လူဟာ ကျောက်တုံးမဟုတ် …
အ၀ိညာဏက ကျောက်တုံးမှာ
သေဆုံး, မွေးဖွားခြင်း မရှိ …
လွမ်းဆွတ်, မျှော်လင့်ခြင်းမရှိ…
သူ့အနာဂတ်အတွက် …
ဘာတာဝန်မှ မရှိ…။
လူမှာ ဘ၀ရှိတယ်။
မွေးဖွား သေဆုံးရတယ်။
လွမ်းဆွတ် မျှော်လင့်တတ်တယ်။
ဒါကြောင့် လူဟာ ...
ကျောက်တစ်တုံးလို ငြိမ်သက်နေလို့မရ
သူ့ဘ၀ကို ပုံဖော်ဖို့ ဗျာပါရတစ်ပုံတစ်ပင်နဲ့
မှန်းဆ ကြည့်ရတာလည်း ရှိတယ်။
တမ်းတမိတာတွေလည်း ရှိတယ်။
လွမ်းရမိတာတွေလည်း ရှိတယ်။
တစ်ခါတစ်လေတော့…
ဗျာပါရတွေကို ကျော်လွှားဖို့၊
အတိတ်တွေကို မေ့ဖျောက်
မိုးခါးရေတွေသောက်ပြီး
ပျောက်နေတဲ့ အနာဂတ်တွေနဲ့အတူ
ဆုတ်ထားတဲ့လက်သီးတွေကို ဖြေလျော့
ထမင်းတစ်လုပ်အတွက်
သီချင်းတစ်ပုဒ်အတွက်
… အတွက်ပေါင်း များစွာထဲမှာ မျောပါရင်း
ကျောက်တစ်တုံးဟန် ဆောင်ထားတတ်ကြတယ်။
(ဖြစ်တည်မှုဝါဒီ ဆာ့တ်၏ Inauthentic Man ကို ရေးဖွဲ့ ကြည့်ခြင်းဖြစ်ပါသည်။)
Sunday, March 28, 2010
ကျောက်ဖြစ် လူသား
Saturday, March 27, 2010
ဖက်ဆစ်တော်လှန်ရေး ဖတ်စာ
ရက်စက်ပြီး လူမဆန်တဲ့ဝါဒပေါ့။
ဒါဆိုဘာလို့ မြန်မာတွေက ဖက်ဆစ်ဂျပန်နဲ့ ပေါင်းခဲ့ကြတာလဲ။
အင်္ဂလိပ်ကို လက်နက်ကိုင်ပြီး တိုက်ချင်လို့။
ဒါပေမယ့် ဘာလို့ လူဆိုးတွေနဲ့ ပေါင်းရတာလဲ။
… `အ’ လို့။ အမြင်မကျယ်လို့ ပေါ့။
နောက်တော့ မြန်မာက အင်္ဂလိပ်နဲ့ပေါင်းပြီး ဂျပန်တွေကို ပြန်တိုက်တယ်နော်။
အင်း… ဟုတ်တယ်။
ဒါပေမယ့် ဘာလို့ ဒုတိယကမ္ဘာစစ် အကြောင်းစာအုပ်တွေမှာ မြန်မာတွေရဲ့ ဖက်ဆစ်တော်လှန်ရေး အကြောင်း မပါရတာလဲ။ ပါရင်လည်း တစ်ကြောင်း နှစ်ကြောင်းလောက်ပဲ…။
အင်္ဂလိပ်တွေက သိပ်အရေးလုပ်ပြီး မဖော်ပြချင်ကြဘူး။ ပြီးတော့ ဒုတိယကမ္ဘာစစ်ကြီးတစ်ခုလုံးနဲ့ ယှဉ်လိုက်ရင်တော့ မြန်မာတွေရဲ့ ဖက်ဆစ်တော်လှန်ရေးဆိုတာက သေးသေးလေး။ မြန်မာတွေ ဂျပန်နဲ့ မပေါင်းခဲ့ရင်လည်း မြန်မာပြည်ကို ဂျပန်တွေသိမ်းမှာပဲ။ ဂျပန်ကို ပြန်မတော်လှန်ခဲ့ရင်လည်း မဟာမိတ်တွေက ဂျပန်တွေကို ပြန်မောင်းထုတ်မှာပဲ…။
ဟင်… ဒါဆို ဖက်ဆစ်တော်လှန်ရေးဆိုတာ အလကားပဲပေါ့..။
မဟုတ်ဘူး.. သားရဲ့။ ဖက်ဆစ်တော်လှန်ရေးကနေ မြန်မာပြည်ရဲ့ လွတ်လပ်ရေးကို အရယူပေးမယ့် ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကို ဖွဲ့စည်းနိုင်ခဲ့တယ်။ ပြီးတော့…
ပြီးတော့ ဘာလဲ…။
စာညွှန်း
Friday, March 26, 2010
Sonata Cantata မှာလည်း ပို့စ်တွေကျဲလို့…
လူရွှင်တော်များ ပြောကြသလိုပေ့ါ
ကျနော် မလာနိုင်ဘူး ဆိုတာလေး လာ ပြောတာပါ ဆိုတာလို
ပို့စ်မတင်နိုင်ဘူး ဆိုတဲ့ အကြောင်းလေး ပို့စ်တင်လိုက်ပါတယ်...
