“မသီတာ ငယ်ဘ၀က ပျော်စရာကြီးနော်”
“အမဘ၀က အေးချမ်းလိုက်တာ…” လို့ မိတ်ဆွေ၊ သူငယ်ချင်းတွေက ပြောတတ်ကြပါတယ်။
ကောင်းတာတွေချည်း ရှေ့တန်းတင်ထားလို့ပါ… မကောင်းတာတွေလည်း ရှိပါတယ်။
ဘ၀ဆိုတာ ဒဂုံဦးထွန်းမြင့်ရဲ့ မင်္ဂလာကဗျာ ထဲက “ကောင်းဆိုးနှစ်တန် အစုံတွဲလို့ တလဲစီလှည့် အမြဲနေ” ဆိုတဲ့ စာသားလေးလိုပါ။
မသီတာ လက်ရှိ အခြေအနေက ကြောင့်ကြစရာ သိပ်မရှိတော့ နတ်ပြည်လေတိုက်နေသလိုလို၊ တဖက်ကလည်း စိတ်သွားတိုင်း ကိုယ်မပါတဲ့အခါ “အော် င့ါဘ၀နှယ် အကျယ်ချုပ် ကျခံနေရသလိုပါလား” လို့ တွေးမိပြန်ပါရော… အစွန်းနှစ်ဖက် ပြေးသွားနေပုံများ။
“ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်
မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်
နတ်စီတဲ့ အိပ်မက် လှလှများ လွယ်လွယ်နဲ့ မရ” ဆိုတဲ့ သီချင်းစာသားလေးက ဘယ်ခေါင်းစဉ်အောက်မှာမဆို မှန်ပါတယ်။
မသီတာ အင်ဂျင်နီယာ ပညာရပ်ကို အခြေအနေအရ ဆယ်နှစ်နီးပါး သင်ကြားခဲ့ရပါတယ်။ ဒါပေမဲ့ အင်ဂျင်နီယာ မဖြစ်ခဲ့ပါဘူး။ ဘယ်တုန်းကမှ မဖြစ်ချင်ခဲ့တဲ့ အင်ဂျင်နီယာ၊ ဘယ်တော့မှလည်း မဖြစ်တော့ပါဘူး လို့ သိရတဲ့ ခုချိန်မှာ နောင်တ ဖြစ်မိပါတယ်။
(၁)
လွန်ခဲ့တဲ့ လေးငါးနှစ် မသီတာ ရန်ကုန်ပြန်တုန်းကပေါ့ …
မသီတာ ရောက်တယ်ကြားတော့ နယ်က အဖေတို့မိတ်ဆွေအမကြီး အိမ်လာလည်တယ်။ သူ့သမီးလေးကလည်း အင်ဂျင်နီယာ ဘာသာရပ်နဲ့ပဲ ကျောင်းပြီးကာစ ဆိုတော့ သူ့သမီးလေးကို စင်္ကာပူ လွှတ်ဖို့အတွက် ဘာတွေ ပြင်ဆင်ရမလဲ မေးချင်လို့ပါတဲ့…။ ဖြစ်ချင်တော့ မသီတာတို့က မန္တလေးကို တက်သွားနေတဲ့အချိန်၊ သူလာတဲ့ နေ့ ညမိုးချုပ်မှ မန္တလေးက ပြန်ရောက်တာမို့ လွဲသွားကြတယ်။
အဲ့ဒီအလွဲဟာ မသီတာအတွက် အနာတခု ဖြစ်ကျန်ခဲ့တာပါပဲ…
နောက်တနေ့ မကြီးက “နင်နဲ့ တွေ့ချင်လို့တဲ့ မနေ့က မမလှတို့လာတယ်… အဖေနဲ့ပဲတွေ့သွားတယ်… အဖေ ဘာတွေပြောလိုက်တယ် မသိပါဘူး…” လို့ မျက်နှာမသာမယာနဲ့ ပြောလာတော့
အဖေ့ အခန်းထဲသွားပြီး…
“အဖေ မမလှတို့ လာတယ်ဆို”
“အေးလေ.. သူ့သမီးလေးလည်းပါတယ်…စင်္ကာပူ သွားချင်လို့ ဘာတွေလုပ်ရမလဲ လာမေးတာ တဲ့”
“အဖေ ဘာပြောလိုက်တုန်း”
“ငါလည်း အေး သီတာ ဘာတွေလုပ်တယ်တော့ မသိဘူး… ဟိုနားမှာတော့ အိမ်ဖော်သွားလုပ်တဲ့ ကောင်မလေးတွေ ပို့ပေးနေတာရှိတယ်.. အဲ့ဒါတော့ သိတယ် လို့ ပြောလိုက်တယ်။”
