Monday, October 6, 2008

အဝေးအနွေး အနီးအအေး


အဝေးအနွေး - အနီးအအေး

သူ့ကိုတွေ့ရ
လမ်းတဖက်မှာ
ဥဒဟိုသွား
ယဉ်တန်းများကြား
ကူးနိုင်သေးဘူး
မီးနီဆဲလေ
မင်းသိရဲ့လား
သူရောက်နေပြီ
ရင်ထဲမှာ-

ခွဲခွာ နှုတ်ဆက်
လက်တကမ်းသာ
အပို မလို စကား
အေးစက်ခြင်းများ
နှောက်ယှက်နှိပ်စက်
ကားဆီးလို့လေ
မင်းသိလိုက်လား
အဝေးဆုံးကို
ပြေးသွားတာ…။

၇.၁၀.၉၆


2 comments:

khin oo may said...

တယ် မိုက်ပါလား။ ကွန်ကရက် ကျှူလေးရှင်း

sonata-cantata said...

7 Oct 08, 00:13
မြတ်နိုး: အမ .. အဝေးဆုံးကို ထွက်ပြေးသွားတာ.. မီးမီး အသည်းနှလုံးပါ