Saturday, May 28, 2011

သံယောဇဉ် နှောင်ကြိုးမျှင်လေးတွေ...

ဤစာမျက်နှာ၏ ညာဖက်စွန်းတနေရာကို လှိမ့်ဆင်း၍ ကြည့်လိုက်ပါ။
သို့/ ……………… မှ / S – C ဆိုတာကို တွေ့ပါလိမ့်မယ်။
S – C နဲ့ ချိတ်ဆက်ထားတဲ့ နှောင်ကြိုးမျှင်လေးတွေပါ။
အချို့သော ကြိုးလေးတွေက မလှုပ်မယှက်နဲ့ အသည်းယားအောင် လုပ်နေကြသလို…
အချို့သော ကြိုးစတွေက ပြတ်တောက်လို့ မစိမ်းပင် အသွင်ဆောင်နေကြတယ်။
ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ်
ခံစားကြည့်ရင် မြင်ရမယ်…
ကြိုးစလေးတွေမှာ အရောင်တွေ တလက်လက် တောက်နေတယ်
သံယောဇဉ်...တဲ့။

သံယောဇဉ်ရောင်က...
သက်တန့်ရောင်လို ခုနစ်စဉ်တန်းနေသလား
ပန်းနုရောင် သက်သက်လေလား
ပြာလဲ့လဲ့ မိုးကောင်းကင်လိုလား
စိမ်းဖန့်ဖန့် ပင်လယ်ကြီးလိုလား
မှိုင်းညို့ညို့ တောင်တန်းတွေလိုလား
မှုန်ပြာရီ မြူခိုးငွေ့လိုလား
ဖြူလွှလွှ နှင်းပွင့်လေးတွေလိုလား
နေခြည်နွေးနွေးအောက်မှာ ခုန်ပေါက်နေတဲ့ မိုးစက်လေးတွေလို ကြည်တောက်နေသလား
ဆိုတာ…
*****
S-C ကို Google က Reported Attack Page လို့ ဟောသလိုကြီး ကြေငြာလိုက်လို့..

FB မှ ကူးလာသည်။
Thet Wai ဟမ်... ခုလေးတင်ပဲ ကော်မန့် ဝင်ရေးခဲ့သေးတယ်... ရပါတယ်...
Sunday at 1:37am · Like
Theingi Nwai ဟုတ်တယ်..အဲလိုကြီးပေါ်နေတယ်..နောက် ရောက်သွားတော့လည်း invited reader only ဆိုလို့ စိတ်မကောင်းဖြစ်ပြီး ပြန်လာရတာ...း(
Sunday at 1:45am · Like
Sonata Cantata Blog Lists ပြန်ထည့်ပြီး သို့/ ...... မှ/ S -C လို့ ခေါင်းစဉ်တပ်...သံယောဇဉ် ကြိုးမျှင်လေးတွေလို့ ပို့စ်တင်လိုက်တာ... မကြာဘူး အပေါ်က ပုံပါအတိုင်း ဖြစ်သွားလို့ ပြန်ဖြုတ်ထားတာ ... သက်ဝေရေ
Sunday at 1:46am · Like
Sonata Cantata အဲ့ဒါနဲ့ ဟိုလျှောက်လုပ် ဒီလျှောက်လုပ် ... ပိတ်လိုက် ဖွင့်လိုက် လုပ်... ရူးပြီ
Sunday at 1:47am · Like
Sonata Cantata ဒါ စိုင်းစိုင်းခမ်းလှိုင်ကြောင့် ဖြစ်မယ်... ပရိတ်သတ်ကြီးရယ်... ကျနော့်ကို သနားပါဆိုတဲ့ သူ့သီချင်း နားထောင်နေမိလို့လေ...;P
Sunday at 1:49am · Like
Naw Phaw မရေ...ဒီမှာလည်းရတစ်ချက်မရတစ်ချက်....
Sunday at 3:46pm · Like
Ming Pauk ဘယ်လိုဖြစ်လို့လဲ..မသီတာ
Monday at 12:43am · Like
Sonata Cantata မဲဝဲလို့ ထင်တာပဲ ပေါက်ရယ်...ဒီက ပို့စ်တွေ တင်ပါတော့မယ်ချိုမှ ;P
Monday at 3:22pm · Like
Peach Mon ဟိုမှာမရခင်စပ်ကြား ဒီမှာပဲ တင်လိုက်လေ..
Yesterday at 12:55am · Like
Sonata Cantata မနေ့က အဲ့လို စိတ်ကူးပြီး ရေးသေးတယ်... အဆုံးမသတ်နိုင်လို့ သိမ်းထားလိုက်တယ်။ ဘလော့ဂ်ကို ပြင်ကြည့်လိုက်ပါဦးမယ် မွန်ရေ...
*****
http://www.linhtet.net/2011/02/reported-attack-page.html ဖတ်ပြီး S-C ရဲ့ ကျန်းမာရေးကို ပြန်လည် တည်ဆောက်ယူနိုင်ခဲ့ပါတယ်။

Tuesday, May 17, 2011

ရွှေရတုမှတ်တမ်း ပိုင်ရှင်အတွက်

ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ နေ့နေ့ညည ဆင်ခြင်သင့်တဲ့အရာထဲမှာ သေခြင်းတရားလည်း ပါပါတယ်။ အမှန်အတိုင်း ၀န်ခံရရင် ဆင်ခြင်ဖို့ ဝေးစွ၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် နေလာလိုက်တာ...သေခြင်းတရားဆိုတာ နားကိုမလည်တဲ့အရာ။
သေတတ်တဲ့အမျိုးတွေမို့ သေနေကြတာ... ကိုယ်နဲ့ လားလားမှ မဆိုင်သလို... ဖာသိဖာသာ နေမိနေရာ။ ကိုယ်ချစ်ရခင်ရသူတွေ သေဆုံးမှုမှာတော့ မျက်ရည်တွေ တွေတွေကျ၊ ရင်ထဲက ပူ၊ ခေါင်းတွေ အုံ။

ကိုကြီးကျောက်ကြောင့် သေခြင်းတရား ဆိုတာကို ဒီလို နားလည်လိုက်ပါတယ်။

မျက်လှည့် ပြကွက် တခုလိုပါပဲလား။ မယုံဘူး... မယုံချင်ဘူး။ သေခြင်းတရားကတော့... ဟတ်ချလောင်း...တဲ့။