“ဟာ အဖေ ဒါတော့ မှားပြီ… ဒါတော့ အဖေ မှားသွားပြီ… အဲ့သလိုပဲ ပြောလိုက်ရလား အဖေရယ်… သူ့သမီးကို ချိုးနှိမ်ပြီး ပြောလိုက်တယ် ထင်သွားရင်တော့ အခက်ပဲ”
“မထင်ပါဘူး... ငါလည်း ငါသိတာ ငါ ရိုးရိုးသားသား ပြောလိုက်တာပဲ” တဲ့
ဟုတ်ပါတယ်။ အဖေက သူသိတာကို သိတယ်၊ မသိတာကို မသိဘူး လို့ ရိုးသားစွာ ပြောလိုက်တာပါ။ တမိပေါက်တယောက်ထွန်း အင်ဂျင်နီယာဘာသာကို သင်ကြားခွင့်ရခဲ့တဲ့ ကျမကိုယ်တိုင်ကသာ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကိုမှ ကိုယ်နဲ့ သက်ဆိုင်တဲ့ ကဏ္ဍလေးကိုတောင် အသိပညာ ဝေငှနိုင်လောက်အောင် ဒီတသက်တော့ မစွမ်းသာတော့ပြီလို့ ရင်ထဲမှာ ဖြစ်လိုက်ရတဲ့ ဝေဒနာက သေရာပါ။
*****
(၂)
“အင်ဂျင်နီယာ မဖြစ်ပေမဲ့ အင်ဂျင်နီယာကတော်တော့ ဖြစ်ပါတယ်” ဆိုတာလို ကလေးဆန်တဲ့ ကြွားလုံးမျိုးနဲ့ အစပျိုးပြီး အနာပေါ် တုတ်ကျတဲ့ အဖြစ်လေး ပြန်ပြောပါရစေဦး
မသီတာ အလုပ်တခုခု လုပ်တော့မယ် ဆိုရင် ထုံးစံအတိုင်း အိမ်ဦးနတ်ကို တိုင်ပင်ရပါတယ်။
“ဘာအလုပ်မျိုးလဲ၊ ဘာလုပ်ရမှာလဲ၊ ဘယ်လောက်ရမှာလဲ…” ဒါတွေကတော့ မပြောမဖြစ်တဲ့ အချက်တွေ…။
တခါတော့ အင်ဂျင်နီယာအလုပ် မလုပ်နိုင်တဲ့ မသီတာ၊ အရောင်းစာရေး လုပ်ဖို့ကိစ္စကို အခြေအတင် ဆွေးနွေးကြပါတယ်။
သူက “သီတာ့ကို ကိုယ် မပြောဘူး။ ဘာမှ မပြောဘူး။ သီတာက လုပ်ချင်တယ်။ လုပ်သင့်တယ် ထင်ရင် သွားလုပ်။ ဒါပေမဲ့ တခုတော့ပြောမယ် ကိုယ်လုပ်တဲ့ အလုပ်က အိမ်ဖော်တယောက် ထားနိုင်လောက်တဲ့ ၀င်ငွေတော့ အနည်းဆုံး ဖြစ်သင့်တယ်” တဲ့…။ ကလေးနှစ်ယောက်ကို အချိန်ပြည့် ထိန်းကျောင်းနေရတဲ့ မသီတာကို သူ အမှန်အတိုင်း သုံးသပ်ပြလိုက်တာ ဖြစ်မှာပါ။
“သီတာ့ကို အလုပ်မရှိဘူးလို့ ကိုယ် ဘယ်တုန်းကမှ ထင်မထားဘူး။ မြင်မထားဘူး” လို့ သူ့စကားကို အဖတ်ဆယ်သလို တဆက်တည်း ပြောပါသေးတယ်။ မသီတာ ဘာ စကားမှ ဆက်မပြောနိုင်တော့ပါဘူး။
နောက်တနေ့မှာတော့ အဲ့ဒီအလုပ်ကို မလုပ်တော့ပါဘူးလို့ ဆုံးဖြတ်ချက်ချပြီး သူသိအောင်ကြေငြာလိုက်တဲ့ အခါ…
“အင်း ကောင်းတယ်။ ပျော်ပျော်နေစမ်းပါ…” လို့ သူဆိုလာတော့
လမင်းမိုမိုရဲ့ နာမည်ကျော် “မောင်” ၀တ္တုထဲက
“…မင်း ငါ့မိန်းမ ဖြစ်သွားပြီ
