ကမ္ဘာဦးအစ လူသားဖြစ်ပေါ်လာပုံအား ဒီဃနိကာယ် အဂ္ဂညသုတ်တွင် ဟောကြားထားသည်။ ဤသုတ္တန်အရ ကမ္ဘာဦးကာလက လူသားအဖြစ် ဖြစ်ပေါ်လာမည့် သတ္တ၀ါတို့သည် ယနေ့ခေတ် လူသားများနှင့် မတူပေ။ ရုပ်ပတ်ဝန်းကျင်နှင့် အစာအဟာရတို့ ပြောင်းလဲသွားသည့်အလိုက် ကိုယ်ခန္ဓာ ဖွဲ့စည်းတည်ဆောက်ပုံများ အဆင့်ဆင့် ပြောင်းလဲသွားခဲ့သည်။ ထို့အတူပင် သတ္တ၀ါတို့၏ စိတ်နေစိတ်ထား ဆုတ်ယုတ်လာသည့် အလျှောက် နူးညံ့သည့် အစာအာဟာရများ ကုန်ခမ်းသွားပြီး၊ ကြမ်းတမ်း ခက်ခဲသည့် အစာရှာဖွေမှု, အိမ်ယာထူထောင်မှု, ပုဂ္ဂလိက ပိုင်ဆိုင်မှု, ခိုးယူခြင်း, လိမ်ညာခြင်းစသော မကောင်းမှုများနှင့် အပြစ်ဒဏ်ပေးမှုများ ပေါ်ပေါက်လာသည်ကို ဟောကြားထားသည်။ အဂ္ဂညသုတ်နှင့် ၀ိသုဒ္ဓိမဂ်အဋ္ဌကထာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် အခန်းတို့တွင် ပါရှိသော “ကမ္ဘာဦးအစ လူသားဖြစ်ပေါ်လာပုံ” ကို အကျဉ်းချုပ် ဖော်ပြပါမည်။
******
ကမ္ဘာလောက ဖြစ်ပေါ်ပျက်စီးသည့်ဖြစ်စဉ်အား သံဝဋ္ဋကပ်, သံဝဋ္ဋဋ္ဌာယီကပ်, ၀ိဝဋ္ဋကပ်, ၀ိဝဋ္ဋဋ္ဌာယီကပ်ဟု အဆင့်လေးမျိုးဖြင့် ပိုင်းခြားနိုင်၏။ သံဝဋ္ဋကပ်သည် တဖြည်းဖြည်း ဆုတ်ယုတ် ပျက်စီးသွားသော အဆင့်ဖြစ်သည်။ လောကဓာတ် တစ်ခုလုံးသည် ဟင်းလင်းပြင်ဖြစ်သွားကာ အမှောင်အတိပြီး သွားသည့်တိုင် ပျက်စီးလေသည်။ ထိုသို့ပျက်စီးနေသော အမိုက်တိုက် ဟင်းလင်းပြင်အဖြစ် တည်နေသောကာလအား သံဝဋ္ဋဋ္ဌာယီကပ်ဟု ခေါ်သည်။ ထို့နောက် ကမ္ဘာလောကကြီး တဖြည်းဖြည်း ပြန်လည် တိုးတက် ဖြစ်ထွန်းလာသော အဆင့်အား ၀ိဝဋ္ဋကပ်ဟုခေါ်သည်။ ထိုသို့ ဖြစ်ထွန်းလာပြီးနောက် တည်ဆဲကာလအား ၀ိဝဋ္ဋဋ္ဌာယီကပ်ဟု ခေါ်သည်။ အဆင့် တစ်ဆင့်စီတွင် နှစ်ပရိစ္ဆေဒ အရာ, အထောင်, အသိန်းဖြင့်ပိုင်းခြား၍ မရနိုင်လောက်အောင် ကာလအသင်္ချေယျ ကြာမြင့်၏။
ဤကမ္ဘာလောက ဆုတ်ယုတ် ပျက်စီးသောအခါတွင် သတ္တ၀ါအများစုတို့သည် အာဘဿရ ဗြဟ္မာဘုံ၌ ဖြစ်ကြသည်။ ဤသို့ဖြင့် ကာလအသင်္ချေ ကြာရှည်သော် ဤကမ္ဘာသည် ပြန်လည် ဖြစ်တည်၏။ ထိုအချိန်တွင် တစ်လောကလုံးသည် တစ်သားတည်းသော ရေပြင်ကြီး အဖြစ်ရှိ၍ အမှောင် အတိပြီး၏။ နေ, လ, နက္ခတ်တာရာတို့ မထင်ရှားသေး။ နေ့, ည, ရာသီဥတု မရှိသေး။ အာဘဿရဘုံမှ စုတေသော သတ္တ၀ါတို့သည် ဤလောကသို့ ရောက်လာကြကုန်၏။ ထိုသတ္တ၀ါတို့သည် (အာဘဿရဘုံတွင်ကဲ့သို့ပင်) စိတ်ကြောင့်ဖြစ်သော ကိုယ်ရှိ၍ (မနောမယာ), နှစ်သိမ့်ခြင်း ပီတိကို အစာ အာဟာရပြု၍ နေကြသည်။ ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းကာ (ရေပြင်အထက်) ကောင်းကင်ပြင်တွင် ကျက်စားကြ သည်။ အဖိုအမ လိင်ကွဲပြားမှု မရှိသေး။ ထိုသတ္တ၀ါတို့အား သတ္တ၀ါဟူ၍သာ ခေါ်ရလေသည်။
ဤသို့ဖြင့် အချိန်ကာလ ကြာမြင့်သောအခါတွင် အေးသွားသော နွားနို့အိုး မျက်နှာပြင်၌ အမြှေးတင်း၍ မလိုင်တက်သကဲ့သို့ ရေပြင်အထက်၌ ရသပထ၀ီခေါ် မြေဆီတို့ ဖြစ်ပေါ်လာသည်။ ထိုမြေဆီသည် ဆီဦးထောပတ်, ပျားရည်တို့ကဲ့သို့ အဆင်း, အနံ့, အရသာတို့ဖြင့် ပြည့်စုံ၏။ တစ်စုံတစ်ဦးသော သတ္တ၀ါသည် ထိုမြေဆီကို မြည်းစမ်းရာ အလွန် အရသာရှိလှသဖြင့် တပ်မက်သော တဏှာ ဖြစ်ပေါ်လာကာ မြေဆီကို စားသုံးသည်။ အခြားသော သတ္တ၀ါတို့လည်း ထိုနည်းတူ မြေဆီကို စားသုံးကြ၏။ ထိုသတ္တ၀ါတို့၏ ကိုယ်ရောင် ကိုယ်ဝါတို့လည်း ကွယ်ပျောက်သွားသည်။ နောင်တွင် နေ, လ, နက္ခတ်တာရာတို့ ထင်ရှားလာသည်။ နေ့, ည, ရာသီဥတုတို့ ဖြစ်ပေါ်လာသည်။ ဤသို့ဖြင့် ကမ္ဘာလောကသည် တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။
