Sunday, October 26, 2008

သွေး အလှူ

Blog Roll တွေမှာ ကေ့ ရဲ့ Blog Action Day 2008 ဆိုတဲ့ ပို့စ်တွေ့နေတယ်။ မဖတ်သေးဘူး တမင်ကို မဖတ်သေးတာ။ စိတ်ထဲက ခံစားလို့ ရနေတယ်.. Blog နဲ့ Action တွဲဖို့ဖြစ်မယ်လို့…
တနေ့ကတော့ JulyDream က CBox မှာ အလည်တခေါက် လာရောက် ဖတ်ရှုသွားပါတယ် ခင်ဗျာ.. တဲ့ သူ့Blog ကို လိုက်လည်တော့ Blood Donation Recruitment Drive နဲ့ တိုးပါတယ်။ ချက်ချင်းပဲ email ပို့လိုက်ပါတယ် Subject က How to donate blood နဲ့။

ကေ့ post လည်း ဖတ်ပြီးသွားပါပြီ

အင်း- အောင်မြင် မူတွေ ကတော့..ရေးလို့ကောင်း..ဖတ် လို့ကောင်းသည်ပင်။ တဖက် မှာ လည်း..ဆင်းရဲ မွဲတေမူ ဆိုတာ.. ကူးစက် ရောဂါ တခု လို..အရှိန်အဟုန် နှင့် ကမ္ဘာတခြမ်းစာ လောက်.. မွမွ ကြေ လျက် ရှိ တုန်း ပင်။ ဒါပေမဲ့ လည်း..လွှတ်ချ လိုက် မလား..ကိုယ်နိုင်တာ..ဆက် ကိုင် ထားမလား.. ဒါကတော့..တယောက်ချင်း ရဲ့ သဘောထား ပါဝင်မူ သက်သက်။
ဆင်းရဲ မွဲတေမူ အတွက်..ကမ္ဘာတ၀ှမ်းက..လှူဒါန်းသမျှ ဟာ လည်း..အချမ်းသာ ဆုံး ဆိုတဲ့.. Global Fund ကြီး ထဲမှာ.. ရှိနေ ပါ ပြီတဲ့။ ...
-
အဲဒါကြောင့် .. ဆင်းရဲ မွဲတေမူ တိုက် ဖျက် ဖို့ အတွက်..လှူဒါန်း ပါဝင် သည့် နေရာ မှာ လည်း..
လှူဒါန်းမူ..( သို့) လုပ်ဆောင်မူ တခု သာ ဖြစ်ဖို့လိုကြောင်း.. Blog Action Day သို့။
(ကေ့ post မှ စာသား အချို့)

ကိုဧရာကလည်း လှူလိုပါသတဲ့။
နှစ်ယောက်စလုံးအတွက် ပထမဦးဆုံးသော အတွေ့အကြုံပါ။
မနေ့ကတော့ အောင်မြင်စွာ လှူနိုင်ခဲ့ပါပြီ။

ဘလော့ဂ် မောင်နှမတွေ အားလုံး။ မြန်မာပြည်သူ ပြည်သားတွေ အားလုံး။ သတ္တ၀ါတွေ အားလုံး…
ကုသိုလ် အမျှယူကြပါ။
ကုသိုလ် အမျှယူကြပါ။
ကုသိုလ် အမျှယူကြပါ။

(သွေးလှူနေတုန်း အမျိုးသမီး တစ်ယောက်က လာမေးတယ်။ ဘာကြောင့်လှူသလဲပေါ့။
ဒီမေးခွန်းကို ဖြေရရင်တော့ တော်တော်ရှည်မယ်။
ဒီရက်တွင်းမှာ ကိုယ့်ကိုရစ်ပတ်လွှမ်းထုံနေတဲ့ အတွေးတွေကတော့ ဒီမေးခွန်းရဲ့ အဖြေတွေပါ။)

ဧရာသီတာ


9 comments:

khin oo may said...

ုkom: သာဓု သာဓု သာဓု

စူး said...

သွေးလှူတာ လှုချင်လို့ လှုတာလို့ ဖြေရင်ရော...။
မြတ်နိုး ၅ ကြိမ်လှူဖူးပါတယ်။ လှူချင်လို့ကို လှူခဲ့တာပါ။
ကြုံကြိုက်ရင် တကယ်လိုတဲ့ လူတွေအတွက် လှူဖို့ အဆင့်သင့်ပါပဲ။

မြတ်နိုးကတော့ တကယ်လိုအပ်ရင် ဘာအကြောင်းပြချက်မှ ဆိုတဲ့ အပြောထက် ဘာမှမပြောပဲ ရော့..အင့် လို့ လှူချင်တဲ့သူပါ။

မြတ်နိုးကို လာမေးလည်း အဲလိုပဲ ဖြေမှာပါပဲ။

ဗေဒါရီ said...

အင်မတန် မွန်မြတ်တဲ့ အလှူတရပ်အတွက် လှိုက်လှိုက်လှဲလှဲ သာဓုခေါ်လိုက်ပါတယ်။

Kay said...

မရေ- ဆောရီးပဲ-
ဒီပို့စ်ကို ဘယ်လို မျက်စိကျော်သွားတယ်မသိ။ အမြဲတမ်း ဖတ်နေရင်း။ မနေ့က..စီဘောက်မှာ တွေ့တယ်လေ။ ရိုးရိုးပဲ နှုတ်ဆက်တယ် ထင်နေတာ။း)
ကိုဧရာ နဲ့လည်း..ဆွေးနွေးလို့ကောင်း။ အတွေးတွေ ပွား ဖြစ်နေတာ။

ခုမှ လာဖတ်ဖြစ်တော့တယ်။ သာဓု ခေါ်ပါတယ်- မတို့ ၂ ယောက်လုံးကို။ ပြောကြတယ်..မက..အရမ်းအေးချမ်းတဲ့ အသွင်ရှိတယ်တဲ့။ ( ဟိ- မြင်ဘူးတဲ့သူတွေက..ပြောတာ.. )
နောက်ဘ၀ မှာ..ပိုလို့ ကြက်သရေ တိုး..အေးချမ်းမိုး တွေသွန်းဖြိုးနိုင်ပါစေ လို့-

စကားမစပ်- ဇူလိုင် ကောင်လေး လည်း..တော်တော် လူမူရေးတွေ လုပ်နိုင်တယ်.. ကောင်လေးရေ- သာဓု..သာဓု..သာဓုး)

လင်းလက်ကြယ်စင် said...

မွန်မြတ်သော အလှူဒါနအတွက် သာဓုခေါ်မိပါတယ် :)

JulyDream said...

သွေးလှူချင်တဲ့သူတွေ ရှိရင် သွေးဘဏ်မှာ သွားလှူကြဖို့ တိုက်တွန်းလိုပါတယ်။ အခုလို အခမ်းအနားမျိုးကို ကြုံကြိုက်ရင်တော့လည်း လှူကြပါ။ ဒါပေမယ့် အခုလိုပွဲမျိုးကို တမင်တကာကြီးတော့ မစောင့်ကြပါနဲ့။ ကိုယ်က စောင့်နေလို့ ရပေမယ့် သွေးလိုနေတဲ့ လူနာအတွက်က စောင့်လို့ မရပါဘူး။ ဒါကြောင့် ၃ လ တစ်ကြိမ် ပုံမှန်လေး သွေးလှူစေချင်ပါတယ်။

သွေးလှူဘဏ်ကို ဘယ်လို သွားရလဲ မသိခဲ့ရင် ဒီ Post ( http://july-dream.blogspot.com/2008/09/bloodbankhsa.html )မှာ ဖတ်ကြည့်ပါ။

သွေးလှူဘဏ်မှာ ဘာတွေကို ဘယ်လို လုပ်ရမလဲ မသိရင် ဒီ Post ( http://july-dream.blogspot.com/2008/10/blood-donation-procedure.html ) မှာ ဖတ်ကြည့်ပါ။

အကယ်လို့များ သိချင်တာတွေ ရှိရင် ကျွန်တော့်ကို အီးမေးလ်ပို့ ပေးနိုင်ပါတယ် ခင်ဗျာ။

သွေးဆိုတာ... ဘ၀မှာ ထပ်ခါတလဲလဲ လှူလို့ရတဲ့ အလှူတစ်ခုဖြစ်လို့ အပန်းမကြီးရင် လှူစေချင်ပါတယ်။

Yu Wa Yi said...

သာဓု..သာဓု..သာဓု ပါ ကိုဧရာနှင့် မသီတာ မိသားစုရေ။ သွေးလှူခြင်းကုသိုလ်ကို သာဓုခေါ်သလို သွေးလှူနိုင်လောက်အောင်ရောဂါ
ကင်းပြီး ကျန်းမာခြင်းကို ဂုဏ်ယူဝမ်းမြောက်မိကြောင်းပါရှင်။

တန်ခူး said...

မ ရေ… ကိုယ်တိုင်က သွေးအားနည်းတဲ့ ရောဂါရှိလို့  လှူလို့ မရသူမို့  သူများလှူတာကို သာဓုခေါ်လိုက်မယ်နော်… သာဓု…သာဓု…သာဓု…

tg.nwai said...

ကိုယ့်ကိုယ်ထဲက သွေးတွေ ပိုက်ထဲကနေ တဆင့်ထွက်သွားပြီး လိုအပ်တဲ့ သူတွေဆီကို ရောက်တော့မှာပဲဆိုတဲ့ ပီတိမျိုး တို့လည်း တစ်ခါပဲ ခံစားခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ ကိုယ့်ကို ကိုယ် သက်လုံကောင်းအောင်တောင် မနည်း လုံးပမ်းနေရတာမို.သီတာတို့ နှစ်ယောက်ရဲ. မွန်မြတ်တဲ့အလှူကို သာဓုခေါ်လိုက်ပါတယ်နော်..။

(ကွန်နက်ရှင်မကောင်းလို့ ကွန်မက်ပေးဖို့ နေနေသာသာ ပို.စ်တောင် ဖြောင့်ဖြောင့် မဖတ်နိုင်လို. ခုမှပဲ....)