အဲ့ဒီတော့ မင်း ဒီအိမ်မှာ အငြိမ့်သားနေပါ။ အခန့်သား စားပါ။
ဖြစ်ချင်တာကို လုပ်ပါ။ လိုချင်တာကို ၀ယ်ပါ။
မင်းတို့ ပြောတဲ့ မတောင့်မတ မကြောင့်မကြ.. တင့်တောင်းတင့်တယ် အခြေအနေမှာ မင်းကို ငါထားမယ်” ဆိုတဲ့ မာနကြီးတဲ့ စပ်နေဗလရဲ့ အသံကို ကြားယောင်မိတယ်…။
*****
ဒီအကြောင်းတွေက…
အမဘ၀က အေးချမ်းလိုက်တာ အားကျတယ် လို့ ပြောတဲ့ ညီမလေးတွေ…
အင်ဂျင်နီယာအလုပ်နဲ့ အိမ်ထောင်ရှင်မ ဆိုတာ တော်တော် ဆက်စပ်ဖို့ ခက်တာပဲလို့ ပြောတဲ့ အင်ဂျင်နီယာဘွဲ့ရအမကြီးတွေ...ကို တနေ့ကျရင် ပြောပြရဦးမည့် ဘလော့ဂ်ဂါ မသီတာရဲ့ အဖြစ်တွေ…
ကိုဧရာကို ခဲနဲ့ လာမပေါက်ကြနဲ့ဦးနော်
စာရေးဆရာမကြီးတွေကို အားကျလို့ ရေးကြည့်တာပါ။

27 comments:
စာရေးဆရာမလုပ်ပါ မသီတား)
အဆိုတော်လုပ်ပါ..
nursery တွေမှာလေ..
အဆိုတော်လုပ်ပါ..
nursery တွေမှာလေ..
(အင်ဂျင်နီယာ ပညာရပ်ကို အခြေအနေအရ ဆယ်နှစ်နီးပါး သင်ကြားခဲ့ရပါတယ်။ ဒါပေမဲ့ အင်ဂျင်နီယာ မဖြစ်ခဲ့ပါဘူး။ ဘယ်တုန်းကမှ မဖြစ်ချင်ခဲ့တဲ့ အင်ဂျင်နီယာ၊ ဘယ်တော့မှလည်း မဖြစ်တော့ပါဘူး လို့ သိရတဲ့ ခုချိန်မှာ နောင်တ ဖြစ်မိပါတယ်။)
ဘယ်လိုင်းကို ပြောင်းရမလဲ လို့ စဉ်းစားမိရင် တခြား ဂြိုဟ်ကို ရောက်သွားသလိုပဲ။ မြန်မာပြည် ပြန်ရမလား လို့ စဉ်းစားမိရင် တခြား ဂြိုဟ်ကို ရောက်သွားသလိုပဲ။
***
(“…မင်း ငါ့မိန်းမ ဖြစ်သွားပြီ
အဲ့ဒီတော့ မင်း ဒီအိမ်မှာ အငြိမ့်သားနေပါ။ အခန့်သား စားပါ။ ဖြစ်ချင်တာကို လုပ်ပါ။ လိုချင်တာကို ၀ယ်ပါ။
မင်းတို့ ပြောတဲ့ မတောင့်မတ မကြောင့်မကြ.. တင့်တောင်းတင့်တယ် အခြေအနေမှာ မင်းကို ငါထားမယ်” ဆိုတဲ့ မာနကြီးတဲ့ စပ်နေဗလရဲ့ အသံကို ကြားယောင်မိတယ်…။)
:)))
င်္facebookမှာ သူများတင်ထားပေးတာကို သွားသတိရလို့။ ရေးတဲ့သူတော့ မသိဘူး။
mm
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကိုရင်ဒေါက်တာ ဥဥဂုရု က မိန်းမမြတ်ဆိုပြီး လုပ်လို့ တော်တော်လေးပွဲဆူသွားတယ်။ မဆူခံနိုင်ရိုးလား ဘယ်နှဆွေးကမှန်းမသိတဲ့ အဟောင်းအမြင်းတွေထဲက ဆွဲထုတ်လာပြီး သူရေးတာမဟုတ် ရှေးပိန်ညှာယှိတွေ ရေးတာပါဆိုပြီး ထမရည်ပူလျှာလွှဲက လုပ်သွားသေးတယ်။ ပြီးတော့ Tag ထားလိုက်တာ တပုံတခေါင်းကြီး။