မြေဆီကို စားသုံးသောကြောင့် သတ္တ၀ါတို့၏ ကိုယ်သည် ကြမ်းတမ်းလာ၏။ အဆင်းရုပ်သွင်တို့ ကွဲပြား ခြားနားလာ၏။ ထို့သို့ ရုပ်ဆင်းကွဲပြားမှုကို အကြောင်းပြု၍ မာန်မာန ဖြစ်လာကြသောအခါတွင် ရသပထ၀ီ မြေဆီတို့ ကွယ်ပျောက် ခမ်းခြောက်ကုန်၏။ ထိုအခါတွင် မှိုတက်သကဲ့သို့ မြေပေါ်တွင် အပွေးတက်လာသော ဘူမိပပ္ပဋက ခေါ် မြေလွှာအား စားသုံး ကြပြန်သည်။ ထိုမြေလွှာတို့ ကုန်ခမ်းသောအခါ ကန်စွန်းနွယ်တို့ကဲ့ ပဒါလတာခေါ် ရေညှိရေမှော်ပင်တို့ (နွယ်ချိုပင်ဟုလည်း ဘာသာပြန်သည်) ပေါက်လာ၏။ ထိုသတ္တ၀ါတို့သည် ယင်းရေညှိရေမှော်တို့ကို စားသုံးကြပြန်သည်။
ရေညှိရေမှော်တို့ ကုန်ခမ်းသောအခါ ဖွဲနု, ဖွဲကြမ်းများမပါဘဲ အဆင်သင့် စားသုံးနိုင်သည့် သလေးဆန်တို့ အလေ့ကျ ပေါက်ရောက်လာသည်။ ယင်းသလေးဆန်တို့အား စားသုံးကြပြန်သောအခါ အစာအာဟာရသည် ကြမ်းတမ်းလာသည်နှင့်အမျှ သတ္တ၀ါတို့၏ ကိုယ်သည် ကြမ်းတမ်းလာသည်။ ကျင်ကြီး ကျင်ငယ်တို့စွန့်ရန် အင်္ဂါများ ပေါ်ပေါက်လာကြသည်။ အဖို, အမအင်္ဂါတို့ ကွဲပြားလာကြသည်။ ယောက်ျားသည် မိန်းမအား, မိန်းမသည် ယောက်ျားအား အပြန်အလှန် တစိမ့်စိမ့်ကြည့်ရာမှ တပ်မက်မှု ပြင်းပြလာသောအခါ မေထုန်ဆက်ဆံမှု စတင်ပေါ်ပေါက်လာသည်။ ထိုစဉ်ကာလက မေထုန်ဆက်ဆံခြင်းအား ညစ်ညမ်းသော အဓမ္မမှုအဖြစ် သတ်မှတ်ကြ၍ အကာအကွယ်ပြုရန် အိမ်ဆောက်လုပ် နေထိုင်ကြသည်။ နေ့စဉ် အစာ ရှာဖွေ စားသောက်ခြင်းပြုရန် ပျင်းရိသူတို့သည် အလေ့ကျပေါက်သော သလေးဆန်တို့အား နေ့ဖို့ညစာ, ရက်သတ္တ တစ်ပတ်စာ စသဖြင့် သိုမှီးစုဆောင်း ကြသည်။ ထိုအခါတွင် သလေးဆန်တို့သည် ဖွဲနုတို့ အမြှေးယှက်လာ၏။ ရိပ်သိမ်းပြီးသော်လည်း ရိုးပြတ်တို့မှသည် ပြန်၍ မပေါက်တော့ဘဲ စပါးပင်တို့သည် အစုလိုက် အစုလိုက်ဖြစ်သွား၏။
ထိုအခါတွင် ထိုသလေးစပါးပင်တို့အား အပိုင်းအခြားပြု ခွဲဝေကာ မိမိတို့ ပိုင်ဆိုင်သော စပါးကိုသာ ရိတ်သိမ်းစားသုံးရန် သဘောတူခဲ့ကြသည်။ နောင်တွင် တစ်ဦးသောသူသည် အခြားသူ၏ ပိုင်နက်မှ စပါးကို ခိုးယူသော အမှုဖြစ်သည်။ ခိုးသူအား ကဲ့ရဲ့အပြစ်တင်ကြ၍ နောင်တွင် မကျုးလွန်မိစေရန် ၀န်ခံကတိပြုစေသည်။ သို့သော် ထပ်မံခိုးယူမှု ဖြစ်သောအခါ ထိုးနှက်ခြင်း, ခဲဖြင့်ပေါက်ခြင်း, တုတ်ဖြင့်ရိုက်ခြင်းတို့ဖြင့် အပြစ်ပေးကြ၏။ ဤသို့ဖြင့် ခိုးယူခြင်း, ကဲ့ရဲ့ရှုတ်ချခြင်း, လိမ်ညာခြင်း, အပြစ်ဒဏ်ခတ်ခြင်းတို့ ပေါ်ပေါက်လာသည်။
*****
*****
တရာအညွှန်း
၁။ ဆရာတော် ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ကမ္ဘာဦးက လူသားများအကြောင်း တရားတော် http://dhammadownload.com/MP3Library/Dr-Nandamalabhivamsa/MP3Disc01/042-DrNandamalabhivamsa-12-7-2008Singapore.mp3
၂။ Dhamma Talk by Bhikkhu Sujato

(၁) အဂ္ဂညသုတ်က “ကမ္ဘာဦး လူသားရဲ့ အစ” ကိုဟောခြင်းသာဖြစ်ပြီး၊ “သတ္တ၀ါတို့၏ အစ” ကိုဟောခြင်း မဟုတ်ပါဘူး။ “အ၀ိဇ္ဇာပိတ်ဖုံးကာ တဏှာဖြင့် နှောင်ဖွဲ့ထားပြီး သံသရာတွင် ကျင်လည်နေကြသော သတ္တ၀ါတို့ရဲ့ ရှေးအစသည် မထင်” (ပုဗ္ဗာ ကောဋိ နပညာယတိ… ) ဆိုတဲ့ စကားကို သုတ္တန်ဒေသနာ အတော်များများမှာ တွေ့ရပေမယ့်၊ “ကမ္ဘာဦး လူသားရဲ့ အစ” ကိုတော့ အဂ္ဂညသုတ် တစ်သုတ်ထဲမှာပဲ တွေ့ရပါတယ်။
(၂) “ကမ္ဘာဦး လူသားရဲ့ အစ” ဟာ အဂ္ဂညသုတ်ရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး၊ ဒီသုတ္တန်ရဲ့ အဓိက message က “ဇာတ်ကွဲပြားမှုဟာ ဗြဟ္မာကြီး ဖန်ဆင်းခြင်းကြောင့် မဟုတ်ဘဲ၊ လူတွေရဲ့ စိတ်နေစိတ်ထားနဲ့ specialization ကွဲပြားမှုကြောင့် ဖြစ်တယ်။ မြင့်မြတ်ခြင်းဟာ အမျိုးဇာတ်နဲ့ မဆိုင်ဘဲ, အသိပညာ, ကိုယ်ကျင့်တရားတို့နှင့် ပြည့်စုံသူကသာ မြင့်မြတ်သူဖြစ်တယ်” ဆိုတဲ့ အချက်ပါ။
(၃) အဂ္ဂညသုတ်က “ကမ္ဘာဦးအစ” ဟာ The Book of Genesis နဲ့ မတူသလို, သိပ္ပံတွေ့ရှိချက်တွေနဲ့လည်း တူမှာ မဟုတ်ပါဘူး။ သို့သော်လည်း “အမှောင်အတိကျနေတဲ့ ရေပြင်ကျယ်ကြီး” ရဲ့ ပုံရိပ်တွေကတော့ ခပ်ဆင်ဆင် တူနေပါလိမ့်မယ်။
(၄) ကမ္ဘာဦးမှာ သတ္တ၀ါတွေအားလုံးဟာ တစ်မျိုး တစ်စားတည်း ဖြစ်ခဲ့တယ်။ နောင်မှာ မြေဆီ, မှို, ရေညှိရေမှော်, သလေးစပါးစဖြင့် အပင်လောက တစ်ဆင့်ဆင့် ဖြစ်ထွန်းလာသလို၊ သတ္တ၀ါတွေရဲ့ nutrition ပြောင်းလဲမှုကြောင့် အမျိုးအစားတွေ ကွဲပြား လာခဲ့ကြတယ်။ အစောပိုင်း သတ္တ၀ါတွေဟာ asexual reproduction နဲ့ ပေါက်ပွားခဲ့ကြပြီး နောင်မှ လိင်ကွဲပြားမှုဖြစ်လာတယ်။ အခုလို Reductionist interpretation လုပ်ရင်တော့ အဂ္ဂညသုတ်က သိပ္ပံတွေ့ရှိချက်တွေနဲ့ သိပ်မကွာတာတွေ့နိုင်ပါတယ်။
(၅) သိပ်ပြီး နားလည်ရခက်တဲ့ အကြောင်းအရာတွေကို နားလည်လွယ်အောင် ရှင်းပြတဲ့အခါ အဓိပ္ပါယ်ကောက်မှားတဲ့ ပြဿနာ ကြုံတတ်ပါတယ်။ ဥပမာ အိုင်းစတိုင်းရဲ့ Special Relativity Theory ကို အရပ်သားတွေကို ရှင်းပြတဲ့ ပုံပြင်ရှိတယ်။ အမြွှာညီနောင်မှာ တစ်ယောက်က အလင်းအလျှင်လောက် မြန်တဲ့ ယာဉ်ကြီးကို စီးသွားပြီး တစ်ယောက်က ကျန်ခဲ့တယ် ဆိုပါစို့။ ဒီယာဉ်ကြီး ကမ္ဘာကို ပြန်ရောက်လာတဲ့အခါ ယာဉ်ပေါ်လိုက်သွားတဲ့သူက ကျန်ခဲ့တဲ့သူထက် ပိုငယ် နေလိမ့်မယ်။ အလျှင်နှုန်း မြန်လာသည့်အလျှောက် အချိန်ကာလက နှေးသွားနိုင်တာကို ရူပဗေဒညီမျှခြင်းတွေမသုံးဘဲ ရှင်းပြထားတာပါ။ ဒါကို အကယ်၍ အလင်းအလျှင်ထက်မြန်တဲ့ ယာဉ်ကိုစီးပြီး အတိတ်ကို ပြန်သွားနိုင်မယ်ဆိုရင်တော့ over-interpretation ဖြစ်သွားပါလိမ့်မယ်။

14 comments:
ဆက်ပါဦး။
ဗုဒ္ဓဘာသာမှာက ဖန်ဆင်းရှင်နေရာ မရှိဘူး။ တဘက်မှာ ကျွန်တော့်အမြင်က အချက်အလက်တွေ အများကြီးကို ဘာ assumption မှ မပါဘဲ စုပြုံရှင်းပြဖို့ ကြိုးစားထားတယ်ထင်တယ်။ ကပ်တွေ တခုပြီးတခု ဖြစ်တယ်ပြောတယ်။ ဒါပေမယ့် ဒါတွေကို မှန်တယ်လို့ ဘယ်လိုလုပ် သိနိုင်မလဲ။ သိနိုင်စရာရော ရှိလား။ သက်ရှိတွေ ဘယ်လိုဖြစ်လာလဲဆိုတာ ရှင်းပြဖို့ ကြိုးစားရာမှာ မူလမေးခွန်းအပြင် နောက်ထပ်မေးခွန်း သစ်တွေပါ ထပ်ပေါ်လာတယ်။ သတ္တ၀ါ အများစုက ဗြဟ္မာဘုံမှာ ဖြစ်တယ်ဆိုရင် အဲဒိ ဗြဟ္မာတွေက ဘယ်ကလာသလဲ။ မြေဆီကိုစားလို့ ကိုယ်ရောင်ကိုယ်ဝါ ပျောက်သွားတာ ဘာ့ကြောင့်လဲ။ နေ၊ လ၊ နက္ခတ်တာရာတို့ ဘယ်လိုထင်ရှားလာလဲ။ ကမ္ဘာဘယ်လို ပေါ်လာလဲ။ အဖြေတိုင်းအတွက်က မေးခွန်းသစ်တွေ ထပ်ထပ်ပေါ်လာနေတယ်။ ဒီတော့ ဒီသီအိုရီက ကနေ့ခေတ်မှာ လူလက်ခံဖို့ ခက်မယ်။ ဒါပေမယ့် စိတ်ဝင်စားဖို့ အကောင်းဆုံး ၀ါကျက
‘အစာအာဟာရသည် ကြမ်းတမ်းလာသည်နှင့်အမျှ သတ္တ၀ါတို့၏ ကိုယ်သည် ကြမ်းတမ်းလာသည်။ ကျင်ကြီး ကျင်ငယ်တို့စွန့်ရန် အင်္ဂါများ ပေါ်ပေါက်လာကြသည်။ အဖို, အမအင်္ဂါတို့ ကွဲပြားလာကြသည်။’
လို့ထင်တယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်စရာ function တွေကို လုပ်ဖို့ ကိုယ်အင်္ဂါတွေ ပေါ်လာတယ်ဆိုတာ ကနေ့ခေတ် သိပ္ပံကလက်ခံထားတဲ့ functional explanation ဆိုတာနဲ့ အတော့်ကိုနီးစပ်တယ်ထင်တယ်။ ဥပမာ ငှက်တွေမှာ ဘာ့ကြောင့် hollow bones ရှိသလဲ ဆိုရင် hollow bones ကငှက်တွေကို ပျံသန်းရာမှာ အထောက်အကူ ဖြစ်လို့ဆိုတဲ့ ရှင်းပြချက်ကို အတိုင်းအတာတခုထိ ဇီဝဗေဒမှာ လက်ခံမှုရှိတယ်လို့ သိရတယ်။ ခုအပေါ်က စာကြောင်းကိုလည်း အလားတူ ရှင်းပြလို့ ရနိုင်တယ်ထင်တယ်။ နောက်တခါ အစာအဟာရက လူ့ရဲ့ ရုပ်ခန္ဓာကို ပြုပြင်ပြောင်းလဲတယ်ဆိုတာလည်း ခေတ်သစ် သိပ္ပံနဲ့ မဝေးလှဘူးလို့ ထင်ပါတယ်။
w
ဗဟုသုတ ရစရာတွေ ဖတ်ရူသွားပါတယ်၊ အားပေး
လျက်ပါ။
ကိုဧရာ...
ဗုဒ္ဓဟောတာကို သိပ္ပံတွေ့ရှိချက်နဲ့ အတင်း တန်းညှိယူချင်တဲ့ သဘောတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပထမပိုင်းမှာ ရေအပြင်ကြီးဖြစ်နေတာရယ်၊ နေမရှိ၊ နေလတွေ မပေါ်သေး၊ နေ့ည ရာသီဥတုမရှိဆိုတာတွေကို ဖတ်ရတော့ ဒစ္စကာဗာရီမှာ ပြတဲ့ ကမ္ဘာအစကို သတိရမိတယ်။ (ယူကျုမှာလည်း ရှိပုံရတယ်။) ပထမပိုင်းမှာ လေထုထဲမှာ ချော်မှုန့်တွေ၊ မီးခိုးအမှုန်တွေနဲ့ ပိတ်နေတော့ နေရောင်မကျနိုင်ဘူးဆိုတယ်။ ဒါဆို နေ့ည၊ ရာသီဥတုလည်း မရှိတဲ့သဘော ဖြစ်နေတော့တာပေါ့နော်။
ဗုဒ္ဓက ကမ္ဘာအစကို ဟောရင် အဲသည်ခေတ်မှာ သိပ္ပံမဖွံ့ဖြိုးသေးတဲ့အလျောက် ကြားနာသူတွေက သူပြောချင်တဲ့ အဓိပ္ပါယ်ကို ကောင်းကောင်း သဘောပေါက်မြင်ယောင်မကြည့်နိုင်ဘဲ တလွဲမှတ်သွားမိတာရော မဖြစ်နိုင်ဘူးလား။ နောက်ပိုင်းကျတော့ အများသဘောတူ မှတ်တမ်းတင်မယ်လုပ်ကြတော့မှ (သံဂါယနာ??) သူတို့ မှတ်မိတဲ့အတိုင်း ပြန်ရွတ်ဆိုတာရော ဖြစ်လေမလားတို့ ကျနော်စဉ်းစားမိပါတယ်။ ကျနော်စဉ်းစားသလို ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ တွေးမိတာကို ပြောပြတာသက်သက်ပါ။
အလားတူပဲ ပေါက်ပေါက်ရှာရှာ ကျနော်တွေးမိတာတွေ ရှိတယ်။ အောက်မှာ ပြောမှာတွေကို အတည်မယူပါနဲ့။ ဗုဒ္ဓက သူ့တန်ခိုးတော်နဲ့ အနာဂတ်ကို ကာလစာရီ ကြွချီပြီး သူတွေ့တာတွေ၊ သူဆင်ခြင်မိတာတွေကို ပြောတာကို နောက်လိုက်နောက်သားတွေက တကယ် မမြင်ဘူးတော့ သူတို့ သဘောပေါက်သလိုများ မှတ်ထားကြသလားလို့ပါ။ ဥပမာအချို့... (ကျနော့်အတွေးက ရယ်စရာတော့ ကောင်းပါတယ်။)
နတ်မြင်းတထောင်ကတဲ့ ဝေဇယန္တာရထား ဆိုတာ မြင်းကောင်ရေ တစ်ထောင်အားရှိတဲ့ ယာဉ်ပျံ (လေယာဉ်ပျံ၊ ရဟတ်ယာဉ်) ဖြစ်နိုင်တယ်။ Airforce One လို ဟာမျိုးပေါ့။
်ဝရဇိန် ဆိုတာ ပဲ့ထိန်းစနစ်ပါတဲ့ နူကလိယား ဒုံးကျည်လက်နက် ဖြစ်နိုင်တယ်။
သိကြားမင်းဆိုတာ အင်အားကြီးနိုင်ငံတခုခုရဲ့ ခေါင်းဆောင်၊ ဒါမှမဟုတ် ဘန်ကီမွန်းများ ဖြစ်လေမလား။
အသူရာဆိုတာက တာလီဘန်တွေတို့ အိုဆာမာတို့ကို ပြောချင်တာလား။
ယမမင်းဆိုတာ နေပြည်တော်က အဘကို ရည်ညွှန်းတာများ ဖြစ်လေမလား.........
