၂၀၀၉-ခုနှစ်က ပင်းယမြို့ဟောင်းနားက ဒုဋ္ဌဝတီမြစ်ကို ရောက်ပါတယ်။ မြစ်သာဆိုတယ် ရေက ချောင်းသာသာတောင် မရှိတော့ပါဘူး။ လှေကြီးတစ်စင်းက မြစ်ကမ်းပေါ် ရောက်နေပါတယ်။ မြစ်ကို လှေကူးတို့တွေနဲ့ ကူးစရာ မလိုဘဲ ပုဆိုး, လုံချည်လေးတွေမပြီး ခြေလျင် ကူးနေကြပါတယ်။ ဓာတ်ပုံရိုက်မယ်လုပ်တော့… အနားကလူတစ်ယောက်က ပြောပါတယ်။ “ဟိုး… မှာ ပျပျလေး မြင်နေရတဲ့ တောင်ပေါ်က ရဲရွာမှာ ရေအားလျှပ်စစ်ထုတ်ဖို့ ဆည်ဆောက် နေတယ်လေ” တဲ့။
မြစ်ရေ ဒီလောက် နည်းသွားမှတော့ ဒီမြစ်ကြီးကို အမှီပြုပြီး ရှာဖွေစားသောက်နေကြတဲ့ မြစ်ရိုးတစ်လျှောက်က လယ်ယာ, ဥယျာဉ်စိုက်သူတွေ, တံငါသည်တွေ, ကူးတို့သမားတွေ ဘယ်လိုများ စခန်းသွားကြမှာပါလိမ့်လို့ စဉ်းစားမိတယ်။
နောက်ရက် ရွှေစာရံကို ဘုရားဖူး ထွက်တော့ ဒုဋ္ဌဝတီနဲ့ တစ်ကြိမ် ပြန်ဆုံရပါတယ်။ မြစ်ကမ်းနံဘေးက အိမ်ခြံဝင်းတွေမှာ လူတွေ စုဝေးနေတာ တွေ့တော့ စပ်စုမိတယ်။ မြင်တွေ့ခဲ့ရတာကတော့...ဒုဋ္ဌဝတီမြစ်ခင်းကျောက် လှလှလေးတွေကို ကောက်ပြီး ရောင်းနေကြတဲ့ ကျောက်ဝိုင်းပါ။
3 comments:
ဒုဋ္ဌ၀တီမြစ်နဲ့ နောက်ခံ တောင်တန်းရဲ့ ရှုခင်းလေးက လှလိုက်တာ။ ဆွတ်ပျံ့ဖွယ်ကောင်းတယ်။
ကျောက်တွေကောက်နေတယ်ဆိုတာလည်း ဘယ်လိုကျောက်မျိုးလည်းဆိုတာ စိတ်ဝင်စားမိတယ်
ချောရေ အောက်ဆုံးပုံကို ကလစ်ခေါက်ပြီး အကျယ်ချဲ့ကြည့်လိုက်...ကျောက်စရစ်ခဲလေးတွေ တပြည်တောင်းကို ၅၀၀ကျပ်ဆိုလား ရောင်းဝယ်နေကြတာ...
ဟုတ်တယ်၊ ပထမပုံလေး အရမ်းလှတယ်၊ ကျောက်တွေ ရောင်းနေကြတာကို ရုတ်တရက်ကြည့်ပြီး ငါးရောင်းနေ တာထင်လို့..၊ ကျောက်ကောင်းတွေ ရောင်းဝယ်ရာ ငါးသည်က ကန့်လန့်ကန့်လန့်တော့ ဖြစ်ကုန်ပြီ..။း)
Post a Comment