သူ့မိန်းမ မပြောရဲသမျှ Facebook မှာ Notes တွေ စွတ်ရေးနေသလား အောက်မေ့ရတယ်။ ( လွန်တာရှိ ၀န်ဒါမိပါ အားကိုဂျီး။ ရမ်းပြောလိုက်တာ ဟုတ်နေရင် မရည်ရွယ်ဘဲ တိုက်ဆိုင်ခြင်းသာ ဖြစ်ကြောင်း .. ကြိုကန်ထားပါရစေ ခွိခွိ )
ကဲ ... မြတ်သော မိန်းမ ဆိုတာ ဘာလဲ သိလား ....။ ဒီနေရာမှာ လင်မရသေးတဲ့ အပျိုတွေ မုဆိုးမ တခုလပ်တွေ မပါဘူး။ အိမ်ထောင်လက်ရှိ မိန်းမတွေကိုပဲ ပြောတာ။ စာလို ပြောရင်တော့ မြတ်သော မယားပေါ့ဗျာ။
အိမ်ထောင်ကျပြီးတဲ့ မိန်းမတွေ ကိုယ့်ကိုယ်ကို မညှာတမ်း မေးခွန်းလေးတခု မေးကြည့်။
အပျိုတုန်းက ရွှေပေါ်မြတင် ဘာမွှေးမှ မီးမဟပ်ဘဲ (ခြေမွှေးတို့ လက်မွှေးတို့ ပြောပါတယ်။ ) သင်ပေါင်းပိုးလို အိပ်လိုက်စားလိုက်နေလာတာ လင်ယူပြီးမှ သေအောင်လုပ်နေရရင် ဒါ ရှုံးသောမိန်းမ။
အပျိုတုန်းက အေးဆေး လင်ယူပြီးမှ ဖတ်သီလိုက်နေအောင် လုပ်စားရတဲ့အပြင် သောက်သုံးမကျတဲ့ လင်နုံလင်ဖျင်းကို ယူထားမိလို့ ကိုယ်က ရှာကျွေးနေရရင် ဒါ စောက်ကျိုးနည်း ရှုံးသောမိန်းမ။
ဒီကြားထဲ ဟိုအရည်တွေသောက်လာပြီး ရိုက်လားပုတ်လား လုပ်နေတာကို ကလေးမျက်နှာ ဘာညာသာရကာနဲ့ ဆက်ပေါင်းနေတဲ့ မိန်းမဆိုရင် မဟားဒယား ပက်ပက်စက်စက် ရှုံးသော မိန်းမ။
အပျိုတုန်းကလည်း ရှာစားရတာပဲ လင်ယူပြီးလည်း ရှာစားရတာပဲဆို ဘဲစားဘဲချေ။ ဒုံရင်းဒုံရင်း ကုလားကြီးနဲ့ အရာကြီး ( ဟာ ရှုပ်ကုန်ပြီ။ )
လင်ယူပြီးမှ ရှာစားစရာ မလိုတော့ဘူး .. အမေပေးတဲ့ လယ်တကွက်မှာ ထွန်ဖို့ နွားကြီး ရပြီဟေ့ ဆိုပြီး နဖါးကြိုးလေး ဆွဲလို့ ... ချော့တခါ ခြောက်တလှည့်နဲ့ ... ထိုင်စားနေရပြီဆိုရင် မြတ်သောမိန်းမ
အပျိုတုန်းကတော့ ဘယ့်နှယ်မသိ အိမ်ထောင်ကျတော့ နွားပြာကြီး အောက်သွားမရှိဆိုတာကြီးနဲ့ ... နဖါးကြိုးတောင် မထိုးရဘူး ဘွတ်အဲ ဘွတ်အဲ နဲ့ ... ကွန်ဒိုနဲ့ လင်ခြူဆာနဲ့ ဟယ်လိုနဲ့ ဆိုရင် ကောင်းမြတ်သောမိန်းမ .. ဘာလို့လည်းဆိုတော့ ကောင်းကောင်းမြတ်လို့။ သူ့လောက်မြတ်တာတောင် သူ့လောက်မြတ်မယ် မထင်ဘူး။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဝါးလုံးခေါင်းထဲက အပြင်ထွက်ချင်၊ အပြင်က ဝါးလုံးခေါင်းထဲဝင်ချင်....
ဒါလဲ ကံကောင်းတာပဲ မဟုတ်ဘူးလား :D
ကံကောင်းပါတယ် ..း))
စိတ်ဝင်စားအောင် ရေးတတ်တယ်နော် အမ...