စသဖြင့် စသဖြင့် အတွေးပွားမိပါတယ်။
ဟုတ်တယ် ဆက်ပါဦး..။
ကလေးဘ၀က ကမ္ဘာဦးက သလေးစပါးဆိုတဲ့ အကြောင်းကို အဘွားပြောပြကတဲက သလေးစပါးကို စိတ်ဝင်စားနေတာ.. တော်တော် စားကောင်းမှာပဲ စားချင်လိုက်တာလို့ ကလေးစိတ်နဲ့ အမြဲတောင့်တဖူးတယ်း)))
ဟားးးးးးးးး ဟိုအပေါ်က လသာည ကတော့ သန်ရာသန်ရာ ဘဲ သလေးစပါး စားချင်လို့ တဲ့ မြောက်ကျွန်းသူ လုပ်ခိုင်းအုန်းမှပါ
ကိုဧရာ ရေ
ဖတ်သွားတယ် ဗျာ ကျနော် လည်း လသာည လိုဘဲ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကျမ က ဗုဒ္ဒဘာသာဝင်သာ ဆိုတယ် ထဲထဲဝင်ဝင် မရှိလှ မှန်း ခုတလော ပို သိလာရတယ်.. သိတော့ သိသလိုလို နဲ့ သေချာ ရှင်းပြ ပါ ဆို ယောင်ဝါး သွားရော..
ဒီ ကမ္ဘာဦးအစ လူသားတွေ ဖြစ်လာပေါ်လာပုံဆိုတဲ့ ပို့စ်လေးကို လွန်ခဲ့ တဲ့ ၃ လ လောက်က ဖတ်ခဲ့ ရရင် အတော်လေးကောင်းမယ် လို့တွေးမိတယ်
မကြာသေးခင်တုန်းက ခရစ်ယာန်ဘာသာဝင် အများစုရှိတဲ့ နိုင်ငံ တခုမှာကျမ သင်တန်း နဲ့ အလုပ်ရုံဆွေးနွေးပွဲလေး တခု တက်ဖြစ်ခဲ့တယ်
အဲဒီထဲက ဘာသာရပ်တခု က ငြိမ်းချမ်းမှု တည်ဆောက်ခြင်း၊ ကိုးကွယ်ယုံကြည်ခြင်း၊ သဘောထားကွဲ လွဲခြင်းနဲ့ အတူတကွ ယှဉ်တွဲ နေထိုင်ခြင်း ဆိုတဲ့ ဘာသာရပ်တွေပါ..။
တတ်ရောက်ခဲ့တဲ့သူတွေ က ခရစ်ယာန်ဘာသာဝင်အများစု၊ အစ္စလာမ်ဘာသာဝင်၊ နတ်ကိုးကွယ်သူ များ၊ ရှင်တို၊ ဂျူး၊ ဘာသာမရှိသူများ နဲ့ ဗုဒ္ဒဘာသာ ကိုယ်စားပြု က တော့ ကျမ ဖြစ်ခဲ့တယ်.. ဒုတိယ အများစုက ဘာသာမရှိသူတွေပါ
သင်တန်း နဲ့ ဆွေးနွေးပွဲ ကာလ ၃ ပတ်မှာ ၅ ရက် က ကမ္ဘာ့ ဘာသားတရားများ နဲ့ ယုံကြည့်မှုဖြစ်ပြီးတော့ အများစု ဆွေးနွေးကြ ၊ ငြင်းခုံကြ၊ ရှင်းလင်းကြ နဲ့ အတော့် ကို ထဲထဲဝင်ဝင် တွန်းတွန်းတိုက်တိုက် ဆွေးနွေးကြတာမျိုးပါ..
အထူး သဖြင့် ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဂျူးဘာသာဝင်တွေ ဟာ အတော်လေး စိတ်အားထက်သန်ုပြီး ပြင်းပြကြတာ တွေ့ခဲ့ရပြီးတော့ ဘာသာ မရှိသူတွေက အချိန်လုံး မေးခွန်းတွေ ဆက် တိုက် ကိုမေးနေခဲ့တယ်..
မသွားခင်တုန်းက ဒီသင်တန်းမှာ ဘာသာရေးအကြောင်း အဲသလောက်ထိ ဆွေးနွေးကြမယ် မထင်တော့ ကိုယ်သိထားတဲ့ ဗုဒ္ဒတရားတော် က သာမာန်လောက်ပဲ ရှိနေပြီး .. တချို့ အကြောင်းအရာ တွေကို ချက်ကျ လက်ကျ အသေးစိတ် မလေ့လာ ထားခဲ့မိဘူး
အဲဒီမှာ ဗုဒ္ဒဘာသာ က လူအများစု စိတ်အ၀င်စား ခံရဆုံး ဘာသာ ဖြစ်နေခဲ့ပြီး အတော်များများ က သူတို့ ပိုသိချင်နေတဲံြိငိမ်းချမ်းမှုနဲ့ ဗုဒ္ဒရဲ့ အတွေးအခေါ်တွေကို မေးခဲ့ကြတယ်..ကိုယ်ဖြေနိုင်တာဖြေ မဖြေနိုင်တာ ကို အင်တာနက်မှာ ရှာကြည့်ပါ၊ နော်ကတော့ ပြန်ပြောပါ့မယ် စသဖြင့် မျက်နှာပူပူ နဲ့ပြောခဲ့ရတယ်။
ဗုဒ္ဒဘာသာ ကိုယ်စားပြု သင်တန်းသူ ဖြစ်တဲ့ ကျမ ကိုကြည့်ပြီး . Inner Peace ကို သူတို့နားလည်ခဲ့ရတယ် လို့ သင်တန်း ၃ ပတ်ပြီး လို့ သင်တန်းဆင်းတဲ့ခါ သင်တန်းသား အများစုနဲ့ သင်တန်းဆရာတွေက ပြောပြခဲ့ကြလို့.. အများကြီး မရှင်းပြခဲ့နိုင်ပေမဲ့ တော်ပါသေး ရဲ့ .. ငါ တတ်နိုင်သလောက် တာဝန်ကျေပါတယ် လို့ ခံစားခဲ့မိတယ်..
အဲဒီသင်တန်းကာလမှာ ကြုံတွေ့ခဲ့ရတာတွေ ကြည့်ပြီး.. အထူး သဖြင့် ဘာသာမရှိသူ လူငယ်လေးတွေ ရဲ့ ဘာသာတရားတွေအပေါ် ထုတ်ခဲ့တဲ့ မေးခွန်းတွေ ဟာ..ကျမရဲ့ ငယ်ဘ၀တွေကို သွား ပြီး သတိရစေခဲ့တယ်..အသက် ၂၀ ထိ ကျမ ဘာကို မှ မယုံကြည့်ခဲ့တဲ့ သူ ဖြစ်ခဲ့လို့ပါ..။ ပြီးတော့ .. နားလည်ခဲ့ရတဲ့ နောက်တချက်က .. စောဒက တက်မယ်ဆိုရင်.. ဒီလောကကြီးမှာ အရာအားလုံး ဟာ စောဒက တက်မယ်ဆို တက်စရာ ချည်း ပဲ ဆိုတာ ပါပဲ..အထူးသဖြင့်ဘာသာတရား တွေပေါ့.
နောက်သင်ခန်းစာ တခု ကတော့.လူတယောက်ဟာ ရင်ထဲ ငြိမ်းချမ်းနေပြီ၊ သူ့ ပတ်ဝန်းကျင်ကို မထိခိုက်မပျက်စီးစေဘူး၊ သူတပါး ကို အနိုင်မကျင့်ဘူး မကျူးကျော်ဘူး၊ မပုတ်ခတ်ဖူး .. ဒီလောက အတွက် ကြီးကြီးမားမား အကျိုးကျေးဇူး မပြုနိုင်ရင်တောင် အကျိုး မယုတ်စေဘူး ဆိုရင်.. အဲဒီ လူဟာ စစ်မှန်တဲ့ ယုံကြည်မှု နဲ့ အသက်ရှင်နေတယ် ဆိုတာပါပဲ...
အဲဒီခရီးစဉ် မှာ ပါမောက္ခ တယောက်ရဲ့ ကျမ ကိုကြည့်ပြီး ချခဲ့တဲ့ မှတ်ချက်ကလေး ကိုလဲ မမေ့ နိုင်ပြန်ဘူး.. သူက သင်တန်းတရက်မှာ လူတွေ အများ ကြိးရှေ့မှာ ဘာပြောခဲ့ သလဲ ဆိုတော့.. သူ့ကို (ကျမကို) မြင်ရပြီးတဲ့နောက် မြန်မာပြည် နှစ်တွေအကြာကြီး ဒီအတိုင်းရှိနေတာ ဘာလို့လဲ လို့ သူသိလိုက်ပါပြီ တဲ့.. ဘာလို့လဲ ဆိုတော့ မြန်မာ အများစု က ဗုဒ္ဒဘာသာဝင်တွေ ဖြစ်နေကြပြီး၊ အရာတော်တော်များများ ကို .. အေးအေးသက်သာ ရင်ဆိုင်ကြတယ်.. လောဘ မကြိးကြဘူး.. ၀ိဘက်နဲ့ ၀ဋ် ဆိုတာ ကြောက်ကြတယ်.. ရောင့်ရဲ ကြတယ်..လူတွေကို ချစ်ချစ်မုန်းမုန်း ပြုံးပြဖို့ ၀န်မလေးကြဘူး.. တဲ့.. အဲဒီ အချက်တွေ က ကျမကိုမြင်ပြီး ပို သေချာ သွား ပါ တယ် တဲ့..
အဲဒါက နိုင်ငံခြားသား တချို့က မြန်မာဗုဒ္ဒဘာသာဝင်တွေအပ်ါတဲ့ အမြင် တစ်စိတ်တစ်ဒေသ ဖြစ်မယ် လို့ထင်ပါတယ်.

အဲဒီမှာ ဗုဒ္ဒဘာသာ က လူအများစု စိတ်အ၀င်စား ခံရဆုံး ဘာသာ ဖြစ်နေခဲ့ပြီး အတော်များများ က သူတို့ ပိုသိချင်နေတဲံြိငိမ်းချမ်းမှုနဲ့ ဗုဒ္ဒရဲ့ အတွေးအခေါ်တွေကို မေးခဲ့ကြတယ်..ကိုယ်ဖြေနိုင်တာဖြေ မဖြေနိုင်တာ ကို အင်တာနက်မှာ ရှာကြည့်ပါ၊ နောက်တော့ ပြန်ပြောပါ့မယ် စသဖြင့် မျက်နှာပူပူ နဲ့ပြောခဲ့ရတယ်။
ကျမ က ဗုဒ္ဒဘာသာဝင်သာ ဆိုတယ် ထဲထဲဝင်ဝင် မရှိလှ မှန်း ခုတလော ပို သိလာရတယ်.. သိတော့ သိသလိုလို နဲ့ သေချာ ရှင်းပြ ပါ ဆို ယောင်ဝါး သွားရော..ဒီ ကမ္ဘာဦးအစ လူသားတွေ ဖြစ်လာပေါ်လာပုံဆိုတဲ့ ပို့စ်လေးကို လွန်ခဲ့ တဲ့ ၃ လ လောက်က ဖတ်ခဲ့ ရရင် အတော်လေးကောင်းမယ် လို့တွေးမိတယ်
မကြာသေးခင်တုန်းက ခရစ်ယာန်ဘာသာဝင် အများစုရှိတဲ့ နိုင်ငံ တခုမှာကျမ သင်တန်း နဲ့ အလုပ်ရုံဆွေးနွေးပွဲလေး တခု တက်ဖြစ်ခဲ့တယ် အဲဒီထဲက ဘာသာရပ်တခု က ငြိမ်းချမ်းမှု တည်ဆောက်ခြင်း၊ ကိုးကွယ်ယုံကြည်ခြင်း၊ သဘောထားကွဲ လွဲခြင်းနဲ့ အတူတကွ ယှဉ်တွဲ နေထိုင်ခြင်း ဆိုတဲ့ ဘာသာရပ်တွေပါ..။
တတ်ရောက်ခဲ့တဲ့သူတွေ က ခရစ်ယာန်ဘာသာဝင်အများစု၊ အစ္စလာမ်ဘာသာဝင်၊ နတ်ကိုးကွယ်သူ များ၊ ရှင်တို၊ ဂျူး၊ ဘာသာမရှိသူများ နဲ့ ဗုဒ္ဒဘာသာ ကိုယ်စားပြု က တော့ ကျမ ဖြစ်ခဲ့တယ်.. ဒုတိယ အများစုက ဘာသာမရှိသူတွေပါ
သင်တန်း နဲ့ ဆွေးနွေးပွဲ ကာလ ၃ ပတ်မှာ ၅ ရက် က ကမ္ဘာ့ ဘာသားတရားများ နဲ့ ယုံကြည့်မှုဖြစ်ပြီးတော့ အများစု ဆွေးနွေးကြ ၊ ငြင်းခုံကြ၊ ရှင်းလင်းကြ နဲ့ အတော့် ကို ထဲထဲဝင်ဝင် တွန်းတွန်းတိုက်တိုက် ဆွေးနွေးကြတာမျိုးပါ..
