Sunday, August 31, 2008

သူငယ်ပြန်နေတယ်



24.08.2008 Sunday
အဲ့ဒီနေ့ကပေါ့
မိုးလင်းကတည်းက
ခန္ဓာကိုယ်ကြီးက ဘာမှမလုပ်ချင် မကိုင်ချင်ဘူး
စိတ်ထဲကတော့ လုပ်ချင်တာတွေ တခုပြီးတခု
တန်းစီပြီးပေါ်လာနေလိုက်တာ
လိုက်သိရတာတောင် အလျဉ်မမှီချင်ဘူး
ရင်ထဲကလည်း ကတုန်ကယင်နဲ့

ဒီလောက်ကြီးထိ ငါ..မဟုတ်သေးပါဘူး
ကော်ဖီသောက်မိလို့ များလား
ကော်ဖီနဲ့ လုံးလုံးမတည့်တော့ဘူးထင်တယ်
မခံစားနိုင်တော့ဘူး ရင်ထဲက လှိုက်ဖိုမောတဲ့ ဒီဒဏ်

ဟူး… စောင့်မျှော်ရတဲ့ အလုပ် တကယ်မောပါလား
ဘယ်လိုများပါလိမ့်...
ဒီကြားထဲကပဲ တစ်ကိုယ်တော် အလိုလို ရယ်ချင်နေမိသေး

11:45pm
သိပ်ကို ပင်ပန်းနေပြီကွာ
ခြေတွေ လက်တွေ မသယ်ချင်တော့ဘူး

12 midnight
လေယာဉ်ဆိုက်ပြီ
ဟော..လာပြီ..လာပြီ
..အော်..လက်တွန်းလှည်းပေါ်မှာ
ပုံ့ပုံ့လေး ထိုင်လို့ရယ်

Taxi ပေါ်ရောက်တော့
အချစ်ဦးကိုရင်ခွင်ထဲဆွဲထည့်ထားလိုက်တယ်။
အဟား.. အခုတော့လည်း
အချစ်အတွက် တဖန်မွေးဖွားခဲ့သလိုပါလား
အီးးးးယားးးးးးးးး (မြန်မာလို cheers!!!!!!!!)

(အမေ့ကို လေဆိပ်မှာ သွားကြိုတာ)

4 comments:

Yu Wa Yi said...

သူငယ်ပြန်ရအောင် ရှင်တို့ ကဘယ်လောက်များကြီးနေကြလို့ လဲ။ အဟဲ သူများတွေဆို အသက်လေးဆယ်မှ ဘ၀ စတာဆို...။

tg.nwai said...

ကျောင်းဆင်းချိန် အမေလာကြိုသလို ပျော်သွားတာလား သီတာ..။ အခုတော့ သီတာ ပျော်နေပြီပေါ့ ။ တို့တော့ အမေ အဲဒီရောက်နေလို. :(

တန်ခူး said...

ဖေတို့ မေတို့ နဲ့ ဆို အဲလို သူငယ်ပြန်ပြန်သွားတာ တခါတခါ စကားတောင်မပီတော့ဘူး…

သက်ဝေ said...

မေမေ့ကို လွမ်းတယ်...။