(အမေ့ကို လေဆိပ်မှာ သွားကြိုတာ)
Sunday, August 31, 2008
သူငယ်ပြန်နေတယ်
Wednesday, August 27, 2008
အတ္တရုပ်ကြွင်းအား တူးဆွခြင်း
ငါဟာ …
ငါဟာ …
ငါသာ မရှိခဲ့ရင် …
ငါ့အတွက် ငါဟာ လောကကြီးနဲ့အတူ တည်ရှိနေတယ်။
မင်းဟာ …
မင်းဟာ …
ဧရာ (မန္တလေး)
Monday, August 25, 2008
အနူးအညွတ် တောင်းပန်ပါသည်။
Sunday, August 17, 2008
သားကြီး (၁၀)နှစ်ပြည့်
Friday, August 15, 2008
Freethinkers နှင့် မြတ်ဗုဒ္ဓ
Freethinkers
ဧရာ (မန္လလေး)
Tuesday, August 12, 2008
??? သား နဲ့ ရန်ကုန်သူ
ကဲ သိကြပြီ မဟုတ်လား ကျမ ယောက်ျား ဘယ်မြို့သားလည်းဆိုတာ…
Monday, August 11, 2008
ဌာန်၊ ကရိုဏ်း၊ ပယတ်နှင့် နိုင်ငံတကာ ပါဠိအသံထွက်
ဌာန်, ကရိုဏ်း, ပယတ် သဒ္ဒဗေဒတွင် လည်ချောင်း, အာခေါင်, အာထိပ်, သွားရင်း, နှုတ်ခမ်း စသော အသံဖြစ်ပေါ်ရာဌာန (Place of Articulation) ကို ‘ဌာန်’ ဟုခေါ်သည်။ ဌာန် ၅-ပါး ရှိသည်။
၁။ သံဝုဋ (ပိတ်၍ ရွတ်ခြင်း) – အ-သရကို ရွတ်ရာတွင် မိမိ၏ ဌာန်ဖြစ်သော လည်ချောင်းသားကို ပိတ်၍ ရွတ်ဆိုရသည်။
၂။ ဝိဝုဋ (ဖွင့်၍ ရွတ်ခြင်း) – အ-မှ အခြားသောသရများ ( အာ, ဣ, ဤ, ဥ, ဦ, သြ )၊ သ နှင့် ဟ တို့ကို ရွတ်ဆိုရာတွင် ဌာန်ကရိုဏ်းတို့ကို ပွင့်ပွင့် ဖွင့်၍ ရွတ်ဆိုရသည်။ သ နှင့် ဟ တို့ကိုရွတ်ရာတွင် ဌာန် နှင့် ကရိုဏ်းကြားမှ လေကို တွန်းထုတ်၍ ရွတ်ရသဖြင့် Fricative ဟုခေါ်သည်။
၃။ သံဖုဋ္ဌ (စေ့စပ်စွာထိ၍ ရွတ်ခြင်း) – ဝဂ်ဗျည်း ၂၅-လုံးအားရွတ်ဆိုရာတွင် ဌာန်နှင့် ကရိုဏ်းကို ကောင်းစွာ ထိ၍ လေကို အဆီးအတားပြုပြီး ရွတ်ဆိုရသည်။ အနောက်တိုင်း သဒ္ဒဗေဒတွင် “Stop” ဟုခေါ်သည်။ ခံတွင်းကိုသာပိတ်၍ လေကို နှာခေါင်းမှသာထွက်စေက နာသိက (Nasal Stop) ဟုခေါ်သည်။
၄။ ဤသံဖုဋ္ဌ (စဉ်းငယ်ထိ၍ ရွတ်ခြင်း) – ယ, ရ, လ, ၀ တို့ကို ရွတ်ရာတွင် ဌာန်နှင့် ကရိုဏ်းကို မထိတထိပြု၍ ရွတ်ရသည်။ ဝဂ်ဗျည်းတို့ကဲ့သို့လည်း စေ့စပ်စွာ ထိခြင်းမပြု။ သ, ဟ နှင့် သရသံတို့ကဲ့သို့လည်း ဖွင့်၍ ရွတ်ခြင်းမပြုပဲ မထိတထိ ရွတ်ရသဖြင့် အကြားတွင်ရှိသောအသံ (အန္တဋ္ဌ) ဟုခေါ်သည်။ တစ်နည်းလည်း သရသံတဝက် ဗျည်းသံတစ်ဝက်ရှိသော Semi-vowel အသံဟုလည်းခေါ်သည်။ ဗျည်းတို့နှင့် တွဲသောအခါ ယ သည် ယ-ပင့် ( – ျ ) သံ၊ ရ သည် ရ-ရစ်သံ ( ြ– )၊ ၀ သည် ဝ-ဆွဲသံ ( –ွ ) ထွက်သည်။ အနောက်တိုင်း သဒ္ဒဗေဒတွင်ဤ ပယတ်မျိုးအား Approximant ဟုခေါ်သည်။
