Sunday, July 18, 2010

အာဇာနည်နေ့

၁၉ ဇူလိုင်လ ၁၉၄၇ခုနှစ်၊ နံနက် ၁၀း၃၇နာရီ







မိုးက စိုစို၊ ကျီးအုပ်ပြို၍၊
ထိုမှဤမှ၊ တို့လမ်းမတွင်
ပျံကြ၀ဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏ မှတ်မိ၏။
ထိုနေ့၌ပင် ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူပန်းသည်၊
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏။
မြေခသတင်း၊ မိုးကြိုးခွင်းသို့၊
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌၊
မချင့်မရဲ၊ ၀မ်းနည်းခံခက်၊
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်၊
ရွာဦးပိုင်းမှ သင်္ချိုင်းထိ။

ဆရာဇော်ဂျီ

1 comments:

Sonata Cantata said...

CBox မှ
18 Jul 10, 22:25
crystal: ကဗျာလေးက ကောင်းလိုက်တာ အစ်မရေ။

18 Jul 10, 23:08
shwezinu: အာဇာနည် နေ့ ဒို့မမေ့ပါ

19 Jul 10, 07:10လသာည: မိုးက စိုစို၊ ကျီးအုပ်ပြို၍၊ ........အာဇာနည်နေ့ ဒို့မမေ့...

19 Jul 10, 07:23ကိုအောင်: ဆရာဇော်ဂျီ ကဗျားကို လာဖတ်တယ် ကိုဧရာရေ၊ အဆင်ပြေပါစေ

19 Jul 10, 09:30မိုးချိုသင်း: ဘဘဇော်ဂျီ ကဗျာလေး ၀မ်းပမ်းတနည်း ဖတ်သွားပါတယ် ဆရာဧရာ နဲ့ မမသီတာ။

19 Jul 10, 10:25ပူးတေ: ဆရာဇော်ဂျီ ကဗျာလေး ဝမ်းနည်းစွားဖတ်သွားပါတယ်... ခုမှ ဖတ်ဖူးတာပါ... မျှဝေပေးတဲ့ အတွက် ကျေးဇူးပါနော်...

19 Jul 10, 11:43Chithtweaung: ကိုယ်တိုင်မလုပ်နိုင်ပေမဲ့ မြန်မာပြည်အရေးကိုကြိုးပမ်အားထုတ်နေသူအားလုံးကို တလေးတစားဂုဏ်ပြုလိုက်ပါတယ်။

19 Jul 10, 11:44Chithtweaung: ကိုယ်တိုင်မလုပ်နိုင်ပေမဲ့ မြန်မာပြည်အရေးကိုကြိုးပမ်အားထုတ်နေသူအားလုံးကို တလေးတစားဂုဏ်ပြုလိုက်ပါတယ်။

19 Jul 10, 11:46Chithtweaung: အာဇာနည်နေ့မှာ မှတ်မှတ်ရရ ဒီကဗျာလေးကို ဖတ်ရင်း ၀မ်းနည်းမှုတွေ ရင်ထဲမှာ ဖော်မပြနိုင်လောက် တိုးပွားလာခဲ့ပါတယ်။ တင်ပြပေးထားသူများကို အထူးကျေးဇူးတင်ပါတယ်။

19 Jul 10, 11:51crystal: ဝိမုတ္တိရသမှာ ပိုစ့်တင်ဖို့ လာရင်း ကဗျာလေးကို ဖတ်သွားပါတယ်ရှင်။

19 Jul 10, 21:05ွှTK: ကဗျာလေးလာဖတ်သွားပါတယ်။

19 Jul 10, 21:53နွေဆူးလင်္ကာ: ရောက်ပါတယ်