အားကျနေတဲ့ ညီမလေးတွေဆိုတာ ဇွန်တို့ကိုများ ရည်ရွယ်သလား မမ။း)
ဇွန်တော့ အလုပ်ချည်းလုပ်ရတာ ညည်းငွေ့လာလို့ အပြောင်းအလဲ ဖြစ်ချင်နေတာ။ အဟက်... :D
အလုပ်မရှိဘူးတော့ မဟုတ်ပါဘူး။ အမ မြန်မာစာသင်ပေး သလိုမျိုးတွေ လုပ်လို့ရတာပဲ။
ကျွန်တော့် အမျိုးသမီးလည်း ရန်ကုန်မှာတုန်းက အလုပ်လုပ်လာတော့ ဒီမှာ ပျင်းလှချည်ရဲ့ ဖြစ်နေပြီ။ ကလေး ၂ ယောက်အားကလည်း မသေးလှဘူး မဟုတ်လား။ အလုပ်လုပ်တာ မလုပ်တာ ကောင်းတဲ့ဖက် ဆိုးတဲ့ဖက် ရှိတာပါပဲ။
မမွန်ပြောတဲ့ထဲက ကောင်းမြတ်သော မိန်းမ ဖြစ်ချင်လိုက်တာ။
:D
ရွှန်းမီ ပြောတာကို ထောက်ခံတယ်၊ စာရေးတဲ့ အလုပ်လုပ်ပါ မသီတာ၊
မသီတာကို အမကြီးတယောက်လို သဘောထားပြီး ချွဲပိုပြီး ပြောလိုက်တယ်နော်၊
ငယ်ငယ်တုန်းကတော့ အိမ်ကို “အလုပ်လုပ်စရာ မလိုဘူး၊ သူက လုပ်ကျွေးမှာတဲ့” လို့ ဂုဏ်ယူပြီး ပြောမိတော့ “နင်သင်ထားတာတွေ နှမျောစရာကြီးတဲ့”၊
ကိုဧရာနဲ့ သတဘောတည်း “လခရနေမှ အလုပ်လုပ်နေတာ မဟုတ်ဘူး” လို့ သူက ပြောပါတယ် မသီတာ၊
အခုတော့ အခြေအနေအရပါပဲ မသီတာ၊
ဒီအချိန်မှာ ဒီလို ဖြစ်ရမယ်လို့ သတ်မှတ်ထားပြီးသား လို့ပဲ သဘောထားပြီး နေနေလိုက်ပါတယ်၊
ဟဟဟ....
သေချာတယ် အားကျနေတဲ့ ညီမလေးတွေဆိုတာ ဂျင်းတို့ကို ပြောတာလုံးဝသေချာတယ် :D
ကောင်းမြတ်သောမိန်းမဖြစ်ရန် နည်းလမ်းများ ဆိုပြီးဖွင့်တဲ့ သင်တန်းရှိရင်တော့ မဇွန်နဲ့ ညီအစ်မ နှစ်ယောက်သား ပြေးတက်လိုက်ဦးမယ် :D
ဂျင်ဂျင်း
မမရေ ဆက်ရေးပါ။
ဒီလို ဘဝတူတွေ အရမ်းဖတ်ချင်မှာပါ။ မယ့် အသိအန်တီတစ်ယောက် RIT က EC ပြီးပေမယ့် ဒီမှာ အငြိမ်းစားနေနေတာ။ သူလည်းကြာလာတော့ စိတ်ညစ် ။ သားတွေ အကုန်လက်လွတ်မှ အလုပ်ပြန်လုပ်ပြီး ခုတော့လည်း ငြိမ်းငြိမ်းအေးအေးပါ။
ဒါနဲ့။ မမမွန် အတော် ပေါက်ကွဲနေပါလား :D ...
ပျော်ပျော်နေစမ်းပါ...း)
အဲ..မမွန်ရေးတာမဟုတ်ဘူး.. facebookမှာ သူများတင်ထားတာတွေ့လို့ ကူးလားတာ..ဟားဟား
mm
မမသီတာ...
အလုပ်တွေ မပြီးလို့ စိတ်ညစ်တဲ့ အခါတွေများ ညညဆို အိပ်မက်ထဲမှာတောင် အလုပ်တွေဆက်လုပ်နေမိ၊ ညလယ်တွေမှာ လန့်လန့်ပြီးနိုး၊ မနက်..မနက်... အိပ်ရေးမ၀ပဲ လူးလဲထပြီး ရုံးသွား၊ သူများတွေနားနေတဲ့ ပတ်ဘလစ်ဟောလီးဒေးမျိုးမှာတောင် အလုပ်တွေထိုင်လုပ်နေရ၊ အဲဒီအခါ အိမ်ကလူကို .... အော်..ကိုယ့်ဘ၀များ ပင်ပန်းလိုက်တာ.... ယောက်ျားလုပ်စာ အေးအေး ထိုင်စားရမဲ့ ကုသိုလ်ပါမလာသူကိုးလို့... ညည်းညူမိ....။
မမသီတာရေ... မမသီတာ ဘ၀ကို အားကျနေသူတွေ မရှိဘူးထင်သလား...
း-)
မမရေ....
ငယ်ငယ်တုန်းက(၈ တန်း ၊ ၉တန်းလောက်က) ဘေးအိမ်က အန်ကယ်ကြီးက အိမ်ကိုလာလာလည်ပြီးရင် အိမ်က ကြီးကြီးတို့ကို ပညာတတ်ပြီး အိမ်မှာပဲ နေတယ်။ တတ်ထားတဲ့ ပညာနဲ့ မလုပ်စားလို့ဆိုပြီး မစပ်သောငရုတ်လို့ ပြောပြောသွားတယ်။ ပြီးတော့ ညီမတို့ကိုလဲ ညည်းတို့လဲ မစပ်သောငရုတ်မဖြစ်စေနဲ့နော်လို့ မှာမှာသွားတယ်။ အန်ကယ်ကြီးတို့ လင်မယားနှစ်ယောက်လုံးက တက္ကသိုလ်က ဆရာတွေလေ။ ဒါနဲ့ ညီမအသိစိတ်ထဲမှာ ကြီးလာရင် မစပ်သောငရုတ်မဖြစ်စေရဘူးဆိုတဲ့ အသိကစွဲနေတယ်။ ပြီးတော့ အန်ကယ်ကြီးသမီးအကြီးဆုံးမက ဆရာဝန်လိုင်းမှီတယ်။ သမက်ရောပဲ။ ကျောင်းတဝက်တပြတ်နဲ့ပဲ ခုတော့ ၂၄ နာရီ လက်ဖက်ရည်ဆိုင် ဖွင့်ကြတယ်။ သူ့သမီးရော သမက်ရော မစပ်သောငရုတ်ဖြစ်သွားတယ်ဆိုပြီး အိမ်က ကြီးကြီးတို့က ပြန်ပြောကြတယ်။ အခုတော့ မစပ်သောငရုတ် မဖြစ်အောင်ကြိုးစားရင်းနဲ့ စပ်မစပ်တော့မသိဘူး မောနေပြီမမ။ :D
“မသီတာ ငယ်ဘ၀က ပျော်စရာကြီးနော်”
“အမဘ၀က အေးချမ်းလိုက်တာ…”
သြော်... မီးမီးတယောက်တည်းဟုတ်ဘူးကိုးးးး
ဟီးဟီး
အမ... အမတတ်ထားတဲ့ပညာနဲ့အလုပ်မလုပ်ရလဲ..
အမသိထားတဲ့ အသိတွေကိုမျှဝေပေးတဲ့အလုပ်မျိုးတွေလုပ်လို့ရတာပါပဲ..အမရဲ့။
ဘ၀မှာ ဘော်လန်တီယာလိုမျိုးအလုပ်တွေ ကိုယ်ကလုပ်ချင်ဦးတောင် အချိန်ပေးနိုင်မှ.. ကိုယ်တိုင်ကလဲလုပ်ချင်စိတ်လေးရှိဦးမှ..
အမက သား၂ယောက်အတွက် အနီးကပ်ပြုစုပျိုးထောင်ရတာ..တကယ်ဆို အမချစ်ချစ်ကြီးထက်ပိုတာဝန်ကြီးတယ်..အမရဲ့။
ပီးတော့ ကလေးတွေအတွက်လည်းပို အားရှိတယ်။ အမလုပ်နေတဲ့ အိမ်အလုပ်ကလဲ ကိုယ်ချစ်တဲ့ မိသားစုအတွက် လုပ်တာဆိုတော့ အမရဲ့ အလုပ်က ပီးပြည့်စုံတယ်..အမမှာ သြဇာရှိတယ်။ ပါဝါရှိတယ်။
အမချစ်ချစ်ကလည်း အမကို နားလည်ပေးတာ..ကဲ ဘာလိုသေးလဲ..
အမသာအပြင်မှာလုပ်ရင် အမကို ချစ်ချစ်လိုနားလည်ပေးမှာမဟုတ်သလို တခါတခါ ပါဝါသွားပြလို့..ကွိုင်နေမှာ..အမရာ.. သား၂ယောက်ရဲ့မိခင် ချစ်ချစ်ရဲ့အရေးပါသူအဖြစ် ဂုဏ်ယူလိုက်ပါ..ဟီးးး
အမမှာ လုပ်စရာတွေအများကြီးပဲကိုးးးးးဟွန်း
ခဏ ခဏ လာဖတ်ပြီးပြီ...
သီတာရေးတတ်တာ သဘောကျလွန်းလို့ ဘာပြန်ပြောရမှန်းမသိဖြစ်ပြီး ပြန်သွားတာ....
လောကကြီးမှာ စိတ်ချမ်းသာအောင်နေတတ်ဖို့ တော်တော်လေး အရေးကြီးတယ်ဆိုတာ တဖြည်းဖြည်းနဲ့ သိလာတယ်...
ပျော်ပျော်နေပြီး စာတွေ များများရေးပါ သီတာ...
မသီတာရေ..
ပြောပြရဦးမည့် အဖြစ်တွေ ကို ခဏခဏ လာဖတ်တယ်။ ကောမန့်မရေးခဲ့တာ။ (Electronics) နဲ့ဘွဲ့ရပြီး အပြင်အလုပ်မလုပ်တာ ဒီနိုင်ငံမှာ ညီမသိတာ (3)ယောက်ရှိပြီ။ အပြင်က အသိအစ်မ တစ်ယောက်ရယ်၊ မသီတာရယ်၊ ညီမရယ်၊ အစ်မတို့ နှစ်ယောက်က ကလေးတွေတာဝန်နဲ့ ဘုန်းကြီးကျောင်းမှာ စာသင်တဲ့အလုပ်နဲ့ဆိုတော့ အပြင်အလုပ်မလုပ်တာ သင့်တော်ပါတယ်။ ညီမက ကလေးလည်း မရှိ၊ တခြားလူမှုရေးလုပ်ငန်းလည်း မလုပ်ပဲနဲ့လေ။အမှန်တိုင်းပြောရင် အလုပ်ကလျှောက်ပါတယ်။ မရတာပါ။ ကြာလာတော့ စာတွေက ကျောင်းကိုပြန်သွားသလားမသိဘူး၊ အင်တာဗျူးသွားရမှာ ကြောက်လာတယ်။ ကိုယ့်ကိုယ်ကိုယ်အသုံးမကျသူလို့ ထင်လာတယ်။ မြန်မာပြည်မှာ လက်ထောက်အင်ဂျင်နီယာအဖြစ် အစိုးရအလုပ်လုပ်ခဲ့ဖူးတဲ့ ဌာနနဲ့ ရာထူးကို ဒီမှာ ဘယ်သူ့မှ မပြောဘူး၊ ညီမကြောင့် ဒီဌာနကလူတွေ ဒီလိုညံ့သလား အထင်ခံရမှာစိုးလို့။မသီတာတွေးခဲ့တဲ့ အရောင်းစာရေးအလုပ် ညီမလုပ်ဖူးတယ်။
အရောင်းစာရေးလုပ်တာ့ ညီမကြုံခဲ့ရတဲ့ ပတ်ဝန်းကျင်က သိပ်အဆင်မပြေခဲ့ဘူး၊ (ကိုယ့်ကိုယ်ကိုယ်ငါသူတို့ထက်ပညာတတ်တယ်။ မဖြစ်သာလို့ လုပ်နေရတာဆိုတဲ့ စိတ်ဓာတ်လုံးဝမထားခဲ့ဘူး)။
ဒီမှာအရောင်းစာရေးလုပ်တဲ့လူဆိုတာ O'level တောင်မရောက်တဲ့လူတွေပါ။ များသောအားဖြင့် အတွေးအခေါ်မတူဘူး၊ စိတ်ထားတွေလည်း မတူဘူး၊ လူမျိုး၊ ယဉ်ကျေးမှုမတူလို့လား၊ ဒါမှ မဟုတ် ညီမကံဆိုးလို့ ညီမကြုံခဲ့ရတဲ့ ပတ်ဝန်းကျင်က ဒါမျိုးဖြစ်နေတာလားမသိဘူး၊ အဆင်မပြေလို့ ၂ လခွဲနေတော့ အလုပ်ထွက်လိုက်တယ်။ အခုတော့ တခြားတစ်နေရာမှာ တစ်ပတ် (၄)ရက်လောက် ပေါ့ပေါ့ပါးပါး part timer လုပ်နေတယ်။ အိမ်မှာ ကလေးမရှိပဲ အားနေတာ အလုပ်တစ်ခုခုရှိအောင်လုပ်လိုက်တာပါပဲ။
(ပျောက်နေတယ်ဆိုတဲ့ ညီမပါ မသီတာ၊ :P အမည်မသိနဲ့ပဲ ကောမန့်ရေးသွားတယ်)။
မသီတာလုပ်နေတဲ့ အလုပ်တွေ အများကြီးပါ အစ်မ။ စိတ်မပျက်ပါနဲ့၊ ညီမငယ်ငယ်က အမေက နယ်စပ်မှာ အလယ်တန်းကျောင်းအုပ်ရာထူးတိုးလို့သွားတယ်၊ အစ်ကိုအစ်မတွေက ကျောင်းတက်နေကြတယ်။ အဖေနဲ့ နှစ်ယောက်ထဲ အိမ်မှာနေရတယ်၊ အဖေရုံးက မပြန်မချင်း အိမ်မှာမနေရဲလို့ အိမ်လည်နေရတာ။ နေ့တိုင်း ဆိုင်က ထမင်းနဲ့ဟင်း ချိုင့်ဆွဲစားခဲ့ရတာ တော်တော်စိတ်ညစ်ခဲ့ရတယ်။ အစ်မအပြင်အလုပ်ထွက်မလုပ်တာ မသီတာသားလေးတွေအတွက် အများကြီးကောင်းပါတယ်။ အထူးသဖြင့် မြန်မာပြည်လို ဝိုင်းဝန်းကြည့်ရှူ၊ ဆုံးမပေးမယ့် ဆွေမျိုးရှားတဲ့ ဒီနိုင်ငံမှာ မိခင်က သား၊သမီးနဲ့ ရင်အုပ်မကွာစောင့်ရှောက်နိုင်ခွင့်ရတာ နည်းတဲ့ ကုသိုလ်မဟုတ်ဘူး၊
ဒီမှာအရောင်းစာရေးလုပ်တဲ့လူဆိုတာ O'level တောင်မရောက်တဲ့လူတွေပါ။>>>>>
အဲဒါ ဒီနိုင်ငံသားတွေကိုပြောတာပါ။ မြန်မာတွေ၊ ဖဥင်္ီးထုတ်တွေကတော့ ဘွဲ့ရတွေပဲ
hi, thida. very good post. i am also a professional who does not work, looking after the family, but with very little regrets. i do not want to comment on any, whether you should work or not. we are used to fill in the blanks where it is required, right? as long as we are reducing greed, anger and delusion, we are on the right path. with metta
ktm.
ဘ၀တူတွေ။
သီတာရေ..ရပြီးသားအလုပ်တခုကို PR မဟုတ်ဘဲ.တလခွဲနဲ့ အလုပ်ထွက်ထားတယ်..အခုလောလောဆယ်တော့မနက်စောစောအလုပ်လျှောက်ပြီးတာနဲ့ blog post တွေလည်ဖတ်နေတာ.နင့်ရဲ့ အခု post အဟောင်းလေးဆီကိုရောက်လာတယ်..ငါကတော့ နင်နဲ့ ခင်ဆွေဦးကိုအားကျမိသား..ပြူးကိုငါခနခနပြောဖြစ်တယ်..ဒါပေမဲ့လဲတခါတခါကျတော့ကိုယ်လုပ်ချင်တာကိုဘယ်သူ့ကိုမှငဲ့စရာမလိုဘဲလုပ်ခွင့်ရတဲ့ဘ၀မျိုးကို ဥမ္မာတင်က အားကျနေပြန်တယ်..အကောင်းအဆိုးဒွန်တွဲနေတာမျိုးကိုတော့ လောကကြီးက ဖန်တီးပေးထားပါတယ်..ပျော်ရွှင်သာယာတဲ့မိသားစုလေးနဲ့အတူ..ဘာသာ..သာသနာအကျိုးသယ်ပိုးနိုင်ပါစေ..သူငယ်ချင်း
မိုးကြိုင် (ဟုတ်ပါတယ်နော်) လာအားပေးလို့ ကျေးဇူး သူငယ်ချင်း
ကော်မန့်ပေးထားသူအားလုံးနဲ့ စာဖတ်သူ အားလုံးကို ကျေးဇူးပါ။
Post a Comment