Tuesday, June 8, 2010

ပြောပြရဦးမည့် အဖြစ်တွေ…(၂)

အလုပ်မရှိ အကိုင်မရှိနဲ့ ကျမဘ၀က သိပ် မျက်နှာငယ်တာပဲ…။ လူရာ မ၀င်ဘူး…။ ဘာအဓိပ္ပါယ်မှ မရှိဘူး…။
မသီတာ စိတ်ဖောက်လာတိုင်း ကိုဧရာကို ပစ်လွှတ် တိုက်ခိုက်တဲ့ စကားလုံးတွေပါ။
ကိုဧရာလည်း သူ့ဆွဲကိုင်ထားတဲ့ မူဝါဒတွေနဲ့ မလွတ်တမ်း ခုခံ ငြင်းဆိုပါတယ်။ အခုတော့ သူ့ဘက်မှာ စစ်ကူတွေတောင် ရနေပါပြီ…။ အခြားသူတွေ ဟုတ်ရိုးလား။ ရေချမ်းနဲ့ ရေစင်ပဲပေါ့။

တခါတော့ မသီတာလည်း နှစ်ယောက်ထဲရှိတုန်း နေရာမရွေး လျှပ်တပြက်တိုက်တယ်ပဲ ဆိုမလား...ဘတ်စ်ကား ဂိတ်ကြီးမှာ ကောက်ခါငင်ခါ
“ကျုပ် ဒီမှာ နေရတာ ဘာမှ အဓိပ္ပါယ်မရှိဘူး ရန်ကုန်ပြန်မယ်” လို့ စတိုက်ပါတော့တယ်။ ကိုဧရာက
“မဖြစ်ပါဘူး” သူ့စတိုင် အတိုင်း အေးအေးဆေးဆေးနဲ့
 
“ဘာလို့ မဖြစ်တာတုန်း”
“သီတာပဲ စဉ်းစားကြည့်လေ အဓိပ္ပါယ်ရှိသလားလို့”
“အဓိပ္ပါယ်မရှိလို့ အဓိပ္ပါယ်ရှိအောင်လုပ်ရမှာလေ”
“ဟိုနေ့ကပဲ သားငယ်က ပြောနေသေးတယ်”
“ဘာပြောလို့လဲ”
“ဓာတ်လှေကားနားမှာပါ။ အိမ်နားက ကောင်လေးက နှုတ်ဆက်တယ်။ ‘အန်တီ့ကို အောက်မှာ တွေ့လိုက်တယ်’ တဲ့”
“အော် ကျမနဲ့ သားကြီး အယင် ဆင်းသွားတော့လား…ဟုတ်တယ်လေ တွေ့လိုက်တယ်”
“အဲ့ဒီတော့ ကို က ‘အော် my wife’ လို့ ပြောလိုက်ပြီး၊ ဓာတ်လှေကားထဲရောက်တော့ သားငယ်က
ဖေဖေကလည်း my wife မဟုတ်ပါဘူး။ my wife ဆိုရင် ဖေဖေတယောက်ထဲ wife ဖြစ်နေမှာပေါ့။ housewife ပါ တဲ့
...
...
အလုပ်မရှိဘူး။ အလုပ် မရှိဘူး မပြောစမ်းပါနဲ့။ housewife က အလုပ်ပေါ့ 

ဒီပို့စ်နဲ့ ချိတ်ထားတယ်။ Occupation

Housewife မသီတာ ဘလော့ဂ်လည်း ရေးသည်ပေါ့။
ဟိုညက “စာရေးဦးမယ် အေ” ဆိုတော့၊ ကိုဧရာက “ရေး..ရေး” တဲ့
ကွန်ပြူတာရှေ့ထိုင်ပြီး
“ဒီမှာ ရှင်ဖွင့်ထားတဲ့ ဖိုင်တွေက”
“ပိတ်လိုက် ပိတ်လိုက် ရတယ်။” ထုံးစံ အတိုင်း သူ့ စာအုပ်က မျက်နှာမခွာပဲ ပြောတယ်။
ကီးဘုတ်မှာ ခလုတ်လေးတွေနှိပ်လို့ ခဏနေတော့ “ကျမ ပါးစပ်က ခေါ်ပေးမယ်.. ရှင် လိုက်ရေးပေး”
“အမလေးဗျာ…တကယ့် ဆရာကြီးတွေ ကျနေတာပဲ… ဟိုတယ်မှာ သွားမရေးလို့ တော်သေး” တဲ့
း)))

15 comments:

Anonymous said...

့housewife.. တဲ့။ သားငယ်လဲပြောပုံက ရီရတယ်။

mm

PAUK said...

housewifeကြီး မသီတာ..
blogerကြီး မသီတာ..
ဝမ့်စွေ့..

PhyoPhyo said...

မသီတာရေ .. မသီတာလိုပဲပြောဖူးတယ် ရန်ကုန်ပြန်မယ်လို့ :D
မသီတာက သားလေး၂ယောက်နဲ့ လုပ်စရာတွေမှ အများကြီးပဲ

ပျော်ရွှင်ချမ်းမြေ့ပါစေ
ခင်မင်လေးစားလျှက်

kay said...

သဘောကျ..း)
ပျော်စရာပါ..
ဒါမှ..ဘ၀..

mae said...

မမသီတာ ငြီးသလိုရေးပေမယ့် ဖတ်ရတာ အေးချမ်းလိုက်တာ၊ ငယ်ငယ်က စကာင်္ပူရောက်ကာစ မောင်လေးက ကျောင်းမှာ form ဖြည့်တာ mother's occupation ကို housekeeper လို့ ဖြည့်ဖူးသေးတယ်၊ အမေက ငိုရမလိုပဲ၊

I read somewhere that being a housewife is a full time job.

ငယ်ငယ်က မေမေသာ အိမ်မှာ မနေခဲ့ရင် မသွန်သင်ပေးခဲ့ရင် ဒီအခြေအနေထိ ရောက်လာမှာ မဟုတ်လို့ ပညာတွေ အများကြီးတတ်ရဲ့သားနဲ့ အိမ်မှာ နေပေးခဲ့တဲ့ မေမေ့ကို အရမ်း ကျေးဇူးတင်တယ်၊ မမသီတာသားတွေလဲ အဲ့လိုပဲ နေမှာပါ

Nge Naing said...

နားရကံရှိလို့ နားရတာ နားတဲ့အချိန်မှာ အေးအေးဆေးဆေးနားပါ မသီတာ။

သင်းနွယ်ဇင် said...

ခွင့်ရက်မရှိ mc မရှိတဲ့ အိမ်ထောင်ရှင်မကြီး အလုပ်ကို အချိန်ပြည့်လုပ်နေတဲ့ မသီတာ၊
သားသားတို့ရဲ့ဆရာမ မသီတာ၊
မြန်မာယဉ်ကျေးမှု့နဲ့ဗုဒ္ဒဘာသာသင်တန်းက ဆရာမ မသီတာ၊
ဘလော့ဂါကြီး မသီတာ၊

ကဲ ဘယ်အချိန်လဲ အလုပ်မလုပ်တာ။

ဇွန်မိုးစက် said...

မမရေ.. အချိန်ပြည့် အိမ်ရှင်မဖြစ်ရတာ ဂုဏ်ယူပါနော်။
ဇွန့်မေမေလည်း အလုပ်ကထွက်ပြီး ဇွန်တို့မောင်နှမ နှစ်ယောက်လုံးကို ရင်အုပ်မကွာ ပြုစုစောင့်ရှောက်ခဲ့လို့ နှစ်ဘက်အမျိုးမှာ ဇွန်တို့မောင်နှမနှစ်ယောက်က အမြဲစံပြဖြစ်နေတာ ခုချိန်ထိပါပဲ။ မေမေသာ အလုပ်ဆက်လုပ်ဖြစ်ရင် ခုလောက်ဆို ဗဟိုတရားသူကြီးအဆင့် ဖြစ်နေမှာ။ ဒါပေမယ့် မတူဘူးလေ မမရယ်။ ကိုယ်အနစ်ခံခဲ့ပေမယ့် ရလာမယ့် အသီးအပွင့်ကို ကိုယ်ပဲစားသုံးရမှာ။ ရေချမ်းနဲ့ ရေစင်လေးလည်း ဒီလောက် လိမ္မာတာ။
မသင်းနွယ်ဇင်ပြောသွားသလိုပဲ အချိန်ပြည့် အလုပ်တွေနဲ့ မမသီတာ မအားဘူးဆိုတာ ညီမလေးတွေက သိပါတယ်။း)

ဇွန်မိုးစက် said...

မမရေ... အချိန်ပြည့် အိမ်ရှင်မ ဖြစ်ရတာ ဂုဏ်ယူစရာပါ။
ဇွန့်မေမေလည်း အလုပ်ကထွက်ပြီး ဇွန်တို့မောင်နှမနှစ်ယောက်ကို ရင်အုပ်မကွာ စောင့်ရှောက်ခဲ့လို့ နှစ်ဖက်အမျိုးမှာ ဇွန်တို့မောင်နှမနှစ်ယောက်က စံပြဖြစ်နေတာ ခုချိန်ထိပါပဲ။
မေမေသာ အလုပ်ဆက်လုပ်ဖြစ်ခဲ့ရင် ခုလောက်ဆို ဗဟိုတရားသူကြီးအဆင့် ဖြစ်နေပါပြီ။ ဒါပေမယ့် မတူဘူးလေနော်။
သားနှစ်ယောက်နဲ့ မအားရအောင် အချိန်ပြည့် အိမ်ထောင်မှုတာဝန်တွေအပြင် လူမှုရေးတာဝန်တွေကိုပါ ထမ်းဆောင်နေတဲ့ မမသီတာကို အားကျပြီးယင်းကျနေပါတယ်လို့။း)

ကိုပေါ said...

ကိုဧရာနဲ့ သားနှစ်ယောက်၏ အဆိုကို ထောက်ခံပါ၏။

အိမ်ရှင်မများမပါဘဲ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ မဖြစ်နိုင်ပါ။

ပုခက်လွှဲသောလက်သည် ညောင်း၏...အဲလေ.... ကမ္ဘာကို ကိုင်လှုပ်နိုင်စွမ်းရှိ၏....တဲ့။

သက်ဝေ said...

သားငယ်လေးက အတော် စဉ်းစားတတ်တာပဲ...း))

တကယ်က သီတာ အဓိပ္ပါယ်ရှိတဲ့ အလုပ်တွေ အများကြီး လုပ်နေတယ်လေ... သေသေချာချာ ပြန်စဉ်းစားကြည့်ပါအုံး...
အတွေးတွေချော်မနေပါနဲ့လေ...

စာလုံး ပိစိလေးတွေကို ဖတ်ရင်း တကယ်ပဲ သဘောတကျ ပြုံးမိတယ်....း))

အင်ကြင်းသန့် said...

ဟဟဟ....Housewife တဲ့။ ကြံကြံဖန်ဖန် သူမို့ပြောတတ်တယ်။ မမသီတာရေ....မဇွန်ပြောသလိုပဲ အိမ်ရှင်မအလုပ်လုပ်ရတာကို ဂုဏ်ယူလိုက်ပါနော်....ညီမလေးတို့မေမေဆိုရင်လည်း ကျောင်းဆရာမအလုပ်ကနေထွက်ပြီး ညီမလေးတို့ မောင်နှမ သုံးယောက်ကို ပြုစုပျိုးထောင်ပေးခဲ့တာလေ....မမသီတာဘ၀ကို ညီမလေးတို့ကတောင် ဒီလောက်အားကျနေတဲ့ဟာကို :))

T T Sweet said...

မသီတာရေ ... အစ်မစာရေးပုံလေးကို သဘောကျလိုက်တာ ...
သားငယ်ပြောတာ ဟုတ်သားပဲ ...

House wife ကြီးရေးတဲ့ စာတွေ အရမ်းဖတ်ကောင်းလို့ အဲလိုပါရမီမျိုးလေး လိုချင်ထှာ။

tg.nwai said...

ဟုတ်ပ.. သားငယ်လေးပြောတာ အမှန်ပဲ...တအိမ်လုံးနဲ့ သက်ဆိုင်တာပေါ့... ဖေဖေတယောက်တည်း မောင်ပိုင်စီးလို့ ရမလား..ဟဲဟဲ

ခရေဖြူ said...

မမွန်ပြောတဲကောင်းမြတ်သောမိန်:မတော့ဖြစ်ချင်ပါတယ်၊ ဒါပေမယ် အလုပ်လုံးဝမလုပ်ပဲတော့ နေလို့မဖြစ်ပါ၊ အလုပ်လုပ်ရခြင်းအကြောင်းအမျိုး၂ရှိပါတယ်၊ ပျမ်းမျအရ ၁)ငွေလိုချင်လို့ ၂) အချိန်ကုန်ချင်လို့ ၃) ကိုယ်အရည်အချင်းကို ပြချင်လို့ စသည်ဖြင့်ပေါ့။ ကောင်းမြတ်သောမိန်းမဖြစ်ရင် အမြင့်ကိုတက်ဖို့ လှေကားရသလိုပေါ့၊ နံပတ်၁အတွက် အလုပ်လုပ်စရာ မလိုတော့ဘူးလေ၊ မဖြစ်မနေ ရှာစားရမယ်အစား သက်သက်သာသာ လှလှပပ စတိုင်လေးနဲ့အလုပ်သွားနိုင်တာပေါ့။ သိပ်အားနေရင် ငွေရှိရင် မားတတ်တဲ မကောင်းမူမာ မပျော်ဖို့နဲ ကိုယ်အရည်အချင်းကို ပြဖို့ အလုပ်လုပ်ရပါမယ်၊ နောက်ပီး ကိုယ်မီနေတဲ အမြတ်ထုတ်ကြီးက လူသားဖြစ်တဲအတွက် နာနိုင်တယ်၊ သေနိုင်တယ်၊ ဒါမ မဟုတ် စိတ်ပြောင်းနိုင်တယ်။ လူ၁ယောက်က လူ၁ယောတ်ကို အမြဲတမ်း ချစ်နေ စိတ်ဝင်စားနေတယ် ဆိုတာ ဘယ်တော့မ မဖြစ်နိုင်ပါ၊ သံယောဇဉ်၊ အသိညဏ်နဲ ချည်ထားလို့ ဒီအတိုင်းရှိနေတာပါ၊ လူအားလုံးရဲ ၁% က မမားချင်လို့ မမားတာပါ၊ ၉၉%က အချေအနေ မပေးလို့ပါ (အစစ ပြည်စုံနေသူက သူ့ကိုယူပါ ဘာမလည်း မတောင်းဆိုပါဘူး ဘယ်သူမလဲ မသိပါဘူးဆိုရင် ဒီ ၄၉% က မနေပါဘူး)၊ ဒီတော့ကာ အစပိုင်းမာ မြတ်နေသော်လဲ ကိုယ်ဖို့ကို safe side မယူထားပါက ကိုယ်ထက်မြတ်သူလေး မကြာမီပေါ်လာခဲသော်
ဆက်ရန် -

ခရေဖြူ