမှာပါတဲ့ စန္ဒကူးရုပ်ပွားဆင်းတုတော် အကြောင်းကို ပြောချင်ပါတယ်။ မြတ်စွာဘုရားရှင် ဝါတွင်းသုံးလ တာဝတိံသာ နတ်ပြည် ကြွနေစဉ်မှာ ဘုရားရှင်ကို ဖူးမြင်လိုတဲ့ ဆန္ဒကြောင့် စန္ဒကူးသားနဲ့ ရုပ်ပွားဆင်းတုတော် ထုလုပ်ပြီး မြတ်စွာဘုရား သီတင်းသုံးတော်မူလေ့ရှိတဲ့ နေရာမှာ သီတင်းသုံးစေပြီး ကိုးကွယ် ခဲ့ပါတယ်။ မြတ်စွာဘုရား ပြန်ကြွလာတဲ့အခါ ရုပ်ပွားတော်က နေရာကနေထပြီး ဘုရားရှင်ကို ခရီးဦးကြိုဆိုတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားက “သင်၏ နေမြဲနေရာ၌သာ စံနေလော့။ ငါဘုရား ပရိနိဗ္ဗာန် စံဝင်သောအခါတွင် သင်သည် ပရိသတ်လေးပါးတို့အတွက် ငါ၏ ကိုယ်စားဖြစ်ပေလိမ်မည်” လို့ ဗျာဒိတ်ပေးတော်မူပါတယ်။ ဒီဆင်းတုတော်ဟာ ပထမဆုံး ရုပ်ပွားဆင်းတုတော်ဖြစ်ပြီး နောင်လာနောင်သားတွေက ဒီဆင်းတုတော်ရဲ့ ပုံတူကို ကူးယူပြီး ထုလုပ်ခဲ့ကြတယ်လို့ ရဟန်းတော် ဖာရှန်က မှတ်တမ်းတင်ခဲ့ပါတယ်။ ဂန္ဓကုဋိကျောင်းဆောင် မီးစွဲလောင်တဲ့အချိန်က ဒီရုပ်ပွားဆင်းတုတော်က မီးထဲပါမသွားဘဲ ထူးထူးဆန်းဆန်း အနီးနားက ကျောင်းဆောင်တခုမှာ ပြောင်းပြီးစံနေတာကို ပြန်တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ ထေရဝါဒ ပါဠိ အဋ္ဌကထာ ကျမ်းစာတွေမှာတော့ ဘုရားရှင်လက်ထက်က ထုလုပ်ကိုးကွယ်ခဲ့တယ်ဆိုတဲ့ ဒီစန္ဒကူးရုပ်ပွားဆင်းတုတော် အကြောင်းကို မတွေ့ရပါဖူး။ ထို့အတူ ရှေးဟောင်းသုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ အသောကမင်း ခေတ်လောက်အထိ မြတ်စွာဘုရားရှင်ရဲ့ ပုံတော်ကို ထုလုပ်ကိုးကွယ်ခြင်း မရှိခဲ့ကြဘဲ၊ ဇာတ်နိပါတ်ပုံတွေ ထုလုပ်ရာမှာတောင် ဘုရားရှင်ကိုယ်စား ဗောဓိပင်၊ ဓမ္မစကြာဘီးစတဲ့ သင်္ကေတတွေကိုပဲ အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ ဂန္ဓာရဒေသကို ဂရိဘုရင် အလက်ဇန်းဒါး (Alexander the Great) ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ နောက်ပိုင်းကာလမှာမှ ဂရိယဉ်ကျေးမှုတွေ ကူးလူးဝင်ရောက်လာပြီး မြတ်စွာဘုရားရှင်ရဲ့ ရုပ်ပွားဆင်းတုတော်ကို ထုလုပ်တဲ့ အလေ့အထ ထွန်းကားလာခဲ့တယ်လို့ ဆိုပါတယ်။ ဒီတော့ တရုတ်ရဟန်းတော် ဖာရှန် ဂန္ဓာကုဋိတိုက်ထဲမှာ ဖူးမြော်ခဲ့ရတဲ့ စန္ဒကူးရုပ်ဆင်းတုတော်ရဲ့ သမိုင်းကြောင်းက တဆင့်စကား ပါးစပ်ရာဇဝင်ပဲ ဖြစ်ပါလိမ့်မယ်။
ဂန္ဓကုဋိတိုက်ရဲ့ အရှေ့မြောက်ဖက်မှာ ကျောင်းဆောင်အမှတ် G နဲ့ F ရှိပါတယ်။ ကျောင်းဆောင်အမှတ် G က စတုဂံပုံရှိပြီး အလယ်တွင် ခန်းမကို ဘေးပတ်လည်က အခန်းပေါင်း ၂၆ ခန်း ဝန်းရံထားပါတယ်။ အလယ်ခန်းမထဲမှာ ၅-ပေခန့် မြင့်တဲ့ အုတ်ပလ္လင်ကြီး ရှိပါတယ်။ အုတ်ပလ္လင်ရဲ့ မျက်နှာစာနံရံကို ဘုရားဖူးတွေက ရွှေချထားပါတယ်။ အောက်ခြေမှာတော့ အမွေးတိုင်၊ဆီးမီပူဇော်ထားတဲ့အတွက် မှိုင်းစွဲနေပါတယ်။ ဒီအုတ်ပလ္လင်ကြီးပေါ်မှာ ဗုဒ္ဓ ရုပ်ပွားဆင်းတုတော်ကြီး တစ်ဆူ သီးတင်းသုံးခဲ့ဟန် ရှိပါတယ်။ အချို့ကလည်း ဒီနေရာဟာ ဘုရားရှင် လက်ထက်က တရားဟော ဓမ္မာရုံကျောင်းခန်းမလို့ ယူဆကြရပါတယ်။ ဒီဓမ္မာရုံကျောင်း ခန်းမနေရာမှာပဲ ဘုရားဖူးတွေ စုပေါင်းပြီး ဝတ်ပြုကြ၊ မင်္ဂလသုတ်စတဲ့ ပရိတ်တွေ ရွတ်ဖတ် ပူဇော်ခဲ့ကြပါတယ်။
ဂန္ဓကုဋိကျောင်းတော်ရာနဲ့ ဓမ္မာရုံ ကျောင်းတော်ရာတို့ရဲ့ ရှေ့ မနီးမဝေးမှာ ရေတွင်း တတွင်း ရှိပါသည်။ မြတ်စွာဘုရားရှင် ဆွမ်းခံရာမှ ပြန်လာတဲ့အခါ ခြေဆေးလေ့ရှိတဲ့ ရေတွင်းလို့ ဆိုပါတယ်။အခု အခါမှာတော့ တွင်းကို အဖုံး ဖုံးထားပါတယ်။ တွင်းက ရေကို လက်လှုပ်ရေတိုင်ကနေ ဆွဲတင်ယူနိုင်ပါတယ်။ အဲဒီတွင်းကရေကို အဓိဋ္ဌာန်ပြုပြီး မျက်နှာ၊ ဒူးခေါင်းစသည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို လိမ်းသပ်ပေးရင် ရောဂါဘယ ပျောက်ကင်းစေနိုင်တယ်လို့ မြန်မာဘုရားဖူးတွေက ယုံကြည်ကြပါတယ်။ အစောင့် ကုလားတဦးက ရေတိုင်ကို လှုပ်ကာ ဘုရားဖူးများအတွက် ရေတင်ပေးပြီး “ရူပီး တဆယ် ရူပီး တဆယ်” လို့ တောင်းနေပါတယ်။ အဖွဲ့ထဲက ဘယ်သူမှတော့ ပိုက်ဆံပေးဟန် မတူပါဘူး။
လူသွားလမ်းအတိုင်း ဂန္ဓကုဋိတိုက်ရဲ့ မြောက်ဖက်ကို ဆက်သွားရင် ကျောင်းဆောင် အမှတ် (၁) ကို ရောက်ပါတယ်။ ဇေတဝန်ဥယျာဉ်ရဲ့ မြောက်ဖက်ဆုံးမှာ တည်ရှိပြီး တွေ့ရသမျှ ကျောင်းတော်ရာတွေထဲမှာ အကြီးဆုံးလို့ ဆိုနိုင်ပါတယ်။ အတွေ့များတဲ့ ပုံစံအတိုင်း အလယ်မှာ ခန်းမဆောင်ရှိပြီး ဘေးပတ်လည်မှာ အခန်းငယ် ၃၄-ခန်း ဝန်းရံထားပါတယ်။ ဒီကျောင်းဆောင်က မြတ်စွာဘုရားရှင် လက်ထက်တော်က ကရေရိကုဋိ (ခံတက်ပင် ကျောင်းဆောင်) လို့ ယူဆကြပါတယ်။ ဂန္ဓကုဋိနဲ့ သိပ်အလှမ်း မဝေးလှပေမယ့် ဒီကျောင်းတော်ရာကို ဘုရားဖူးတွေ လာရောက် လေ့လာဖူးမြော်ကြတာ သိပ်မတွေ့ရပါဘူး။

![]() |
| ကျောင်းဆောင် အမှတ် ၁၁ နှင့် ၁၂ |

| ကျောင်းဆောင်အမှတ် ၁၉ (သာလာလဂါရကုဋိ) |

| ကျောင်းဆောင် အမှတ် ၇ (ရှင်သီဝလိကျောင်းဆောင်) |

| စေတီအမှတ် ၅ (ဂိလာနရဟန်းအား သူနာပြုရာ အထိမ်းအမှတ်စေတီ) |
![]() |
| စေတီငယ်ရှစ်ဆူနှင့် အနောက်မှ စေတီအမှတ် (၅) |
![]() |
| ကောသမ္ဗကုဋိနှင့် စင်္ကမစေတီ |
လမ်းအတိုင်း အရှေ့ဖက်ကို ဆက်သွားရင် အာနန္ဒာဗောဓိပင်ကို ရောက်ပါတယ်။ မဝင်သေးဘဲ လမ်းအတိုင်း မြောက်ဖက်ကို သွားတဲ့အခါ လမ်းရဲ့ ညာဖက်မှာ ဗုဒ္ဓမြတ်စွာ စင်္ကြံကြွတော်မူရာ အထိမ်းအမှတ် စင်္ကမစေတီ အုတ်ခုံရှိပါတယ်။ ဘယ်ဖက်မှာတော့ ကျောင်းဆောင် အမှတ် (၃) ရှိပါတယ်။ “ဗလ အမည်သော ရဟန်းတော်က ကောသမ္ဗကျောင်းရှိ ရဟန်းတော်များအတွက် ပေးလှူသည်” လို့ ကမ္ပည်းစာပါတဲ့ မထုရာလက်ရာ ကျောက်ဆင်းတုတစ်ဆူကို တွေ့ရပါတယ်။ ဒါကြောင့် ဒီနေရာဟာ အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကောသမ္ဗကုဋိ (ကြို့ပင် ကျောင်းဆောင်) ဖြစ်တယ်လို့ ယူဆကြပါတယ်။
![]() |
| ကျောင်းဆောင် အမှတ် ၃ (ကောသမ္ဗကုဋိ) |
![]() |
| စင်္ကမစေတီ |
လမ်းအတိုင်း မြောက်ဖက်ကို ဆက်သွားတော့ ကျောင်းဆောင် အမှတ် (၂) ကို ရောက်ပါတယ်။ ဒီကျောင်းဆောင်ကို အကြိမ်ကြိမ် ပြုပြင်မွမ်းထားခဲ့ကြတယ်လို့ သိရပါတယ်။ အပြင်ဖက်ဆုံး အုတ်မြစ်က ၈-ပေလောက်ထူပြီး၊ အရှေ့အနောက် ၁၁၅-ပေ၊ တောင်မြောက် ၈၉-ပေ ရှိပါတယ်။ ဗုဒ္ဓမြတ်စွာ သီတင်းသုံးတော်မူလေ့ရှိတဲ့ ဂန္ဓကုဋိ (နံ့သာ ကျောင်းဆောင်) လို့ ယူဆကြပါတယ်။ မြတ်စွာဘုရားကို ဖူးမြော်ဖို့ ရောက်လာကြတဲ့ ဘုရားဖူးတွေက ပန်း၊ စန္ဒကူး နံ့သာတွေ ယူဆောင်လာပြီး ပူဇော်လေ့ရှိကြတဲ့တွက် ဂန္ဓကုဋိဆိုတဲ့ အမည်ရပါတယ်။ ဂန္ဓကုဋိကျောင်းမှာ မြတ်စွာဘုရား မကြာခဏ သီတင်းသုံးတော်မူလေ့ရှိတဲ့ အတွက် ဂန္ဓကုဋိဆိုရင် မြတ်စွာဘုရား သီတင်းသုံးရာ ကျောင်းဆောင်လို့ အသိများကြသလို၊ နောင်မှာ ဘုရားဆင်းတုတော်တွေ ထားတဲ့ကျောင်းဆောင်တိုင်းကို ဂန္ဓကုဋိလို့ဘဲ ခေါ်ဝေါ် သုံးစွဲလေ့ရှိကြပါတယ်။ ရှေ့ဝင်ပေါက် အနီးက ပန်းတင်ခုံပေါ်မှာ စေတီပုံ ဖော်ထားပြီး၊ ဘုရားဖူးတွေက ရွှေချပူဇော်ထားကြတာကို တွေ့ရပါတယ်။ ကျောင်းဆောင်က ကြက်ခြေခတ်ပုံစံရှိပြီး ဘုရားခန်းက ၉-ပေ ပတ်လည်လောက် ကျယ်ပါတယ်။ အုတ်ဘောင်ပေါ်မှာ ပန်းအနီ ပန်းအဝါတွေ ဖြန့်ခင်းပြီး ပူဇော်ထားတဲ့အတွက် ပန်းရနံ့တွေ ထုံသင်းနေပါတယ်။ ဂန္ဓကုဋိတိုက်အတွင်း ဗုဒ္ဓမြတ်စွာ သီတင်းသုံးတော်မူတဲ့ ကုတင်ခြေထောက်တို့ ချရာနေရာကို ဘုရားရှင်တိုင်း မစွန့်တဲ့ အဝိဇဟိတ လေးဌာနမှာ ထည့်သွင်းဖော်ပြထားတဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ မြေမြတ်မဟာ နေရာလို့ ဆိုနိုင်ပါတယ်။
![]() |
| ဂန္ဓကုဋိကျောင်းတိုက်ရှေ့ ပန်းတင်ခုံထက်မှ စေတီငယ် |
![]() |
| ပန်းနံသာတို့ဖြင့် ပူဇော်ထားသည့် ဂန္ဓကုဋိ |
မူလဂန္ဓကုဋိကျောင်းဆောင်က သစ်သားနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ဘုံစဉ် ၇-ဆင့်ရှိခဲ့ကြောင်း၊ ကြွက်တစ်ကောင် ကိုက်ချီသွားတဲ့ မီးစကနေ ပိတာန်မျက်နှာကျက်ကို မီးစွဲလောင်ပြီး ကျောင်းဆောင်တခုလုံး ပြာကျသွားခဲ့အတွက် အုတ်နဲ့ နှစ်ထပ်ကျောင်းဆောင် ပြန်လည်ဆောက်လုပ်ခဲ့တာ ဖြစ်ကြောင်း ခရစ်နှစ် ၄၀၀မှာ ရောက်ခဲ့တဲ့ တရုတ်ရဟန်းတော် ဖာရှန်က မှတ်တမ်းတင်ခဲ့ပါတယ်။ ခရစ်နှစ် ၆၄၃-ခုနှစ် တရုတ်ရဟန်းတော် ရွှန်ကျန်ရောက်ခဲ့စဉ်ကတော့ ဂန္ဓကုဋိကျောင်းဆောင်အပါအဝင် ဇေတဝန်တိုက်အတွင်းက ကျောင်းဆောင် အတော်များများ လုံးဝပျက်စီးနေပြီလို့ ဆိုပါတယ်။
