မျက်လုံးစိမ်းဖြင့်ပင် မငြို…
ညို့မျက်ဝန်းကိုလည်း မမြင်ရ…။
စကားပြင်းနှင့် မဆို သလို
ချစ်ခွန်းချို ပျိုပိုမိက
နားရှက်ပါသေးသတဲ့…သူက။
လိုက်ခဲ့ဖို့ကား မခေါ်
နေရစ်၍လည်း မရ…။
မှီရသူ သည်ကိုယ်မှာ
ခုများ နောင်…ဆွဲချသလို ဖြစ်မှာပူရ…။
နောင်ဘ၀ ဆုံရအောင်…ဆို
မယုံပါဘူးလေ ရှေ့..နောက်.. ဘဝ…
…တဲ့
ကိုယ့်လူ…ကိုယ့်လူ…ကိုယ့်လူ...
9 comments:
မယုံလဲနေလို့ပြောလိုက်ပေါ့ ကိုယ့်လူ......
ကဗျာရေးတတ်လိုက်တာ...
ကိုယ့်လူရဲ့ ချစ်ချစ်က...
မသီတာကို သတိရပါတယ်။
ပေါက်
အစ်မသီတာ....ကျွန်တော် တစ်ချို့စာလုံးတွေကို လေး
ထောင့်တုံးတွေအနေနဲ့ပဲမြင်ရတယ်...၊တစ်ချို့ကိုတော့
မြန်မာစာအနေနဲ့မြင်ရတယ်....ဘာဖြစ်တာလဲဟင်....
အရင်ပို့စ်တွေက အကောင်းပါ.....ကျွန်တော့်စက်ကြောင့်
လည်းဖြစ်နိုင်ပါတယ်....:(
ဆွဲထားကိုယ့်လူရေ တွဲထားလက်ကိုကွယ်။
ကဗျာလေးကို ခံစားသွားပါတယ်ကိုလူးရေ
ကိုယ့်လူ ကိုယ်မနိုင်တဲ့ သဘောပေါ့ စစရယ်...
ချစ်ပေါက်ကိုလည်း သတိတွေရတာ..
ချစ်ပေါက်အတွက် ဟင်းတခွက်ဆိုပြီး FBမှာ တင်ပေးချင်တာ...သူများတွေ နှိုက်စားမှာ ကြောက်လို့ :P
ကိုမောင်လေးကိုညိမ်းနိုင်ရေ...
လေးထောင့်တုံးလေးတွေ ဖြစ်တာ ဘာကြောင့်လည်း အတိအကျ အမ မပြောတတ်ဘူး... Font နဲ့ Browser ချိန်ကြည့်ရတာလောက်ပဲ အမသိတယ်...အမ ဘလော့ဂ်ကိုတော့ setting တွေ ဘာမှ ပြောင်းမထားဘူး.. Google က ပြောင်းလိုက်လားတော့ မသိ...။
Anonymous
သိုင်းကျူး ဆိုးးးးမတ်ခ်ျ
ညိမ်းနိုင် said...
အစ်မသီတာ....ကျွန်တော် တစ်ချို့စာလုံးတွေကို လေး
ထောင့်တုံးတွေအနေနဲ့ပဲမြင်ရတယ်...၊တစ်ချို့ကိုတော့
မြန်မာစာအနေနဲ့မြင်ရတယ်....ဘာဖြစ်တာလဲဟင်....
အရင်ပို့စ်တွေက အကောင်းပါ.....ကျွန်တော့်စက်ကြောင့်
လည်းဖြစ်နိုင်ပါတယ်....:
Me too, square and myanmar font
Anonymous ရေ...
IE မှာ ဆိုရင် အပေါ်ဆုံးက page ခွဲထားတဲ့ ဧရာ သီတာ ရေချမ်း ရေစင် နဲ့ ကော်မန့်တွေက လေးထောင့်တုံးတွေပဲ ပေါ်တယ်။
Firefox နဲ့တော့ အကုန်အဆင်ပြေတယ်။
နောက် မေးစမ်းပြီး IE နဲ့လည်း ကောင်းအောင် ပြင်ထားပါမယ်နော်
ချစ်ဖို့ကောင်းတဲ့ ကဗျာလေး..
အတော်ရေးတတ်တဲ့ မသီတာ...
မတွေ့တာကြာပေါ့ သီတာရေ။ ကဗျာတိုတို အဓိပ္ပာယ် ကျယ်ကျယ်လေး အားပေးသွားတယ်နော်။ ဆား ငံပြာရည် ငရုပ်မှုန့် ပုလင်းလေးတွေ မြင်တိုင်းသတိရနေတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment