Monday, July 6, 2009

အလှတရား ရှာပုံတော် (၂)

စိမ်းလွှလွှ မြက်ကမ္ဗလာပေါ် အသာအယာ လဲလျောင်းလိုက်တော့ အေးမြမြ အထိအတွေ့က အလိုက်သင့်ထွေးယူတယ်…။ ပျော်ပျော်နေတတ်တဲ့ ကြယ်လေးတွေက ရင်ခုန်သံစည်းချက်နဲ့ မှိတ်တုတ်မှိတ်တုတ် ကလို့…။ သူတို့ ကချိုး,က နီးလာလိုက် ဝေးသွားလိုက်... တတ်လည်းတတ်နိုင်ကြပါရဲ့...။ တိမ်ခိုးလွင့် ခန်းဆီးနောက်က လမင်းရယ်လေ ပါးချိုင့်လေးပေါ်အောင် ပြုံးပြနေတယ်…။

နွဲ့နှောင်းတဲ့ အရိပ်တို့ရဲ့ ဖွဖွလေး နင်းတဲ့ ခြေသံ… အိပ်မောကျနေတဲ့ သစ်ရွက်လေးတွေရဲ့ တိုးသဲ့သဲ့ဟောက်သံ… ဝေယျာဝစ္စမများလှတဲ့ သစ်ပင်တို့ရဲ့ မနက်ဖန်အတွက် အစာချက်နေကြတဲ့ အသက်ရှူသံမှန်မှန်တွေက ဆိတ်ငြိမ်ခြင်း ဂီတသံကို ညင်ညင်သာသာ အားဖြည့်နေကြတယ်...။

ညမွှေးပန်းလေးတွေရဲ့ သင်းပျံပျံ ရနံ့က ညှင်းလေပြေနဲ့အတူ တလောကလုံးကို ချော့သိပ်နေတယ်…။ သူ့ရနံ့ကြောင့် လန်းဆန်းသွားတဲ့ အာရုံတွေကတော့ အကြည်ဓာတ်တခုဆီ ဦးတည်နေပြီ…။

မြူခိုးငွေ့လွင်လွင်တွေက ဖြေးဖြေးမှန်မှန် စင်္ကြန်လျှောက်နေတယ်…။ ကာလသား ကိုလေပွေကတော့ လက်ခေါက်မှုတ်သံ တရွှီရွှီနဲ့ ဟိုဟိုဒီ လမ်းသလားလို့…။

တည်ငြိမ်ခြင်းသည်သာ အခမ်းနားဆုံး အလှတရားလို့ မျက်လွှာချထားတဲ့ ကောင်းကင်ရင်ခွင်ကို ဘယ်နေရာက ကြည့်ကြည့် မြင်သာ ထင်သာနေတယ်…။

10 comments:

Craton said...

ဟိုက်... တယ်ဟုတ်ပါလား. ၁တွေဘာတွေရလို့.. စကားလုံးတွေက အမိုက်စားတွေအန်တီတာရေ့..

Rita said...

ကောင်းလိုက်တာ မမရယ်။ တကယ်ပဲ စိတ်ငြိမ်းချမ်းတယ်။

mae said...

မသီတာက စကားလုံးတွေ လှလှလေးတွေ ရေးတတ်လိုက်တာ..

အရမ်းဖတ်လို့ ကောင်းတယ်

Anonymous said...

kom မှ ကူညီသည်။

Anonymous said...

6 Jul 09, 23:47
Pauk: အလှတရား ၂ ကိုကြိုက်လွန်းလို့ ထပ်ကာ ထပ်ကာ ဖတ်နေပါတယ်..မမန့်ရဲလို့ ဒီကနေပဲပြောပါရစေ..မသီတာ

rose of sharon said...

ဖတ်လို့တကယ်ကောင်းတယ်... တကယ်တော့သဘာဝအလှကိုခံစားဖို့အချိန်မရတာ အတော်ကြာခဲ့ပြီဘဲ...

ရွက်လွင့်ခြင်း said...

နောက်ထပ် ရှာတွေ့ ရင်လည်း ဖြန့် ဝေပေးပါဦး
စကားလုံးတွေကို ကြိုက်တယ်

sonata-cantata said...

CBox မှ

6 Jul 09, 23:47
Pauk: အလှတရား ၂ ကိုကြိုက်လွန်းလို့ ထပ်ကာ ထပ်ကာ ဖတ်နေပါတယ်..မမန့်ရဲလို့ ဒီကနေပဲပြောပါရစေ..မသီတာ
6 Jul 09, 23:52
Pauk: ကိုရဲလွင်တို့ ကိုမောင်မောင်(အဉ္ဖလီ)တို့ ရေးတဲ့ စာသားတွေအလားး..
7 Jul 09, 06:12
mm: အလှရှာရင် အိမ်မှာ။ အဲ .အဲ..မရှိတော့ဘူး။ အဘွားနာမည်က အလှလေ......
7 Jul 09, 09:41
S-C: ပေါက်...လာချော့တာလား
7 Jul 09, 09:43
S-C: mmနော်... နောက်တောက်တောက်နဲ့ ...ဒီက ကြည်ချင်လို့ ကျောက်ချဉ်ထည့်နေတာကို..
7 Jul 09, 10:32
Pauk: အမှန်တရားတွေပြောပြတာပါ...
7 Jul 09, 12:02
myatnoe: တိမ်ခိုးလွင့် ခန်းဆီးနောက်က လမင်းရယ်လေ ပါးချိုင့်လေးပေါ်အောင် ပြုံးပြနေတယ်…။

tg.nwai said...

နက်မကောင်းလို့ အခုမှပဲ အလှတရားရှာပုံတော်ကို ပေါင်းဖတ်သွားးရပါတယ်..သီတာရေ...။ ရေးတတ်ပါပေ့ မသီတာရေ...

ရွှန်းမီ said...

သဘောတူပါတယ် မသီတာ =)