ဒီနေရာမှာ စပ်လို့ တရုတ်ရဟန်းတော် ဖာရှန်ရဲ့ ခရီးသွားမှတ်တမ်းမှာပါတဲ့ စန္ဒကူးရုပ်ပွားဆင်းတုတော် အကြောင်းကို ပြောချင်ပါတယ်။ မြတ်စွာဘုရားရှင် ဝါတွင်းသုံးလ တာဝတိံသာ နတ်ပြည် ကြွနေစဉ်မှာ ဘုရားရှင်ကို ဖူးမြင်လိုတဲ့ ဆန္ဒကြောင့် စန္ဒကူးသားနဲ့ ရုပ်ပွားဆင်းတုတော် ထုလုပ်ပြီး မြတ်စွာဘုရား သီတင်းသုံးတော်မူလေ့ရှိတဲ့ နေရာမှာ သီတင်းသုံးစေပြီး ကိုးကွယ် ခဲ့ပါတယ်။ မြတ်စွာဘုရား ပြန်ကြွလာတဲ့အခါ ရုပ်ပွားတော်က နေရာကနေထပြီး ဘုရားရှင်ကို ခရီးဦးကြိုဆိုတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားက “သင်၏ နေမြဲနေရာ၌သာ စံနေလော့။ ငါဘုရား ပရိနိဗ္ဗာန် စံဝင်သောအခါတွင် သင်သည် ပရိသတ်လေးပါးတို့အတွက် ငါ၏ ကိုယ်စားဖြစ်ပေလိမ်မည်” လို့ ဗျာဒိတ်ပေးတော်မူပါတယ်။ ဒီဆင်းတုတော်ဟာ ပထမဆုံး ရုပ်ပွားဆင်းတုတော်ဖြစ်ပြီး နောင်လာနောင်သားတွေက ဒီဆင်းတုတော်ရဲ့ ပုံတူကို ကူးယူပြီး ထုလုပ်ခဲ့ကြတယ်လို့ ရဟန်းတော် ဖာရှန်က မှတ်တမ်းတင်ခဲ့ပါတယ်။ ဂန္ဓကုဋိကျောင်းဆောင် မီးစွဲလောင်တဲ့အချိန်က ဒီရုပ်ပွားဆင်းတုတော်က မီးထဲပါမသွားဘဲ ထူးထူးဆန်းဆန်း အနီးနားက ကျောင်းဆောင်တခုမှာ ပြောင်းပြီးစံနေတာကို ပြန်တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ ထေရဝါဒ ပါဠိ အဋ္ဌကထာ ကျမ်းစာတွေမှာတော့ ဘုရားရှင်လက်ထက်က ထုလုပ်ကိုးကွယ်ခဲ့တယ်ဆိုတဲ့ ဒီစန္ဒကူးရုပ်ပွားဆင်းတုတော် အကြောင်းကို မတွေ့ရပါဖူး။ ထို့အတူ ရှေးဟောင်းသုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ အသောကမင်း ခေတ်လောက်အထိ မြတ်စွာဘုရားရှင်ရဲ့ ပုံတော်ကို ထုလုပ်ကိုးကွယ်ခြင်း မရှိခဲ့ကြဘဲ၊ ဇာတ်နိပါတ်ပုံတွေ ထုလုပ်ရာမှာတောင် ဘုရားရှင်ကိုယ်စား ဗောဓိပင်၊ ဓမ္မစကြာဘီးစတဲ့ သင်္ကေတတွေကိုပဲ အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ ဂန္ဓာရဒေသကို ဂရိဘုရင် အလက်ဇန်းဒါး (Alexander the Great) ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ နောက်ပိုင်းကာလမှာမှ ဂရိယဉ်ကျေးမှုတွေ ကူးလူးဝင်ရောက်လာပြီး မြတ်စွာဘုရားရှင်ရဲ့ ရုပ်ပွားဆင်းတုတော်ကို ထုလုပ်တဲ့ အလေ့အထ ထွန်းကားလာခဲ့တယ်လို့ ဆိုပါတယ်။ ဒီတော့ တရုတ်ရဟန်းတော် ဖာရှန် ဂန္ဓာကုဋိတိုက်ထဲမှာ ဖူးမြော်ခဲ့ရတဲ့ စန္ဒကူးရုပ်ဆင်းတုတော်ရဲ့ သမိုင်းကြောင်းက တဆင့်စကား ပါးစပ်ရာဇဝင်ပဲ ဖြစ်ပါလိမ့်မယ်။
ဂန္ဓကုဋိတိုက်ရဲ့ အရှေ့မြောက်ဖက်မှာ ကျောင်းဆောင်အမှတ် G နဲ့ F ရှိပါတယ်။ ကျောင်းဆောင်အမှတ် G က စတုဂံပုံရှိပြီး အလယ်တွင် ခန်းမကို ဘေးပတ်လည်က အခန်းပေါင်း ၂၆ ခန်း ဝန်းရံထားပါတယ်။ အလယ်ခန်းမထဲမှာ ၅-ပေခန့် မြင့်တဲ့ အုတ်ပလ္လင်ကြီး ရှိပါတယ်။ အုတ်ပလ္လင်ရဲ့ မျက်နှာစာနံရံကို ဘုရားဖူးတွေက ရွှေချထားပါတယ်။ အောက်ခြေမှာတော့ အမွေးတိုင်၊ဆီးမီပူဇော်ထားတဲ့အတွက် မှိုင်းစွဲနေပါတယ်။ ဒီအုတ်ပလ္လင်ကြီးပေါ်မှာ ဗုဒ္ဓ ရုပ်ပွားဆင်းတုတော်ကြီး တစ်ဆူ သီးတင်းသုံးခဲ့ဟန် ရှိပါတယ်။ အချို့ကလည်း ဒီနေရာဟာ ဘုရားရှင် လက်ထက်က တရားဟော ဓမ္မာရုံကျောင်းခန်းမလို့ ယူဆကြရပါတယ်။ ဒီဓမ္မာရုံကျောင်း ခန်းမနေရာမှာပဲ ဘုရားဖူးတွေ စုပေါင်းပြီး ဝတ်ပြုကြ၊ မင်္ဂလသုတ်စတဲ့ ပရိတ်တွေ ရွတ်ဖတ် ပူဇော်ခဲ့ကြပါတယ်။
![]() |
| တရားဟောခန်းမဆောင် |
![]() |
| တရားဟော ခန်းမဆောင် အုတ်ပလ္လင် |
ဂန္ဓကုဋိကျောင်းတော်ရာနဲ့ ဓမ္မာရုံ ကျောင်းတော်ရာတို့ရဲ့ ရှေ့ မနီးမဝေးမှာ ရေတွင်း တတွင်း ရှိပါသည်။ မြတ်စွာဘုရားရှင် ဆွမ်းခံရာမှ ပြန်လာတဲ့အခါ ခြေဆေးလေ့ရှိတဲ့ ရေတွင်းလို့ ဆိုပါတယ်။အခု အခါမှာတော့ တွင်းကို အဖုံး ဖုံးထားပါတယ်။ တွင်းက ရေကို လက်လှုပ်ရေတိုင်ကနေ ဆွဲတင်ယူနိုင်ပါတယ်။ အဲဒီတွင်းကရေကို အဓိဋ္ဌာန်ပြုပြီး မျက်နှာ၊ ဒူးခေါင်းစသည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို လိမ်းသပ်ပေးရင် ရောဂါဘယ ပျောက်ကင်းစေနိုင်တယ်လို့ မြန်မာဘုရားဖူးတွေက ယုံကြည်ကြပါတယ်။ အစောင့် ကုလားတဦးက ရေတိုင်ကို လှုပ်ကာ ဘုရားဖူးများအတွက် ရေတင်ပေးပြီး “ရူပီး တဆယ် ရူပီး တဆယ်” လို့ တောင်းနေပါတယ်။ အဖွဲ့ထဲက ဘယ်သူမှတော့ ပိုက်ဆံပေးဟန် မတူပါဘူး။
| ဂန္ဓကုဋိတိုက်အနီးမှ ရေတွင်း |
လူသွားလမ်းအတိုင်း ဂန္ဓကုဋိတိုက်ရဲ့ မြောက်ဖက်ကို ဆက်သွားရင် ကျောင်းဆောင် အမှတ် (၁) ကို ရောက်ပါတယ်။ ဇေတဝန်ဥယျာဉ်ရဲ့ မြောက်ဖက်ဆုံးမှာ တည်ရှိပြီး တွေ့ရသမျှ ကျောင်းတော်ရာတွေထဲမှာ အကြီးဆုံးလို့ ဆိုနိုင်ပါတယ်။ အတွေ့များတဲ့ ပုံစံအတိုင်း အလယ်မှာ ခန်းမဆောင်ရှိပြီး ဘေးပတ်လည်မှာ အခန်းငယ် ၃၄-ခန်း ဝန်းရံထားပါတယ်။ ဒီကျောင်းဆောင်က မြတ်စွာဘုရားရှင် လက်ထက်တော်က ကရေရိကုဋိ (ခံတက်ပင် ကျောင်းဆောင်) လို့ ယူဆကြပါတယ်။ ဂန္ဓကုဋိနဲ့ သိပ်အလှမ်း မဝေးလှပေမယ့် ဒီကျောင်းတော်ရာကို ဘုရားဖူးတွေ လာရောက် လေ့လာဖူးမြော်ကြတာ သိပ်မတွေ့ရပါဘူး။
![]() |
| ကျောင်းဆောင် ၁ (ကရေရိကုဋိ) |
အဲဒီနောက် ဘုရားဖူးအဖွဲ့က လမ်းအတိုင်း တောင်ဖက်ကို ပြန်လှည့်ပြီး အာနန္ဒာဗောဓိပင်
ရှိရာကို သွားကြပါတယ်။ အာနန္ဒာဗောဓိပင် အကြောင်းကို ဇာတကအမှတ် ၄၇၉
ကာလိင်္ဂဗောဓိဇာတ် အဋ္ဌကထာမှာ တွေ့ရပါတယ်။ မြတ်စွာဘုရား ဒေသစာရီ
လှည့်လည်နေတဲ့အခါတွေမှာ ဘုရားဖူးလာတဲ့ မြို့သူမြို့သားတွေက
အခြားပူဇော်စရာမရှိတဲ့အတွက် မိမိတို့ ယူဆောင်လာတဲ့ ပန်းနံ့သာတွေကို ဂန္ဓကုဋိ
တံခါးဝမှာသာ ချပြီးသွားရပါတယ်။ ဘုရားရှင် ဖူးမြော်စဉ်ကလို ဝမ်းမြောက်ပီတိ
မဖြစ်ကြရပါဘူး။ အဲဒီအကြောင်းကို အရှင်အာနန္ဒာကလျှောက်တဲ့အခါ သရီရစေတီ၊
ပရိဘောဂစေတီ၊ ဥဒိဿစေတီလို့ ခေါ်တဲ့ စေတီသုံးမျိုးအနက် ပရိဘောဂစေတီထိုက်တဲ့
(ဗုဒ္ဓဂယာက) မဟာဗောဓိပင်ရဲ့ မျိုးကို ယူပြီး ဇေတဝန်ကျောင်း တံခါးဝအနီးမှာ
စိုက်ဖို့အတွက် ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပါတယ်။ ဗောဓိမျိုးစေ့ကို
ရှင်မဟာမောဂ္ဂလာန်က တန်ခိုးနဲ့ ယူဆောင်ပေးပြီး အနာထပိဏ်သူဌေးက
စိုက်ပျိုးခဲ့ပါတယ်။ အရှင်အာနန္ဒက တောင်းပန်တဲ့အတွက်ပဲ မြတ်စွာဘုရားရှင်က
ဗောဓိပင်ရင်းမှာ တစ်ညတာ သမာပတ် ဝင်စားတော်မူခဲ့ပါတယ်။ အရှင်အာနန္ဒာရဲ့
အစီအမံနဲ့ စိုက်ပျိုးခဲ့တဲ့ အတွက် အာနန္ဒာဗောဓိလို့ အမည်တွင်ပါတယ်။
ဘုရားရှင် လက်ထက်ကတည်းက နယ်ကနေ ဘုရားဖူး ရောက်လာတဲ့ ရဟန်းတော်တို့က
အာနန္ဒဗောဓိကို ပန်းတွေနဲ့ ပူဇော်လေ့ ရှိကြတယ်လို့ ဇာတကအမှတ်၂၆၁ ပဒုမဇာတ်
အဋ္ဌကထာမှာ တွေ့ရပါတယ်။ ဘုရားဖူးတွေက အာနန္ဒာဗောဓိပင်ကို လက်ယာရစ်ပတ်ပြီး
ပူဇော်ကြပါတယ်။ အိမ်မှာ ကိုးကွယ်ဖို့အတွက် ကျနေတဲ့ ဗောဓိညောင်ရွက်တွေကို
ကောက်ယူကြပါတယ်။ ဗောဓိညောင်ရွက်ကို ဥယျာဉ်စောင့် ကုလားတွေကလည်း ကောက်ပြီး
ရောင်းနေပါတယ်။
![]() |
| အရှင်အာနန္ဒာ အစီအမံဖြင့် အနာထပိဏ်သူဌေး ဗောဓိပင်စိုက်ပျိုးပုံ (သီရိလင်္ကာကျောင်းနံရံပန်းချီ) |
![]() |
| အာနန္ဒာဗောဓိပင် |
![]() |
| အာနန္ဒာဗောဓိပင် |
Saturday, April 6, 2013
ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၆) - သာဝတ္ထိ
![]() |
| Miracle of Sravasti (from the Paitava monsatry, Kapisa School 3-4th century - Afganistan) |
နယူးဒေလီကို လှည့်လည် လေ့လာပြီးတဲ့နောက် အဲ့ဒီညမှာပဲ သာဝတ္ထိကို ခရီးဆက်ခဲ့ကြပါတယ်။ ယမုံနာအမြန်လမ်းမအတိုင်း အာဂရာမြို့ကို ဖြတ်မောင်းပြီး နံနက်ဝေလီဝေလင်းမှာ ကန်ပူရ်ကို ရောက်ပါတယ်။ ကန်ပူရ်ကနေ လက္ခနောင်းကို သွားတဲ့လမ်းတလျှောက်မှာတော့ မြူနှင်းတွေက အတော်လေး ဖုံးပိတ်နေပါတယ်။ ရှေ့ နှစ်ကိုက်သုံးကိုက်ထက်ပိုပြီး ကောင်းကောင်း မမြင်ရတော့ပါဘူး။ ကားဟွန်းသံကို အားကိုးပြီး ခပ်ဖြေးဖြေး မောင်းပါတယ်။ လမ်းတလျှောက်မှာ မှောက်နေတဲ့ ကားတွေ၊ တိုက်ထားတဲ့ ကားတွေ တွေ့ခဲ့ရပါတယ်။ လက္ခနောင်းကအထွက် လမ်းမှာ ကားဘရိတ် ပေါက်သွားတဲ့အတွက် ခရီး ကြန့်ကြာနေပြန်တယ်။ သာဝတ္ထိ မြန်မာကျောင်းကို ညပိုင်းမှ ရောက်ပါတယ်။