▪ ပ-ဝဂ် (ပ, ဖ, ဗ, ဘ, မ) နှင့် ဥ, ဦ တို့သည် နှုတ်ခမ်းအရပ် သြဋ္ဌဌာန(Libials)တွင် ထွက်သော သြဋ္ဌဇအက္ခရာများ ဖြစ်သည်။ နှုတ်ခမ်းနှစ်ခုကို ထိ၍ ရွတ်ရသော ကြောင့် Bilibals ဟုလည်း ခေါ်သည်။▪ သွားအရင်း၏ အထက် မို့မောက်နေသောအာထိပ်အရပ် အား မုဒ္ဓဌာန ဟုခေါ်သည်။ ဋ-ဝဂ် (ဋ, ဌ, ဍ, ဎ, ဏ)၊ ရ နှင့် ဠ တို့သည် လျှာကို အနည်းငယ် လိပ်ပြီး၊ လျှာဖျားအနီး (ဇိဝှောပဂ္ဂ)ဖြင့် သွားအရင်း၏ အထက် မို့မောက်နေသော အာထိပ်အရပ် (Aleveolar ridge)ကို ထိ၍ ရွတ်ဆိုရသည့် မုဒ္ဓဇ (Cerebrals) အက္ခရာများဖြစ်သည်။ လျှာကို အနည်းငယ် လိပ်၍ ရွတ်ရ၍ အနောက်တိုင်း သဒ္ဒဗေဒတွင် Retroflex ဟုလည်းခေါ်သည်။ မြန်မာသံတွင် ဋ-အုပ်စုသံတို့အား တ-အုပ်စုသံတို့နှင့် အသံတူရွတ်ဆိုလေ့ရှိကြသော်လည်း၊ ဌာန်ကရိုဏ်းမတူသည်ကို သတိပြု သင့်သည်။

▪ စ-ဝဂ် (စ, ဆ, ဇ, ဈ, ဉ )၊ ယ၊ ဣ၊ ဤ တို့အား ရွတ်ရာတွင် ဋ-အုပ်စုရွတ်စဉ် အာထိပ်အရပ်ထက် အထက်သို့တက်၍ အာခေါင်မာအရပ် - တာလုဌာန (Palatals)သို့ လျှာအလယ်ပိုင်း (ဇိဝှာမဇ္ဈ)ဖြင့် ထိ၍ ရွတ်ရသည်။ ထို့ကြောင့် စ-အုပ်စုကို ပီပီသသ ရွတ်ဆိုလျှင် မြန်မာသံ (စ, ဆ, ဇ, ဈ ) ဟူသော အသံမထွက်။ ဋ-အုပ်စု အသံနှင့် လည်ချောင်းသံထွက်သော က-အုပ်စု အသံတို့ကြား အာခေါင်သံပါသော (ကျ, ချ, ဂျ, ဃျ) ဟူ၍ ရွတ်ရသည်။
ဒီဃ (Long), ရသ (Short)
အက္ခရာတို့ကို ရွတ်ဆိုသော ကာလကို မတြာ (meter) ဖြင့်တိုင်းထွာသည်။ မျက်စိ တစ်မှိတ် လက်ဖျစ် တစ်တွက် ကာလကို ၁-မတြာဟု တိုင်းထွာသည်။ ၁-မတြာကြာ ရွတ်ဆိုရသော အသံတို့အား ရသ (သံတို short) ဟုခေါ်၍၊ ၂-မတြာကြာ ရွတ်ဆိုသော အသံတို့အား ဒီဃ (သံရှည် - long) ဟုခေါ်သည်။ “အ, ဣ, ဥ” သရတို့သည် သံတိုသရများဖြစ်၍၊ “အာ, ဤ, ဦ, ဧ, သြ” တို့သည် သံရှည်သရများ ဖြစ်သည်။
သိထိလ (Unaspirated), ဓနိတ (Aspirated)
ဝဂ်ဗျည်းတို့၏ ပထမ, တတိယ နှင့် ပဉ္စမအက္ခရာ (က, ဂ, င, စ, ဇ, ဉ , ဋ, ဍ, ဏ, တ, ဒ, န, ပ, ဗ, မ) တို့အား ခပ်လျော့လျော့ ရွတ်ဆိုရ၍ ‘သိထိလ’ သံပျော့ (Unaspirated) ဟုခေါ်သည်။ ဝဂ်၏ ဒုတိယ, စတုတ္ထအက္ခရာ (ခ, ဃ, ဆ, ဈ, ဌ, ဎ, ထ, ဓ, ဖ, ဘ) တို့အား ဟ-ထိုးသံကဲ့သို့ လေသံ ခပ်တင်းတင်းရွတ်ဆိုရ၍ ‘ဓနိတ’ သံတင်း (Aspirated) ဟုခေါ်သည်။ ဂ နှင့် ဃ တွင် ဂ သည် သိထိလဖြစ်၍ ခပ်ပျော့ပျော့ဆိုရပြီး၊ ဓနိတဖြစ်သော ဃ အား လေသံတင်းတင်း ရွတ်ရသည်။ ပါးစပ်ရှေ့တွင် လက်ဝါးခံ၍ ကြည့်ပါက လက်ဝါးသို့ လေတိုးမှု အတင်းအလျော့ ကွာအောင် ရွတ်ရမည်။ ရောမအက္ခရာအရေးသားတွင် ဓနိတသံတို့အား h ထည့်၍ ရေးသည်။ ပုံစံအားဖြင့် က ကို k, ခ ကို kh, စ ကို c, ဆ ကို ch ဟု h ထည့်ရေးသည်။
