ဖေ့ဘွတ်နဲ့ ဘလော့ဂ်မှ အထူးသဖြင့် ဓာတ်ပုံရိုက်သော သူငယ်ချင်းများကို အကူအညီတောင်းလိုပါတယ်။ ကလေးများအတွက် မြန်မာစာ ဝက်ဆိုဒ်မှာ အသုံးပြုရန်အတွက် ဓာတ်ပုံလေးတွေ ရချင်လို့ပါ။ ကိုယ်ပိုင်ရိုက်ထားသောပုံ ဖြစ်စေ၊ အခြားဘယ်နေရာတွေမှာ free download နိုင်တယ် ဆိုတာ ညွှန်ပြကြပါ။ အခုတင်လိုက်တဲ့ ဗျည်းကဗျာမှာလည်း လိုအပ်နေသေးတဲ့ ပုံတွေ ရှိပါတယ်။ လက်လှမ်းမီသလောက်ပုံများနဲ့သာ လုပ်ထားပါတယ်။ စပယ်ရှယ် သပ်သပ် ရိုက်ပေးမယ် ဆိုရင်လည်း ကျေးဇူးတင်ရပါတယ်
မေတ္တာဖြင့် ကူညီသောဂီတမှူးနဲ့ အဆိုရှင်ကို project အပြီးသတ်သောအခါ မှတ်တမ်းတင် ဖော်ပြမှာ ဖြစ်ပါတယ်။
***** ဗျည်းကဗျာကို ယခင်လိုအပ်နေသေးသော ပုံများဖြည့်စွက်၍ ပြန်တင်လိုက်ပါတယ်။
12 comments:
အင်မတန်ကောင်းတဲ့ အစီအစဉ်လေးပါပဲဗျာ..၊ ပိုစတာကြီးကို ကြည့်ပြီး ဒီအတိုင်း အလွတ်ရွတ်နေရ တာနဲ့စာရင် အခုလို သီချင်းလေးနဲ့ ပုံလေးတွေနဲ့ ဆိုတော့ ကလေးတွေ ပိုပြီး မှတ်မိလွယ်တာပေါ့၊
ဓါတ်ပုံနဲ့ ပတ်သက်လို့ ကျနော် တတ်နိုင်တာရှိရင်
ကူညီချင် ပါတယ်၊ အားနည်းချက် အနေနဲ့ ပြောစရာ ရှိတာကတော့ ရေခြားမြေခြားမှာ နေရတဲ့အတွက် မြန်မာ့အငွေ့အသက်ပါတဲ့ ဓါတ်ပုံတွေ မရိုက်နိုင်တာ တစ်ခုတော့ ရှိပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျနော် ကိုယ်တိုင်က မြန်မာစာ၊ မြန်မာစကားနဲ့ ဝေးတဲ့အရပ်မှာ ကြီးပြင်းတဲ့ ကလေးတစ်ယောက် အဖေမို့ ဒီပရောဂျက်လေးကို လှိုက်လှိုက်လှဲလှဲ အားပေးပါတယ်ဗျာ..။ Keep the faith and Carry on...!!!
ကျေးဇူးပါ ကိုညီလင်းသစ်ရေ
ဓာတ်ပုံတွေ ဒေါင်းလုပ်ဆွဲနိုင်မည့် နေရာလေး sonata.cantata@gmail.com ကို ပို့ပေးပါနော်။
ကောင်းလိုက်တာ မမသီတာ... သီချင်းသံလေးကလည်း သာလိုက်တာရယ်... ကလေးတွေ သဘောကျကြမှာ အမှန်ပဲ...း)
စုချစ်
ဓာတ်ပုံများ..ပန်းချီများ..ကာတွန်းများ..အလှူခံနေပါတယ် ခင်မျာ...
(ချပ် ချပ် ချပ်... ဖလားခေါက်သံ)
တီးလုံးရော အဆိုရော ကောင်းလိုက်တာ မမသီတာ..
စဖွင့်ဖွင့်ချင်း.. ဟယ် ဟိုမှာ သမီးလေးရယ် သမီးလေးရယ် ဆိုပြီး သူ့အမေ အသံကျယ်ကြီးနဲ့ ထ အော်လို့ တစ်အိမ်လုံး လန့်သွားသေးတယ်.. :D
စင်စင်
အဲ့အမေ အသံနဲ့ ဆိုလိုက်ရမှာကွာ...း))
စုဆောင်းထားသမျှ ပုံတွေ ပြန်ရှာလိုက်ဦးမယ် အမ... လူကြီးတွေတောင် ကြည့်ရတာပျော်တာ ကလေးတွေဆို ပိုပျော်မယ်..... :)
ကျေးဇူးပါ သန့်ရေ..
ဗျည်းကဗျာအတွက်တင်မဟုတ်ပဲ အခြားစကားလုံး ဝေါဟာရတွေနဲ့ အဆင်ပြေမည့်ပုံဆိုရင်လည်း ယူချင်ပါတယ်နော်
sonata.cantata@gmail.com ကို ပို့လို့ရပါတယ်။
မသီတာ ခွင့်ပြုရင် ကျောင်းက သူငယ်တန်းကလေးတွေကို ဖွင့်ပြချင်ပါတယ်။ ပြီးတော့ ဒေါင်းလုတ်ရော ယူလို့ရမလား သိချင်ပါတယ် အမသီတာရေ ...
ညအခါ လသာသာ ပို့စ်ရောပဲ ... ။
မမေဓာဝီရေ
ဝမ်းမြောက်စွာဖြင့် ခွင့်ပြုပါကြောင်း...
ဗျည်းကဗျာက ပုံတွေတော့ မပြည့်စုံသေးဘူး။
ကလေးတွေ ကြိုက်မကြိုက် ပြန်ပြောပြဦးနော်။
ကလေးများအတွက် မြန်မာစာဆိုက်အတွက်လည်း မမေကို မေးချင်တာလေးတွေပေါ်လာရင် အီးမေးလ်နဲ့ လှမ်းမေးမယ်နော်။
hello ma thida
do you still need children photos??
poekong >> လောလောဆယ် မသီတာ အလုပ်များနေလို့ ဗျည်းကဗျာဖက်ကို မလှည့်ဖြစ်သေးဘူး ဖြစ်နေပါတယ်။ အကယ်၍ သင့်တော်မယ့် ပုံလေးတွေရှိရင်တော့ ပို့ပေး စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
- ဧရာ
Post a Comment