ဘလောဂ့်ရေးစက ရေးဖူးပါတယ်။ ကျမရေးတာ စကားပြေမဟုတ်၊ ကဗျာမဟုတ်၊ စကားပျာတွေပါ... ဟု။
ရေးတတ်သလို ရေးတာမို့ အကြောင်းအရာပိုင်း၊ အရေးအသားပိုင်းမှာ ပေါ့သွမ်းသွမ်း ဖြစ်နေတတ်တာကို ဆိုလိုချင်တာပါ။
ကိုယ်ရေးထားတဲ့ စာတွေကို သုံးလေးလ ကြာလို့ ကိုယ်တိုင် ပြန်ဖတ်ကြည့်တဲ့အခါ ဘာလိုနေမှန်းမသိ၊ အစာမကြေသလို ခံစားရပါတယ်။ မည်သို့ပင်ဖြစ်စေ ဘလော့ဂ်မှာ စာတွေ ဆက်ရေးဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လည်း ဆိုရင်တော့ အသည်းကွဲလို့ပါ။ နှလုံးသားထဲကနေ ကွဲအက်ကျလာတဲ့ စာတွေပါ လို့ တင်စားလိုက်တာပါ။
*****
ကဗျာတဲ့ လှတာကတော့ အတော်လှတယ်
ကဗျာနဲ့ နီးစပ်ဖို့ ကြိုးစားရင်း မခို့တရို့နိုင်လွန်းတဲ့ ကဗျာ့ခြေဖဝါးအောက် ဒူးထောက်ရသူတွေ ဒုနဲ့ဒေး…
ကဗျာ့ခြေလှမ်းတွေက နားလည်ရ ခက်တယ်၊
ဂမ္ဘီရဆန်ပြီး မှော်အတတ်တွေနဲ့ ပြုစားတတ်သေးတယ်လို့ အချို့က စွတ်စွဲကြတယ်။
ကဗျာကို မာယာတဲ့…
အချို့ကတော့ ကဗျာက ကိန်းခန်း မကြီးတတ်ဘူး။
ကြည်လဲ့နေအောင် ရိုးသားတဲ့ မျက်လုံးတွေနဲ့ အဆုံးစွန်ထိသိမ်မွေ့တယ်။
အရိုးသားဆုံးသည်သာ အဆန်းကျယ်ဆုံးဆိုတဲ့ ဒဿနကို ကိုင်ဆောင်ထားတာမို့ လောကဓံဟာ ကဗျာပါ တဲ့…
ဆရာ တက္ကသိုလ်ဘုန်းနိုင်ကတော့
အမြင့်သို့ အာရုံညွန့်တက်ခြင်း (သို့မဟုတ်) ကဗျာ တဲ့...နှလုံးသား ခံနိုင်ရည်အားပေါ် မူတည်ပြီး ကဗျာ့နောက်က ကပ်လိုက်လာတဲ့ ပဲ့တင်သံတွေ ကွာကြတယ်…
ကဗျာရယ် မင်းဟာ ဘယ်လိုပါလဲကွာ…
*****
မြန်မာပြည် ပြန်လို့ ဘလော့ဂ်နဲ့ ဝေးနေချိန် ကိုတင်မင်းထက်က တဂ်ထားပါတယ်။ ပထမကဗျာ တဲ့။ တဂ်ထားမှန်းကို သိသိချင်း ကြိုးစားရေးလိုက်ပါတယ်။
5 comments:
ကဗျာလေးက လှလိုက်တာ။ အဓိပ္ပါယ် အများကြီး ရှိတယ်။ တွေးရင် တွေးသလောက် ရတယ်။
ပထမဆုံးရေးတဲ့ ကဗျာမို့ပေပဲ။
ကဗျာပဲဖြစ်ဖြစ် စကားပျာပဲဖြစ်ဖြစ် စိတ်ဖတ်သူနှလုံးကို ထိဖို့သာ အဓိက။
မသီတာရေ ကျေးဇူးပါပဲ။ ကျွန်တော် တဂ် ကတည်းက မအားလို့ မဖတ်ဖြစ်တဲ့သူတွေ နေပါစေဆိုပြီး၊ တယောက်ဆီကို လိုက်မပြောတော့တာ။
မသီတာ ပထမကဗျာက ကဗျာတိုတို ရှင်းရှင်း နဲ့ အတွေးစရှည်ရှည် ပေးတဲ့ ကဗျာမျိုးပဲ ..
ခင်မင်လျက်
တင်မင်းထက်
ပထမကဗျာရဲ့စာသားနဲအတူ ခေါင်းစဉ်လေးက တွေးစရာတွေပေးသွားတယ် အစ်မသီတာရယ်။
ချိုသင်းရေ...
စိတ်ဖတ်သူနှလုံးကိုထိဖို့သာ အဓိက
ကိုတင်မင်းထက်
မသီတာက ရေးရလို့ ကျေးဇူးတင်တာ
ဇွန်ရေ
အဲ့ဒီနေ့က သားကတော့ ကျောင်းသွားပြီ
မအေက အတွေးတွေနဲ့ ချာလည်လည် ကျန်ခဲ့ရင်း
ဖျစ်ညစ် ရေးလိုက်တာ
ဒီကဗျာလေး အရင်က ဖတ်ဖူးတယ်လေ...
တိုတိုလေးပေမယ့် လှတယ်...း))
Post a Comment