မြတ်စွာဘုရားရှင်က ဘုရားအဖြစ် ရောက်တော်မူပြီးတဲ့နောက် ပထမပိုင်း အနှစ်-၂၀ ကာလပတ်လုံး နေရာ အတည်တကျ မထားဘဲ သင့်တော်တဲ့ မြို့ရွာတွေမှာ လှည့်လည် ဝါဆိုတော်မူခဲ့ပါတယ်။ နောက်ပိုင်း ကာလမှာတော့ သာဝတ္ထိမှာပဲ အတည်တကျ ဝါဆိုတော်မူပါတယ်။ အစောပိုင်းကာလကလည်း ၁၄-ကြိမ်မြောက် ဝါကို သာဝတ္ထိမှာ ဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် သာဝတ္ထိဟာ ဗုဒ္ဓမြတ်စွာ ၂၅-နှစ်တိုင်တိုင် သီတင်းသုံး ဝါဆိုတော်မူခဲ့တဲ့ နေရာလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း သာဝတ္ထိပြည်မှာ ဟောကြားခဲ့တဲ့ သုတ္တန်ဒေသနာတွေ၊ ပညတ်တော်မူခဲ့တဲ့ ဝိနည်း သိက္ခာပုဒ်တွေ မနည်းလှပါဘူး။ အထူးသဖြင့် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော် ဆိုတာက ဗုဒ္ဓသာသနာအတွက် အလွန်ထင်ရှား အရေးပါတဲ့ သာသနိကနယ်မြေတခုလို့ ဆိုနိုင်ပါတယ်။
| သာဝတ္ထိမြန်မာကျောင်း |
| သာဝတ္ထိမြန်မာကျောင်း |
ဘုရားရှင် လက်ထက်တော်အခါက သာဝတ္ထိဟာ ပသေနဒီ ကောသမင်းကြီး အုပ်ချုပ်စိုးစံခဲ့တဲ့ ကောသလတိုင်းရဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။ “သာဝတ္ထ” ရသေ့ နေခဲ့ဖူးတဲ့ မြို့ဖြစ်လို့ သာဝတ္ထိဆိုတဲ့ အမည်ရပါတယ်။ ရှေးအဋ္ဌကထာ ဆရာတွေကတော့ လူ့အသုံးအဆောင် ပစ္စည်းအားလုံးရှိတဲ့အတွက် (သဗ္ဗံ = အားလုံး + အတ္ထိ = ရှိသည်) သာဝတ္ထိလို့ ခေါ်ကြောင်း ဖွင့်ဆိုပါတယ်။ လိုချင်စရာ မျိုးစုံ၊ အသံ မျိုးစုံ၊ အစားအသောက် မျိုးစုံ ပြည့်စုံပြီး အလွန်စည်ကားတဲ့ မြို့ကြီး တစ်မြို့ ဖြစ်ခဲ့ပါတယ်။ နောင်တော့ ကောသလတိုင်းက မာဂဓတိုင်း လက်အောက်ရောက်သွားခဲ့ပြီး သာဝတ္ထိကလည်း တဖြည်းဖြည်း တိမ်ကောသွားခဲ့ပါတယ်။ မဇ္ဈိမဒေသကို ဗုဒ္ဓဘာသာမင်းတွေ အုပ်စိုးတဲ့ ခေတ်ကာလတွေမှာတော့ ဇေတဝန်က ဘုရားကျောင်းကန်တွေကို ပြန်လှည်ပြုပြင် စောင့်ရှောက်လေ့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၂-ရာစု နောက်ပိုင်းမှာတော့ သာဝတ္ထိနဲ့ ဇေတဝန်ကျောင်းတော်ရာက လုံး၀ ပျက်သုံး တိမ်မြုတ် သွားခဲ့ပါတယ်။ ၁၈၆၃-ခုနှစ်မှာ ဗြိတိသျှကျောက်စာဝန် အလက်ဇန်ဒါး ကန်နင်ဟန်က သာဝတ္ထိမြို့ဟောင်းကို ပြန်လည် တူးဖော်ပြီးနောက်ပိုင်းမှ နိုင်ငံတကာက ဗုဒ္ဓဘာသာကျောင်းတွေ၊ ဘုရားဖူးတွေနဲ့ ပြန်လည် အသက်ဝင်လာခဲ့တာပါ။ ဇေတဝန် ကျောင်းတော်ရာဟောင်းကို ဆာဟေ့ထ် (Sarheth)၊ သာဝတ္ထိမြို့ဟောင်းနေရာကို မဟေ့ထ် (Maheth) လို့ ဒေသခံတွေက ခေါ်ပါတယ်။ ဗာဟ်ရိုက်ချ်မြို့ (Bahraich) ကနေ ဗာလ်ရမ်ပူရ်မြို့ (Balrampur) ကို သွားတဲ့ လမ်းမှာ ရှိပါတယ်။
သရက်ဖြူကုန်း
အဋ္ဌမမြောက်နေ့မှာ နံနက် ဘုရားဖူးထွက်တော့ ခရီးစဉ်ကို သရက်ဖြူကုန်းက စပါတယ်။ သရက်ဖြူကုန်းက သာဝတ္ထိမြန်မာကျောင်းကနေ ဗာလ်ရမ်ပူရ်မြို့ကို သွားတဲ့လမ်းပေါ်မှာ ရှိပြီး မိုင်ဝက်လောက်ပဲ ဝေးပါတယ်။ ဒေသခံတွေက ဒီနေရာကို သြရဂျာရ် (Ora Jhār) လို့ခေါ်ပြီး၊ မြန်မာဘုရားဖူးများကတော့ သရက်ဖြူကုန်းလို့ ခေါ်ပါတယ်။
သရက်ဖြူကုန်းဆိုတာက ၆-ဝါမြောက် ဝါဆိုလပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာ ယမိုက်ပြာဋိဟာပြခဲ့တဲ့ နေရာပါ။ တတ္ထိတွေကို နှိမ်နင်းဖို့အတွက် သာဝတ္ထိမြို့က သရက်ဖြူပင်ရင်းမှာ တန်ခိုးပြတော်မူမယ်လို့ လေးလလောက် ကတည်းက ကြိုတင်ပြီး ကျေညာခဲ့ပါတယ်။ ဒီတော့ တတ္ထိတွေကနေ ပွဲပျက်အောင် ကြံရွယ်ပြီး သာဝတ္ထိမြို့ အနီးတဝိုက်က သရက်ပင်တွေကို အပင်ပေါက်ပါ မကျန် ခုတ်လှဲထားခဲ့ကြတယ်။ ဝါဆိုလပြည့် ရောက်တော့ ကဏ္ဍလို့အမည်ရတဲ့ ဥယျာဉ်မှူး ကပ်လှူတဲ့ သရက်သီးရဲ့ အစေ့ကို စိုက်ပျိုးစေပြီး ဗုဒ္ဓမြတ်စွာက လက်ဆေးရေနဲ့ သွန်းလောင်းတော်မူပါတယ်။ သရက်စေ့က အညောင့်ပေါက်ကာ တရိပ်ရိပ်ကြီးထွားလာပြီး ခက်မာငါးဖြာနှင့် ပြည့်စုံသော သရက်ပင်ကြီး ဖြစ်လာပါတယ်။ ကောင်းကင်ယံမှာ ရတနာစင်္ကြံတော်ကို ဖန်ဆင်းတော်မူပြီး ကိုယ်တော် အစိတ်အပိုင်း အသီးသီးက ရေမီးအစုံ ထွက်စေတဲ့ ယမိုက်ပြာဋိဟာ၊ နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်းပြီး အမေးအဖြေပြုခြင်း စတဲ့ တန်ခိုးပြာဋိဟာတွေကို ပြတော်မူပါတယ်။ အဲ့ဒီနောက် တာဝတိံသာ နတ်ပြည်ကို ခြေလှမ်း နှစ်လှမ်း (=သုံးဖဝါး) နဲ့ ကြွတော်မူပြီး မယ်တော်မိနတ်သား အမှူးထားတဲ့ နတ်ဗြဟ္မာတွေကို အဘိဓမ္မာတရား ဟောကြားတော်မူပါတယ်။ ဒီအကြောင်းအရာကို ဓမ္မပဒအဋ္ဌကထာ ဒေဝဝေါရောဟဏဝတ္ထုမှာ အကျယ်တဝင့် ဖော်ပြထားပြီး၊ သရဘမိဂဇာတ်အဋ္ဌကထာစတဲ့ အခြား အဋ္ဌကထာတွေမှာလည်း အကျဉ်းအားဖြင့် တွေ့ရပါတယ်။ သက္ကတဘာသာရေး ဒိဗျာဝဒါနမှာလည်း သာဝတ္ထိပြည် ယမိုက်ပြာဋိဟာ အကြောင်း ရေးသားထားပါတယ်။ ဒီဝတ္ထုက အတော်လေး လူကြိုက်များ ကြော်ကြားခဲ့ပုံရပြီး ယမိုက်ပြာဋိဟာပြတော်မူခန်းကို ဘာရ်ဟူတ် (Bhārhūt)၊ ဆန်ချီ (Sānchī) နဲ့ ဂန္ဓာရဒေသတွေက အနုပညာလက်ရာတွေမှာ မကြာခဏတွေ့ရပါတယ်။
| သရက်ဖြူကုန်း |
| သရက်ဖြူကုန်းထက်မှ အဆောက်အအုံဟောင်း |
ယခုတွေ့နေရတဲ့ သြရဂျာရ် ကုန်းမြင့်လေးဟာ ဗုဒ္ဓမြတ်စွာ ယမိုက်ပြဋိဟာ ပြတော်မူခဲ့တဲ့ သရက်ဖြူပင်ရင်းမှာ အသောကမင်း တည်ထားခဲ့တဲ့ စေတီပျက်ကုန်းမြေလို့ မြန်မာဆရာတော်များက လက်ခံ ယုံကြည်ကြပါတယ်။ စေတီပျက်ကုန်းက မြေပြင်ကနေ အမြင့် ပေ-၇၀ လောက်ရှိပြီး၊ ကုန်းထက်မှာ အုတ်ကျောင်းတခု ရှိပါတယ်။ သုံးထားတဲ့ အုတ်အမျိုးအစားတွေက ဗုဒ္ဓဂယာနဲ့ နာလန္ဒာမှာတွေ့ရတဲ့ အုတ်အမျိုးအစားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပုဗ္ဗာရုံကျောင်း
သြရဂျာရ် နေရာကို တူးဖော်ခဲ့တဲ့ အလက်ဇန်ဒါး ကန်နင်ဟန်ကတော့ ဒီနေရာကို ကျောင်းအမကြီး ဝိသာခါ ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ပုဗ္ဗာရုံကျောင်းနေရာလို့ ဆိုပါတယ်။ တရုတ်ရဟန်းတော် ဖာရှန် (ဖာဟီယန်) မှတ်တမ်းမှာ ဇေတဝန်ကျောင်းတော်ရာကနေ “အရှေ့မြောက်ဖက်” ၆-လိ ၇-လိ အကွာမှာ ပုဗ္ဗာရုံကျောင်းရှိတယ်လို့ ပြထားပေမယ့် အဲဒီအတိုင်း သွားရင် သာဝတ္ထိကို ပြန်ရောက်သွားတဲ့အတွက် မဖြစ်နိုင်ဘူး၊ “အရှေ့တောင်ဖက်” အရပ်မျက်နှာသာ ဖြစ်ရမယ်လို့ ကန်နင်ဟန်က ယူဆပါတယ်။ ဒါကြောင့် ရှေးဟောင်းသုတေသနဌာနက စာစောင်တွေ၊ စာတမ်းတွေမှာ သြရဂျာရ်နေရာကို ပုဗ္ဗာရုံကျောင်းတော်ရာလို့ ဖော်ပြတာကို တွေ့ကြရမှာပါ။ ဒါပေမယ့် ဗုဒ္ဓစာပေတွေအရ ပုဗ္ဗာရုံကျောင်းက သာဝတ္ထိမြို့ရဲ့ အရှေ့ဖက်တံခါးအနီးမှာ ရှိရမှာဖြစ်တဲ့ အတွက် မြန်မာဆရာတော်တွေ သတ်မှတ်ထားတဲ့အတိုင်း ယမိုက်ပြာဋိဟာပြရာ သရက်ဖြူကုန်းနေရာ ဖြစ်ဖို့က ပိုပြီး နီးစပ်မယ်ထင်ပါတယ်။ ဒီစေတီကုန်းရဲ့ အဝင်ပေါက်အနီးမှာ “ပုဗ္ဗာရုံကျောင်းသို့” လို့ မြှားပြထားတဲ့ ဆိုင်းဘုတ်တခုကို တွေ့ခဲ့ရပါတယ်။ သီရိလင်္ကာနိုင်ငံကနေလာပြီး ပုဗ္ဗာရုံ မဟာဒေ၀ ကုဋီ (Puvaram Mahadeva Kuti) ဆိုတဲ့အမည်နဲ့ ဘုန်းတော်ကြီးကျောင်း တည်ထောင်ထားပါတယ်။ ယခုနေရာကနေ မြောက်ဖက် ၁ ကီလိုမီတာလောက်မှာ ရှိပါတယ်။ သာဝတ္ထိမြို့ဟောင်းရဲ့ အရှေ့ဖက်တံခါးနားက ကန္ဓဘာရီရွာ (Kandhabhari) မှာ ရှိတဲ့အတွက် ပုဗ္ဗာရုံကျောင်းတော်ရာ နေရာ အစစ်လည်း ဖြစ်နိုင်ကောင်းပါတယ်။ ဆိုင်းဘုတ်ကိုသာ ဓာတ်ပုံရိုက်ခဲ့ရပြီး အဲဒီကျောင်းနေရာကို မရောက်ဖြစ်ခဲ့ပါဘူး။
| ပုဗ္ဗာရုံကျောင်းသို့ |
သာဝတ္ထိမြို့ဟောင်း
သရက်ဖြူကုန်းမှာ လေ့လာဖူးမြော်ပြီးတဲ့နောက် ဇေတဝန်ကျောင်းကို မဝင်သေးဘဲ သာဝတ္ထိမြို့ဟောင်းကို အရင် သွားကြပါတယ်။ ဂြိုဟ်တုက ရိုက်ထားတဲ့ ဓာတ်ပုံတွေမှာ သာဝတ္ထိ မြို့ရိုးဟောင်းကို လခြမ်းသဏ္ဍာန် မြင်ရပါတယ်။ မြို့ရိုးရဲ့ မြောက်ဖက်မှာ အစိရဝတီ မြစ်ရိုးဟောင်း ရှိပါတယ်။ ယခုအခါမှာတော့ အစိရဝတီမြစ်က ယခင်မြစ်ရိုးဟောင်းကနေ မြောက်ဖက် တစ်မိုင်လောက် အကွာကနေ ပြောင်းပြီး စီးနေတာကို တွေ့နိုင်ပါတယ်။ အစိရဝတီမြစ်ကို ယနေ့ခေတ်မှာ ရပတိမြစ် (Rapti) လို့ခေါ်ပါတယ်။
| သာဝတ္ထိမြို့ဟောင်းအတွင်း လမ်းတနေရာ |