အထူး သဖြင့် ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဂျူးဘာသာဝင်တွေ ဟာ အတော်လေး စိတ်အားထက်သန်ုပြီး ပြင်းပြကြတာ တွေ့ခဲ့ရပြီးတော့ ဘာသာ မရှိသူတွေက အချိန်လုံး မေးခွန်းတွေ ဆက် တိုက် ကိုမေးနေခဲ့တယ်..
မသွားခင်တုန်းက ဒီသင်တန်းမှာ ဘာသာရေးအကြောင်း အဲသလောက်ထိ ဆွေးနွေးကြမယ် မထင်တော့ ကိုယ်သိထားတဲ့ ဗုဒ္ဒတရားတော် က သာမာန်လောက်ပဲ ရှိနေပြီး .. တချို့ အကြောင်းအရာ တွေကို ချက်ကျ လက်ကျ အသေးစိတ် မလေ့လာ ထားခဲ့မိဘူး
အဲဒီမှာ ဗုဒ္ဒဘာသာ က လူအများစု စိတ်အ၀င်စား ခံရဆုံး ဘာသာ ဖြစ်နေခဲ့ပြီး အတော်များများ က သူတို့ ပိုသိချင်နေတဲံြိငိမ်းချမ်းမှုနဲ့ ဗုဒ္ဒရဲ့ အတွေးအခေါ်တွေကို မေးခဲ့ကြတယ်..ကိုယ်ဖြေနိုင်တာဖြေ မဖြေနိုင်တာ ကို အင်တာနက်မှာ ရှာကြည့်ပါ၊ နော်ကတော့ ပြန်ပြောပါ့မယ် စသဖြင့် မျက်နှာပူပူ နဲ့ပြောခဲ့ရတယ်။
ဗုဒ္ဒဘာသာ ကိုယ်စားပြု သင်တန်းသူ ဖြစ်တဲ့ ကျမ ကိုကြည့်ပြီး . Inner Peace ကို သူတို့နားလည်ခဲ့ရတယ် လို့ သင်တန်း ၃ ပတ်ပြီး လို့ သင်တန်းဆင်းတဲ့ခါ သင်တန်းသား အများစုနဲ့ သင်တန်းဆရာတွေက ပြောပြခဲ့ကြလို့.. အများကြီး မရှင်းပြခဲ့နိုင်ပေမဲ့ တော်ပါသေး ရဲ့ .. ငါ တတ်နိုင်သလောက် တာဝန်ကျေပါတယ် လို့ ခံစားခဲ့မိတယ်..
အဲဒီသင်တန်းကာလမှာ ကြုံတွေ့ခဲ့ရတာတွေ ကြည့်ပြီး.. အထူး သဖြင့် ဘာသာမရှိသူ လူငယ်လေးတွေ ရဲ့ ဘာသာတရားတွေအပေါ် ထုတ်ခဲ့တဲ့ မေးခွန်းတွေ ဟာ..ကျမရဲ့ ငယ်ဘ၀တွေကို သွား ပြီး သတိရစေခဲ့တယ်..အသက် ၂၀ ထိ ကျမ ဘာကို မှ မယုံကြည့်ခဲ့တဲ့ သူ ဖြစ်ခဲ့လို့ပါ..။ ပြီးတော့ .. နားလည်ခဲ့ရတဲ့ နောက်တချက်က .. စောဒက တက်မယ်ဆိုရင်.. ဒီလောကကြီးမှာ အရာအားလုံး ဟာ စောဒက တက်မယ်ဆို တက်စရာ ချည်း ပဲ ဆိုတာ ပါပဲ..အထူးသဖြင့်ဘာသာတရား တွေပေါ့.
နောက်သင်ခန်းစာ တခု ကတော့.လူတယောက်ဟာ ရင်ထဲ ငြိမ်းချမ်းနေပြီ၊ သူ့ ပတ်ဝန်းကျင်ကို မထိခိုက်မပျက်စီးစေဘူး၊ သူတပါး ကို အနိုင်မကျင့်ဘူး မကျူးကျော်ဘူး၊ မပုတ်ခတ်ဖူး .. ဒီလောက အတွက် ကြီးကြီးမားမား အကျိုးကျေးဇူး မပြုနိုင်ရင်တောင် အကျိုး မယုတ်စေဘူး ဆိုရင်.. အဲဒီ လူဟာ စစ်မှန်တဲ့ ယုံကြည်မှု နဲ့ အသက်ရှင်နေတယ် ဆိုတာပါပဲ...
အဲဒီခရီးစဉ် မှာ ပါမောက္ခ တယောက်ရဲ့ ကျမ ကိုကြည့်ပြီး ချခဲ့တဲ့ မှတ်ချက်ကလေး ကိုလဲ မမေ့ နိုင်ပြန်ဘူး.. သူက သင်တန်းတရက်မှာ လူတွေ အများ ကြိးရှေ့မှာ ဘာပြောခဲ့ သလဲ ဆိုတော့.. သူ့ကို (ကျမကို) မြင်ရပြီးတဲ့နောက် မြန်မာပြည် နှစ်တွေအကြာကြီး ဒီအတိုင်းရှိနေတာ ဘာလို့လဲ လို့ သူသိလိုက်ပါပြီ တဲ့.. ဘာလို့လဲ ဆိုတော့ မြန်မာ အများစု က ဗုဒ္ဒဘာသာဝင်တွေ ဖြစ်နေကြပြီး၊ အရာတော်တော်များများ ကို .. အေးအေးသက်သာ ရင်ဆိုင်ကြတယ်.. လောဘ မကြိးကြဘူး.. ၀ိဘက်နဲ့ ၀ဋ် ဆိုတာ ကြောက်ကြတယ်.. ရောင့်ရဲ ကြတယ်..လူတွေကို ချစ်ချစ်မုန်းမုန်း ပြုံးပြဖို့ ၀န်မလေးကြဘူး.. တဲ့.. အဲဒီ အချက်တွေ က ကျမကိုမြင်ပြီး ပို သေချာ သွား ပါ တယ် တဲ့..