ရေးထားတာတွေ အားလုံး ဟိုတစ ဒီတစနဲ့ မလုံးရသေးလို့ပါ...
*****
ဒီလိုလေး ရေးထားပေမဲ့ မတင်ဖြစ်ခဲ့ပါဘူး
အဲ့ဒီ မလုံးရသေးတဲ့ ရေးထားတာတွေ PC ပျက်လို့ ပါသွားပါလေရောလား…
မနေ့ကတော့ တနေ့က ဖြစ်ပျက်ကြုံတွေ့ခဲ့တဲ့ အကြောင်းအရာလေးကို အသေအချာ အသေးစိတ် ခြယ်မှုန်းပါတယ်။ Restart computer ဆိုတာကြီး ပေါ်လာပြီး ပျောက်ပြန်ပါပကောလား…
ဒီနေ့တော့ နင်လားဟဲ့ လောကဓံ ဆိုပြီး မရ ရအောင် ပို့စ်တင်လိုက်ပါတယ်…
*****
တလောကတော့ ရွှန်းမီ အချစ်ရဲ့အကြောင်းများေရးတဲ့ အချိန်လောက်ကပေါ့… အခြား စာမျက်နှာတွေပေါ်မှာလည်း ဝေေ၀ဆာဆာ ကြည်ကြည်နူးနူး ဖတ်နေရတဲ့ ဒီအချစ်အကြောင်းလေးပဲ ကိုယ်လည်း ရေးချင်မိပါတယ်…
နောက်ကွန်ပြူတာ ပျက်တော့ ဘဝမှာ ခဏခဏ ပျက်ဖူးတဲ့ ကွန်ပြူတာနဲ့ ပတ်သက်တဲ့ အမှတ်ရစရာ၊ မမေ့ပျောက်ရက်နိုင်စရာလေးတွေ ရေးချင်မိပြန်ရော… ဒီမှာလည်း ရှေ့က အချစ်အကြောင်းက အဓိက ကျောရိုးပါ… ကွန်ပြူတာ ပျက်တာကတော့ အခင်းအကျင်းတခု အနေနဲ့ပေါ့…
နောက် ကိုယ့်ဘက်က ပျက်ကွက်လွန်းတဲ့ လူမှုရေးတွေနဲ့ ဆက်စပ်ပြီး ကံတူ အကျိုးပေး ကိုယ်ရရှိတဲ့ အထီးကျန်ဆန်ခြင်းတွေ…
နောက် မိန်းမတယောက်ရဲ့အချစ်နဲ့ အိမ်ထောင်ရေး၊ ဘဝရည်မှန်းချက်နဲ့ ပန်းတိုင် စတဲ့ ကြီးကြီးကျယ်ကျယ်တွေ…
ရေးချင်မိပါတယ် … (စာရေးဆရာမကြီးတယောက်လို)
ကဲ (မရေးတတ်လို့) လုံးချလိုက်ပြန်ပါပြီ။
Thursday, March 18, 2010
13th Annual Athletics Meet 2010
အသင်းကြီး ငါးသင်း ယှဉ်ပြိုင်ကြတယ်။
ရှေ့ကနေ ဖြတ်ဖြတ်ပြေး သွားတဲ့ ကလေးတွေကို အားရပါးရ လက်ခုတ်တီးပြီး အားပေး (သားကြီးက reserved ဖြစ်ပေမဲ့ လက်ဆင့်ကမ်းပြိုင်ပွဲမှာ ဝင်ပြေးရတယ်တဲ့။ မသိလိုက်ပါဘူး။ ပြိုင်ပွဲဝင်ကြတဲ့ ကလေးအားလုံးကို အားပေးနေတာမို့ပါ။)

ပြိုင်ပွဲ အချို့ပြီးတော့ ပြီးသွားတဲ့ ပြိုင်ပွဲတွေအတွက် ဆုတွေ ပေးပါတယ်။ တာဝန်ခံ ဆရာမက ဆုပေး ပေးပါ လာပြောလို့ “အို ok…” (အံ့သြပြီး) ။ P5/P6 - Boys/Girls မီတာ ၁၀၀ ပြိုင်ပွဲ ၄ခုအတွက် 1st, 2nd, 3rd ဆုတွေ ပေးခဲ့ရပါတယ်။



သားကြီး ကျောင်းစတက်တဲ့ နှစ် ၂၀၀၅တုန်းကတော့ ကျောင်းစာကြည့်တိုက်မှာ သတ်သတ်မှတ်မှတ် တာဝန်တခုယူပြီး တနှစ်လုံးအပြည့် လုပ်အားပေးခဲ့ပါတယ်။