ကားက မြို့ရဲ့ တောင်ဖက်တံခါးက ဝင်လိုက်တာနဲ့ လမ်းရဲ့ ညာဖက်မှာ ဂျိန်းဘုရားကျောင်းကို လှမ်းတွေ့နေရပါတယ်။ မိနစ်ပိုင်း အတွင်းမှာဘဲ သုဒတ္တစေတီဟောင်းနဲ့ အင်္ဂုလိမာလစေတီဟောင်းတို့ ရှိရာနေရာကို ရောက်ပါတယ်။ သုဒတ္တ ဆိုတာက အနာထပိဏ်သူဌေးရဲ့ ငယ်နာမည်ပါ။ ခိုကိုးရာမဲ့သူတွေကို ထမင်းကြွေး လှူဒါန်းလေ့ရှိတဲ့အတွက် လူအများစုက အနာထပဏ္ဍိက (အနာထပိဏ်) လို့ပဲ ခေါ်ကြပါတယ်။ တရုတ်ဘုရားဖူးရဟန်းတော်များရဲ့ မှတ်တမ်းအရ ယခုရောက်တဲ့ နေရာက အနာထပိဏ်သူဌေးရဲ့ အိမ်နေရာဟောင်းအထိမ်းအမှတ် တည်ထားခဲ့တဲ့ စေတီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရှေးဟောင်းသုတေသန တူးဖော်မှုတွေအရ အစောဆုံး ကုသျှနမင်းဆက် အုပ်စိုးခဲ့တဲ့ (ခရစ်နှစ် ၂-ရာစု) လောက်က တည်ထားခဲ့တာလို့ သိရပါတယ်။ နောက်ပိုင်း ဒီစေတီနေရာဟောင်းပေါ်မှာ ကာချိကုဋီ (Kachchi Kuti) ဆိုတဲ့ အမည်နဲ့ ဟိန္ဒူ ဘုရားကျောင်း ဆောက်ထားခဲ့ကြပါတယ်။ ဗုဒ္ဓသာသနာ ၂၅၀၀-ပြည့် ဗုဒ္ဓဇယန္တိပွဲ ကျင်းပကာနီးမှ အစိုးရ အစီအမံနဲ့ ဟိန္ဒူ ဘုရားကျောင်းနဲ့ သာဝတ္ထိမြို့ဟောင်းအတွင်းက ရွာတွေကို မြို့ရိုးအပြင်ကို ထုတ်ခဲ့ပါတယ်။ ဒီစေတီပျက်ပေါ်ကနေ မြောက်ဖက်ကို လှမ်းမြော်ကြည့်ရင် ဟိမဝန္တာတောင်တန်းကို မြင်ရတယ်လို့ ဆိုပေမယ့် မြူနှင်းတွေ ထူထပ်နေလို့ ရေးရေးမှ မမြင်ခဲ့ရပါဘူး။ လှေကားဘောင်ပေါ်မှာ ကုလားဘုန်းကြီးတွေက ဓမ္မစကြာသုတ်ကို ရွတ်ဖတ်ပူဇော်ပြီး အလှူခံနေတာကို တွေ့ရပါတယ်။ နံနက်ပိုင်းမှာ ဘုန်းကြီးဝတ် အလှူခံကြပြီး ညပိုင်းရောက်ရင်တော့ လူဝတ်နဲ့ ပြန်နေကြတယ်လို့ အချို့က ဆိုပါတယ်။ ဒီစကားက မှန်ကောင်း မှန်နိုင်ပါတယ်။ ရဟန်းတော်တွေ ငွေကြေး အလှူခံတယ်ဆိုတာကိုက ဝိနည်းတော်နဲ့ မအပ်စပ်ပါဘူး။ ဒါပေမယ့်လည်း “ဗုဒ္ဓသာသနာ တိမ်ကော ပျောက်ကွယ်သွားပြီဖြစ်တဲ့ ဒီလိုနေရာမျိုးမှာ ဓမ္မစကြာဒေသနာ ရွတ်ဖတ်ဖော်ရသေးတယ်” လို့ နှလုံးသွင်းမိတဲ့အတွက် အလှူငွေ အနည်းငယ် ထည့်ခဲ့ပါတယ်။ စေတီဝင်းအထွက်မှာ ဗုံရှည်နဲ့ လက်ဆွဲဘာဂျာ တီးပြီး ပိုက်ဆံတောင်းနေသူတွေကို တွေ့ခဲ့ရပါတယ်။
| သုဒတ္တစေတီ |
သုဒတ္တစေတီရဲ့ အရှေ့မြောက်ဖက် ပေ-၃၀၀ လောက်မှာ အင်္ဂုလိမာလစေတီ ရှိပါတယ်။ အင်္ဂုလိမာလ မထေရ်ရဲ့ ဓာတ်တော်စေတီလို့ ယူဆကြပါတယ်။ အချို့ကလည်း မီးမဖွားနိုင်တဲ့ မိခင်နဲ့ ဝမ်းထဲက ကလေးငယ်တို့ အန္တရာယ်ကင်းစေဖို့ အင်္ဂုလိမာလမထေရ်က သစ္စာအဓိဋ္ဌာန် ပြုခဲ့တဲ့ နေရာမှာ တည်ထားတဲ့ စေတီလို့ ဆိုပါတယ်။ အချို့ကလည်း ပသေနဒိကောသလမင်း ဆောက်လုပ်လှူဒါန်းခဲ့တဲ့ တရားဟော ဓမ္မခန်းမဆောင် (သဓမ္မမဟာသာလ) လို့ ဆိုပါတယ်။ ဒီစေတီဟောင်းပေါ်မှာလည်း ပက္ကိကုဋီ (Pakki Kuti) ဆိုတဲ့ အမည်နဲ့ မွတ်စလင်ဘုရားဝတ်ပြုကျောင်းတခု ရှိခဲ့ပါတယ်။ သာသနာ ၂၅၀၀ ပွဲ မတိုင်မီလေးကမှ ဖယ်ရှားထားခဲ့တာပါ။
| အင်္ဂုလိမာလစေတီ |
သာဝတ္ထိမြို့ဟောင်းအတွင်းက သုဒတ္တစေတီနဲ့ အင်္ဂုလိမာစေတီတို့ကို ဖူးမြော်လေ့လာပြီးတဲ့နောက် သာဝတ္ထိမြို့တောင်ဖက် တံခါးက ပြန်ထွက်ပြီး ဇေတဝန်ကျောင်းတော်ဆီကို ခရီးဆက်ခဲ့ပါတယ်။ သာဝတ္ထိနဲ့ ဇေတဝန်ကျောင်းတော်ရာက မိုင်ဝက်လောက်ပဲ ဝေးပါတယ်။
Friday, March 29, 2013
Sunday, March 17, 2013
လူရာဝင်ကြည့်ခြင်း
ကျမ အမျိုးသားရဲ့ ညီဝမ်းကွဲတယောက်က အုတ်၊သဲ၊ ထုံး၊ ကျောက် ရောင်းဝယ်ရေးဆိုင် ဖွင့်ထားပါတယ်။ အရောင်းအ၀ယ်လိုက်လာတော့ ညီမဖြစ်သူကို စာရင်းကိုင်ရင်း ဆိုင်ထိုင်စေပါတယ်။ ဆိုင်က အလုပ်သမားတယောက် မင်္ဂလာဆောင်တော့ ဖိတ်စာမှာ ဦးဘယ်သူ၊ ဒေါ်ဘယ်ဝါတို့၏ သား ဆိုတာသာမက (သူ့ထက် အသက်သိပ်မကြီးတဲ့) အလုပ်ရှင်ဖြစ်သူ ဇနီးမောင်နှံတို့၏ ကိတ္တိမသားဖြစ်သူ မောင် ဘယ်သူ ဆိုပြီးတော့ (ကြိုတင် ခွင့်တောင်းခြင်းလည်း မပြုပဲ) ထည့်ရိုက်ပါတယ်။ သတို့သားဟာ သူဘယ်သူ ဖြစ်တယ် ဆိုတာကို မင်္ဂလာဆောင်ဖိတ်စာမှာ ပို၍ ခမ်းနားအောင် ဖော်ပြလိုဟန် ရှိပါတယ်။ ဆိုင်ထိုင်တဲ့ ဆိုင်ပိုင်ရှင့် ညီမကိုလည်း ဖိတ်စာနဲ့ တကွ မင်္ဂလာဆောင် ဖိတ်ပါတယ်။ ဖိတ်စာပေါ်မှာ ရေးထားတာက
*****
လူတိုင်း လူတိုင်းဟာ လူရာဝင်ဖို့ရာ အနည်းနည်းနဲ့ ဘ၀တလျှောက်လုံး ကြိုးစားနေကြရပါတယ်။ ဘယ်လောက်ပဲ တော်နေ၊ တတ်နေ၊ ချမ်းသာကြွယ်ဝနေပါစေ လူရာမ၀င်ရင် ဒါတွေဟာ ဘာမှ အသုံးမတည့်တော့ပါဘူး။ ဒါကြောင့် လူရာဝင်ဖို့ရာဟာ ဘ၀မှာ အရေးအကြီးဆုံးလို့တောင် ဆိုချင်ပါတယ်။
လူရာဝင်ဖို့ အတွက် လူပါးဝဖို့လိုပါတယ်။ လူပါးဝတယ်ဆိုတဲ့ စကားဟာ အဓိပ္ပါယ် အမျိုးမျိုး ထွက်စေပါတယ်။ ပါးရည်နပ်ရည်ရှိတယ်၊ အရိပ်အကဲသိတယ်ဆိုတဲ့ လူပါးဝခြင်းရဲ့ တိုက်ရိုက်အဓိပ္ပါယ်နဲ့ လူရာဝင်ဖို့ ကြိုးပမ်းကြသလို တခါတရံ မလိမ့်တပတ်၊ လက်တလုံးခြား လုပ်ပြီး လူပါးဝစွာ လူရာဝင်ဖို့ ကြိုးစားမိတတ်ကြပါတယ်။ နောက် လူပါးဝခြင်းမှာ တင်စီးခြင်း၊ မောက်မာခြင်း၊ လက်ပေါက်ကပ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်မျိုးတွေလည်း ရှိပါသေးတယ်။ ငါဟာ သာမာန်လူမဟုတ်ဘူး၊ ဒီလို ဒီလို ခံယူချက်တွေရှိတယ်၊ (ကိုယ်မှန်တယ်လို့ ခံယူထားတဲ့) အမှန်တရားကို ဆုပ်ကိုင်ပြီး၊ ကိုယ်နဲ့ အလိုတူအလိုပါတွေရဲ့ လူရာသွင်းခြင်းကို ခံယူရင်း၊ ကိုယ်နဲ့ အလိုမတူသူတွေကို တွန်းတိုက်လို့ လူတောတိုးပါတယ်။
ငါဟာ ဘာ မှ မဟုတ်လို့ ခံယူထားသူတယောက်ကိုပင် မိဘ၊ဆွေမျိုး၊ အသိုင်းအ၀ိုင်းထဲ ထည့်ကြည့်လိုက်ပါ။ Who am I က ခေါင်းထောင်ထလာပါလိမ့်မယ်။ ဒါကြောင့် လူရာဝင်ဖို့ရာ အုပ်စုလိုပါတယ်။ အုပ်စုဆိုတာ တူရာ တူရာ နီးစပ်ရာ ဖွဲ့ကြတာမို့ လူရာဝင်လိုသူတယောက် အဖြစ် ကိုယ်ပိုင်ဘလော့ဂ်မှာ ခုတလော အတွေးရတဲ့ ဒီတဂ်ပို့စ်ကို ရေးပါတယ်။
မနွယ်နွယ်
စာရေမ
…တဲ့။(စာရေးမ လို့ ရေးလိုတာ ဖြစ်ပါတယ်။)*****

Labels:
ဧရာ့အတွေး သီတာ့အရေး
Saturday, March 2, 2013
ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၅) - နယူးဒေလီ
ပဉ္စမမြောက်နေ့မှာ သင်္ကဿကနေ နယူးဒေလီကို ခရီးဆက်ကြပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီခရီးက ဘုရားဖူးခရီး သဘောထက် ဒေသန္တရဗဟုသုတ ခရီးပိုဆန်တယ်လို့ ဆိုနိုင်ပါတယ်။ လမ်းခရီးက အာဂရာမြို့မှာရှိတဲ့ ကမ္ဘာကျော် တာ့ချ်မဟာ (Taj Mahal) အဆောက်အုံကို ဝင်ကြတယ်။ အသက်အရွယ်ကြီးသူအချို့ကတော့ မလိုက်တော့ဘဲ၊ ကားပေါ်မှာ နားနေခဲ့ကြပါတယ်။ အာဂရာမှာ ညနေစာ စားပြီတဲ့နောက် ယမုံနာမြစ်ရိုးတလျှောက် ဖောက်ထားတဲ့ ယမုံနာအမြန်လမ်းမကြီး (Yamuna Expressway) ကနေ နယူးဒေလီကို သွားကြပါတယ်။ နောက်တနေ့မှာ နယူးဒေလီက ထင်ရှားတဲ့ နေရာတွေကို လိုက်ပို့ပေးပါတယ်။ ကြာဖူးပုံဆောက်ထားတဲ့ ဘဟာရီဘုရားကျောင်း (Lotus Temple), စစ်ပွဲအတွင်းမှာ ကျဆုံးသွားတဲ့ ဗြိတိသျှအိန္ဒိယ စစ်သားတွေကို ဂုဏ်ပြုဖို့ဆောက်ထားတဲ့ အိန္ဒိယဂိတ် (India Gate) အဆောက်အအုံ၊ မဟတ္တမ ဂန္တီပြတိုက်၊ အင်ဒီရာ ဂန္ဓီပြတိုက်တို့ကို ပို့ပေးတယ်။
ဒီနေ့ခေတ် နယူးဒေလီက ရှေးခေတ် ကုရုတိုင်း ဣန္ဒပတ္ထမြို့တော်နေရာမှာ တည်ရှိပါတယ်။ မဟာဘာရတ၊ ဘဂဝါဂီတာ စတဲ့ ဟိန္ဒူကျမ်းတွေမှာ အထူးဖော်ပြလေ့ရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ရှေးက ကုရုတိုင်း ဣန္ဒပတ္ထမြို့ကို ကောရဗျမင်း အုပ်စိုးကြောင်း ၅၅၀-ဇာတ်တော်တွေမှာ တွေ့ရပါတယ်။ ဗုဒ္ဓမြတ်စွာ ကုရုတိုင်းအတွင်း ဒေသစာရီ လှည့်လည်စဉ်မှာတော့ ကမ္မာသဒမ္မနိဂုံးနဲ့ ထုလ္လကောဋ္ဌိကနိဂုံးတွေကို ရောက်ပြီး တရားဓမ္မတွေ ဟောခဲ့ပါတယ်။ ဣန္ဒပတ္ထအကြောင်း အထူးတလည် ဖော်ပြထားတာ မတွေ့ရပါဖူး။ ကုရုတိုင်း ကမ္မာသဒမ္မနိဂုံးမှာ မဟာသတိပဋ္ဌာနသုတ်၊ မဟာနိဒါနသုတ်စတဲ့ လေးနက် ထင်ရှားတဲ့ သုတ္တန်တွေကို ဟောကြားတော်မူခဲ့ပါတယ်။ ကုရုတိုင်းက ဥတုသပ္ပါယ မျှတတဲ့ အတွက်ကြောင့် ကုရုတိုင်းသားတွေဟာ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်ပြီး အသိဉာဏ်ထက်မြက်ကြကြောင်း၊ ဒါကြောင့် ဒီလို လေးနက်တဲ့ သုတ္တန်ဒေသနာတွေကို နာယူ နှလုံးသွင်းနိုင်စွမ်း ရှိကြတယ်လို့ အဋ္ဌကထာဆရာက မှတ်ချက်ပေးထားပါတယ်။
မဟာသတိပဋ္ဌာနသုတ် ဟောကြားတော်မူခဲ့ရာ ကမ္မာသဒမ္မနိဂုံးက ဒီနေ့ခေတ် ဘယ်နေရာမှာ ရှိတယ်လို့ အတိအကျ ပြောဖို့ သုတေသနသဘော အထောက်အထား အခိုင်အမာ မရှိပါဖူး။ ဒါပေမယ့် အများစုက နယူးဒေလီမြို့တောင်ပိုင်း သိရီနိဝါသပူရီ (Srinivaspuri) အရပ်က အသောက ကျောက်စာရှိတဲ့ ကျောက်တောင်ကုန်း (77.256610° E 28.558568° N) နေရာလို့ ယူဆကြပါတယ်။ ခရီးစဉ်ထဲမှာ ဒီနေရာကို ထည့်သွင်းပြီး ပို့ပေးပါတယ်။ ကြာဖူးပုံ ဘဟာရီ ဘုရားကျောင်းနဲ့ သိပ်မဝေးပါဖူး။ ဒီကျောက်စာကို ၁၉၆၆-ခုနှစ်ကမှ ရှေးဟောင်းသုတေသနဌာနက ရှာဖွေတွေ့ခဲ့တယ်လို့ဆိုပါတယ်။ ကျောက်စာကို သံတိုင်တွေနဲ့ ကာရံပြီး အမိုးအကာနဲ့ စောင့်ရှောက်ပေးထားပါတယ်။ ကျောက်သားပေါ်မှာ ဗြဟ္မီအက္ခရာနဲ့ ရေးထိုးထားတဲ့ စာက အောက်ပါအတိုင်း အဓိပ္ပါယ်ရတယ်လို့ သိရပါတယ်။
“နတ်လူတို့ ဆက်သွယ်နှီးနှောခြင်း” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်း နားမလည်ပါဘူး။ “ဒေဝ” ဆိုတာ တိုက်ရိုက်အနက်ဖြစ်တဲ့ နတ်ဒေဝတာတွေကို ဆိုလိုတာ မဟုတ်ဘဲ၊ ခတ္တိယ မင်းမျိုးတွေကို ဆိုလိုပြီး အုပ်ချုပ်သူလူတန်းစားနဲ့ ပြည်သူတို့ တသားတည်း ရောယှက်ခြင်းကို ဆိုလိုတယ်လို့ အချို့က (ဥပမာ Sylvain Levi) ယူဆကြပါတယ်။ အချို့ကလည်း (ဥပမာ D.R. Bhandarkar) အသောကမင်းရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် အမှုထမ်းအရာရှိတွေကို နတ်တို့ကဲ့သို့ အကျင့်သီလ ပြည့်စုံစေတာကို ဆိုလိုတယ်လို့ ယူဆကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဤကျောက်စာရဲ့ အဓိက အချက်ကတော့ လူတန်းစားမရွေး တရားဓမ္မကို ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းထားတာပါပဲ။
ကျောက်စာပါ အချက်တွေထဲမှာ “မဟာသတိပဋ္ဌာနသုတ် ဟောကြားခဲ့တဲ့နေရာ၊ ကမ္မာသဒမ္မနိဂုံးနေရာ” ဆိုနိုင်မယ့် အထောက်အထား အရိပ်အမြွက်တွေတော့ မတွေ့ရပါဖူး။ ပြီးတော့ အလားတူ အဓိပ္ပါယ်ရတဲ့ ကျောက်စာမျိုးတွေ အိန္ဒိယနိုင်ငံ အနှံ့အပြားမှာ တွေ့ရတဲ့အတွက် ဒီနေရာကို ကမ္မာသဒမ္မနိဂုံးနေရာလို့ တထစ်ချ ကောက်ချက်ဆွဲဖို့ ခက်ပါတယ်။ ဆရာကြီး ဂိုအင်ကာ ဦးစီးတဲ့အဖွဲ့ကတော့ ယခု နေရာကနေ မြောက်ဖက် ၃၈-မိုင်လောက်အကွာမှာရှိတဲ့ Kamaspur ရွာလေး (29°0'20"N 77°5'41"E) ကို ကမ္မာသဒမ္မနိဂုံးလို့ သတ်မှတ်ပြီး ဝိပဿနာ ရိပ်သာ တစ်ခု ထူထောင်ထားပါတယ်။ နှစ်နေရာလုံးဟာ ကုရုတိုင်းအတွင်းမှာ ရှိတာကြောင့် ဖြစ်နိုင်ချေ ရှိတာချည်းပါပဲ။
ဘုရားဖူးအဖွဲ့တွေကတော့ မိမိတို့ရောက်ရှိနေတဲ့ ဒေလီအသောကကျောက်စာ ရှိရာနေရာကိုပဲ “ဤနေရာမှာ မဟာသတိပဋ္ဌာနသုတ် ဟောကြားတော်မူခဲ့တယ်” လို့ စိတ်ဖြင့် မှန်းဆအာရုံပြုပြီး ဘုရားဝတ်ပြုကြ၊ ငါးမိနစ်မျှ စုပေါင်းတရား တရားထိုင်ကြတယ်။ စုပေါင်း ဓာတ်ပုံရိုက်ကြတယ်။ အသောကကျောက်စာရှိရာ ကျောက်တောင်ကုန်းလေးကို တကျော့ပြန်ငေးကြည့်ရင်း မဟာသတိပဋ္ဌာနသုတ်ထဲက “အာတာပီ သမ္ပဇာနော သတိမာ” ဆိုတဲ့ စကားစုကို “သတိထား ဝီရိယစိုက် ပညာနဲ့ရှု” လို့ မြန်မာမှု ပြုပေးခဲ့တဲ့ မိုးကုတ်ဆရာတော်ဘုရားရဲ့ တရားဆောင်ပုဒ်နဲ့ “ကြိုးစား အားထုတ်ကြကုန်လော့” လို့ နှိုးဆော်ခဲ့တဲ့ အသောကမင်းကြီးရဲ့ တိုက်တွန်းချက်တို့ကို အတွေးဝင် နေခဲ့မိပါတယ်။
| ကြာဖူးပုံ ဘဟာရီဘုရားကျောင်း |

| အသောက ကျောက်စာ ရှိရာ တောင်ကုန်း |
မဟာသတိပဋ္ဌာနသုတ် ဟောကြားတော်မူခဲ့ရာ ကမ္မာသဒမ္မနိဂုံးက ဒီနေ့ခေတ် ဘယ်နေရာမှာ ရှိတယ်လို့ အတိအကျ ပြောဖို့ သုတေသနသဘော အထောက်အထား အခိုင်အမာ မရှိပါဖူး။ ဒါပေမယ့် အများစုက နယူးဒေလီမြို့တောင်ပိုင်း သိရီနိဝါသပူရီ (Srinivaspuri) အရပ်က အသောက ကျောက်စာရှိတဲ့ ကျောက်တောင်ကုန်း (77.256610° E 28.558568° N) နေရာလို့ ယူဆကြပါတယ်။ ခရီးစဉ်ထဲမှာ ဒီနေရာကို ထည့်သွင်းပြီး ပို့ပေးပါတယ်။ ကြာဖူးပုံ ဘဟာရီ ဘုရားကျောင်းနဲ့ သိပ်မဝေးပါဖူး။ ဒီကျောက်စာကို ၁၉၆၆-ခုနှစ်ကမှ ရှေးဟောင်းသုတေသနဌာနက ရှာဖွေတွေ့ခဲ့တယ်လို့ဆိုပါတယ်။ ကျောက်စာကို သံတိုင်တွေနဲ့ ကာရံပြီး အမိုးအကာနဲ့ စောင့်ရှောက်ပေးထားပါတယ်။ ကျောက်သားပေါ်မှာ ဗြဟ္မီအက္ခရာနဲ့ ရေးထိုးထားတဲ့ စာက အောက်ပါအတိုင်း အဓိပ္ပါယ်ရတယ်လို့ သိရပါတယ်။
“ငါသည် နှစ်နှစ်ခွဲအလွန်ကပင် ဥပါသကာ (ဗုဒ္ဓဘာသာဝင်) ဖြစ်ခဲ့သော်လည်း ကောင်းစွာ ကြိုးစား အားထုတ်ခြင်း မရှိခဲ့။ တစ်နှစ်ခွဲအလွန်ကမှသာ သံဃာအား ဆည်းကပ်ကိုးကွယ်ပြီး ကောင်းစွာ ကြိုးစားအားထုတ်ခဲ့၏။ ဇမ္ဗူဒိတ်ကျွန်းတွင် ရှေးယခင်က မပြုနိုင်ခဲ့သည့် နတ်လူတို့ ဆက်သွယ်နှီးနှောခြင်းကို ယခုအခါ ငါပြုနိုင်ပေပြီ။ ကြိုးစားအားထုတ်ခြင်း၏ (အကျိုးကျေးဇူးပေတည်း)။ ဤကား အထက်တန်းစားတို့သာ ပြုနိုင်သည် မဟုတ်။ နိမ့်ပါးသူတို့လည်း ကြိုးစားအားထုတ်၍ ကျယ်ပြောသော နတ်စည်းစိမ်းချမ်းသာကို ခံစားနိုင်ပေ၏။ ထို့ကြောင့် မြတ်သူ နိမ့်သူမဟူ ကြိုးစားအားထုတ်ကြကုန်လော့။ …”
“နတ်လူတို့ ဆက်သွယ်နှီးနှောခြင်း” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်း နားမလည်ပါဘူး။ “ဒေဝ” ဆိုတာ တိုက်ရိုက်အနက်ဖြစ်တဲ့ နတ်ဒေဝတာတွေကို ဆိုလိုတာ မဟုတ်ဘဲ၊ ခတ္တိယ မင်းမျိုးတွေကို ဆိုလိုပြီး အုပ်ချုပ်သူလူတန်းစားနဲ့ ပြည်သူတို့ တသားတည်း ရောယှက်ခြင်းကို ဆိုလိုတယ်လို့ အချို့က (ဥပမာ Sylvain Levi) ယူဆကြပါတယ်။ အချို့ကလည်း (ဥပမာ D.R. Bhandarkar) အသောကမင်းရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် အမှုထမ်းအရာရှိတွေကို နတ်တို့ကဲ့သို့ အကျင့်သီလ ပြည့်စုံစေတာကို ဆိုလိုတယ်လို့ ယူဆကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဤကျောက်စာရဲ့ အဓိက အချက်ကတော့ လူတန်းစားမရွေး တရားဓမ္မကို ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းထားတာပါပဲ။
ကျောက်စာပါ အချက်တွေထဲမှာ “မဟာသတိပဋ္ဌာနသုတ် ဟောကြားခဲ့တဲ့နေရာ၊ ကမ္မာသဒမ္မနိဂုံးနေရာ” ဆိုနိုင်မယ့် အထောက်အထား အရိပ်အမြွက်တွေတော့ မတွေ့ရပါဖူး။ ပြီးတော့ အလားတူ အဓိပ္ပါယ်ရတဲ့ ကျောက်စာမျိုးတွေ အိန္ဒိယနိုင်ငံ အနှံ့အပြားမှာ တွေ့ရတဲ့အတွက် ဒီနေရာကို ကမ္မာသဒမ္မနိဂုံးနေရာလို့ တထစ်ချ ကောက်ချက်ဆွဲဖို့ ခက်ပါတယ်။ ဆရာကြီး ဂိုအင်ကာ ဦးစီးတဲ့အဖွဲ့ကတော့ ယခု နေရာကနေ မြောက်ဖက် ၃၈-မိုင်လောက်အကွာမှာရှိတဲ့ Kamaspur ရွာလေး (29°0'20"N 77°5'41"E) ကို ကမ္မာသဒမ္မနိဂုံးလို့ သတ်မှတ်ပြီး ဝိပဿနာ ရိပ်သာ တစ်ခု ထူထောင်ထားပါတယ်။ နှစ်နေရာလုံးဟာ ကုရုတိုင်းအတွင်းမှာ ရှိတာကြောင့် ဖြစ်နိုင်ချေ ရှိတာချည်းပါပဲ။
ဘုရားဖူးအဖွဲ့တွေကတော့ မိမိတို့ရောက်ရှိနေတဲ့ ဒေလီအသောကကျောက်စာ ရှိရာနေရာကိုပဲ “ဤနေရာမှာ မဟာသတိပဋ္ဌာနသုတ် ဟောကြားတော်မူခဲ့တယ်” လို့ စိတ်ဖြင့် မှန်းဆအာရုံပြုပြီး ဘုရားဝတ်ပြုကြ၊ ငါးမိနစ်မျှ စုပေါင်းတရား တရားထိုင်ကြတယ်။ စုပေါင်း ဓာတ်ပုံရိုက်ကြတယ်။ အသောကကျောက်စာရှိရာ ကျောက်တောင်ကုန်းလေးကို တကျော့ပြန်ငေးကြည့်ရင်း မဟာသတိပဋ္ဌာနသုတ်ထဲက “အာတာပီ သမ္ပဇာနော သတိမာ” ဆိုတဲ့ စကားစုကို “သတိထား ဝီရိယစိုက် ပညာနဲ့ရှု” လို့ မြန်မာမှု ပြုပေးခဲ့တဲ့ မိုးကုတ်ဆရာတော်ဘုရားရဲ့ တရားဆောင်ပုဒ်နဲ့ “ကြိုးစား အားထုတ်ကြကုန်လော့” လို့ နှိုးဆော်ခဲ့တဲ့ အသောကမင်းကြီးရဲ့ တိုက်တွန်းချက်တို့ကို အတွေးဝင် နေခဲ့မိပါတယ်။
Labels:
ဓမၼမွတ္စု,
ဗုဒၶဂယာ ဘုရားဖူးခရီး,
မဇ္ဈိမဒေသ မှတ်စုများ,
ဧရာ
Saturday, February 23, 2013
ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၄) - သင်္ကဿ
စတုတ္ထနေ့မှာတော့ ဗာရာဏသီမြို့ ဆေးဝင်္ကပါကျောင်းကနေ သင်္ကဿနဂိုရ်ကို ခရီးဆက်ကြပါတယ်။ ဗာရာဏသီနဲ့ သင်္ကဿက ခရီးမိုင် ၃၀၀ ကျော် ဝေးပါတယ်။ လမ်းခရီးမှာ ဂင်္ဂါမြစ်နဲ့ ယမုံနာမြစ်တို့ ပေါင်းဆုံရာ အလ္လာဟာဘတ်မြို့အနီးက ဖြတ်သွားရပါတယ်။ ဂင်္ဂါ၊ ယမုံနာ၊ သူရဿတီဆိုတဲ့ မြစ်ကြီးသုံးစင်း (မယ်တော်ကြီးသုံးပါး) ပေါင်းဆုံရာ “တြိဝေနိ သင်္ဂမ” လို့ ဟိန္ဒူဘာသာဝင်တွေက အထွတ်အမြတ် ထားကြပါတယ်။ သူရဿတီမြစ်ကတော့ ယခုအခါ အထင်အရှား မရှိတော့ပါဘူး။ ဟိန္ဒူဘာသာဝင်တွေကတော့ မြေအောက်ကနေ စီးဆင်းနေတဲ့ မြစ်တစင်းလို့ ယုံကြည်ကြပါတယ်။ အလ္လာဟာဘတ်ကို ရှေးခေတ်က ပယာဂဆိပ်ကမ်းမြို့လို့ ခေါ်ခဲ့ကြပါတယ်။
ကားစက်ရုံ၊ အထည်အလိပ်စက်ရုံစတဲ့ စက်ရုံကြီးတွေရှိတဲ့ ကန်ပူရ် (Kanpur) မြို့နားကလည်း ဖြတ်သွားရပါတယ်။ ဧတဝါမြို့ (Etawah) ကို ကျော်တော့ ဖြတ်လမ်းကနေ ပြောင်းပြီး မောင်းတဲ့ အတွက် လမ်းက အတော်လေး ဆိုးလာပါတယ်။ လမ်းက ဆိုးရတဲ့အထဲ ကားလေအိပ်ပေါက်သွားတဲ့အတွက် လှည်းကြမ်း စီးနေရသလို ခုန်ပေါက်နေပါတယ်။ မှောင်မဲနေတဲ့ မြေလမ်းကနေ မောင်းရင်း ည ၈-နာရီလောက်မှ သင်္ကဿ မြန်မာကျောင်းကို ရောက်ပါတယ်။