အဲဒါက နိုင်ငံခြားသား တချို့က မြန်မာဗုဒ္ဒဘာသာဝင်တွေအပ်ါတဲ့ အမြင် တစ်စိတ်တစ်ဒေသ ဖြစ်မယ် လို့ထင်ပါတယ်
ကိုဧရာရေ ဒီပို့စ်လေးအတွက် သာဓု (၃ကြိမ်) ခေါ်လိုက်ပါတယ်။
ကျေးဇူးတင်လျက်
(၁) အဂ္ဂညသုတ်က “ကမ္ဘာဦး လူသားရဲ့ အစ” ကိုဟောခြင်းသာဖြစ်ပြီး၊ “သတ္တ၀ါတို့၏ အစ” ကိုဟောခြင်း မဟုတ်ပါဘူး။ “အ၀ိဇ္ဇာပိတ်ဖုံးကာ တဏှာဖြင့် နှောင်ဖွဲ့ထားပြီး သံသရာတွင် ကျင်လည်နေကြသော သတ္တ၀ါတို့ရဲ့ ရှေးအစသည် မထင်” (ပုဗ္ဗာ ကောဋိ နပညာယတိ… ) ဆိုတဲ့ စကားကို သုတ္တန်ဒေသနာ အတော်များများမှာ တွေ့ရပေမယ့်၊ “ကမ္ဘာဦး လူသားရဲ့ အစ” ကိုတော့ အဂ္ဂညသုတ် တစ်သုတ်ထဲမှာပဲ တွေ့ရပါတယ်။
(၂) “ကမ္ဘာဦး လူသားရဲ့ အစ” ဟာ အဂ္ဂညသုတ်ရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး၊ ဒီသုတ္တန်ရဲ့ အဓိက message က “ဇာတ်ကွဲပြားမှုဟာ ဗြဟ္မာကြီး ဖန်ဆင်းခြင်းကြောင့် မဟုတ်ဘဲ၊ လူတွေရဲ့ စိတ်နေစိတ်ထားနဲ့ specialization ကွဲပြားမှုကြောင့် ဖြစ်တယ်။ မြင့်မြတ်ခြင်းဟာ အမျိုးဇာတ်နဲ့ မဆိုင်ဘဲ, အသိပညာ, ကိုယ်ကျင့်တရားတို့နှင့် ပြည့်စုံသူကသာ မြင့်မြတ်သူဖြစ်တယ်” ဆိုတဲ့ အချက်ပါ။
(၃) အဂ္ဂညသုတ်က “ကမ္ဘာဦးအစ” ဟာ The Book of Genesis နဲ့ မတူသလို, သိပ္ပံတွေ့ရှိချက်တွေနဲ့လည်း တူမှာ မဟုတ်ပါဘူး။ သို့သော်လည်း “အမှောင်အတိကျနေတဲ့ ရေပြင်ကျယ်ကြီး” ရဲ့ ပုံရိပ်တွေကတော့ ခပ်ဆင်ဆင် တူနေပါလိမ့်မယ်။
(၄) ကမ္ဘာဦးမှာ သတ္တ၀ါတွေအားလုံးဟာ တစ်မျိုး တစ်စားတည်း ဖြစ်ခဲ့တယ်။ နောင်မှာ မြေဆီ, မှို, ရေညှိရေမှော်, သလေးစပါးစဖြင့် အပင်လောက တစ်ဆင့်ဆင့် ဖြစ်ထွန်းလာသလို၊ သတ္တ၀ါတွေရဲ့ nutrition ပြောင်းလဲမှုကြောင့် အမျိုးအစားတွေ ကွဲပြား လာခဲ့ကြတယ်။ အစောပိုင်း သတ္တ၀ါတွေဟာ asexual reproduction နဲ့ ပေါက်ပွားခဲ့ကြပြီး နောင်မှ လိင်ကွဲပြားမှုဖြစ်လာတယ်။ အခုလို Reductionist interpretation လုပ်ရင်တော့ အဂ္ဂညသုတ်က သိပ္ပံတွေ့ရှိချက်တွေနဲ့ သိပ်မကွာတာတွေ့နိုင်ပါတယ်။
(၅) သိပ်ပြီး နားလည်ရခက်တဲ့ အကြောင်းအရာတွေကို နားလည်လွယ်အောင် ရှင်းပြတဲ့အခါ အဓိပ္ပါယ်ကောက်မှားတဲ့ ပြဿနာ ကြုံတတ်ပါတယ်။ ဥပမာ အိုင်းစတိုင်းရဲ့ Special Relativity Theory ကို အရပ်သားတွေကို ရှင်းပြတဲ့ ပုံပြင်ရှိတယ်။ အမြွှာညီနောင်မှာ တစ်ယောက်က အလင်းအလျှင်လောက် မြန်တဲ့ ယာဉ်ကြီးကို စီးသွားပြီး တစ်ယောက်က ကျန်ခဲ့တယ် ဆိုပါစို့။ ဒီယာဉ်ကြီး ကမ္ဘာကို ပြန်ရောက်လာတဲ့အခါ ယာဉ်ပေါ်လိုက်သွားတဲ့သူက ကျန်ခဲ့တဲ့သူထက် ပိုငယ် နေလိမ့်မယ်။ အလျှင်နှုန်း မြန်လာသည့်အလျှောက် အချိန်ကာလက နှေးသွားနိုင်တာကို ရူပဗေဒညီမျှခြင်းတွေမသုံးဘဲ ရှင်းပြထားတာပါ။ ဒါကို အကယ်၍ အလင်းအလျှင်ထက်မြန်တဲ့ ယာဉ်ကိုစီးပြီး အတိတ်ကို ပြန်သွားနိုင်မယ်ဆိုရင်တော့ over-interpretation ဖြစ်သွားပါလိမ့်မယ်။
ကျေးဇူးအထူးတင်ပါတယ်။ တရားတော်လေး နာဖြစ်ပြီးကတည်းက စာပြန်ရိုက်တင်ဖို့ စဉ်းစားနေတုန်း အဆင်သင့်လေးတွေ့လို့ ကူးသွားပါတယ်ရှင်။ ဆက်လက်ဖြန့်ဝေခွင့်ပြုပါ။
မျှဝေနိုင်ပါတယ် ခင်ဗျာ...။
အတိတ်ကိုလည်းမပြန်နဲ့အနာဂါတ်ကိုလည်းမလှန်နဲ့ပစ္စုပ္ပန်တည့်တည့်ပဲကြည့်။
Post a Comment