Monday, March 15, 2010
မီးရထားဖြင့် ခရီးသွားခြင်း
ဒီအဖြစ်အပျက်လေးကို ကိုဧရာက ‘ဧရာ၏ စွန့်စားခန်းများ’ ဆိုပြီး ကျမတို့ သားအမိတွေကို ဟန်နဲ့ပန်နဲ့ ရယ်စရာအဖြစ် မကြာခဏ ပြောပြတတ်ပါတယ်။ “သီတာ.. ရယ်စရာကောင်းတဲ့ပို့စ် ဖြစ်အောင်ရေး”လို့ ပြောထားတာလည်း ကြာပါပြီ။ မရေးဖြစ်ခဲ့ပါဘူး။ အခုလောလောဆယ် ကျမတို့ နိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေအရ ကိုယ်ယုံကြည်ရာ အရောက်လှမ်းတဲ့ခရီးမှာ ခြေတစုံစာ နေရာသာရှိတဲ့ ကျဉ်းထဲကျပ်ထဲရောက်ပြီး ရင်ဘတ်ကြီး ပူတဲ့အခါ၊ ကျောကုန်းကြီးက အေး… ကျောကုန်းကြီး ပူတဲ့အခါ ရင်ဘတ်ကြီးက အေးနဲ့… ‘ကိုဧရာ ရထားစီးသလိုပါလား’ လို့ တွေးမိပြီး ဒီပို့စ်ကို ဘယ်လိုမှ ဟာသမြောက်အောင် မရေးနိုင်တော့ပါဘူး။
Thursday, March 11, 2010
စိတ်တံခါး
Wednesday, March 3, 2010
ပထမ ကဗျာ
ဘယ်လို ချစ်ချစ်...
အနှစ်ဖြစ်ဖို့ အနစ်နာ ခံရတယ်...
အမှတ်တရ ဆိုတဲ့ အမှတ်ရစရာလေးတွေ
အကြင်နာစကေးလေးတွေ တေးရင်လည်း တေးထားလိုက်ဦး...
သဒ္ဓါ စံချိန်စံညွှန်းမှာတော့ အစွန်းတွေကို ပယ်သာချ၊ အပိုအလို မရှိလေ ပိုကောင်းလေ...
မာန်မာနနဲ့ အာဃာတ ယူနစ်တွေလည်း အနှုတ်ဘက်သာ သွားစေ...
မေတ္တာဂရပ်ဖ်မှာ အတက်အကျ လှိုင်းဂယက်မထန်အောင်တော့၊
စေတနာရေချိန်လေး ညှိ ညှိပေးရတာပေါ့...။
အနစ်နာ ယူနစ်၊ စစ်လိုက်တယ်
အကြင်နာ စကေး၊ တေးထားကွယ်
သဒ္ဓါ စံညွှန်း၊ အစွန်းပယ်
အာဃာတမှော် ၊ ဖယ်ရှားလွယ်
မေတ္တာ ဂရပ်၊ ဖြောင့်တန်းရွယ်
စေတနာ ရေချိန်၊ ညှိထားတယ်
ခက်ပါဘူးကွယ်၊ အလွယ်လေးရယ်။
ဒီလို ရေးထားတဲ့ ကဗျာကို ကိုဧရာက ကလေးဆန်တယ်...ကာရံတွေ အရမ်းကာရော ယူတယ်ဆိုလို့ အထက်ပါအတိုင်း ပို့စ်တင်လိုက်ရပါသည်။ (ကြောက်လိုက်ရတာ...အဲလေ ___လိုက်ရတာ)
Tuesday, March 2, 2010
ဘယ်လိုပဲ ချစ်ချစ်
သားတို့က အဲ့ဒီ ခဲဖျက်ကလေးတွေနဲ့ ကျမတို့ ငယ်ငယ်က ဇယ်တောက်သလို ကစားပါတယ်။
မနေ့ကလည်း သူအတော်ပျော်ပါတယ်။ မြန်မာပြည်ကို ပြန်ခဲ့တုန်းက သူ့ဦးလေးနဲ့ အဒေါ်ကို ဝယ်ပေးဖို့ ပူဆာခဲ့တဲ့ မြန်မာပြည် အလံတံဆိပ်ပါတဲ့ အားကစားဝတ်စုံ ရောက်လာလို့ပါ။