နောက်နေ့ မနက်စောစောမှပဲ အသောကမင်းတည်ထားခဲ့တဲ့ အစလစေတီကုန်းကို ဘုရားဖူး သွားကြပါတယ်။ တာဝတိံသာ နတ်ပြည်မှာ ဝါတွင်းသုံးလ အဘိဓမ္မာတရား ဟောကြားပြီးတဲ့နောက်၊ မြတ်စွာဘုရားက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဆိုတဲ့ စောင်းတန်း သုံးသွယ်နဲ့ သင်္ကဿနဂိုရ် မြို့တံခါးဝကို ဆင်းသက်ခဲ့ပါတယ်။ ဒီနေရာမှာ အသောကမင်း တည်ထားခဲ့တဲ့စေတီ လို့သိရပါတယ်။ အခုအချိန်မှာတော့ အုတ်ပုံတောင်ကုန်း တခုဖြစ်နေပါတယ်။ ကုန်းပေါ်တက်ဖို့ လမ်းကောင်းကောင်းတောင် မရှိပါဘူး။ အုတ်ကျိုးအုတ်ပဲ့တွေကြားကပဲ သတိထား တက်ကြရပါတယ်။ ကုန်းပေါ်ကနေ လယ်ကွင်းတွေကို တမျှော်တခေါ် လှန်းမြင်နေရပါတယ်။ ဂြိုဟ်တုကရိုက်ထားတဲ့ မြေပုံမှာတွေ့ရတဲ့ မြို့ရိုးဟောင်းနေရာတွေကို မှန်းပြီး ရှာကြည့်ပေမယ့် မတွေ့ရပါဘူး။ ကုန်းထက်က မြေညီပြင်မှာ နတ်ကွန်းနှစ်ခု ရှိပါတယ်။ တခုက ဆေးအဖြူသုတ်ထားပြီး တစ်ခုက ဆေးအနီ သုတ်ထားပါတယ်။ ဘယ်ဟာက ဗာသရီနတ်ကွန်း (Basari Devi) ဆိုတာတော့ မသိခဲ့ရပါဖူး။ နှစ်ခုလုံးလည်း ဖြစ်နိုင်ပါတယ်။ စေတီကုန်း ထိပ်နားက တမာပင်ရင်းမှာပဲ ဒီနေရာဟာ “မြတ်စွာဘုရား တာဝတိံသာနတ်ပြည်က ဆင်းသက်တော်မူခဲ့ရာ စောင်းတန်း လှေကားရင်း ” နေရာဖြစ်တယ်လို့ စိတ်ရည်မှန်းပြီး “နမောတဿ” ဘုရားရှိခိုးကို သုံးကြိမ် ရွတ်ဆိုပြီး ဘုရားကန်တော့ကြပါတယ်။ အချို့လည်း တမာပင်ကို ရွှေချကြပါတယ်။ ၁၀-မိနစ်လောက်ပဲ စေတီကုန်းပေါ်မှာ နေပြီး ပြန်ဆင်းခဲ့ကြပါတယ်။ စေတီကုန်း အဆင်းမှာ ဆင်ရုပ်ပုံ အသောကကျောက်စာ ထိပ်ပိုင်းရှိပါတယ်။ မလှမ်းမကမ်းက နတ်ကွန်းပုံစံ အဆောက်အုံမှာတော့ စောင်းတန်းသုံးသွယ်နဲ့ နတ်ဗြဟ္မာတွေ ခြံရံပြီး ဆင်းသက်လာဟန် ထုလုပ်ထားတဲ့ ဆင်းတုတော် တစ်ဆူရှိပါတယ်။ လင်းနို့သား ဖြစ်ခဲ့ဖူးတဲ့ ရဟန်းတော်ငါးရာကို ရှင်သာရိပုတြာက မကျဉ်းမကျယ်သော အဘိဓမ္မာဒေသနာ ပြန်လည် ဟောကြားပို့ချတော်မူခဲ့တဲ့ နေရာကိုတော့ မရောက် ဖြစ်ခဲ့တော့ပါဘူး။ မနက် ၈-နာရီလောက်မှာပဲ သင်္ကဿကနေ နယူးဒေလီကို ခရီးဆက်ခဲ့ကြရပါတယ်။ ခရီးမိုင် အဝေးကြီး လာခဲ့ကြရပေမယ့် သင်္ကဿကို ရောက်ဖူးတယ် ဆိုနိုင်ရုံလောက်ပဲ ရှိပါတယ်။
သင်္ကဿနဂိုရ်အကြောင်း အသေးစိတ်နဲ့ အစလစေတီတော် သမိုင်းကြောင်းကိုတော့ အရင်က ရေးခဲ့ဖူးတဲ့ “သင်္ကဿနဂိုရ် http://sonata-cantata.blogspot.sg/2012/10/blog-post_28.html” ပို့စ်ကို ပဲ ပြန်ညွှန်းပါရစေ။

| အစလစေတီကုန်း |
| စေတီကုန်းထက်က နတ်ကွန်း |
သင်္ကဿနဂိုရ်အကြောင်း အသေးစိတ်နဲ့ အစလစေတီတော် သမိုင်းကြောင်းကိုတော့ အရင်က ရေးခဲ့ဖူးတဲ့ “သင်္ကဿနဂိုရ် http://sonata-cantata.blogspot.sg/2012/10/blog-post_28.html” ပို့စ်ကို ပဲ ပြန်ညွှန်းပါရစေ။
Wednesday, February 20, 2013
ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၃) - မိဂဒါဝုန်
ငါသည် ဓမ္မစကြာတရား ဟောရန် ကာသိတိုင်း၏ မြို့တော် (ဗာရာဏသီ) သို့ သွားအံ့။ အကန်းနှင့်တူသော လောက၌ အမြိုက် စည်ကြီးကို ရိုက်တီးပေအံ့။ (ဝိနည်းမဟာဝါ၊ ပဉ္စဝဂ္ဂိယကထာ)မဟာဗောဓိစေတီတော်နဲ့ ဗုဒ္ဓဂယာ အနီးတဝိုက်ကို လေ့လာဖူးမြော်ပြီးတဲ့နောက် တတိယနေ့မှာ မိဂဒါဝုန်ကို ခရီးဆက်ကြပါတယ်။ ကလကတ္တား-ဒေလီ သွားတဲ့ အမှတ် (၂) အဝေးပြေးလမ်းမကနေ သွားတာပါ။ လမ်းတဝက်လောက်မှာ ဆုန်မြစ်ကို ဖြတ်ရပါတယ်။ ဆုန်မြစ်က မြစ်ပြင် အတော်ကျယ်ပေမယ့် ရေမရှိသလောက် နည်းပါတယ်။ လမ်းတလျှောက်မှာ မုန်ညင်းခင်းတွေ၊ အုတ်ဖိုတွေ၊ ကျောက်မီးသွေးတင်တဲ့ ကားတွေကို တွေ့ရပါတယ်။ နွားနို့တင်တဲ့ ကားတစီးကိုလည်း တွေ့ခဲ့ရပါသေးတယ်။ လမ်းက ဆိုင်တဆိုင်မှာ ဝင်ပြီး နေ့လည်စာ စားကြပါတယ်။ ဆိုင်က ပါပဒါနဲ့ လက်ဖက်ရည်ပဲ ဝယ်ပြီး၊ ဗုဒ္ဓဂယာက ချက်ပြီးယူလာတဲ့ ထမင်းဟင်းတွေကို ကျွေးတာပါ။ ဟင်းကတော့ ခပ်ခြောက်ခြောက် ကျော်ထားတဲ့ ကြက်သားကျော်နဲ့ ခရမ်းချဉ်သီး ချက်ပါ။ နောက်ပိုင်း ခရီးစဉ် တလျှောက်လုံးလိုလိုမှာလည်း ဒီဟင်းနှစ်မျိုးကတော့ ပင်တိုင်ပါ ပါတယ်။ နေ့လည် ၁၂-နာရီလောက်မှာ ဂင်္ဂါမြစ်ကူး တံတားကို ဖြတ်ကျော်ပြီးတော့ ဗာရာဏသီကို ရောက်တယ်။
ဗာရာဏသီသည် သမိုင်းထက် ရှေးကျ၏။ ရိုးရာအစဉ်အလာတို့ထက်လည်း ရှေးကျ၏။ ဒဏ္ဍာရီထက်ပင် ပို၍ ရှေးကျသေးသည်။ ထိုအရာအားလုံး ပေါင်းခြုံလိုက်သော် နှစ်ပြန်မျှ ပို၍ပင် ရှေးကျသွားလေ၏။ (Mark Twain)ဇာတ်နိပါတ် ပုံဝတ္ထုအတော်များများမှာ “ဟိုးရှေးရှေး ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ်အခါက …” လို့ အစပျိုးလေ့ရှိတဲ့အတွက် “မင်းမသိ ဗြဟ္မဒတ်၊ တိုင်း မသိ ဗာရာဏသီ” လို့တောင် ဆိုရိုး ရှိပါတယ်။ ဂင်္ဂါမြစ်ထဲကို စီးဝင်နေတဲ့ ဝရုဏနဲ့ အဿိ ဆိုတဲ့ မြစ်လက်တက် ငယ်လေးနှစ်ခု ကြားမှာတည်ထားတဲ့ မြို့လို့ ဗာရာဏသီလို့ အမည်ရတာပါ။
ကာသိတိုင်းဟာ လက်အောက်ခံ တိုင်းနိုင်ငံတခု ဖြစ်သွားခဲ့ရပေမယ့်၊ အနောက်ဖက်က တက္ကသိလာ၊ မြောက်ဖက်က သာဝတ္ထိ၊ အရှေ့ဖက်က ရာဇဂြိုဟ်မြို့ကြီးတွေနဲ့ ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိတာကြောင့် ကုန်သွယ်ရေး စီးပွားရေးမှာ အချက်အချာကျတဲ့ မြို့ကြီးတမြို့ အဖြစ် ဆက်ရှိနေခဲ့ပါတယ်။ ကာသိတိုင်းထွက် အဝတ်အထည်နဲ့ ကုန်ပစ္စည်းတွေက အရည်အသွေးကောင်းကြောင်း ဗုဒ္ဓစာပေတွေမှာ မကြာခဏ ဖော်ပြတတ်တယ်။ “ကာသိတိုင်းဖြစ် အဝတ်အစား၊ အမွှေးနံသာကိုပဲ သုံးခဲ့တယ်။ ကာသိတိုင်းထွက် မဟုတ်ရင် မသုံးဖူး” လို့ သိဒ္ဓတ္ထမင်းသားဘဝက ချမ်းချမ်းသာသာ စည်းစိမ် ခံစားနေထိုင်ခဲ့ပုံကို အင်္ဂုတ္တရနိကာယ် သုခမာလာသုတ်မှာ ဟောဖူးပါတယ်။ ဒီနေ့ထိလည်း ဗာရာဏသီထွက် ပိုးဆာရီ၊ ကောဇော၊ နံ့သာဖြူပုတီး စတဲ့ ကုန်ပစ္စည်းတွေက ကျော်ကြားဆဲပါ။
မိဂဒါဝုန်က ဗာရာဏသီရဲ့ မြောက်ဖက် ၆-မိုင်လောက်အကွာမှာ ရှိတယ်။ ကားလမ်းတွေ ကြပ်နေတဲ့အတွက် မိဂဒါဝုန်ကို ရောက်အောင် ၂-နာရီလောက် မောင်းရပါတယ်။ ရှုတ်ထွေးနေတဲ့ လမ်းဆုံတခုရဲ့ အလယ်က ကင်းတဲထဲမှာ ခပ်အေးအေး တပလ္လင်ခွေပြီး ထိုင်နေတဲ့ ယာဉ်ထိမ်းရဲကို တွေ့ခဲ့ရတယ်။ တနေရာမှာလည်း ယာဉ်ထိမ်းရဲက တုတ်တစ်ချောင်းနဲ့ ကားဖင်ကို ရိုက်ပြီး မောင်းခိုင်းနေတာကို တွေ့ရပြန်တယ်။ ကားက ဗာရာဏသီမြို့ ရထားဘူတာရုံကြီးရှေ့က ဖြတ်မောင်းပါတယ်။ နိုင်ငံခြား ခရီးသွားတွေ စိတ်ဝင်တစား သွားရောက် လေ့လာလေ့ရှိကြတဲ့ ဗာရာဏသီရဲ့ ဂင်္ဂါဆိပ်ကမ်းတွေကိုတော့ မရောက်ခဲ့ရပါဘူး။
မိဂဒါဝုန်ဆိုတာက ဘေးမဲ့တော (မိဂ = သားသမင် + ဒါယ = ပေး + ဝန = တော) လို့ အဓိပ္ပါယ်ပါတယ်။ ဓမ္မစကြာတရားဟောခဲ့တဲ့ ဘေးမဲ့တောရဲ့ အမည်က “ဣသိပတန” ပါ။ ဒီနေ့ခေတ်မှာတော့ မိဂဒါဝုန်ကို ဆာရ်နာထ် (Sārnāth) လို့ ခေါ်ပါတယ်။ မြန်မာတွေထွက်တဲ့ ပါဠိအသံထွက်နဲ့ ဆိုရင်တော့ “သာရနာထ” လို့ ဆိုရမှာပါ။ ဒီနာမည်က သာရင်္ဂနာထ (သမင်တို့၏ ခိုကိုးရာ) ဆိုတဲ့ စကားက ဆင်းသက်လာပုံရတယ်လို့ ဆိုပါတယ်။ အလောင်းတော် ရွှေသမင်မင်းက ကိုယ်ဝန်အရင့်အမာ ရှိနေတဲ့ သမင်မတကောင် ကိုယ်စား အသေခံဖို့ လည်စင်းပေးခဲ့အတွက်၊ ဗြဟ္မဒတ်မင်းက ကြည်ညိုလေးစားသွားပြီး ဒီအရပ်မှာ ရှိတဲ့ သမင်တွေနဲ့ အခြားတိရစ္ဆာန်တွေကို ဘေးမဲ့ပေးခဲ့တယ်လို့ နိဂြောဓမိဂဇာတ်ကို ကိုးကားပြီး ပြောကြတာပါ။
ချောက်ခန္ဒီစေတီ
မြတ်စွာဘုရားပုံတော်နဲ့ “ဆာရ်နာထ်မှ ကြိုဆိုပါ၏” စာတမ်းထိုးထားတဲ့ ဆိုင်းဘုတ်ကို ကျော်ပြီး မကြာမီမှာပဲ ပဉ္စဝဂ္ဂီ ၅-ဦးတို့က မြတ်စွာဘုရားကို ခရီးဦးကြိုဆိုခဲ့ကြတဲ့ နေရာကို ရောက်ပါတယ်။ အလောင်းတော်က ဥရုဝေလာတောမှာ ဒုက္ကရစရိယာ (ပဓာန) အကျင့်ကို စွန့်ပြီး အစာအာဟာပြန် မှီဝဲတော့၊ အလောင်းတော်ကို အလုပ်အကြွေးပြုနေကြတဲ့ ပဉ္စဝဂ္ဂီ ရဟန်း ၅-ပါးတို့က အလောင်းတော်နဲ့ လမ်းခွဲပြီး မိဂဒါဝုန်မှာ လာရောက် နေထိုင်ခဲ့ကြတယ်။ ဗုဒ္ဓမြတ်စွာက ဓမ္မစကြာ တရားဟောဖို့အတွက် သူတို့ရှိရာ မိဂဒါဝုန်ကို ဗုဒ္ဓဂယာကနေ ခြေလျင်ခရီးနဲ့ ကြွလာခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာကို မြင်တဲ့အခါ “ပဓာနအကျင့်ကို စွန့်ပြီး လာဘ်ပေါများဖို့ လှည့်လည်နေတဲ့ ရဟန်းဂေါတမကို ခရီးဦး ကြိုဆို မပြုစတမ်း” လို့ အချင်းချင်း ကတိကဝတ် ပြုခဲ့ကြသတဲ့။ ဒါပေမယ့်လည်း ဗုဒ္ဓမြတ်စွာ ရောက်လာတဲ့ အခါမှာတော့ မနေနိုင်တာ့ဘဲ သပိတ်သင်္ကန်းလှမ်း ယူသူကယူ၊ နေရာထိုင်ခင်း ပေးသူကပေး၊ ခြေဆေးဖို့ ရေကမ်း သူကကမ်းပါတယ်။ ဗုဒ္ဓမြတ်စွာရဲ့ မေတ္တာ တန်ခိုးအရှိန်အဝါ၊ ဥရုဝေလာတောမှာ ၆-နှစ်ကြာအတူ နေရင်း ဝတ်ကြီးဝတ်ငယ်ပြုခဲ့ဖူးတဲ့ သံယောဇဉ်တွေကြောင့် ဖြစ်နိုင်ပါတယ်။
- တရားဦးဓမ္မစကြာ - နိဒါန်း http://sonata-cantata.blogspot.sg/2008/07/blog-post_875.html
ဒီနေရာကို ဒေသခံတွေက ချောက်ခန္ဒီကုန်း (Chaukhandi) လို့ပါတယ်။ ကုန်းမို့မို့ ပုံသဏ္ဍာန် ဖြစ်နေတဲ့ အုတ်စေတီပျက်ကြီးပါ။ တရုတ်ရဟန်းတော် ရွှန်ကျန်ရဲ့မှတ်တမ်းအရ မိဂဒါဝုန်ကျောင်းတော် (သံဃာရာမ) ကနေ အနောက်တောင်ဖက် နှစ်လိသုံးလိ (မိုင်ဝက်) လောက်သွားရင် ဉာဏ်တော် ပေ-၃၀၀ လောက်ရှိတဲ့ စေတီကြီး တဆူရှိတယ်။ အဲဒီစေတီရဲ့ နံဘေးမှာရှိတဲ့ စေတီငယ်လေးက ပဉ္စဝဂ္ဂီ ၅-ဦးတို့ မြတ်စွာဘုရားကို ခရီးဦးကြိုဆိုဖို့ ငြင်းဆန်ခဲ့တဲ့နေရာလို့ ဖော်ပြထားပါတယ်။ ခရီးအကွာအဝေးနဲ့ နေရာအနေအထားအရ ချောက်ခန္ဒီစေတီဟာ မှတ်တမ်းထဲက စေတီကြီးဖြစ်နိုင်တယ်လို့ ကျောက်စာဝန် ကန်နင်ဟန်က ယူဆခဲ့ပါတယ်။ စေတီကုန်းအထက်မှာရှိတဲ့ ရှစ်မြောင့်ပုံ မျှော်စင်ကတော့ ဗုဒ္ဓသာသနိက အဆောက်အအုံတစ်ခု မဟုတ်ပါဘူး။ ခမည်းတော် မဂိုလ်ဘုရင် ဟူမယွန် (Humayun) စစ်ရှုံးလို့ ထွက်ပြေးရင်း ဒီအရပ်မှာ ခိုလှုံခဲ့ဖူးတယ် ဆိုတဲ့ အထိမ်းအမှတ်နဲ့ သားဖြစ်သူ အက္ကဘာဘုရင်က ၁၅၈၈-ခုနှစ်မှာ တည်ခဲ့တဲ့ အဆောက်အအုံ တခုသာ ဖြစ်ပါတယ်။