အဃောသ (Voiceless), ဃောသ (Voiced)
၀ဂ်ဗျည်းတို့၏ ပထမနှင့် ဒုတိယဗျည်းများ နှင့် သ-အက္ခရာ (က, ခ, စ, ဆ, ဋ, ဌ, ပ, ဖ, သ) တို့အား ဟိန်းသံ မပါပဲရွတ်ဆိုရ၍ အဃောသ (Voiceless) ဟုခေါ်သည်။ ဝဂ်၏ တတိယ နှင့် စတုတ္ထ (ဂ, ဃ, ဇ, ဈ, ဍ, ဎ, ဒ, ဓ, ဗ, ဘ) နှင့် (ယ, ရ, လ, ဝ, ဟ, ဠ) တို့သည် မြည်ဟိန်းသံ ပါအောင် ရွတ်ရသော ဃောသ (Voiced) များဖြစ်သည်။ လည်ချောင်း အသံအိုးနေရာတွင် လက်ဖြင့် အသာစမ်းသပ်ကြည့်ပါက၊ က, ခ စသော အဃောသသံများကို ရွတ်သောအခါထက် ဂ, ဃ စသော ဃောသသံများကို ရွတ်ဆိုသောအခါ အသံအိုး တုန်ခါမှုကို ပို၍ တွေ့ရပေမည်။
သရဆုံးသံ (Open Syllables), အသတ်သံ (Closed Syllables)
သရဆုံးသော အသံများအား သဒ္ဒဗေဒတွင် သရသံ (Open syllable) ဟုခေါ်သည်။ ပုံစံအားဖြင့် “အ, ဝါ, မေ, သော” စသော အသံများ ဖြစ်သည်။ ပါဠိဘာသာတွင် ဗျည်းဆုံးသော အသံများမရှိသော်လည်း၊ သရနောက်တွင် ဗျည်းနှစ်လုံးဆင့်သော သံယုဂ် (Conjunct Consonants) လိုက်က အသတ်သံ (Closed Syllable) ဟုခေါ်သည်။ ပုံစံအားဖြင့် “အတ္တ, မဂ္ဂ, သစ္စ” တို့တွင် “အတ်, မဂ်, သစ်”ဟု ဗျည်းနှစ်လုံးဆင့်တွင် အပေါ်ဗျည်း (သို့မဟုတ် ရှေ့ဗျည်း) နှင့် သတ်သော အသံဖြစ်သည်။ အသတ်ဆိုသည်မှာ open syllable များတွင်ကဲ့သို့ သရ၏ လေသံကို လွတ်လွတ်လပ်လပ် ဖွင့်၍ မထွက်စေပဲ နောက်ဗျည်းသံနှင့် သတ် (Stop) ၍ ရွတ်ဆိုခြင်းကို ဆိုလိုသည်။ နိုင်ငံတကာပါဠိအသံထွက်တွင် အသတ်သံကို ရွတ်ရာတွင် မြန်မာပါဠိသံကဲ့သို့ အသတ်သံ ပီပီသသ (ပုံစံ အတ္တ = အတ်တ ဟု) မထွက်ပဲ၊ ရှေ့သရသံကို နောက်ဗျည်းသံဖြင့် အုပ်၍ သတ်ပေးရုံံသာ (ပုံစံ အတ္တ = အ(တ်)တ) ထွက်ရသည်။
၆။ A Practical Grammar of the Pāli Language, Charles Droiselle
၇။ Pali – Weikipedia http://en.wikipedia.org/wiki/Pali
၈။ Phonology – Weikipedia http://en.wikipedia.org/wiki/Phonology
Saturday, August 9, 2008
အိုလံပစ်
Thursday, August 7, 2008
မနက်ဖန် အတွက် ဒီနေ့
သမိုင်းကောင်း ရေးသူများအား ဦးညွှတ်လျက် ~
Saturday, August 2, 2008
အသံတွေ ကြားနေရတယ်