ဒီနေ့ တရုတ်စာကျူရှင်သွားတော့ ဝတ်သွားပါတယ်။
သူအနေအထားလေးနဲ့သူ မြန်မာပြည်ကိုတော့ ချစ်ရှာသား…လို့ သားကျူရှင် သွားနေတုန်း ကျမတယောက်တည်း စဉ်းစားခန်းတွေ ဆက်ဝင်နေမိပါတယ်။ သူငယ်ငယ်ကလည်း သူ့အဖေကို “ဖေဖေ အမေရိကန်ကြီးက အကြီးကြီးဖြစ်ပြီး သားတို့ မြန်မာနိုင်ငံက ဘာလို့ သေးသေးလေး ဖြစ်နေရတာလဲ” လို့ မေးဖူးပါတယ်။ သူ့အဖေက “ဒါတော့ သားရယ် တို့ ဘိုးဘွား အမွေပေါ့” လို့ ပြန်ဖြေခဲ့တာကို မှတ်မိနေခဲ့ပါတယ်။
“ဟုတ်တယ်သားရေ မင်း ဖိုးဖိုးကြီး ကတော့ ဘိုးဘွားအမွေ… အင်းတွေ ချောင်းတွေကို အစိုးရဆီက လေလံဆွဲပြီး အဲ့ဒီထဲကရတဲ့ ငါးတွေ ပုဇွန်တွေနဲ့ မေမေတို့ အသက်ဆက်ခဲ့တာပေါ့... အဲ ဖိုးဖိုးကြီးရဲ့ ဖေဖေ ကတော့ ဘိုးဘွားအမွေ… မြေကြီးတွေ (လယ်တွေ)ကို ထွန်ယက်ပြီး စပါးတွေ စိုက်ခဲ့တဲ့ လယ်သမားကြီးပေါ့”
မတ်လ ၂ရက်၊ တောင်သူလယ်သမားနေ့ အမှတ်တရ
*****
ကျမရဲ့ ပို့စ်ကိုဒီမှာတင် ဆုံးချင်တာပါ။
နောက်ဆက်တွဲကတော့ ဆက်မရေးချင်ပေမဲ့ အမှန်တရားမို့ မှတ်တမ်းအဖြစ် ရေးထားပါရစေ။ သားရဲ့ နိုင်ငံချစ် စိတ်လေးကိုပါ။ အထွေအထူးတော့ မဟုတ်ပါဘူး၊ ကလေးဆိုတော့ ကလေးလိုတွေး ကလေးလိုပဲ ချစ်တာပါ။ သူက ယာဉ်တွေကို စိတ်ဝင်စားပါတယ်။ ဟို ယခင်နှစ်များတုန်းက MAI စင်္ကာပူ မြန်မာ လေကြောင်းလိုင်းတွေ မပြေးဆွဲနိုင်တော့တဲ့ အချိန်က သူတော်တော် စိတ်အခန့်မသင့် ဖြစ်ပုံရပါတယ်။ “ဘာကြောင့်လဲ… MAI က ဘာကြောင့် Jetstar ဖြစ်သွားရတာလဲ” ဆိုတဲ့ မေးခွန်းမျိုး မကြာခဏ ဆိုသလို မေးပါတယ်။ သူ့အဖေက “MAI က Jetstar ဖြစ်တာ မဟုတ်ပါဘူး သားရယ်။ အကျိုးတူ ပူးပေါင်းပြီး လုပ်ကြတာပါ” ဆိုတဲ့အဖြေကို သူ ကျေနပ်ပုံ မရပါဘူး။ နိုင်ငံတခုအနေနဲ့ နိုင်ငံပိုင်လေကြောင်းလိုင်းအဖြစ် (ခန့်ခန့် ထယ်ထယ်) ရှိနေရမယ် လို့ သူယူဆပုံရပါတယ်။ MAI ပြန်ပြေးဆွဲပြီ ဆိုတဲ့ သတင်းထွက်လာတော့ သူ ဝမ်းသာ အားရ ပြောလာပါတယ်။ “သားသားကြီးရင် လေယာဉ်မောင်းမယ်… မြန်မာပြည်က လေယာဉ်ပဲမောင်းမှာ…” ဆက်ပြီး “ဦးတေဇ ဆီမှာ…” ဆိုလို့ သားအဖေ ရင်ကွဲနာ ကျ ကျ ကျ
(တို့ ဘိုးဘွား အမွေလေ ဘာတတ်နိုင်သေးလဲ ဦးဧရာနဲ့ ဒေါ်သီတာ)