ချောက်ခန္ဒီစေတီကနေ ဣသိပတနလမ်း (Rishpattan Road) အတိုင်း မြောက်ဖက်ကို မိုင်ဝက်လောက် ဆက်သွားလိုက်ရင် အိန္ဒိယရှေးဟောင်းသုတေသနဌာန (ASI - Archaeological Survey of India) က ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့ မိဂဒါဝုန်ဥယျာဉ်ကို ရောက်ပါတယ်။ ဒီလို ASI က ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့ နေရာတွေကို ဝင်ရင် ဝင်ကြေးပေးရပါတယ်။ နိုင်ငံခြားသားတွေဆိုရင် ရူပီး ၁၀၀ သတ်မှတ်ထားပြီး၊ အိန္ဒိယနိုင်ငံသားတွေနဲ့ BIMSTEC အဖွဲ့ဝင် နိုင်ငံသားတွေအတွက်ကတော့ ၅-ရူပီးသာ ပေးရပါတယ်။ BIMSTEC ဆိုတာက ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့ ပါဝင်တဲ့ Bay of Bengal Initiative for Multi-sectoral Technical and Economic Cooperation အဖွဲ့ပါ။ ဝင်ကြေးကို ဘုရားဖူးပို့ဆောင်ရေးအဖွဲ့က ပေးပါတယ်။
![]() |
| မိဂဒါဝုန်ဥယျာဉ် မြေပုံ |
မိဂဒါဝုန်ဝင်းအတွင်းကို ဝင်လိုက်တာနဲ့ လူသွားလမ်းရဲ့ တဖက်တချက်မှာ ကျောင်းဆောင် အမှတ် (၅) နဲ့ အမှတ် (၇) ရှိတယ်။ နည်းနည်း ဆက်သွားလိုက်တော့ ဓမ္မစကြာတရား ဟောကြားတော်ရာ နေရာအထိမ်းအမှတ် ဓမ္မရာဇိကစေတီကို ရောက်ပါတယ်။ မူလက အသောကမင်းကြီး တည်ထားခဲ့ပြီး ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြတဲ့ စေတီပါ။ တရုတ်ရဟန်းတော် ရွှန်ကျန် ရောက်ခဲ့စဉ်က အမြင့်ဉာဏ်တော် ပေ-၁၀၀ ရှိတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ယခုအချိန်မှာတော့ စက်ဝိုင်းပုံ စေတီအုတ်မြစ်ခုံပဲ ကျန်ပါတော့တယ်။
မိဂဒါဝုန်မှာရှိတဲ့ စေတီပုထိုးတွေ ကျောင်းတိုက်တွေက ခရစ်နှစ် ၁၁-ရာစု အစောပိုင်းကာလမှာ မွတ်စလင်တွေရဲ့ တိုက်ခိုက်ဖျက်ဆီးမှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။ ၁၀၂၆-ခုနှစ် ပါလမင်းဆက်ခေတ်မှာ မိဂဒါဝုန်ကို ပြန်လည်ထူထောင် ပြုပြင်ခဲ့ပေမယ့် ၁၁၉၃-ခုနှစ်မှာတော့ မိုဟာမက် ဂေါရီ (Mohammad Ghori) ခေါင်းဆောင်တဲ့ မွတ်စလင်တပ်တွေရဲ့ အဆုံးသတ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြန်ပါတယ်။ စုပုံပြီး မီးရှို့ခံထားခဲ့တဲ့ လူရိုးတွေ၊ သံထည်တွေ၊ သစ်သားတိုင်ကြီးတွေနဲ့ ဆင်းတုတော်တွေကို ကျောင်းဆောင် အမှတ် (၅) နေရာမှာ တွေ့ခဲ့ရတယ်လို့ မိဂဒါဝုန်ကို ပြန်လည်တူးဖော်ကြတဲ့ ဗြိတိသျှ သုတေသီတွေက ဆိုပါတယ်။ အဲဒီအပြင် ၁၇၉၄-ခုနှစ်လောက်က မဟာရာဇာတဦးရဲ့ ဝန်ကြီးဖြစ်တဲ့ ဂျဂတ်ဆင်း (Jagat Singh) ဆိုသူက မိဂဒါဝုန်က စေတီပုထိုးဟောင်းတွေကို ဖြိုဖျက်ပြီး အုတ်ကျောက်တွေကို ယူကာ ဗာရာဏသီက ဈေးနဲ့ အဆောက်အအုံတွေ တည်ဆောက်ရာမှာ အသုံးပြုခဲ့တဲ့အတွက် ဓမ္မရာဇိကစေတီတော်ကြီးက လုံး၀ ဥဿုံပျက်သုံးပြီး အုတ်မြစ်အရာလောက်သာ ကျန်ပါတော့တယ်။ ဓမ္မရာဇိကစေတီတော်ကို ဖျက်ဆီးစဉ်က ဌာပနာတိုက်ထဲမှာ ရုပ်ပွားဆင်းတုတော် တစ်ဆူနဲ့ ဓာတ်တော်ကြုတ်ပါတဲ့ ကျောက်သေတ္တာ တလုံးတွေ့ခဲ့ပြီး၊ ဓာတ်တော်ပြာတွေကို ဂင်္ဂါမြစ်ထဲ မျှောပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းအစအနကို ရထားတဲ့ ကျောက်စာဝန် ကန်နင်ဟန်က ၁၈၃၅-ခုနှစ်လောက်မှာ ဒီကျောက်သေတ္တာနဲ့ ဆင်းတုတော်ကို ရှာပုံတော် ဖွင့်ခဲ့ပါတယ်။ ကံအားလျော်စွာ ဂျဂတ်ဆင်း မိဂဒါဝုန်ကို ဖြိုဖျက်စဉ်က ကလေးဘဝနဲ့ ပါဝင်ခဲ့ဖူးတဲ့ ဆန်ကာ (Sangkar) ဆိုတဲ့ အဘိုးအိုတစ်ဦးနဲ့ ဆက်သွယ်မိပြီး၊ သူ့အကူအညီနဲ့ပဲ ကျောက်သေတ္တာကို ပြန်လည် ရှာဖွေ တူးဖော်နိုင်ခဲ့ပါတယ်။ အဲဒီကျောက်သေတ္တာနဲ့ ဆင်းတုတော် ၆၀ ကို အရှေ့တိုင်း သုတေသနတွေပြုလုပ်နေတဲ့ အာရှအသင်း (Asiatic Society) ကို လှူဒါန်းခဲ့ပြီး၊ ယခုအခါ ကာလကတ္တားက ပြတိုက်တခုမှာ ရှိကြောင်း သိရပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ပန်းပုလက်ရာတွေပါတဲ့ ကျောက်တုံး အတော်များများကို ဒေသခံတွေက ဆက်ပြီး သုံးနေကြတာ ရှိသလို၊ ဗြိတိသျှ အင်ဂျင်နီယာတွေက ဒန်ကန်(Dunncan)တံတားနဲ့ဘုရင်မကောလိပ်ကျောင်း (Queen's College)တို့ ဆောက်လုပ်ရာမှာ ဆက်ပြီးသုံးခဲ့ကြတယ်။
စေတီတော်ကြီး မရှိတော့ဘူးဆိုပေမယ့် ဒီနေရာမှာ မြတ်စွာဘုရား ဓမ္မစကြာတရား ဟောကြားတော်မူခဲ့တယ်လို့ နှလုံးသွင်း အာရုံပြုပြီး၊ စေတီတော် အုတ်မြစ်ခုံရှေ့မှာ ဘုရားဖူးများ စုပေါင်းကာ ဓမ္မစက္ကပဝတ္တနသုတ်ကို ရွတ်ဖတ် ပူဇော်ကြပါတယ်။
- တရားဦး ဓမ္မစကြာ http://sonata-cantata.blogspot.sg/2008/07/blog-post_749.html
![]() |
| စိတ်ကူးဖြင့် ပြန်လည်ပုံဖော်ထားသော ဓမ္မရာဇိကစေတီနှင့် မူလဂန္ဓကုဋိ |
မူလဂန္ဓကုဋိ ကျောင်းတော်ရာ
ဓမ္မရာဇိကစေတီတော်ရဲ့ အရှေ့တောင်ဖက် ကပ်လျှက်မှာတော့ မူလဂန္ဓကုဋိ ကျောင်းတော်ရာဟောင်း ရှိပါတယ်။ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်က မူလဂန္ဓကုဋိ ကျောင်းနေရာမှာ တိုးချဲ့တည်ဆောက်ခဲ့တဲ့ ကျောင်းတော်ပါ။ ပေ-၆၀ ပတ်လည်ရှိပြီး အရှေ့ဖက် မျက်နှာပြုထားတဲ့ အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။ ဒီကျောင်းတော်ကြီးရဲ့ အကြောင်းကို တရုတ်ရဟန်းတော် ရွှန်ကျန်က အောက်ပါအတိုင်း မှတ်တမ်း တင်ခဲ့ပါတယ်။ “ကျောင်းတိုက် အုတ်တံတိုင်းအတွင်း၌ ပေ-၂၀၀ မြင့်သော ကျောင်းကြီးရှိသည်။ အမိုးထက်တွင် ရွှေရောင် ဆီးဖြူသီးပုံ* ထွင်းထုထားသည်။ အဆောက်အုံ၏ အုတ်မြစ်နှင့် လှေကားတို့ကို ကျောက်သားပကတိဖြင့် ပြုလုပ်ထားသည်။ ပြဿာဒ်နှင့် နံရံကပ် လှိုဏ်ဂူငယ်များကို အုတ်ဖြင့် ပြုလုပ်ထားသည်။ လေးဖက်လေးတန်တွင် ရာချီသော နံရံကပ် လှိုဏ်ဂူငယ် အတန်းလေးများရှိ၍ ထိုလှိုဏ်ဂူငယ်များ အတွင်းတွင် ရွှေဆင်းတုတစ်ဆူစီ ရှိသည်။ ကျောင်းတော်ကြီး၏ အလယ်တွင် သက်တော်ထင်ရှား မြတ်စွာဘုရား၏ အရွယ်ပမာဏရှိသော ဓမ္မစကြာတရား ဟောတော်မူဟန် ကြေးဆင်းတုရုပ်ပွားတော် တစ်ဆူ ရှိသည်”။
(မှတ်ချက်။ Samuel Beal ဘာသာပြန်တဲ့ ရဟန်းတော်ရွှန်ကျန်ရဲ့ မှတ်တမ်း Buddhist Records of the Western World မှာ an-mo-lo ကို အမ္ဗ (သရက်သီး) လို့ ဘာသာပြန်ထားပါတယ်။ ဒါပေမယ့် အာမလက (ဆီးဖြူသီး) ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ အိန္ဒိယနိုင်ငံက စေတီပုထိုးတွေ၊ ဟိန္ဒူဘုရားကျောင်းတွေရဲ့ ထိပ်မှာ တပ်ဆင်လေ့ရှိတဲ့ ကျောက်ဘီးဝိုင်းနဲ့ ခပ်ဆင်ဆင်တူတဲ့ ခပ်ပြားပြား ဆီးဖြူသီးပုံ ဗိသုကာအစိတ်အပိုင်းကို အာမလက (Āmalaka) လို့ခေါ်ပါတယ်။ မဟာဗောဓိစေတီတော်မှာလည်း အာမလက ပါပါတယ်။ မြန်မာဗိသုကာ ဝေါဟာရမှာတော့ ဖရုံတုံးလို့ ခေါ်တာ တွေ့ဖူးပါတယ်။)
မြန်မာဆရာတော်များက ဒီမူလဂန္ဓကုဋိကျောင်းတော်ရာကို နန္ဒိယကျောင်းတော်ရာလို့ အစဉ်အဆက် ယူဆသတ်မှတ်ခဲ့ကြပါတယ်။ မြတ်စွာဘုရား လက်ထက်က ရတနာသုံးပါးကို အလွန်ကြည်ညို ကိုင်းရှိုင်းတဲ့ နန္ဒိယသူကြွယ်က ဣသိပတန (မိဂဒါဝုန်) မဟာဝိဟာရ ကျောင်းတိုက်ကြီးထဲမှာ ခန်းမဆောင်ကြီး လေးခု၊ မုခ်ဦးအထွတ် လေးခုပါတဲ့ ကျောင်းဆောင်ကြီးကို ဆောက်လုပ် လှူဒါန်းခဲ့ဖူးပါတယ်။ ဘုရားရှင်ရဲ့ လက်တော်ပေါ်ကို ရေစက်သွန်းချလိုက်တာနဲ့ တပြိုင်နက် တာဝတိံသာနတ်ပြည်မှာ ဘုံဗိမာန်ပေါက်လာပြီး၊အချွေအရံ နတ်သမီးတွေက နန္ဒိယသူကြွယ် နတ်ရွာစံမှာကို စောင့်နေကြရတယ်လို့ ဓမ္မပဒ အဋ္ဌကထာက ဆိုပါတယ်။ “သေဟဲ့ နန္ဒိယ” ဆိုတဲ့ စကားက ဒီဝတ္ထုကို အကြောင်းပြုပြီး ပေါ်လာတာပါ။ အချို့ဧည့်လမ်းညွှန်တွေက ဒီကျောင်းတော်ကြီးက ဗုဒ္ဓမြတ်စွာ ပထမဝါဆိုစဉ်က သီတင်းသုံးတော်မူခဲ့တဲ့ နေရာလို့ ပြောဆိုတတ်ကြပါတယ်။ တကယ်ကတော့ မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ဥယျာဉ်မှာ သီတင်းသုံးနေစဉ်အချိန်ကမှ စပြီး ကျောင်း (ဝိဟာရ) အလှူကို လက်ခံခွင့် ပြုခဲ့တာပါ။ အရင်ကတော့ ဘုရားနဲ့ ရဟန်းတော်တွေက သစ်ပင်ရင်း ဝါးပင်ရင်းစတဲ့ နေရာတွေမှာပဲ သီတင်းသုံး နေခဲ့ကြတာပါ။
အသောကကျောက်စာတိုင်
![]() |
| အသောကကျောက်တိုင်(from Wikipedia) |
မူလဂန္ဓကုဋိကျောင်းတော်ရာရဲ့ အနောက်ဖက် နံဘေးမှာ ထိပ်ပိုင်းကျိုးနေတဲ့ အသောကကျောက်စာတိုင် ရှိပါတယ်။ ကျောက်စာတိုင်မှာ ဗြဟ္မီအက္ခရာနဲ့ ရေးထိုးထားတဲ့စာက “သံဃာကို သင်းမခွဲရ။ ရဟန်း ယောက်ျားဖြစ်စေ၊ ရဟန်း မိန်းမဖြစ်စေ သံဃာ သင်းခွဲသူအား ပိတ်ဖြူအဝတ် ဝတ်စေ၍ ကျောင်းတိုက်မှ နှင်ထုတ်မည်...” စသဖြင့် အဓိပ္ပါယ်ရကြောင်း သိရပါတယ်။ မူလက အမြင့် ပေ-၇၀ လောက်ရှိပေမယ့် အခုတွေ့နေရတဲ့ တိုင်ခြေကတော့ ၇-ပေ ၈-ပေလောက်ပဲ မြင့်ပါတယ်။ မူလဂန္ဓကုဋိကျောင်းဆောင်ကြီး ပြိုကျစဉ်က ကျောက်စာတိုင်ပေါ်ကို ပိကျတဲ့အတွက် ကျိုးသွားတာ ဖြစ်နိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ကံကောင်းထောက်မစွာ ဓမ္မစကြာလှည်းဘီးနဲ့ ခြင်္သေ့လေးစီး အရုပ်ပါတဲ့ ကျောက်စာတိုင် ထိပ်ဖူးကတော့ မပျက်စီးဘဲ ကျန်ခဲ့ပါတယ်။ အသောကကျောက်စာက ခြင်္သေ့ရုပ်ကို အိန္ဒိယရဲ့ နိုင်ငံတော်အမှတ်တံဆိပ်အဖြစ် တလေးတစား အသုံးပြုပါတယ်။ ဓမ္မစကြာလှည်းဘီးကိုလည်း နိုင်ငံတော်အလံမှာ ထည့်သွင်း အသုံးပြုပါတယ်။ ကျောက်တိုင်ထိပ်ဖူးက ဆာရ်နာထ်ပြတိုက်ထဲကို ပြောင်းရွှေ့ထားကြောင်း သိရပါတယ်။ ပြတိုက်ကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။
![]() |
| အသောကကျောက်တိုင် ထိပ်ပိုင်း (from Wikipedia) |
ဓမ္မစကြဇိနကျောင်း (ကုမာရဒေဝီကျောင်း)
မြောက်ဖက်ကို ဆက်ပြီးသွားတဲ့အခါ ဓမ္မစကြဇိန ကျောင်းတော်ရာကို ရောက်ပါတယ်။ ကဏ္ဏကုဇ္ဇမင်း (ကနော့ဂျ် Kannauj) ဂေါဝိန္ဒစန္ဒြရဲ့ မိဖုရား ကုမာရဒေဝီက ခရစ်နှစ် ၁၁၃၆-ခုမှာ တည်ဆောက်ခဲ့တဲ့ ကျောင်းတော်ရာ ဖြစ်ပါတယ်။ တူးဖော်ရရှိတဲ့ ကုမာရဒေဝီကျောက်စာအရ ရှေးခေတ် (အသောကမင်းလက်ထက်ကလို့ ယူဆရတဲ့) ဓမ္မစကြဇိန ရုပ်ဆင်းတုတော် သီတင်းသုံးရန် တည်ထားခဲ့တယ်လို့ သိရပါတယ်။ ရှေးဟောင်းသုတေသနဌာနက ကျောင်းဆောင် အမှတ် ၁၊ ၂၊ ၃၊ ၄ လို့ ရေးထိုးထားတဲ့ ကျောင်းဆောင် လေးဆောင်က ဓမ္မစကြဇိန ကျောင်းတိုက် အတွင်းမှာ ပါဝင် ပါတယ်။ ရဟန်းတော် အများအပြား သီတင်းသုံးနိုင်မယ့် ကျောင်ကြီးတွေ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ကျောင်းတိုက်ဝင်းရဲ့ အနောက်ဖက်ခြမ်းမှာ ရှည်လျားတဲ့ မြေအောက်ဥမင်လမ်းတခုကို တွေ့ရပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ဆောက်ခဲ့တယ် ဆိုတာကိုတော့ ကျကျနန မသိရပါဘူး။ Bhattacharya ရေးတဲ့ The History of Sarnath or The Cradle of Buddhism စာအုပ်မှာတော့ အနောက်ဖက်က ကန်တခုဆီကို ဆက်သွယ်ထားတဲ့ ရေနှုတ်မြောင်းလို့ ဆိုပါတယ်။ မြန်မာ ဧည့်လမ်းညွှန်တွေကတော့ ဘိက္ခုနီမတွေ ရေချိုးဆင်းတဲ့ လမ်းလို့ ရှင်းပြလေ့ရှိပါတယ်။
ကျောင်းရဲ့ မြောက်ဖက်မှာတေ့ သမင်နဲ့ အခြားတိရစ္ဆာန်တွေကို ခြံစည်းရိုးခတ် ကာရံထားတဲ့ ခေတ်သစ် မိဂဒါဝုန်တော ရှိပါတယ်။ သမင်တွေကို အစာကြွေးလို့ ရပါတယ်။ ၁၀-ဧကလောက်ရှိပြီး ဗုဒ္ဓသာသနာ ၂၅၀၀-ပြည့်အထိမ်းအမှတ်နဲ့ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ မိဂဒါဝုန်ဥယျာဉ်က အေးချမ်း သာယာတာကြောင့် ဥယျာဉ်ထဲက ခုံတန်းလျားလေးတွေနဲ့ စေတီပျက်၊ ကျောင်းပျက်တွေကြားမှာ စုံတွဲတွေ အတော်များများ လာရောက် အနားယူ အပန်းဖြေနေကြတာကို သတိထားမိပါတယ်။
ပဉ္စာယတနစေတီ
ဓမ္မရာဇိကစေတီရဲ့ အရှေ့ဖက်နားလောက်မှာ ဂုတ္တခေတ်က တည်ဆောက်ခဲ့တဲ့ စေတီဟောင်းတစ်ဆူ ရှိပါတယ်။ ထောင့်လေးထောင့်မှာ စတုရန်းပုံလေးခု ထပ်ပါတဲ့အတွက် အခြေ ၅-ခုပါတဲ့ ပဉ္စာယတန (Panchaytan) စေတီလို့ ခေါ်ပါတယ်။ ဖောင်းကြွရုပ်ပုံတွေ ထွင်းထုထားတဲ့ နီညိုရောင် မြေအုတ်တွေနဲ့ ဆောက်ထားတာပါ။ စေတီရဲ့ အောက်ခြေပလ္လင်ပဲ ကျန်ပါတော့တယ်။ သံဆူးကြိုးကာရံထားပြီး အမိုးလည်း မိုးထားပါတယ်။ မြန်မာဆရာတော်များက ဒီနေရာဟာ ယသသတို့သားကို ချွတ်တော်မူခဲ့တဲ့ နေရာလို့ ယူဆကြပါတယ်။
ယသသတို့သားက ပဉ္စဝဂ္ဂီ ၅-ဦး နောက်မှာ ရဟန္တာဖြစ်တဲ့ (ဗုဒ္ဓမြတ်စွာ အပါအဝင်ဆိုရင်) ၇-ဦးမြောက် ရဟန္တာ ဖြစ်ပါတယ်။ ယသက အလောင်းတော်ကို ဃနာနို့ဆွမ်းလှူခဲ့တဲ့ သုဇာတာရဲ့ သားပါ။ ယသသတို့သားရဲ့ ဖခင်ကလည်း သရဏဂုံ ၃-ပါးလုံးတည်တဲ့ ဥပါသကာတွေထဲမှာ ပထမဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။ နောက်တော့ အရှင်ယသရဲ့ လူ့ဘဝက မိတ်ဆွေအပေါင်းသင်းတွေပါ ရဟန်းပြုကြပြီး ရဟန္တာ ၆၁-ပါး ဖြစ်လာပါတယ်။ မိဂဒါဝုန်မှာ သီတင်းသုံးနေကြရင်း ဝါကျွတ်တဲ့အခါမှာတော့ ဗုဒ္ဓက ရဟန်းတော်တွေကို ဒေသအသီးသီးကို လှည့်လည်ပြီး သာသနာပြုကြဖို့ စေလွှတ်တော်မူပါတယ်။ ဒါကြောင့် မိဂဒါဝုန်က ဗုဒ္ဓသာသနာ စတင်ရာလို့ ဆိုရင်လည်း မမှားပါဘူး။
ရဟန်းတို့ လောကကို အစဉ်သနား စောင့်ရှောက်သောအားဖြင့် နတ်လူတို့၏ အကျိုးစီးပွားငှာ ဒေသစာရီ လှည့်လည်ကြကုန်လော့။ တစ်ခရီးတွင် နှစ်ပါး မသွားကြကုန်လင့်။ […] တရားကို ဟောကြကုန်လော့။ […] မြတ်သောအကျင့်ကို ပြကြကုန်လော့။ ငါလည်း ဥရုဝေလာတော သေနာနိဂုံးသို့ တရားဟောရန် သွားပေအံ့။ (ဝိနည်းမဟာဝါ၊ မာရကထာ)
- မြတ်ဗုဒ္ဓ၏ သာသနာပြုမိန့်ခွန်း http://sonata-cantata.blogspot.sg/2009/06/blog-post_43.html
ဓမ္မေခစေတီ
ဓမ္မရာဇိကစေတီရဲ့ အရှေ့ဖက် ကိုက်-၁၅၀ လောက် အကွာမှာ ဓမ္မေခစေတီ ရှိပါတယ်။ အမြင့် ၁၀၄-ပေခန့်ရှိပြီး အောက်ခြေ အချင်း ၉၃-ပေ ခန့် ရှိပါတယ်။ စေတီတော်ပတ်လည်မှာ ဂုတ္တခေတ်လက်ရာ ပန်းခက် ပန်းနွယ်တွေ၊ အာရိယန်တွေရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ စကြာပုံ (Swatika)၊ ငှက်ပုံ စတာတွေနဲ့ အလှဆင်ထားပါတယ်။ အရပ်ရှစ်မျက်နှာမှာ နံရံကပ် လှိုဏ်ဂူငယ်လေးတွေ ရှိပါတယ်။ အောက်ခြေမှာ သံဘောင်တွေနဲ့ အခိုင်အမာတုတ်ထားတဲ့ ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားတဲ့အတွက် အလွယ်တကူဖျက်ဆီးလို့ မရဘဲ ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ်။
- ဓမ္မစကြာမှသည် အနတ္တလက္ခဏာသို့ http://sonata-cantata.blogspot.sg/2009/07/blog-post_6622.html
- အနတ္တလက္ခဏသုတ် http://sonata-cantata.blogspot.sg/2009/07/blog-post_3918.html
(၁) ပထမဆုံး တရားဦး ဓမ္မစကြာနဲ့ အနတ္တလက္ခဏာသုတ်တို့ ဟောကြားတော်မူရာ
(၂) သံဃာရတနာ စတင်ပေါ်ထွန်းတော်မူရာ
(၃) ပထမဆုံး သရဏဂုံတည်သူ ဥပါသကာ စတင်ပေါ်ပေါက်ရာ
(၄) မြတ်စွာဘုရားရှင် ပထမဆုံး ဝါဆိုတော်မူရာ
(၅) ပထမဆုံး သာသနာပြုခရီး စတင်ရာ
အဲဒီနောက်မှာမှာတော့ အထက်ပါ ဝိသေသဂုဏ်ထူးတွေနဲ့ ပြည့်စုံနေတဲ့ မြေမြတ်မဟာ မိဂဒါဝုန်ဥယျာဉ်ကနေ ပြန်ထွက်ခဲ့ကြပါတယ်။ ၂-နာရီလောက် အချိန်အတွင်း နေရာအတော်များများကို ဖူးမြော် လေ့လာရတာဆိုတော့ တနေရာစီအတွက် ရတဲ့အချိန်က အလွန်နည်း ပါတယ်။ ဘယ်နေရာတွေ ရောက်ခဲ့တယ်ဆိုတာကိုတောင် အကုန်မှတ်မိဖို့ ခက်ပါတယ်။ သွားရင်းလာရင်း ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ စာအုပ်တချို့ကို ပြန်ဖတ်မှ အစီအစဉ်တကျ မှတ်မိပါတော့တယ်။
ခေတ်သစ် မူလဂန္ဓကုဋိ ကျောင်းတိုက် (မဟာဗောဓိအသင်း)
![]() |
| ခေတ်သစ် မူလဂန္ဓကုဋိကျောင်းတိုက် (from Wikipedia) |
| ခေတ်သစ်မူလဂန္ဓကုဋိကျောင်းမှ ဆင်းတုတော် |
ကျောင်းတိုက်ရဲ့ အရှေ့ဖက်မှာ ငြိမ်းချမ်းရေး ခေါင်းလောင်းနဲ့ မြန်မာလက်ရာ ပဉ္စဝဂ္ဂီ ၅-ဦးအား ဓမ္မစကြာတရားဟောဟန် ရုပ်ပွားဆင်းတုတော် ရှိပါတယ်။ ဆင်းတုတော် အနောက်က ဗောဓိပင်က သီရိလင်္ကာနိုင်ငံ အနုရာဓပူရမြို့မှာရှိတဲ့ ဗောဓိပင်ကနေ မျိုးပွားထားတဲ့ အပင်လို့ သိရပါတယ်။ ဓမ္မစက္ကပဝတ္တနသုတ္တန်ကို မြန်မာ၊ အင်္ဂလိပ်၊ ဒေဝနာဂရီ၊ တရုတ်၊ ဂျပန်စတဲ့ ဘာသာစကား အသီးသီးနဲ့ ရေးထိုးထားတာကိုလည်း တွေ့ခဲ့ရပါတယ်။
မူလဂန္ဓကုဋိ ကျောင်းတိုက်အထွက်မှာ ဆာရီနဲ့ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တချို့က လက်ကမ်းကြော်ညာတွေ ဝေပါတယ်။ မိဂဒါဝုန် ဘုရားဖူးအစီအစဉ် ပြီးပြီဆိုတော့ လက်ဆောင် ပစ္စည်း ဝယ်ဖို့ အချိန်ပေးပါတယ်။ ဘုရားဖူးအဖွဲ့ကို ပို့ပေးတဲ့ ဆာရီဆိုင်တန်းကတော့ မိဂဒါဝုန် မြန်မာကျောင်း ရှိတဲ့ လမ်းပါ။ ဆိုင်တိုင်း လိုလိုက မြန်မာပြည်တော်ပြန် ကုလားတွေ ဖွင့်ထားတာမို့ မြန်မာစကားကို လည်လည်ဝယ်ဝယ် ပြောနိုင်ကျပါတယ်။ ဈေးဝယ်ပြီး တနေ့တာ ကုန်ဆုံးသွားတော့ ဗာရာဏသီ ဘူတာရုံကြီးနားက ဆေးဝင်္ကပါကျောင်းကို သွားပြီး တည်းခိုကြပါတယ်။
Subscribe to:
Posts (Atom)