Saturday, July 26, 2008

အဖွင့်

ယောက်ျား နဲ့ မိန်းမ
အပူ နဲ့ အအေး
အလင်း နဲ့ အမှောင်
အဖြူ နဲ့ အမဲ တဲ့
ဆန့်ကျင်ဘက် ဆိုတဲ့ သဘာဝတရားတွေမှာ
ဆန့်ကျင်ဘက်တိုင်းဟာ ၀ိရောဓိ မဟုတ်တာကြောင့်
အချစ်ထဲက အမုန်းထွက်နိုင်သလို
အရှုပ်ထဲက အရှင်းရနိုင်တယ်။
ဝိဇ္ဇာ နဲ့ စရဏ အချိုးကျမှ
အကျိုးရမှာမို့
သြော် အကျိုးတွေက အကြောင်းမှာ အရင်းခံ
အကြောင်းတွေကလည်း အကျိုးဖြစ်ပြန်
သူငယ်ချင်းတို့ရေ
သစ္စာဆိုတာ (၂)ပါးသာရှိတာ မဟုတ်ဘူး
လေးပါး ရှိတယ်။
လေးပါး ရှိတယ်။
သစ္စာ တရား လေးပါးရှိတယ်။

2 comments:

Yu Wa Yi said...

ဆန့်ကျင်ဘက်တိုင်းဟာ ၀ိရောဓိ မဟုတ်တာကြောင့်သာငြိမ်းချမ်းစွာကွဲလွဲရင်း ပူးတွဲနေထိုင်ကြတဲ့ ကမ္ဘာသူကမ္ဘာသားတွေ လည်းရှိနေတာပေါ့ မသီတာရေ။

တန်ခူး said...

သစ္စာ တရား လေးပါး အဖွင့် က မှိတ်နေတဲ့ မျက်လုံးတွေ ပွင့်စေပါတယ်…